ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
[Unicode]
Space X နှင့် Tesla Inc. တို့၏ CEO ဖြစ်သူ Elon Musk သည် အမေရိကန်ပြည်၊ တက္ကဆပ်ပြည်နယ်၊ အော်စတင်မြို့တွင် နေအိမ်ဝယ်ယူရန် ရှာဖွေခဲ့ကြောင်း စာရေးဆရာ ဝေါလ်တာ အိုက်ဆက်ဇန် ရေးသားကာ ပြီးခဲ့သော ၂၀၂၂ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော အတ္ထုပ္ပတ္တိစာအုပ်တွင် ရေးသားဖော်ပြသည်။
တည်ငြိမ်သော မိသားစုဘဝအတွက် ကိုယ်ပိုင်အိမ်တလုံးရှိရန် လိုအပ်ကြောင်း သုံးသပ်မိသောကြောင့် Elon Musk က ကိုယ်ပိုင်အိမ်တလုံးဝယ်ရန် စဉ်းစားခဲ့ခြင်းဖြစ်သည်။
အိမ်ခြံမြေပိုင်ဆိုင်မှုနှင့် ပတ်သက်၍ Elon Musk ၏ ယခင်သဘောထားနှင့် နှိုင်းယှဉ်လျှင် ယခုဆုံးဖြတ်ချက်မှာ စိတ်ဝင်စားဖွယ်ကောင်းနေသည်။
မကြာသေးမီကပင် Elon Musk က ကိုယ်ပိုင်အိမ်နှင့် နေထိုင်မည်မဟုတ်ကြောင်း ရဲဝံ့စွာ ထုတ်ဖော်ကြေညာ ထားသည်။
ထိုသို့ ကြေညာပြီးနောက် သူ၏ နေအိမ် ၇ လုံးလုံးကို ကန်ဒေါ်လာ သန်း ၁၃၀ နီးပါးဖြင့် ရောင်းထုတ်ခဲ့သည်။
Elon Musk ၏ စည်းစိမ်ဥစ္စာနှင့် အိမ်ခြံမြေပိုင်ဆိုင်မှုတို့အပေါ် သဘောထားခံယူချက်မှာ အခြားသူဌေးကြီးများ နှင့် ယှဉ်လျှင် ဆန့်ကျင်ဘက် ဖြစ်နေသည်။
Elon Musk သည် လက်ရှိအားဖြင့် ကမ္ဘာပေါ်တွင် အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သော်လည်း လက်ရှိ အရောင်းဈေးကွက်တွင် ရှိနေသော နေအိမ်များစွာမှာ ဈေးအလွန်ကြီးသည်ဟု ၎င်းက ယူဆသည်။
(မှတ်ချက်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်အချက်အလက်များအရ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၅ ဦးမှာ ၁။ Elon Musk (ကြွယ်ဝမှု-ကန်ဒေါ်လာ ၂၄၀ ဒသမ ၇ ဘီလီယံ)၊ ၂။ Bernard Arnault (ကြွယ်ဝမှု- ကန်ဒေါ်လာ ၂၃၁ ဒသမ ၄ ဘီလီယံ)၊ ၃။ Jeff Bezos (ကြွယ်ဝမှု- ကန်ဒေါ်လာ ၁၅၄ ဒသမ ၉ ဘီလီယံ)၊ ၄။ Larry Elison (ကြွယ်ဝမှု- ကန်ဒေါ်လာ ၁၄၆ ဒသမ ၁ ဘီလီယံ)၊ ၅။ Bill Gates (ကြွယ်ဝမှု- ကန်ဒေါ်လာ ၁၁၉ ဒသမ ၃ ဘီလီယံ) တို့ဖြစ်ကြသည်။)
Vanity Fair နှင့် တွေ့ဆုံမေးမြန်းခန်းတွင် Elon Musk ၏ ဇနီးဖြစ်သူ Grimes က ထုတ်ဖော်ပြောကြားသည်မှာ လက်ရှိအားဖြင့် ဒေါ်လာ ၄၀၀၀၀ တန် အိမ်တလုံးတွင် ငှားရမ်းနေထိုင်ကြောင်း ပြောသည်။
ထို့အပြင် မိသားစု အတွင်းရေးအချို့ကိုလည်း သူမက ပြောပြရာ မွေ့ယာတွင် အပေါက်ကြီးတခုဖြစ်နေ သော်လည်း Elon Musk က အသစ်မဝယ်ဘဲ ထိုမွေ့ယာကြီးကိုသာ ဆက်လက်သုံးစွဲနေကြောင်း ပြောသည်။
လက်ရှိနေထိုင်သောအိမ်မှာ ဘေးကင်းလုံခြုံမှုမရှိကြောင်း ၊ ပဲထောပတ်ကိုသာ တပတ်ကျော် စားသောက်နေခဲ့ ကြောင်း သူမက ဆက်လက်ပြောကြားသည်။
Elon Musk အကြောင်း ရေးသားထားသည့် အတ္ထုပ္ပတ္တိစာအုပ်တွင် တက္ကဆပ်ပြည်နယ်ရှိ Tesla ၏ Giga စက်ရုံမှ ကော်လိုရာဒိုမြစ်တလျှောက် ဖြန့်ကျက်တည်ရှိသော ခြံဝန်းကြီးနှင့် ပတ်သက်သည့် Elon Musk ၏ စိတ်ကူးရည်မှန်းချက်ကိုလည်း ထည့်သွင်းရေးသားထားသည်။
ထိုခြံဝန်းကြီးမှာ အလွန်တရာ ကျယ်ပြောလှသော မြင်းခြံကြီးတခုဖြစ်ပြီး အေးချမ်းဆိတ်ငြိမ်သော ရေကန်ကြီး တခု ပါဝင်သည်။
ထိုခြံကြီးကို Elon Musk က မိသားစု နေထိုင်ရန် နေရာအဖြစ်သာ စဉ်းစားခဲ့ခြင်းမဟုတ်။
သူ၏ Neuralink Corp အပါအဝင် အခြားသော လုပ်ငန်းများစွာအတွက် အကျိုးရှိစေမည့် နေရာအဖြစ် စဉ်းစားခဲ့သည်။
Boring ကုမ္ပဏီ၏ အကူအညီဖြင့် မြစ်အောက်တွင် ဥမင်ကြီးတခု ဖောက်လုပ်ကာ သူ့အိမ်ဖြစ်လာမည့်နေရာနှင့် သူ၏ စက်ရုံကြား ဆက်သွယ်ပေးရန် ရည်မှန်းခဲ့သည်။
ထိုမြေအောက်ဥမင်၏ ဆန်းပြားသော ဒီဇိုင်းပုံများကို သုံးသပ်လေ့လာပြီးချိန်တွင် သူ၏ စီမံကိန်းမှာ လက်တွေ့ဘဝထဲမှ နေအိမ်မျိုးထက် စိတ်ကူးယဉ်ဆန်လှကြောင်း Elon Musk ကပင် အသိအမှတ်ပြုခဲ့ရသည်။
ထို့ကြောင့် ထိုစီမံကိန်းကို ရွှေ့ဆိုင်းထားကာ အကောင်အထည် မဖော်ဖြစ်ခဲ့။
ဝေါစထရိဂျာနယ်က ဇူလိုင်လအတွင်း ရေးသားခဲ့သော ဆောင်းပါးတခုတွင် ဖော်ပြသည်မှာ Tesla သည် အချို့သော ဝယ်ယူမှုများအတွက် ကုမ္ပဏီတွင်း စုံစမ်းစစ်ဆေးမှုပြုလုပ်နေကြောင်း ဖော်ပြသည်။
ထိုဝယ်ယူမှုများသည် Elon Musk အတွက် မှန်အတိပြီးသော စံအိမ်ကြီးတလုံး ဆောက်လုပ်ရေးနှင့် ဆက်နွှယ် နေသည်ဟု ဆိုသည်။
စီမံကိန်း၏ အသေးစိတ်အချက်အလက်များအရ မှန်နံရံများဖြင့် ဆောက်လုပ်မည့် အဆောက်အအုံတလုံး ဖြစ်ပြီး အိပ်ခန်းများ ပါဝင်ကြောင်း၊ Elon Musk အတွက် နေအိမ်အဖြစ် ရည်ရွယ်ထားသည်ကို ညွှန်ပြလျက်ရှိသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Elon Musk Contemplated Buying A House To Provide Stability For His Family But Deemed Them All Too Expensive So Plans To Build 'Something that Fell Out of Space, Like A Structure From Another Galaxy Landed In The Lake' (finance)
[Zawgyi]
ကမ႓ာ့အခ်မ္းသာဆုံးပုဂၢိဳလ္ျဖစ္ေသာ္လည္း အိမ္ပိုင္မ႐ွိသူ Elon Musk က မိသားစု ဘဝတည္ၿငိမ္ေရးအတြက္ ကိုယ္ပိုင္အိမ္တလုံး ဝယ္ယူရန္ ခ်င့္ခ်ိန္စဥ္းစားခဲ့ေသာ္လည္း လက္႐ွိအိမ္ျခံေျမေဈးကြက္႐ွိ ေနအိမ္မ်ားမွာ ေဈးအလြန္ႀကီးေၾကာင္း ညည္းတြား
Space X ႏွင့္ Tesla Inc. တို႔၏ CEO ျဖစ္သူ Elon Musk သည္ အေမရိကန္ျပည္၊ တကၠဆပ္ျပည္နယ္၊ ေအာ္စတင္ၿမိဳ႕တြင္ ေနအိမ္ဝယ္ယူရန္ ႐ွာေဖြခဲ့ေၾကာင္း စာေရးဆရာ ေဝါလ္တာ အိုက္ဆက္ဇန္ ေရးသားကာ ၿပီးခဲ့ေသာ ၂၀၂၂ ခုႏွစ္အတြင္း ထုတ္ေဝခဲ့ေသာ အတၳဳပၸတၱိစာအုပ္တြင္ ေရးသားေဖာ္ျပသည္။
တည္ၿငိမ္ေသာ မိသားစုဘဝအတြက္ ကိုယ္ပိုင္အိမ္တလုံး႐ွိရန္ လိုအပ္ေၾကာင္း သုံးသပ္မိေသာေၾကာင့္ Elon Musk က ကိုယ္ပိုင္အိမ္တလုံးဝယ္ရန္ စဥ္းစားခဲ့ျခင္းျဖစ္သည္။
အိမ္ျခံေျမပိုင္ဆိုင္မႈႏွင့္ ပတ္သက္၍ Elon Musk ၏ ယခင္သေဘာထားႏွင့္ ႏိႈင္းယွဥ္လွ်င္ ယခုဆုံးျဖတ္ခ်က္မွာ စိတ္ဝင္စားဖြယ္ေကာင္းေနသည္။ မၾကာေသးမီကပင္ Elon Musk က ကိုယ္ပိုင္အိမ္ႏွင့္ ေနထိုင္မည္မဟုတ္ေၾကာင္း ရဲဝံ့စြာ ထုတ္ေဖာ္ေၾကညာ ထားသည္။
ထိုသို႔ ေၾကညာၿပီးေနာက္ သူ၏ ေနအိမ္ ၇ လုံးလုံးကို ကန္ေဒၚလာ သန္း ၁၃၀ နီးပါးျဖင့္ ေရာင္းထုတ္ခဲ့သည္။
Elon Musk ၏ စည္းစိမ္ဥစၥာႏွင့္ အိမ္ျခံေျမပိုင္ဆိုင္မႈတို႔အေပၚ သေဘာထားခံယူခ်က္မွာ အျခားသူေဌးႀကီးမ်ား ႏွင့္ ယွဥ္လွ်င္ ဆန္႔က်င္ဘက္ ျဖစ္ေနသည္။
Elon Musk သည္ လက္႐ွိအားျဖင့္ ကမ႓ာေပၚတြင္ အခ်မ္းသာဆုံး ပုဂၢိဳလ္ျဖစ္ေသာ္လည္း လက္႐ွိ အေရာင္းေဈးကြက္တြင္ ႐ွိေနေသာ ေနအိမ္မ်ားစြာမွာ ေဈးအလြန္ႀကီးသည္ဟု ၎က ယူဆသည္။
(မွတ္ခ်က္။ ၂၀၂၃ ခုႏွစ္၊ စက္တင္ဘာလ ၂၂ ရက္အခ်က္အလက္မ်ားအရ ကမ႓ာ့အခ်မ္းသာဆုံးပုဂၢိဳလ္ ၅ ဦးမွာ ၁။ Elon Musk (ႂကြယ္ဝမႈ-ကန္ေဒၚလာ ၂၄၀ ဒသမ ၇ ဘီလီယံ)၊ ၂။ Bernard Arnault (ႂကြယ္ဝမႈ- ကန္ေဒၚလာ ၂၃၁ ဒသမ ၄ ဘီလီယံ)၊ ၃။ Jeff Bezos (ႂကြယ္ဝမႈ- ကန္ေဒၚလာ ၁၅၄ ဒသမ ၉ ဘီလီယံ)၊ ၄။ Larry Elison (ႂကြယ္ဝမႈ- ကန္ေဒၚလာ ၁၄၆ ဒသမ ၁ ဘီလီယံ)၊ ၅။ Bill Gates (ႂကြယ္ဝမႈ- ကန္ေဒၚလာ ၁၁၉ ဒသမ ၃ ဘီလီယံ) တို႔ျဖစ္ၾကသည္။)
Vanity Fair ႏွင့္ ေတြ႕ဆုံေမးျမန္းခန္းတြင္ Elon Musk ၏ ဇနီးျဖစ္သူ Grimes က ထုတ္ေဖာ္ေျပာၾကားသည္မွာ လက္႐ွိအားျဖင့္ ေဒၚလာ ၄၀၀၀၀ တန္ အိမ္တလုံးတြင္ ငွားရမ္းေနထိုင္ေၾကာင္း ေျပာသည္။
ထို႔အျပင္ မိသားစု အတြင္းေရးအခ်ိဳ႕ကိုလည္း သူမက ေျပာျပရာ ေမြ႕ယာတြင္ အေပါက္ႀကီးတခုျဖစ္ေန ေသာ္လည္း Elon Musk က အသစ္မဝယ္ဘဲ ထိုေမြ႕ယာႀကီးကိုသာ ဆက္လက္သုံးစြဲေနေၾကာင္း ေျပာသည္။
လက္႐ွိေနထိုင္ေသာအိမ္မွာ ေဘးကင္းလုံျခဳံမႈမ႐ွိေၾကာင္း ၊ ပဲေထာပတ္ကိုသာ တပတ္ေက်ာ္ စားေသာက္ေနခဲ့ ေၾကာင္း သူမက ဆက္လက္ေျပာၾကားသည္။
Elon Musk အေၾကာင္း ေရးသားထားသည့္ အတၳဳပၸတၱိစာအုပ္တြင္ တကၠဆပ္ျပည္နယ္႐ွိ Tesla ၏ Giga စက္႐ုံမွ ေကာ္လိုရာဒိုျမစ္တေလွ်ာက္ ျဖန္႔က်က္တည္႐ွိေသာ ျခံဝန္းႀကီးႏွင့္ ပတ္သက္သည့္ Elon Musk ၏ စိတ္ကူးရည္မွန္းခ်က္ကိုလည္း ထည့္သြင္းေရးသားထားသည္။
ထိုျခံဝန္းႀကီးမွာ အလြန္တရာ က်ယ္ေျပာလွေသာ ျမင္းျခံႀကီးတခုျဖစ္ၿပီး ေအးခ်မ္းဆိတ္ၿငိမ္ေသာ ေရကန္ႀကီး တခု ပါဝင္သည္။
ထိုျခံႀကီးကို Elon Musk က မိသားစု ေနထိုင္ရန္ ေနရာအျဖစ္သာ စဥ္းစားခဲ့ျခင္းမဟုတ္။
သူ၏ Neuralink Corp အပါအဝင္ အျခားေသာ လုပ္ငန္းမ်ားစြာအတြက္ အက်ိဳး႐ွိေစမည့္ ေနရာအျဖစ္ စဥ္းစားခဲ့သည္။
Boring ကုမၸဏီ၏ အကူအညီျဖင့္ ျမစ္ေအာက္တြင္ ဥမင္ႀကီးတခု ေဖာက္လုပ္ကာ သူ႕အိမ္ျဖစ္လာမည့္ေနရာႏွင့္ သူ၏ စက္႐ုံၾကား ဆက္သြယ္ေပးရန္ ရည္မွန္းခဲ့သည္။
ထိုေျမေအာက္ဥမင္၏ ဆန္းျပားေသာ ဒီဇိုင္းပုံမ်ားကို သုံးသပ္ေလ့လာၿပီးခ်ိန္တြင္ သူ၏ စီမံကိန္းမွာ လက္ေတြ႕ဘဝထဲမွ ေနအိမ္မ်ိဳးထက္ စိတ္ကူးယဥ္ဆန္လွေၾကာင္း Elon Musk ကပင္ အသိအမွတ္ျပဳခဲ့ရသည္။
ထို႔ေၾကာင့္ ထိုစီမံကိန္းကို ေ႐ႊ႕ဆိုင္းထားကာ အေကာင္အထည္ မေဖာ္ျဖစ္ခဲ့။
ေဝါစထရိဂ်ာနယ္က ဇူလိုင္လအတြင္း ေရးသားခဲ့ေသာ ေဆာင္းပါးတခုတြင္ ေဖာ္ျပသည္မွာ Tesla သည္ အခ်ိဳ႕ေသာ ဝယ္ယူမႈမ်ားအတြက္ ကုမၸဏီတြင္း စုံစမ္းစစ္ေဆးမႈျပဳလုပ္ေနေၾကာင္း ေဖာ္ျပသည္။
ထိုဝယ္ယူမႈမ်ားသည္ Elon Musk အတြက္ မွန္အတိၿပီးေသာ စံအိမ္ႀကီးတလုံး ေဆာက္လုပ္ေရးႏွင့္ ဆက္ႏႊယ္ ေနသည္ဟု ဆိုသည္။
စီမံကိန္း၏ အေသးစိတ္အခ်က္အလက္မ်ားအရ မွန္နံရံမ်ားျဖင့္ ေဆာက္လုပ္မည့္ အေဆာက္အအုံတလုံး ျဖစ္ၿပီး အိပ္ခန္းမ်ား ပါဝင္ေၾကာင္း၊ Elon Musk အတြက္ ေနအိမ္အျဖစ္ ရည္႐ြယ္ထားသည္ကို ၫႊန္ျပလ်က္႐ွိသည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Elon Musk Contemplated Buying A House To Provide Stability For His Family But Deemed Them All Too Expensive So Plans To Build 'Something that Fell Out of Space, Like A Structure From Another Galaxy Landed In The Lake' (finance)