မာရီလင်မွန်ရိုး မိမိကိုယ်ကို အဆုံးစီရင်မှု ဖြစ်ပွားခဲ့ပြီး မကျွတ်မလွတ်ဖြစ်ကာ ခြောက်လှန့်နေသည် ဟူသော စံအိမ်ကို လက်ရှိပိုင်ရှင်တို့က ဖြိုချဖျက်သိမ်းရန် တင်ပြလျှောက်ထား
မာရီလင်မွန်ရိုး မိမိကိုယ်ကို အဆုံးစီရင်မှု ဖြစ်ပွားခဲ့ပြီး မကျွတ်မလွတ်ဖြစ်ကာ ခြောက်လှန့်နေသည် ဟူသော စံအိမ်ကို လက်ရှိပိုင်ရှင်တို့က ဖြိုချဖျက်သိမ်းရန် တင်ပြလျှောက်ထား - Property News in Myanmar from iMyanmarHouse.com
11 Sep 2023 10:29 am တွင် တင်ခဲ့သည်
845 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
မာရီလင်မွန်ရိုး မကွယ်လွန်မီ နေထိုင်ခဲ့ကာ သူ၏ အလောင်းကို တွေ့ရှိခဲ့သော လော့စ်အိန်ဂျလိမြို့စံအိမ်၏ လက်ရှိပိုင်ရှင်များက အဆိုပါ စံအိမ်ကို ဖြိုချ ဖျက်သိမ်းရန် မြို့ကောင်စီထံ တင်ပြထားသည်။
လော့စ်အိန်ဂျလိမြို့ ၊ ဘရန့်ဝုဒ်အရပ်တွင် တည်ရှိပြီး Hacienda ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားကာ တန်ကြေးမှာ ကန်ဒေါ်လာ ၈ ဒသမ ၃၅ သန်း ဖြစ်သည်။
လော့စ်အိန်ဂျလိမြို့ အဆောက်အအုံနှင့် ဘေးကင်းလုံခြုံရေးဌာန၏ မှတ်တမ်းများအရ လက်ရှိပိုင်ရှင်တို့က မွန်ရိုး နေထိုင်ခဲ့သောအိမ်ကို ဖြိုချရန် သြဂုတ်လအတွင်း တရားဝင် လျှောက်ထားခဲ့သည်ဟု ဆိုသည်။
မြို့ကောင်စီက လက်ရှိပိုင်ရှင်၏ နေအိမ်ဖျက်သိမ်းမည့် အစီအစဉ်ကို စစ်ဆေးရန် စုံစမ်းရေးမှူးများအား ခွင့်ပြုထားပြီး ဖြစ်သည်။ သို့သော် တရားဝင် ဖျက်သိမ်းခွင့် ခွင့်ပြုချက်ကို မြို့ကောင်စီက ထုတ်မပေးရသေးချေ။
မွန်ရိုးက ယခုအိမ်ကို ၁၉၆၂ ခုနှစ် ၊ ဖေဖော်ဝါရီလတွင် ကန်ဒေါ်လာ ၇၇၅၀၀ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယနေ့ခေတ် ငွေတန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၇၉၀၀၀၀ နှင့် ညီမျှသည်။
အိမ်ဝယ်ပြီး ၆ လအကြာ သြဂုတ်လ ၅ ရက်နေ့တွင် မွန်ရိုး၏ အသက်မဲ့ ခန္ဓာကိုယ်ကို ယခုအိမ်အတွင်း တွေ့ရှိခဲ့ကြသည်။
မွန်ရိုးသည် စိတ်ငြိမ်ဆေး အလွန်အကျွံသောက်သုံးကာ သေဆုံးခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၃၆ နှစ်သာ ရှိသေးသည်။
(လက်ရှိပိုင်ရှင်တို့က မွန်ရိုး သေဆုံးခဲ့သော ဒေါ်လာ ၈ ဒသမ ၃၅သန်းတန် စံအိမ်ကို ဖျက်သိမ်းရန် တင်ပြထားသည်။)
(လော့စ်အိန်ဂျလိမြို့ အဆောက်အအုံနှင့် ဘေးကင်းလုံခြုံရေးဌာန၏ မှတ်တမ်းများအရ လက်ရှိပိုင်ရှင်တို့က မွန်ရိုး နေထိုင်ခဲ့သောအိမ်ကို ဖြိုချရန် သြဂုတ်လအတွင်း တရားဝင် လျှောက်ထားခဲ့သည်ဟု ဆိုသည်။)
(လော့စ်အိန်ဂျလိမြို့ ၊ ဘရန့်ဝုဒ်အရပ် Helena Drive လမ်း အမှတ် ၁၂၃၀၅ တွင် တည်ရှိသည်။ ပုံတွင် တွေ့ရသည်မှာ မွန်ရိုးကို သူမ၏ နေအိမ်တစ်လုံးရှေ့တွင် ၁၉၅၆ ခုနှစ်က တွေ့မြင်ရပုံဖြစ်သည်။)
(၁၉၆၂ ခုနှစ် ၊ သြဂုတ်လ ၅ ရက်တွင် ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုး၏ အလောင်းကို ရှာဖွေ တွေ့ရှိခဲ့သော အိပ်ယာ၏ မြင်ကွင်း။)
လက်ရှိပိုင်ရှင်တို့က စတုရန်းပေ ၂၉၀၀ ကျယ်ဝန်းသော စံအိမ်အပြင် ရေကူးကန်ဘေးအိမ်နှင့် ခြံတွင်းရှိ အခြားအရာများကို ဖျက်သိမ်းရန် ဇူလိုင်လ ၃၁ ရက်နေ့တွင် တင်ပြခဲ့ခြင်း ဖြစ်သည်။
ဖျက်သိမ်းရေး အစီအစဉ်ကို စုံစမ်းရေးမှူးတစ်ဦးက စက်တင်ဘာ ၅ ရက်တွင် စစ်ဆေးရန် မြို့ကောင်စီက အတည်ပြုခဲ့သည်။
ယခုစံအိမ်သည် ၂၀၁၇ ခုနှစ်အတွင်း နောက်ဆုံးအကြိမ် တရားဝင် အရောင်းဈေးကွက်ဝင်ခဲ့ပြီး ထိုစဉ်က ကန်ဒေါ်လာ ၇ ဒသမ ၂၅ သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။
(ဒေါ်လာ ၈ ဒသမ ၃၅ သန်းတန်နေအိမ်၏ မီးဖိုဆောင်။)
(ထုတ်တန်းဖော် မျက်နှာကြက်နှင့် နီညိုရောင် ကြွေပြားကြမ်းခင်းများ။)
(သဘာဝအလင်း ကောင်းစွာရသော အခန်းတစ်ခန်း။ )
(မွန်ရိုးက ဤအိမ်ကို ၁၉၆၂ ခုနှစ် ဖေဖော်ဝါရီလတွင် ကန်ဒေါ်လာ ၇၇၅၀၀ ဖြင့် ဝယ်ယူခဲ့သည်။)
(ပုံတွင် ရောင်စုံဖြင့် ပြသထားသော အိမ်ဖြစ်ပြီး ၁၉၂၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည်။)
(ခြံနောက်ဘက်တွင် မြက်ခင်းပြင် နှင့် ရေကူးကန်တို့ ရှိသည်။)
(မွန်ရိုး သေဆုံးသောနေ့တွင် အိမ်နောက်ဘက်၌ ရဲအရာရှိတစ်ဦး မတ်တပ်ရပ်နေသည်ကို တွေ့ရပုံ။)
(လက်ရှိုပိုင်ရှင်က ရေကူးကန်ကို မြေဖို့ပစ်ရန် စီစဉ်နေသည်။)
(နေအိမ်တွင်းမှ အခန်းတစ်ခန်း။)
(မွန်ရိုး၏ အလောင်းတစ်လောင်းကို အိမ်တွင်းမှ သယ်ထုတ်လာပုံ။)
(ဆက်စပ်သတင်း)
ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုး သရဲဖြစ်ကာ ခြောက်လှန့်နေသော စံအိမ် (ကမ္ဘာကျော်တို့ မကျွတ်မလွတ်ဖြစ်ကာ ခြောက်လှန့်နေသော နေအိမ်များ)
https://www.imyanmarhouse.com/news/read/1082705
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
  Ref:Marilyn Monroe's home could be demolished as owners file for Brentwood property to be torn down (dailymail)
[Zawgyi]
(ဆက်စပ်သတင်း)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင်းဈေးကွက်ဝင်လာ၊ ဈေးနှုန်းမှာ ကြောက်ခမန်းလိလိ များပြားရာ ဝယ်ယူမည့်သူအနေဖြင့် Jeff Bezos လောက် ချမ်းသာရန် လိုအပ်မည်ဖြစ်...
ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lily Philips က OnlyFans မှ ရသောငွေများဖြင့် ခမ်းနားသော စံအိမ်ကြီး ၂ လုံးဝယ်ယူထား...
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေသောကြောင့် မြို့ခံအမျိုးသမီး တစ်ဦးက နေအိမ် ၄ လုံးကို ရောင်းချကာ ထွက်ပြေးတိမ်းရှောင်...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဒေါ်နယ်ထရမ့်သားကြီး ထရမ့်ဂျူနီယာ အချစ်သစ်တွေ့သည့် ကောလာဟလများကြောင့် ချစ်သူဖြစ်သော သံအမတ်ကြီး Kimberly Guilfoyle နှင့် လမ်းခွဲမည့် အခြေအနေ ဖြစ်ပေါ်နေ၊ ဖလော်ရီဒါမှ ဒေါ်လာ ၁၀ သန်းတန် စံအိမ်ကြီးကို ဘယ်သူရမလဲ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
7Mile Condominium
Neighbourhood
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service