Jeff Bezos က ဖလော်ရီဒါပြည်နယ်ရှိ သူ၏ ဒေါ်လာ ၆၈ သန်းတန်စံအိမ်ဘေးမှ အိမ်နီးချင်း၏ အိမ်ကို ကန်ဒေါ်လာ ၇၉ သန်းဖြင့် ဝယ်ယူ

Jeff Bezos က ဖလော်ရီဒါပြည်နယ်ရှိ သူ၏ ဒေါ်လာ ၆၈ သန်းတန်စံအိမ်ဘေးမှ အိမ်နီးချင်း၏ အိမ်ကို ကန်ဒေါ်လာ ၇၉ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
18 Oct 2023 10:03 am တွင် တင်ခဲ့သည်
931 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု ၊ ဖလော်ရီဒါပြည်နယ်ရှိ Billionaire Bunker အရပ်တွင် ကန်ဒေါ်လာ ၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်နေသော စံအိမ်ကို ဂျက်ဘေးဇော့စ် (Jeff Bezos) က ကန်ဒေါ်လာ ၇၉ သန်းဖြင့် ဝယ်ယူခဲ့ပြီး ထိုအိမ်မှာ သူ၏ အိမ်နီးချင်းလည်း ဖြစ်သည်။

(မှတ်ချက်။ Billionaire Bunker သည် ဖလော်ရီဒါပြည်နယ် ၊ မိုင်အမ်မီကမ်းခြေရှိ ဧက ၃၀၀ ကျယ်ဝန်းသော Indian Creek ကျွန်းပေါ်တွင် တည်ရှိပြီး ဒေါ်နယ်ထရမ့်၏ သမီးအပါအဝင် အလွန်ချမ်းသာကြွယ်ဝသူများ နေထိုင်ကြသော နေရာတစ်ခုဖြစ်သည်။)

Amazon တည်ထောင်သူ ဂျက်ဘေးဇော့စ် ယခုဝယ်ယူလိုက်သောစံအိမ်မှာ အိပ်ခန်း ၇ ခန်း ၊ ရေချိုးခန်း ၁၁ ခန်း ပါဝင်ပြီး စံအိမ်အကျယ် ၁၉၀၆၄ စတုရန်းပေ ရှိကာ Biscayne Bay ၏ ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည်။

၂၀၀၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့ပြီး ယခင်က စတီးလုပ်ငန်းရှင်သူဌေးကြီး Leroy Schecter ပိုင်ဆိုင်ခဲ့ကာ ၂၀၁၄ ခုနှစ်တွင် ကန်ဒေါ်လာ ၂၈ သန်းဖြင့် ရောင်းထုတ်သွားခဲ့သည်။

ဂျက်ဘေးဇော့စ်သည် ယခုနှစ် အစောပိုင်းတွင် လော်ရန်ဆန်းချက်ဇ်နှင့် စေ့စပ်ပြီးနောက်ပိုင်း အိမ်ခြံမြေများ ဝယ်ယူလျက် ရှိနေခဲ့သည်။

(Indian Creek ကျေးရွာတွင် တည်ရှိသော စံအိမ်ကို ဒေါ်လာ ၇၉ သန်းဖြင့် ဝယ်ယူခဲ့သည်။)

(ယခုနှစ်အစောပိုင်းက ထိုဒေသတွင် ဂျက်ဘေးဇော့စ်က စံအိမ်တစ်လုံးကို ဒေါ်လာ ၆၈ သန်းဖြင့် ဝယ်ယူခဲ့ပြီး နောက် ယခုအခါ ကပ်လျက်အိမ်ကို ထပ်မံ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။)

(ကမ်းခြေစံအိမ်ဖြစ်ပြီး စာကြည့်တိုက် ၊ ရေကူးကန် ၊ ဝိုင်သိုလှောင်ခန်းနှင့် လုံခြုံရေးမြင့်မားသော တံခါးများ ပါဝင်သည်။)

ယခင် ဝယ်ယူလိုက်သော စံအိမ်တွင် အိပ်ခန်း ၃ ခန်းပါဝင်ပြီး ၁၉၆၅ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ရာ ခြံဝန်းအကျယ် ၂ ဧကရှိသည်။

မူလက MTM Star International ကုမ္ပဏီက ပိုင်ဆိုင်ခဲ့ပြီး ၎င်းတို့က ၁၉၈၂ ခုနှစ်တွင် ကန်ဒေါ်လာ ၁ ဒသမ ၄ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

အဆိုပါကျွန်းသို့ အစောင့်အကြပ်များ ချထားသော တံတားတစ်စင်းမှသာ ဝင်ရောက်နိုင်ပြီး ကိုယ်ပိုင်ရဲတပ်ဖွဲ့ဖြင့် အကာအကွယ် ပေးထားသည်။

ထိုရဲတပ်ဖွဲ့က ကျွန်းနှင့် ပတ်ဝန်းကျင်ကို ကုန်းကြောင်း ၊ ရေကြောင်းနှင့် ဝေဟင်တို့မှတဆင့် စောင့်ကြပ်ပေး လျက် ရှိသည်။

(ဂျက်ဘေးဇော့စ်၏ နေအိမ်သစ်)

(ဂျက်ဘေးဇော့စ်နှင့် စေ့စပ်ထားသော မိန်းကလေး လော်ရန်ဆန်းချက်ဇ်တို့ အတူတကွ တွေ့ရပုံ)

(Billionaire Bunker မှ စံအိမ် )

Billionaire Bunker တွင် စံအိမ်တစ်လုံး၏ အလယ်အလတ်ဈေးနှုန်းမှာ ကန်ဒေါ်လာ ၂၉ ဒသမ ၅ သန်းရှိပြီး နေထိုင်သူ ၄၀ ဦးခန့်ရှိကာ ကမ္ဘာ့အိမ်ခြံမြေဈေးအကြီးဆုံးနေရာဟု သတ်မှတ်ခြင်း ခံရသည်။

ဂျက်ဘေးဇော့စ်သည် နယူးယောက် ၊ ဝါရှင်တန်ဒီစီ ၊ ဘီဗာလီဟေးစ် နှင့် တက္ကဆပ်ပြည်နယ်အနောက်ပိုင်းတို့ အပါအဝင် အခြားနေရာများစွာတွင် အိမ်ခြံမြေ ဒေါ်လာ သန်း ၆၀၀ ဖိုးခန့် ပိုင်ဆိုင်ထားသည်။

ကန်ဒေါ်လာ ၁၆၀ ဘီလီယံဝန်းကျင် ချမ်းသာကြွယ်ဝသူ ဂျက်ဘေးဇော့စ်သည် ပြီးခဲ့သောနှစ်အတွင်းကလည်း ဟာဝိုင်အီရှိ ၁၄ ဧကကျယ်ဝန်းသော ခြံဝန်းကို ဝယ်ယူခဲ့သေးသည်။

(ဟာဝိုင်အီမှ ဒေါ်လာ ၇၈ သန်းတန် ခြံဝန်း)

(နယူးယောက်မြို့၊ ပဉ္စမရိပ်သာလမ်းတွင်လည်း တိုက်ခန်းများစွာ ဝယ်ယူထားသည်။)

(နယူးယောက်မြို့ တိုက်ခန်းများ ဝယ်ယူမှုမှာ ထိုနှစ်က တန်ဖိုးအများဆုံး အိမ်ခြံမြေဝယ်ယူမှုအဖြစ် ပြောဆိုကြ မှုများ ရှိသည်။)

(ဂျက်ဘေးဇော့စ်၏ တိုက်ခန်းတစ်ခုအတွင်းပိုင်း)

(ဝါရှင်တန်ဒီစီမှ အထည်အလိပ်ပြတိုက်ဟောင်းကိုလည်း ကန်ဒေါ်လာ ၂၃ သန်းဖြင့် ဝယ်ယူထားသည်။)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Jeff Bezos buys up neighbor's seven-bedroom mansion in Florida's 'Billionaire Bunker' for $79 million - months after it hit the market for $85M (dailymail)

Jeff Bezos က ဖေလာ္ရီဒါျပည္နယ္ရွိ သူ၏ ေဒၚလာ ၆၈ သန္းတန္စံအိမ္ေဘးမွ အိမ္နီးခ်င္း၏ အိမ္ကို ကန္ေဒၚလာ ၇၉ သန္းျဖင့္ ဝယ္ယူ

အေမရိကန္ျပည္ေထာင္စု ၊ ဖေလာ္ရီဒါျပည္နယ္ရွိ Billionaire Bunker အရပ္တြင္ ကန္ေဒၚလာ ၈၅ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္ေနေသာ စံအိမ္ကို ဂ်က္ေဘးေဇာ့စ္ (Jeff Bezos) က ကန္ေဒၚလာ ၇၉ သန္းျဖင့္ ဝယ္ယူခဲ့ျပီး ထိုအိမ္မွာ သူ၏ အိမ္နီးခ်င္းလည္း ျဖစ္သည္။

(မွတ္ခ်က္။ Billionaire Bunker သည္ ဖေလာ္ရီဒါျပည္နယ္ ၊ မိုင္အမ္မီကမ္းေျခရွိ ဧက ၃၀၀ က်ယ္ဝန္းေသာ Indian Creek ကၽြန္းေပၚတြင္ တည္ရွိျပီး ေဒၚနယ္ထရမ့္၏ သမီးအပါအဝင္ အလြန္ခ်မ္းသာၾကြယ္ဝသူမ်ား ေနထိုင္ၾကေသာ ေနရာတစ္ခုျဖစ္သည္။)

Amazon တည္ေထာင္သူ ဂ်က္ေဘးေဇာ့စ္ ယခုဝယ္ယူလိုက္ေသာစံအိမ္မွာ အိပ္ခန္း ၇ ခန္း ၊ ေရခ်ဳိးခန္း ၁၁ ခန္း ပါဝင္ျပီး စံအိမ္အက်ယ္ ၁၉၀၆၄ စတုရန္းေပ ရွိကာ Biscayne Bay ၏ ရႈေမွ်ာ္ခင္းမ်ား ပိုင္ဆိုင္ထားသည္။

၂၀၀၀ ျပည့္ႏွစ္တြင္ ေဆာက္လုပ္ခဲ့ျပီး ယခင္က စတီးလုပ္ငန္းရွင္သူေဌးၾကီး Leroy Schecter ပိုင္ဆုိင္ခဲ့ကာ ၂၀၁၄ ခုႏွစ္တြင္ ကန္ေဒၚလာ ၂၈ သန္းျဖင့္ ေရာင္းထုတ္သြားခဲ့သည္။

ဂ်က္ေဘးေဇာ့စ္သည္ ယခုႏွစ္ အေစာပိုင္းတြင္ ေလာ္ရန္ဆန္းခ်က္ဇ္ႏွင့္ ေစ့စပ္ျပီးေနာက္ပိုင္း အိမ္ျခံေျမမ်ား ဝယ္ယူလ်က္ ရွိေနခဲ့သည္။

(Indian Creek ေက်းရြာတြင္ တည္ရွိေသာ စံအိမ္ကို ေဒၚလာ ၇၉ သန္းျဖင့္ ဝယ္ယူခဲ့သည္။)

(ယခုႏွစ္အေစာပိုင္းက ထိုေဒသတြင္ ဂ်က္ေဘးေဇာ့စ္က စံအိမ္တစ္လံုးကို ေဒၚလာ ၆၈ သန္းျဖင့္ ဝယ္ယူခဲ့ျပီး ေနာက္ ယခုအခါ ကပ္လ်က္အိမ္ကို ထပ္မံ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။)

(ကမ္းေျခစံအိမ္ျဖစ္ျပီး စာၾကည့္တုိက္ ၊ ေရကူးကန္ ၊ ဝိုင္သိုေလွာင္ခန္းႏွင့္ လံုျခံဳေရးျမင့္မားေသာ တံခါးမ်ား ပါဝင္သည္။)

ယခင္ ဝယ္ယူလိုက္ေသာ စံအိမ္တြင္ အိပ္ခန္း ၃ ခန္းပါဝင္ျပီး ၁၉၆၅ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ရာ ျခံဝန္းအက်ယ္ ၂ ဧကရွိသည္။

မူလက MTM Star International ကုမၸဏီက ပိုင္ဆုိင္ခဲ့ျပီး ၎တို႔က ၁၉၈၂ ခုႏွစ္တြင္ ကန္ေဒၚလာ ၁ ဒသမ ၄ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

အဆိုပါကၽြန္းသို႔ အေစာင့္အၾကပ္မ်ား ခ်ထားေသာ တံတားတစ္စင္းမွသာ ဝင္ေရာက္ႏုိင္ျပီး ကိုယ္ပိုင္ရဲတပ္ဖြဲ႔ျဖင့္ အကာအကြယ္ ေပးထားသည္။

ထုိရဲတပ္ဖြဲ႔က ကၽြန္းႏွင့္ ပတ္ဝန္းက်င္ကို ကုန္းေၾကာင္း ၊ ေရေၾကာင္းႏွင့္ ေဝဟင္တို႔မွတဆင့္ ေစာင့္ၾကပ္ေပး လ်က္ ရွိသည္။

(ဂ်က္ေဘးေဇာ့စ္၏ ေနအိမ္သစ္)

(ဂ်က္ေဘးေဇာ့စ္ႏွင့္ ေစ့စပ္ထားေသာ မိန္းကေလး ေလာ္ရန္ဆန္းခ်က္ဇ္တို႔ အတူတကြ ေတြ႔ရပံု)

(Billionaire Bunker မွ စံအိမ္ )

Billionaire Bunker တြင္ စံအိမ္တစ္လံုး၏ အလယ္အလတ္ေစ်းႏႈန္းမွာ ကန္ေဒၚလာ ၂၉ ဒသမ ၅ သန္းရွိျပီး ေနထိုင္သူ ၄၀ ဦးခန္႔ရွိကာ ကမၻာ့အိမ္ျခံေျမေစ်းအၾကီးဆံုးေနရာဟု သတ္မွတ္ျခင္း ခံရသည္။

ဂ်က္ေဘးေဇာ့စ္သည္ နယူးေယာက္ ၊ ဝါရွင္တန္ဒီစီ ၊ ဘီဗာလီေဟးစ္ ႏွင့္ တကၠဆပ္ျပည္နယ္အေနာက္ပိုင္းတို႔ အပါအဝင္ အျခားေနရာမ်ားစြာတြင္ အိမ္ျခံေျမ ေဒၚလာ သန္း ၆၀၀ ဖုိးခန္႔ ပိုင္ဆိုင္ထားသည္။

ကန္ေဒၚလာ ၁၆၀ ဘီလီယံဝန္းက်င္ ခ်မ္းသာၾကြယ္ဝသူ ဂ်က္ေဘးေဇာ့စ္သည္ ျပီးခဲ့ေသာႏွစ္အတြင္းကလည္း ဟာဝိုင္အီရွိ ၁၄ ဧကက်ယ္ဝန္းေသာ ျခံဝန္းကို ဝယ္ယူခဲ့ေသးသည္။

(ဟာဝိုင္အီမွ ေဒၚလာ ၇၈ သန္းတန္ ျခံဝန္း)

(နယူးေယာက္ျမဳိ႕၊ ပဥၥမရိပ္သာလမ္းတြင္လည္း တိုက္ခန္းမ်ားစြာ ဝယ္ယူထားသည္။)

(နယူးေယာက္ျမဳိ႕ တိုက္ခန္းမ်ား ဝယ္ယူမႈမွာ ထုိႏွစ္က တန္ဖုိးအမ်ားဆံုး အိမ္ျခံေျမဝယ္ယူမႈအျဖစ္ ေျပာဆိုၾက မႈမ်ား ရွိသည္။)

(ဂ်က္ေဘးေဇာ့စ္၏ တုိက္ခန္းတစ္ခုအတြင္းပိုင္း)

(ဝါရွင္တန္ဒီစီမွ အထည္အလိပ္ျပတုိက္ေဟာင္းကိုလည္း ကန္ေဒၚလာ ၂၃ သန္းျဖင့္ ဝယ္ယူထားသည္။)

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Jeff Bezos buys up neighbor's seven-bedroom mansion in Florida's 'Billionaire Bunker' for $79 million - months after it hit the market for $85M (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lily Philips က OnlyFans မှ ရသောငွေများဖြင့် ခမ်းနားသော စံအိမ်ကြီး ၂ လုံးဝယ်ယူထား...

ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေသောကြောင့် မြို့ခံအမျိုးသမီး တစ်ဦးက နေအိမ် ၄ လုံးကို ရောင်းချကာ ထွက်ပြေးတိမ်းရှောင်...

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဒေါ်နယ်ထရမ့်သားကြီး ထရမ့်ဂျူနီယာ အချစ်သစ်တွေ့သည့် ကောလာဟလများကြောင့် ချစ်သူဖြစ်သော သံအမတ်ကြီး Kimberly Guilfoyle နှင့် လမ်းခွဲမည့် အခြေအနေ ဖြစ်ပေါ်နေ၊ ဖလော်ရီဒါမှ ဒေါ်လာ ၁၀ သန်းတန် စံအိမ်ကြီးကို ဘယ်သူရမလဲ...

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ ဆန်းကြယ်စွာ ဆက်တိုက်သေဆုံးခဲ့သော ကျိန်စာသင့် စံအိမ်ကြီး ကန်ဒေါ်လာ ၁၇ ဒသမ ၉၉ သန်းဖြင့် အရ...

နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်မ်ကာရေးက နှစ်ပေါင်း ၃၀ ပိုင်ဆိုင်ခဲ့သော လော့စ်အိန်ဂျလိစံအိမ်ကို အကြိမ်ကြိမ် ဈေးလျှော့ရောင်းချရာ ဝယ်လက်ရှာတွေ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
မြောက်ကိုရီးယားဗိုလ်ကြီး (သို့မဟုတ်) Hyun Bin နှင့် Son Ye-jin တို့စုံတွဲက ပျားရည်ဆမ်းခရီး ဖြတ်သန်းခဲ့သော Penthouse ခန်း
မြောက်ကိုရီးယားဗိုလ်ကြီး (သို့မဟုတ်) Hyun Bin နှင့် Son Ye-jin တို့စုံတွဲက ပျားရည်ဆမ်းခရီး ဖြတ်သန်းခဲ့သော Penthouse ခန်း
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

magical-world
7Mile Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service