ရန်ကုန်မြို့ရှိ ဈေး ၁၃ ဈေးကို ယခုလအတွင်း နှစ်ထပ် ဈေးအဖြစ် စတင်တည်ဆောက် မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ သတင်းရရှိသည်။
ဇူလိုင် ဒုတိယပတ်မှစ၍ ဘတ်ဂျက်ကျပ် ၃ဒသမ၅ဘီလီယံခန့် အသုံးပြုကာ ဈေးများကို နှစ်ထပ် ဈေးအဖြစ်တည်ဆောက်မည်ဖြစ်ပြီး လာမည့်နှစ် ဇွန်လအတွင်းအပြီးသတ်မည်ဟု ဈေးများဌာနဌာနမှူးဦးစံရွှေထွန်းကပြောသည်။
နှစ်ထပ်ဈေးအဖြစ် ပြန်လည် တည်ဆောက်မည့်ဈေးကြီးများ မှာ မြောက်ဥက္ကလာပမြို့နယ်(၂) ရပ်ကွက်ဈေး၊ ဒဂုံမြို့နယ် အမှတ် (၂)ဈေး၊ ကြည့်မြင်တိုင်မြို့နယ် လဟာပြင်ညဈေး၊ အလုံမြို့နယ်အလုံဈေး၊ သာကေတမြို့နယ် အမှတ်(၁)ဈေး၊ လှိုင်မြို့နယ် လှိုင်ဈေးကြီး၊ မရမ်းကုန်းမြို့နယ် မြဂန္ဓာမာဈေး၊ မင်္ဂလာဒုံမြို့နယ် ရတနာသီရိဈေး၊ သာကေတမြို့ နယ်(၁၀)ဥယျာဉ်ဈေး၊ ဒလမြို့ နယ် ကမာကဆစ်ဈေး၊ဒလမြို့ နယ် အောင်ဇေယျဈေး၊ ရွှေပြည် သာမြို့နယ် သံဒင်းဈေး၊ ရန်ကင်း မြို့နယ် ဘောက်ထော်ဈေးတို့ဖြစ် သည်။
ဈေးများတည်ဆောက်ပြီး စီးပါက လမ်းဘေးဈေးသည်များ ကို နေရာချပေးမည်ဖြစ်ကြောင်း ဦးစံရွှေထွန်းက ပြောသည်။ ဈေးအပေါ်ထပ်တွင် ငါးပေပတ်လည် နေရာအတွက် ဦးရာလူစနစ်ဖြင့် လမ်းဘေးပျံကျဈေးသည်များ တက်ရောက် ရောင်းချနိုင်ရန် ရည်ရွယ်ပြုလုပ်ခြင်းဟု ဆိုသည်။
ယခင်ဘဏ္ဍာနှစ်ကဈေး ၁၆ဈေးကို နှစ်ထပ်ဈေးအဖြစ် အ ဆင့်မြှင့်တင်ခဲ့သည်။
‘‘နှစ်စဉ် နှစ်ထပ်ဈေးတွေ ဆောက်တာ ပျံကျဈေးသည်တွေ အတွက် ရည်ရွယ်ပြီးဆောက်တာ၊ ရောင်းချခွင့်ကိုလည်းပေးပြီးသွား ပြီ။ ဒါပေမဲ့ လမ်းဘေးရောင်းနေကျနေရာမှာရောင်းနေကြတုန်းပဲ။ ဈေးတွေအပေါ်ထပ်က ဟင်းလင်း ကြီးဖြစ်နေတာ။ ဒီကိစ္စအတွက် လည်း သီးခြားကိုင်တွယ်အရေး ယူသွားမယ်’’ဟု ဈေးများဌာနဒုတိယဌာနမှူးဦးသောင်းတင်က ပြောသည်။
Credit: 7DayDaily