နိုင်ငံခြားကုမ္ပဏီတွေသည်ထက်ပိုပြီးဝင်ရောက်လာရင်ကွန်ဒိုဈေးကွက်အငှါးဈေးကွက်တင်မကဘဲအရောင်းအဝယ်ဈေးကွက်ပါပြန်ကောင်းလာနိုင်တယ်လို့သိရပါတယ် ။
ငှါးရမ်းခဈေးနှုန်းကမကြာခဏပြောင်းလဲတတ်တာကြောင့်အဝယ်ဘက်ကိုလှည့်လာနိုင်ပါတယ် ။လိုအပ်ချက်တွေရှိနေသေးတယ်ဆိုပေမဲ့ကွန်ဒိုဥပဒေရှိနေ
ပြီးနိုင်ငံခြားသားဝယ်ယူခွင့်ရနေတာကြောင့်ပါ ။ပြည်တွင်းမှာကရုံးခန်း ၊တာဝါ ၊လုံးချင်း ၊ကွန်ဒိုတွေရဲ့ငှါးရမ်းခတွေဈေးမကြာခဏပြောင်းလဲပြီးဈေးတက်တာကြောင့်တကယ့်လုပ်ငန်းတွေဝင်လာရင်အဝယ်
ဘက်ကိုများနိုင်တယ်လို့အကျိုးဆောင်တချို့ကပြောပါတယ် ။
ဝါရင့်အကျိုးဆောင်ဦးမောင်မောင်က ‘နိုင်ငံခြားအငှါးဈေးကွက်ကလဲကောင်းလာမှာပါပဲ ၊ဒီမှာအခြေချလုပ်ဆောင်မယ့်လုပ်ငန်းတွေကတော့ တွက်မှာပဲ ၊ဈေးနှုန်းတက်နေရင်အဝယ်ကိုစဉ်းစားကြမှာပဲ ၊အငှါးဈေးကွက်နဲ့ပြန်တွက်ရင်ရေရှည်ဆိုအဝယ်က
ပိုကိုက်နိုင်တယ်လေ၊နေဖို့အတွက်လူတွေကတော့အငှါးနဲ့
ပဲဖြစ်နိုင်ပါတယ် ‘လို့ပြောပါတယ် ။
ကွန်ဒိုဈေးကွက်ထဲမှာဈေးကွက်လိုအပ်ချက်ထက်
တည်ဆောက်နေတဲ့ရာခိုင်နှုန်းကပိုများနေတယ် ။ဝယ်လိုအားမရှိဘဲရောင်းလိုအားသာများနေတဲ့ဈေးကွက်လို့ပြောကြပါတယ် ။အိမ်ခြံမြေဈေးကွက်ထဲမှာအဆင့်မြင့်တိုက်ခန်းတွေ ကွန်ဒိုတွေတည်ဆောက်မှုများလာတာ
ကနိုင်ငံခြားဈေးကွက်ကိုမျှော်ပြီးလုပ်ဆောင်နေကြတာပါ ။
ကျောက်တံတားမြို့နယ်ရှိအကျိုးဆောင်ဦးအောင်ကျော်က ‘ပြည်တွင်းမှာစီးပွားရေးလုပ်ငန်းတွေတခြားလုပ်ငန်းတွေလုပ်ကိုင်ဖို့သဘောတူစာချုပ်တွေလာချုပ်ကြတာတွေရှိတယ် ၊ဝင်မလာသေးတာပဲရှိတာ၊ဝင်လာမယ်ဆိုအငှါးဈေးကွက်လဲရှိနိုင်တယ် ‘လို့ပြောပါတယ် ။
ပြည်တွင်းအိမ်ခြံမြေဈေးကွက်ကအသစ်ဆောက်နေတဲ့ကွန်ဒိုထက်လက်ရှိမှာပြည်ပအငှါးတွေကစင်တာတွေ ၊တာဝါတွေမှာများပြီး နေဖို့လောက်သာစိတ်ဝင်စားမှုရှိကြ
တယ်လို့သိရပါတယ် ။
Credit :The Modern