နယူးယောက်မှာရှိတဲ့ ဦးသန့်ကျွန်းကို လူတွေဘာလို့ လည်ပတ်ခွင့်မရှိတာလဲ
နယူးယောက်မှာရှိတဲ့ ဦးသန့်ကျွန်းကို လူတွေဘာလို့ လည်ပတ်ခွင့်မရှိတာလဲ - Property News in Myanmar from iMyanmarHouse.com
5 Jan 2024 11:28 am တွင် တင်ခဲ့သည်
2373 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဦးသန့်ကျွန်းသည် နယူးယောက်မြို့လယ် Manhattan အရပ်နှင့် Queen အကြားတွင်ရှိပြီး Belmont Island ဟုသာ တရားဝင် လူသိများသည့် ကျွန်းငယ်ကလေးဖြစ်သည်။
Belmont Island ဟုသာ တရားဝင် လူသိများပြီး အကျယ်အဝန်းအားဖြင့် ပေ ၁၀၀× ပေ ၂၀၀ သာရှိသည်။
ဦးသန့်ကျွန်း ပေါ်ပေါက်လာပုံ သမိုင်းကြောင်းမှာ ဤသို့ဖြစ်သည်။
၁၈၈၅ ခုနှစ်က စန္ဒယား ထုတ်လုပ်သူတစ်ဦးသည် နယူးယောက်မြို့၏ အရှေ့ဘက်မြစ်ကြမ်းပြင်အောက်တွင် ဥမင်လိုင်ခေါင်းတခု ဖောက်ရန် စတင်စီစဉ်ခဲ့သည်။
ဥမင်နေရာမှာ မန်ဟက်တန်အရပ် ၄၂ လမ်းနှင့် Long Island ရှိ ၅၁ ရိပ်သာလမ်းအကြား မြစ်အောက်တွင် ဖြစ်သည်။
ဥမင်လှိုဏ်ခေါင်းပရော့ဂျက်အား စန္ဒယားထုတ်လုပ်သူ ဝီလျံ စတိန်းဝေး (William Steinway) က ကနဦး ကာလများတွင် ရန်ပုံငွေထုတ်ပေးခဲ့မှုကြောင့် စတိန်းဝေးဥမင်ဟု အမည်တွင်ခဲ့ခြင်းဖြစ်သည်။
ဥမင်အဆုံးမသတ်မီ ၁၈၉၆ ခုနှစ်တွင် စတိန်းဝေးကွယ်လွန်သွားခဲ့သည်။ မြေအောက်ဥမင်ကို ၁၈၉၀ ပြည့်လွန်ကာလများတွင် စတင်ခဲ့ပြီး Belmont Junior က ၁၉၀၇ ခုနှစ်တွင် အဆုံးသတ်နိုင်ခဲ့သည်။
ဥမင်ဖောက်လုပ်ရေးလုပ်ငန်းမှထွက်လာသည့် မြေစာများစွန့်ပစ်ရာမှ ဧကဝက်ခန့်ရှိကျွန်းတခု ပေါ်ပေါက်လာ ခြင်းဖြစ်သည်။
၁၉၀၀ ပြည့်လွန် အစောပိုင်းနှစ်များကတည်းက ယခုမြေစာပုံကျွန်းကို Belmont ကျွန်းဟု လူသိများခဲ့ခြင်း ဖြစ်သည်။
ဦးသန့်ကျွန်းပေါ်တွင် စိမ်းလန်းသောနေရာအနည်းငယ်နှင့်အတူ သတ္တုဖရိန် တာဝါတိုင်တစ်ခုလည်း တွေ့ရမည်ဖြစ်သည်။
ထို့အပြင် စတီးဖရိန်အမိုးခုံးတစ်ခုလည်းရှိပြီး မြေပြင်အထက် အမြင့်ပေ ၃၀ အထိ မြင့်မားစွာ ဆောက်လုပ်ထားသည်။
အဆိုပါ အမိုးခုံးအောက်တွင် ဦးသန့်၏ ငြိမ်းချမ်းရေးနှင့် ဘာသာရေးတို့အပေါ် ယူဆချက်အချို့နှင့် သူအကြိုက်ဆုံး နက္ကတိုင် ကလစ်တို့ပါဝင်သော ဘူးတစ်ခု မြှုပ်နှံထားသည်။
သို့သော်လည်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့် ကွယ်လွန်ပြီးသုံးနှစ်အကြာ ၁၉၇၇ ခုနှစ် တွင် အိန္ဒိယဘာသာရေးခေါင်းဆောင် Sri Chinmoy တည်ထောင်သည့် Peace Meditation At The United Nations အဖွဲ့က ဗုဒ္ဓဘာသာအဖွဲ့မှ ထိုကျွန်းအား ငှားရမ်းခြဲ့ပီး ဦသန့်အား ဂုဏ်ပြုသည့်အနေဖြင့် ဦးသန့်ကျွန်းဟု အမည်ပြောင်းလဲခဲ့သည်။
(မှတ်ချက်။ Peace Meditation At The United Nations အဖွဲ့သည် ကမ္ဘာ့ငြိမ်းချမ်းရေးကြိုးပမ်းရာတွင် ဂုဏ်ပြုလောက်သူများအား ဦးသန့်ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခဲ့ရာ မာသာထရီဇာ၊ ဆိုဗီယက်ခေါင်းဆောင် ဂေါ်ဘာချော့၊ နယ်လ်ဆင် မင်ဒဲလားနှင့် ဒလိုင်လားမားတို့ အပါအဝင် ဦးသန့်၏ သမီးဖြစ်သူ ဒေါ်အေးအေးသန့် လည်း ရရှိခဲ့ဖူးသည်။)
(ဦးသန့်ကျွန်းပေါ်မှ ဆိုင်းဘုတ်ကို တွေ့ရပုံ။ ဓာတ်ပုံ-Jeff via Flickr, CC BY-NC 2.0)
အကယ်၍ သင်သည် google တွင် U Thant Island ဟု ရှာဖွေကြည့်မည်ဆိုပါက မည်သူမှ လည်ပတ်ခွင့် မပြုဟူသောအချက်ကို တွေ့လာလိမ့်မည် ဖြစ်သည်။
ထိုသို့ လည်ပတ်ခွင့်မပြုခြင်းမှာ လုံခြုံရေးအခြေအနေကြောင့် မဟုတ်ချေ။ ဦးသန့်ကျွန်းမှာ အရွယ်အစားသေးငယ်သော်လည်း နယူးယောက်ပြည်နယ်က အကာအကွယ်ပေးထားသည့် ငှက်မျိုးစိပ်များ ကျက်စားရာ အရေးပါသော နေရာတစ်ခု ဖြစ်နေသည်။
နယူးယောက်ကဲ့သို့ အလွန်လူသူရှုပ်ထွေးလှသော ကမ္ဘာ့ထိပ်တန်းမြို့ကြီးတွင် ဦးသန့်ကျွန်းကဲ့သို့ လူသူအလှမ်းကွာသော နေရာကလေးမှာ ကျေးငှက်သာရကာတို့အတွက် နိဗ္ဗာန်ဘုံတစ်ခုအလား ဖြစ်သည်။
ဦးသန့်ကျွန်းသို့ပြောင်းရွှေ့ကျက်စားသည့်ငှက်များထဲတွင် တင်ကျီးငှက်များပါဝင်နေသည်။
၂၀၀၀ ခုနှစ်မှ ၂၀၁၁ ခုနှစ်များအတွင်း ငှက်ကောင်ရေ နှစ်ဆတိုးတက်လာသောကြောင့် နယူးယောက် ပြည်နယ်အစိုးရက ငှက်များအားထိန်းသိမ်းကာကွယ်ရန် ကြိုးစားလာခဲ့ခြင်းဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: U Thant Island: Why Nobody Can Visit New York's Smallest Island (iflscience)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဒေါ်နယ်ထရမ့်သားကြီး ထရမ့်ဂျူနီယာ အချစ်သစ်တွေ့သည့် ကောလာဟလများကြောင့် ချစ်သူဖြစ်သော သံအမတ်ကြီး Kimberly Guilfoyle နှင့် လမ်းခွဲမည့် အခြေအနေ ဖြစ်ပေါ်နေ၊ ဖလော်ရီဒါမှ ဒေါ်လာ ၁၀ သန်းတန် စံအိမ်ကြီးကို ဘယ်သူရမလဲ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ ဆန်းကြယ်စွာ ဆက်တိုက်သေဆုံးခဲ့သော ကျိန်စာသင့် စံအိမ်ကြီး ကန်ဒေါ်လာ ၁၇ ဒသမ ၉၉ သန်းဖြင့် အရ...
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်မ်ကာရေးက နှစ်ပေါင်း ၃၀ ပိုင်ဆိုင်ခဲ့သော လော့စ်အိန်ဂျလိစံအိမ်ကို အကြိမ်ကြိမ် ဈေးလျှော့ရောင်းချရာ ဝယ်လက်ရှာတွေ့...
စတားလုံးက ဖလော်ရီဒါရှိ ဒေါ်လာ ၃၅ သန်းတန် ကမ်းခြေစံအိမ်ကြီးတွင် ရေပြင်အတားအဆီးများ ပြုလုပ်ရန် လျှောက်ထားရာ ဒေသခံတို့ အမျက်ထွက်...
စတားလုံးက ဖလော်ရီဒါရှိ ဒေါ်လာ ၃၅ သန်းတန် ကမ်းခြေစံအိမ်ကြီးတွင် ရေပြင်အတားအဆီးများ ပြုလုပ်ရန် လျှောက်ထားရာ ဒေသခံတို့ အမျက်ထွက်...
စီရော်နယ်ဒို၏ ချစ်သူဟောင်း ရုရှားစူပါမော်ဒယ် Irina Shayk က နယူးယောက်မှ duplex ခန်း အရောင်းတင်ထားရာ ရောင်းမထွက်သောကြောင့် ဒေါ်လာ ၁ သန်းဈေးလျှော့ပေးလာ...
စီရော်နယ်ဒို၏ ချစ်သူဟောင်း ရုရှားစူပါမော်ဒယ် Irina Shayk က နယူးယောက်မှ duplex ခန်း အရောင်းတင်ထားရာ ရောင်းမထွက်သောကြောင့် ဒေါ်လာ ၁ သန်းဈေးလျှော့ပေးလာ...
သီချင်းစာသားများအတွက် စာပေနိုဘယ်ဆုရခဲ့သည့် ကမ္ဘာ့တစ်ဦးတည်းသော အဆိုတော် ဘော့ဘ် ဒိုင်လန်က ကာလကြာရှည်နေထိုင်ခဲ့သော နယူးယောက်နေအိမ်ကို ကန်ဒေါ်လာ ၇ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာ...
သီချင်းစာသားများအတွက် စာပေနိုဘယ်ဆုရခဲ့သည့် ကမ္ဘာ့တစ်ဦးတည်းသော အဆိုတော် ဘော့ဘ် ဒိုင်လန်က ကာလကြာရှည်နေထိုင်ခဲ့သော နယူးယောက်နေအိမ်ကို ကန်ဒေါ်လာ ၇ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာ...
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ် မေလတွင် အမှုစစ်ဆေးမည်၊ အခင်းဖြစ်ပွားရာ Puff Daddy ၏ စံအိမ်...
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ် မေလတွင် အမှုစစ်ဆေးမည်၊ အခင်းဖြစ်ပွားရာ Puff Daddy ၏ စံအိမ်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
imyanmarmarket
Neighbourhood
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service