သိမ်းဆည်းခံ လယ်ယာမြေများကို လယ်သမားများပြန်လည်ရရှိရေး ဦးစားပေးဆောင်ရွက်နေ

သိမ်းဆည်းခံ လယ်ယာမြေများကို လယ်သမားများပြန်လည်ရရှိရေး ဦးစားပေးဆောင်ရွက်နေ - Property News in Myanmar from iMyanmarHouse.com
11 Jul 2016 10:28 am တွင် တင်ခဲ့သည်
780 ကြိမ် ကြည့်ရှု့ပြီး
လယ်သမားများသည် တိုင်းပြည်၏ အသက်သွေးကြော ဖြစ်၍ လယ်သမားများ ၏ လယ်ယာမြေများ ပြန်လည်ရရှိရေး အစိုးရက ဦးစားပေးအထူးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်နေကြောင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဒုသမ္မတဦးဟင်နရီဗန်ထီးယူက ပြော ကြားသည်။

မန္တလေးတိုင်းဒေသကြီး မတ္တ ရာမြို့နယ် ရေနံ့သာကျေးရွာအုပ် စု အနာကြီးရောဂါကုဆေးရုံအ တွက် ကျန်းမာရေးဝန်ကြီးဌာနက သိမ်းယူထားပြီး ပြန်လည်စွန့်လွှတ် သည့် လယ်ယာမြေများအတွက် ယာယီလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ (၃)လွှဲအပ်ပွဲကို ဇူလိုင် ၉ ရက်က မတ္တရာမြို့ ဘုရင့်နောင်ခန်းမတွင် ကျင်းပခဲ့ရာ ဒုသမ္မတဦးဟင်နရီ ဗန်ထီးယူက ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။

‘‘လယ်သမားတွေအတွက် လယ်ယာမြေဟာ အသက်သွေး ကြောဖြစ်သလို ကျွန်တော်တို့လို စိုက်ပျိုးရေးနိုင်ငံအတွက် လယ် သမားတွေဟာ အသက်သွေး ကြောဖြစ်ပါတယ်။ ဒါကြောင့် လယ်သမားတွေအတွက် အသက် တမျှအရေးကြီးလှတဲ့ လယ်ယာ မြေတွေ ပြန်လည်ရရှိဖို့ကို ကျွန် တော်တို့အစိုးရအနေနဲ့ ဦးစားပေး အထူးတာဝန်တစ်ရပ်အဖြစ် သတ် မှတ်ဆောင်ရွက်နေပါတယ်’’ဟု ဒုသမ္မတက ပြောကြားသည်။

နိုင်ငံတစ်ဝန်း လယ်ယာမြေ ကိစ္စများ ဖြေရှင်းဆောင်ရွက်ရာ တွင် စာရွက်စာတမ်းအထောက် အထား၊ ပိုင်ဆိုင်မှုအငြင်းပွားမှု ကိစ္စများ ရှုပ်ထွေးလွန်းသည့်အ တွက် ကရုဏာနှင့်ယှဉ်၍သာ တရားမျှတမှု အတတ်နိုင်ဆုံးရရှိအောင် ဖြေရှင်းဆောင်ရွက်နေကြောင်း ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ဆိုသည်။

သိမ်းဆည်းခံလယ်ယာမြေ များ မူလပိုင်ရှင်များထံသို့ အမြန်ဆုံး လွှဲပြောင်းရန် ကျင့်သုံးနေသော လယ်ယာမြေစီမံခန့်ခွဲမှုကော်မရှင် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဖြေ လျှော့ပြီး လုပ်ထုံးလုပ်နည်းများကို လည်း ပြင်ဆင်ရေးဆွဲရန် ဆောင် ရွက်နေကြောင်း ၎င်းကပြောကြား သည်။

‘‘လယ်ယာမြေစီမံခန့်ခွဲမှု ကဏ္ဍဟာ ပြည်သူအများရဲ့ လူမှု စီးပွားမြှင့်တင်ရေးကိစ္စနဲ့ပတ်သက် ဆက်စပ်နိုင်တာမို့ ဥပဒေလုပ်ထုံး လုပ်နည်းတွေအတိုင်း မှန်ကန်စွာ ဆောင်ရွက်ကြဖို့လည်း ဖြစ်ပါ တယ်။ တရားမျှတဖို့ လိုအပ်ပါ တယ်။ အဂတိတရားကင်းစင်ဖို့ လည်း လိုအပ်ပါတယ်’’ဟု ဦးဟင် နရီဗန်ထီးယူက ဌာနဆိုင်ရာဝန် ထမ်းများအား မှာကြားခဲ့သည်။

အနာကြီးရောဂါကုဆေးရုံ အတွက် ကျန်းမာရေးဝန်ကြီးဌာန က သိမ်းယူထားသော လယ်ယာ မြေ ၁,၉၄၆ ဒသမ ၄၀ ဧကအနက် ပိုလျှံမြေ ၁,၃၂၉ ဒသမ ၂၉ ဧကကို ပြည်ထောင်စုအစိုးရက ဇွန်လအတွင်း စွန့်လွှတ်ခဲ့ပြီး စိစစ်ပြီးလယ်ယာ မြေ ၂၀၈ ဒသမ ၃၅ ဧကကို ဇူလိုင် ၉ ရက်၌ ဒုသမ္မတဦးဟင်နရီဗန်ထီးယူတက်ရောက် ၍ အခမ်းအနားဖြင့် တောင်သူများထံ လုပ်ပိုင်ခွင့်ပြန်လည်လွှဲအပ် ပေးခဲ့သည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ယူကရိန်းသမ္မတ ဇလန်းစကီးနှင့် အခြေအတင် စကားများခဲ့သော အမေရိကန်ဒုသမ္မတ ဂျေဒီ ဗန့်စ်က ဝါရှင်တန် ဒီစီရှိ စံအိမ်ကို ကန်ဒေါ်လာ ၁ ဒသမ ၆၉ သန်းဖြင့် ရောင်းထုတ်ရန် စီစဉ်လာ...

ဂျပန်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများအား ၎င်းတို့ စွဲလမ်းနေသည့် အကျော်အမော်တစ်ဦး ချစ်သူရည်းစားရခြင်း၊ အိမ်ထောင်ပြုခြင်းတို့ကြောင့် အသည်းကွဲပါက အလုပ်မှ ခွင့်ယူခွင့်ပေး...

[ “အတွင်းကလာတဲ့ အသံကို နားထောင်ခဲ့တယ်”] မလေးရှားတွင် အသက် ၂၅ နှစ်အရွယ် အိမ်ခြံမြေအကျိုးဆောင်လူရွယ်တစ်ဦးက အသံတစ်သံ၏ ခိုင်းစေချက်အတိုင်း ကားနံပါတ်နှင့် အိမ်နံပါတ်တို့ကို ထီထိုးခဲ့ရာ ရင်းဂစ် ၆ သန...

ဂျပန်တွင် ကလေးမွေးဖွားနှုန်း ကျဆင်းနေသောကြောင့် လာမည့် ဧပြီလမှ စတင်ပြီး တိုကျိုတွင် ရက်သတ္တပတ်လျှင် ၄ ရက်သာ ရုံးတက်ရက်အဖြစ် စတင်သတ်မှတ်ကျင့်သုံးရန် စီစဉ်...

အိန္ဒိယတွင် ဝန်ထမ်းအားလုံးနီးပါးကို အလုပ်ထုတ်ကာ AI နည်းပညာဖြင့် အစားထိုးခဲ့သော လုပ်ငန်းရှင် တစ်ဦးက ၎င်း၏ အတွေ့အကြုံအား ထုတ်ဖော်ပြောပြလာ...

မလေးရှားတွင် မိမိ၏ အိမ်နံပါတ်၊ ကားနံပါတ်တို့ဖြင့် နှစ်ပေါင်းများစွာ ထီထိုးကံစမ်းခဲ့သော အသက် ၅၇ နှစ်အရွယ် အငြိမ်းစားအမျိုးသားကြီး ရင်းဂစ် ၉ ဒသမ ၉၈ သန်း ထီဆုကြီးကံထူး...

အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်တွင် ပင်လယ်အတွင်း ပြိုကျမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော တန်ဖိုးကြီး စံအိမ်ကြီး၏ ပိုင်ရှင်မှာ စံအိမ်ကို ဖြိုဖျက်ရန် ငြင်းဆန်နေခဲ့၊ နောက်ဆုံးတွင်မူ ဖြိုချလိုက်ရ...

နီပေါနိုင်ငံတွင် ဘုရားပွဲလာသူတိုင်း တရားဝင် ဆေးခြောက်အသုံးပြုခွင့်ရသော ထူးဆန်းသည့် ဟိန္ဒူဘုရားပွဲ ကျင်းပခဲ့ရာ ကြက်ပျံမကျ စည်ကားခဲ့...

မလေးရှားတွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၁၃ နှစ်ကံစမ်းရာ ရင်းဂစ် ၁၇ ဒသမ ၈ သန်း ထီဆုကြီး ကံထူး...

ထပ်ဆင့်အော်စကာဆုရှင် Renee Zellweger က ချစ်သူနှင့် နီးနီးနားနားနေထိုင်ရန်အတွက် ရောင်းထုတ် သွားသော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၈ သန်းဖြင့် ဈေးကွက်သို့ ပြန်လည်ရောက်ရှိလာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်

(မာန်နတ်ကို ကျောခိုင်းခြင်း) ရှာရွတ်ခန်းက မာန်နတ်စံအိမ်ကြီးမှာ မနေတော့ဘဲ ဘာကြောင့် တိုက်ခန်းငှား နေရတာလဲ

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး

တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ

Expo Singapore
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service