ဗြိတိန်၏ ချားလ်စ်ဘုရင်က သူ၏အိမ်ခြံမြေများကို တိုင်းသူပြည်သားများအား အငှားချထားရာတွင် ကြောင်မွေးခွင့်မြ့ပု ဟူသောစည်းကမ်းချမှတ်ထား

ဗြိတိန်၏ ချားလ်စ်ဘုရင်က သူ၏အိမ်ခြံမြေများကို တိုင်းသူပြည်သားများအား အငှားချထားရာတွင် ကြောင်မွေးခွင့်မြ့ပု ဟူသောစည်းကမ်းချမှတ်ထား - Property News in Myanmar from iMyanmarHouse.com
2 Jan 2024 9:40 am တွင် တင်ခဲ့သည်
580 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ချားလ်စ်ဘုရင် (သက်တော် ၇၅) သည် ဗြိတိန်၏ ရေမြေ့သနင်း ပြည့်ရှင်မင်းဖြစ်သည့်အပြင် အိမ်ခြံမြေ များပြားစွာ ပိုင်ဆိုင်သော အိမ်ရှင်တစ်ဦးလည်းဖြစ်သည်။

သူ၏ များပြားလှသော အိမ်ခြံမြေများကို တိုင်းသူပြည်သားများအား ငှားရမ်းပေးထားသည်။

သို့သော် ကြောင်များကိုမူ နေထိုင်ခွင့်မပြုချေ။

အင်္ဂလန်နိုင်ငံမြောက်ပိုင်း Sandringham အရပ်ရှိ သူ၏ကျေးလက်နေအိမ်များကို ငှားရမ်းကြသူတို့သည် အနည်းဆုံးတစ်နှစ်တာ ငှားရမ်းရပြီး ကြောင်မွေးခွင့်မပြုသောစည်းကမ်းကို တင်းကျပ်စွာလိုက်နာကြရသည်။

ထိုနေအိမ်များ အငှားချရာတွင် ပရိဘောဂများ မပါချေ။

ခွေးမွေးခြင်းအတွက်မူ နေအိမ်တစ်ခုချင်းစီအလိုက် သုံးသပ်သည့်မူဖြင့်သွားကြောင်း sandringhamestate ဝက်ဘ်ဆိုက်က ဖော်ပြသည်။

ထိုသို့ ကြောင်များ မွေးခွင့်မပြုခြင်းမှာ ချားလ်စ်ဘုရင်၏ မယ်တော်ဖြစ်သည့် နတ်ရွာစံသွားပြီဖြစ်သော အဲလစ်ဇဘက်ဘုရင်မကြီး II ၏ လက်ထက်ကတည်းက စတင်ခဲ့ခြင်းဖြစ်သည်ဟု ယူဆရသည်။

Sandringham ရှိ ငှက်များအား ကြောင်များက ဖမ်းမည်ကို စိုးရိမ်သောကြောင့် ယခုကဲ့သို့ ကြောင်မွေးခွင့် ပိတ်ပင်ခြင်းဖြစ်ကြောင်း SWNS သတင်းဌာနက ဖော်ပြသည်။

The Guardian သတင်းဌာန၏ ဖော်ပြချက်အရမူ Sandringham တွင် ပေါက်ဖွားကြသော အပျံသင်စ ရစ်ငှက် များအား ကာကွယ်ရန် ဖြစ်သည်ဟု ဆိုသည်။

(Dersingham တွင် တည်ရှိသော ချားလ်စ်ဘုရင်၏ အိမ်ခြံမြေများအနက်မှ တစ်ခု။ ဓာတ်ပုံ-Chris Bishop/ Newsquest/SWNS)

(ချားလ်စ်ဘုရင်။ ဓာတ်ပုံ-Katielee Arrowsmith/SWNS)

(အကယ်၍ သင်သည် ကြောင်ချစ်သူတစ်ဦးဆိုပါကမူ ယခုအခြေအနေက သင့်အတွက် ကံမကောင်းဟု ဆိုရမည် ဖြစ်သည်။ ဓာတ်ပုံ- Getty Images)

ကြောင်မွေးခွင့် ပိတ်ပင်သည့်စည်းကမ်းမှာ အဲလစ်ဇဘက်ဘုရင်မကြီး၏ ပုဂ္ဂိုလ်ရေးအစွဲအလမ်းနှင့်လည်း သက်ဆိုင်ဖွယ်ရှိသည်။

ဘုရင်မကြီးသည် ဝေလပြည်နယ်ပေါက် ခွေးများကို အလွန်ချစ်ကြောင်း လူသိများသော်လည်း ကြောင်ချစ်သူ တစ်ဦး မဟုတ်။ ကြောင်များနှင့် ဓာတ်မတည့်ခြင်းလည်း ဖြစ်နိုင်သည်။

ကြောင်မွေးခွင့်မပေးသောစည်းကမ်းကို လိုက်နာနိုင်သူများအတွက် ကားဂိုဒေါင်များ၊ များပြားသော ခြံဝန်းတွင်း အဆောက်အအုံများ၊ ယာဉ်မောင်းလမ်းများ၊ ခေတ်မီ မီးဖိုဆောင်များနှင့် သမိုင်းဝင်လက်ရာများ ပေါများလှသော ချားလ်စ်ဘုရင်၏ အငှားချမည့် နေအိမ်တို့က စောင့်ကြိုနေသည်။

ငှားရမ်းမည့်သူများအနေဖြင့် သတိပြုရမည့်အချက်မှာ လက်ရှိ နေထိုင်သူများမှာ အရာအားလုံး စိတ်ကျေနပ်မှု ရသူများချည်းသာမဟုတ်ဟူသောအချက်ပင်။

ချားလ်စ်ဘုရင်ပိုင်သော အိမ်တစ်လုံးကို ငှားရမ်းခဲ့သည့် Mick Dye ဆိုသူက The Guardian သတင်းဌာနသို့ ပြောသည်မှာ Shernborne အရပ်ရှိ ငှားရမ်းထားသောအိမ်ကို အိမ်ပြင်ပေးရန် တောင်းဆိုထားသည်မှာ နှစ်နှင့်ချီ၍ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ပြင်မပေးကြောင်း ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: King Charles, landlord, puts ‘strict no cats policy’ on rental homes (nypost)

[Zawgyi]

ျဗိတိန္၏ ခ်ားလ္စ္ဘုရင္က သူ၏အိမ္ျခံေျမမ်ားကို တိုင္းသူျပည္သားမ်ားအား အငွားခ်ထားရာတြင္ ေၾကာင္ေမြးခြင့္မျ႔ပဳ ဟူေသာစည္းကမ္းခ်မွတ္ထား

ခ်ားလ္စ္ဘုရင္ (သက္ေတာ္ ၇၅) သည္ ျဗိတိန္၏ ေရေျမ႕သနင္း ျပည့္ရွင္မင္းျဖစ္သည့္အျပင္ အိမ္ျခံေျမ မ်ားျပားစြာ ပိုင္ဆိုင္ေသာ အိမ္ရွင္တစ္ဦးလည္းျဖစ္သည္။

သူ၏ မ်ားျပားလွေသာ အိမ္ျခံေျမမ်ားကို တိုင္းသူျပည္သားမ်ားအား ငွားရမ္းေပးထားသည္။

သို႔ေသာ္ ေၾကာင္မ်ားကိုမူ ေနထုိင္ခြင့္မျပဳေခ်။

အဂၤလန္ႏိုင္ငံေျမာက္ပိုင္း Sandringham အရပ္ရွိ သူ၏ေက်းလက္ေနအိမ္မ်ားကို ငွားရမ္းၾကသူတို႔သည္ အနည္းဆံုးတစ္ႏွစ္တာ ငွားရမ္းရျပီး ေၾကာင္ေမြးခြင့္မျပဳေသာစည္းကမ္းကို တင္းက်ပ္စြာလိုက္နာၾကရသည္။

ထိုေနအိမ္မ်ား အငွားခ်ရာတြင္ ပရိေဘာဂမ်ား မပါေခ်။

ေခြးေမြးျခင္းအတြက္မူ ေနအိမ္တစ္ခုခ်င္းစီအလိုက္ သံုးသပ္သည့္မူျဖင့္သြားေၾကာင္း sandringhamestate ဝက္ဘ္ဆိုက္က ေဖာ္ျပသည္။

ထိုသို႔ ေၾကာင္မ်ား ေမြးခြင့္မျပဳျခင္းမွာ ခ်ားလ္စ္ဘုရင္၏ မယ္ေတာ္ျဖစ္သည့္ နတ္ရြာစံသြားျပီျဖစ္ေသာ အဲလစ္ဇဘက္ဘုရင္မၾကီး II ၏ လက္ထက္ကတည္းက စတင္ခဲ့ျခင္းျဖစ္သည္ဟု ယူဆရသည္။

Sandringham ရွိ ငွက္မ်ားအား ေၾကာင္မ်ားက ဖမ္းမည္ကို စိုးရိမ္ေသာေၾကာင့္ ယခုကဲ့သို႔ ေၾကာင္ေမြးခြင့္ ပိတ္ပင္ျခင္းျဖစ္ေၾကာင္း SWNS သတင္းဌာနက ေဖာ္ျပသည္။

The Guardian သတင္းဌာန၏ ေဖာ္ျပခ်က္အရမူ Sandringham တြင္ ေပါက္ဖြားၾကေသာ အပ်ံသင္စ ရစ္ငွက္ မ်ားအား ကာကြယ္ရန္ ျဖစ္သည္ဟု ဆိုသည္။

(Dersingham တြင္ တည္ရွိေသာ ခ်ားလ္စ္ဘုရင္၏ အိမ္ျခံေျမမ်ားအနက္မွ တစ္ခု။ ဓာတ္ပံု-Chris Bishop/ Newsquest/SWNS)

(ခ်ားလ္စ္ဘုရင္။ ဓာတ္ပံု-Katielee Arrowsmith/SWNS)

(အကယ္၍ သင္သည္ ေၾကာင္ခ်စ္သူတစ္ဦးဆိုပါကမူ ယခုအေျခအေနက သင့္အတြက္ ကံမေကာင္းဟု ဆိုရမည္ ျဖစ္သည္။ ဓာတ္ပံု- Getty Images)

ေၾကာင္ေမြးခြင့္ ပိတ္ပင္သည့္စည္းကမ္းမွာ အဲလစ္ဇဘက္ဘုရင္မၾကီး၏ ပုဂၢိဳလ္ေရးအစြဲအလမ္းႏွင့္လည္း သက္ဆုိင္ဖြယ္ရွိသည္။

ဘုရင္မၾကီးသည္ ေဝလျပည္နယ္ေပါက္ ေခြးမ်ားကို အလြန္ခ်စ္ေၾကာင္း လူသိမ်ားေသာ္လည္း ေၾကာင္ခ်စ္သူ တစ္ဦး မဟုတ္။ ေၾကာင္မ်ားႏွင့္ ဓာတ္မတည့္ျခင္းလည္း ျဖစ္ႏိုင္သည္။

ေၾကာင္ေမြးခြင့္မေပးေသာစည္းကမ္းကုိ လိုက္နာႏိုင္သူမ်ားအတြက္ ကားဂိုေဒါင္မ်ား၊ မ်ားျပားေသာ ျခံဝန္းတြင္း အေဆာက္အအံုမ်ား၊ ယာဥ္ေမာင္းလမ္းမ်ား၊ ေခတ္မီ မီးဖိုေဆာင္မ်ားႏွင့္ သမိုင္းဝင္လက္ရာမ်ား ေပါမ်ားလွေသာ ခ်ားလ္စ္ဘုရင္၏ အငွားခ်မည့္ ေနအိမ္တို႔က ေစာင့္ၾကိဳေနသည္။

ငွားရမ္းမည့္သူမ်ားအေနျဖင့္ သတိျပဳရမည့္အခ်က္မွာ လက္ရွိ ေနထိုင္သူမ်ားမွာ အရာအားလံုး စိတ္ေက်နပ္မႈ ရသူမ်ားခ်ည္းသာမဟုတ္ဟူေသာအခ်က္ပင္။

ခ်ားလ္စ္ဘုရင္ပိုင္ေသာ အိမ္တစ္လံုးကို ငွားရမ္းခဲ့သည့္ Mick Dye ဆိုသူက The Guardian သတင္းဌာနသို႔ ေျပာသည္မွာ Shernborne အရပ္ရွိ ငွားရမ္းထားေသာအိမ္ကို အိမ္ျပင္ေပးရန္ ေတာင္းဆိုထားသည္မွာ ႏွစ္ႏွင့္ခ်ီ၍ ၾကာျမင့္ခဲ့ျပီျဖစ္ေသာ္လည္း ျပင္မေပးေၾကာင္း ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: King Charles, landlord, puts ‘strict no cats policy’ on rental homes (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါ်နယ်ထရမ့်သားကြီး ထရမ့်ဂျူနီယာ အချစ်သစ်တွေ့သည့် ကောလာဟလများကြောင့် ချစ်သူဖြစ်သော သံအမတ်ကြီး Kimberly Guilfoyle နှင့် လမ်းခွဲမည့် အခြေအနေ ဖြစ်ပေါ်နေ၊ ဖလော်ရီဒါမှ ဒေါ်လာ ၁၀ သန်းတန် စံအိမ်ကြီးကို ဘယ်သူရမလဲ...

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ ဆန်းကြယ်စွာ ဆက်တိုက်သေဆုံးခဲ့သော ကျိန်စာသင့် စံအိမ်ကြီး ကန်ဒေါ်လာ ၁၇ ဒသမ ၉၉ သန်းဖြင့် အရ...

နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်မ်ကာရေးက နှစ်ပေါင်း ၃၀ ပိုင်ဆိုင်ခဲ့သော လော့စ်အိန်ဂျလိစံအိမ်ကို အကြိမ်ကြိမ် ဈေးလျှော့ရောင်းချရာ ဝယ်လက်ရှာတွေ့...

စတားလုံးက ဖလော်ရီဒါရှိ ဒေါ်လာ ၃၅ သန်းတန် ကမ်းခြေစံအိမ်ကြီးတွင် ရေပြင်အတားအဆီးများ ပြုလုပ်ရန် လျှောက်ထားရာ ဒေသခံတို့ အမျက်ထွက်...
စတားလုံးက ဖလော်ရီဒါရှိ ဒေါ်လာ ၃၅ သန်းတန် ကမ်းခြေစံအိမ်ကြီးတွင် ရေပြင်အတားအဆီးများ ပြုလုပ်ရန် လျှောက်ထားရာ ဒေသခံတို့ အမျက်ထွက်...
စီရော်နယ်ဒို၏ ချစ်သူဟောင်း ရုရှားစူပါမော်ဒယ် Irina Shayk က နယူးယောက်မှ duplex ခန်း အရောင်းတင်ထားရာ ရောင်းမထွက်သောကြောင့် ဒေါ်လာ ၁ သန်းဈေးလျှော့ပေးလာ...
စီရော်နယ်ဒို၏ ချစ်သူဟောင်း ရုရှားစူပါမော်ဒယ် Irina Shayk က နယူးယောက်မှ duplex ခန်း အရောင်းတင်ထားရာ ရောင်းမထွက်သောကြောင့် ဒေါ်လာ ၁ သန်းဈေးလျှော့ပေးလာ...
သီချင်းစာသားများအတွက် စာပေနိုဘယ်ဆုရခဲ့သည့် ကမ္ဘာ့တစ်ဦးတည်းသော အဆိုတော် ဘော့ဘ် ဒိုင်လန်က ကာလကြာရှည်နေထိုင်ခဲ့သော နယူးယောက်နေအိမ်ကို ကန်ဒေါ်လာ ၇ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာ...
သီချင်းစာသားများအတွက် စာပေနိုဘယ်ဆုရခဲ့သည့် ကမ္ဘာ့တစ်ဦးတည်းသော အဆိုတော် ဘော့ဘ် ဒိုင်လန်က ကာလကြာရှည်နေထိုင်ခဲ့သော နယူးယောက်နေအိမ်ကို ကန်ဒေါ်လာ ၇ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာ...
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ် မေလတွင် အမှုစစ်ဆေးမည်၊ အခင်းဖြစ်ပွားရာ Puff Daddy ၏ စံအိမ်...
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ် မေလတွင် အမှုစစ်ဆေးမည်၊ အခင်းဖြစ်ပွားရာ Puff Daddy ၏ စံအိမ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
7Mile Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service