အမေရိကန်ပြည်၊ ဆန်ဒီယေဂိုမြို့တွင် ဗိသုကာပညာ၏ အံ့ဖွယ်တစ်ပါးဖြစ်သော ပတ်လည် လည်ပတ်နိုင်သည့် စံအိမ်ကြီး
အမေရိကန်ပြည်၊ ဆန်ဒီယေဂိုမြို့တွင် ဗိသုကာပညာ၏ အံ့ဖွယ်တစ်ပါးဖြစ်သော ပတ်လည် လည်ပတ်နိုင်သည့် စံအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
12 Jul 2023 11:35 am တွင် တင်ခဲ့သည်
548 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကန်ဒေါ်လာ ၅ ဒသမ ၃ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ အမေရိကန်ပြည်ရှိ လည်ပတ်နိုင်သော ဤစံအိမ်ကြီးတွင် နေထိုင်ရသည့်ဘဝကား ကာနီဗယ်ပွဲတော်ကြီးအလား ဖြစ်ဖွယ်ရှိသည်။
ပုံမှန်နေအိမ်တစ်လုံးနှင့် ချားရဟတ်ကြီးတစ်ခု ပေါင်းစပ်ထားသော နေအိမ်မျိုးတွင် နေထိုင်လိုသူများအတွက် အမေရိကန်ပြည် ၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် ပတ်ချာလည် လည်ပတ်နိုင်သော စံအိမ်ကြီးတစ်လုံး အရောင်းဈေးကွက်ဝင်လျက်ရှိသည်။
အဆိုပါစံအိမ်ကို Century 21 အိမ်ခြံမြေကုမ္ပဏီမှအကျိုးဆောင် Melvina Selfani က အရောင်းဈေးကွက်တင် ပေးထားပြီး လက်ရှိအားဖြင့် ကန်ဒေါ်လာ ၅ ဒသမ ၃ သန်း ဈေးခေါ်ထားသည်။
“ဆန်ဒီယေဂိုရဲ့ တစ်ခုတည်းသော လည်ပတ်နိုင်တဲ့စံအိမ်ကြီးကနေ ကြိုဆိုပါတယ်” ဟု ဈေးကွက်တင်မှတ်တမ်း တွင် ဖော်ပြသည်။
“ဒီလို တမူထူးပြီး ဆန်းသစ်တီထွင်မှုရှိတဲ့ စံအိမ်ကြီးကို ဗိသုကာပညာရဲ့ အံ့ဖွယ်တစ်ပါးအဖြစ် ဖော်ပြတာ အကောင်းဆုံးပါပဲ။ ဒီစံအိမ်ကြီးဟာ ဇိမ်ကျမှုနဲ့ နည်းပညာအဆင့်မြင့်မှုတို့ မယုံနိုင်အောင် ပေါင်းစပ်ပေးထား ပါတယ်”
ဆန်ဒီယေဂိုမြို့မှ Mount Helix တောင်ထိပ်တွင် တည်ရှိပြီး လည်ပတ်နိုင်သော အထပ်မှာ အဆောက်အအုံ၏ တတိယထပ်ဖြစ်ကာ စတုရန်းပေ ၅၀၀၀ ကျော်ကျယ်ဝန်းသည်။
ထိုအထပ်တွင် ဧည့်ခန်းပါဝင်ပြီး ၃၆၀ ဒီဂရီအပြည့် လည်ပတ်နိုင်သည်ဟု ဆိုသည်။
စံအိမ်ကို လည်ပတ်နိုင်အောင် ဆောက်လုပ်ထားမှုကြောင့် နေထိုင်မည့်သူများအနေဖြင့် သဘာဝအလင်းရောင် များစွာရရှိနိုင်သည့်အပြင် မိမိတို့ ကြည့်ရှုလိုသော ဝန်းကျင်ရှုခင်းကို လိုအပ်သလို ပြောင်းလဲချိန်ညှိနိုင်သည်။
အဆောက်အအုံ ပထမထပ်မှာမူ လည်ပတ်နိုင်ခြင်းမရှိသော အထပ်ဖြစ်ပြီး စတုရန်းပေ ၂၁၀၀ ကျယ်ဝန်းသော ဧည့်ခန်း ပါဝင်သည်။
မြေညီထပ်တွင်ကား အပန်းဖြေခန်းမ ၊ ရေချိုးခန်း ၊ မီးဖိုဆောင် ၊ ကား ၂ စင်းဆန့် ကားဂိုဒေါင်တို့ ပါဝင်သည်။
ခြံအကျယ်မှာ စတုရန်းပေ ၂၅၀၀၀ ကျော်ရှိပြီး စံအိမ်တွင် အိပ်ခန်း ၄ ခန်း ၊ ရေချိုးခန်း ၄ ခန်းနှင့် နားနေဆောင်များစွာ ပါဝင်သည်။
(စံအိမ်၏ ကောင်းကင်မြင်ကွင်း။ ဓာတ်ပုံ-Jam Press)
(လည်ပတ်နိုင်သော အပေါ်ထပ်ဧည့်ခန်းအပြင် မလည်ပတ်နိုင်သော အောက်ထပ်ဧည့်ခန်းလည်း ပါဝင်သည်။ ဓာတ်ပုံ-Jam Press)
(ဧည့်ခန်းတစ်ခု။ ဓာတ်ပုံ-Jam Press)
(စံအိမ်အတွင်း အိပ်ခန်း ၄ ခန်းပါသည်။ ဓာတ်ပုံ-Jam Press)
(စုစုပေါင်း ရေချိုးခန်း ၄ ခန်းရှိသည်။ ဓာတ်ပုံ-Jam Press)
စံအိမ်တွင် ဆိုလာပြား ၄၃ ခု ၊ မီးဘေးနှင့် မြေငလျင်ကာကွယ်ရေး ၊ Smart Home နည်းပညာနှင့် လုံခြုံရေးစနစ် များစွာ ပါဝင်သည်။
ခြံဝန်းအတွင်း သက်တမ်းရင့် သစ်သီးဝလံပင် ၁၁ ပင် ၊ များပြားလှသော Outdoor နားနေနေရာများ ၊ မြက်ခင်းအဆင့်ဆင့်တို့ ပါဝင်ပြီး အောက်ဘက်ဆီတွင် ဆန်ဒီယေဂို၏ ရှုမျှော်ခင်းများကို အပြောကျယ်စွာ တွေ့မြင်ရသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: ‘Architectural marvel’ rotating mansion lists for $5.3M in San Diego (nypost)
[Zawgyi]
(ဧည့်ခန်းတစ်ခု။ ဓာတ်ပုံ-Jam Press)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင်းဈေးကွက်ဝင်လာ၊ ဈေးနှုန်းမှာ ကြောက်ခမန်းလိလိ များပြားရာ ဝယ်ယူမည့်သူအနေဖြင့် Jeff Bezos လောက် ချမ်းသာရန် လိုအပ်မည်ဖြစ်...
ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lily Philips က OnlyFans မှ ရသောငွေများဖြင့် ခမ်းနားသော စံအိမ်ကြီး ၂ လုံးဝယ်ယူထား...
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေသောကြောင့် မြို့ခံအမျိုးသမီး တစ်ဦးက နေအိမ် ၄ လုံးကို ရောင်းချကာ ထွက်ပြေးတိမ်းရှောင်...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဒေါ်နယ်ထရမ့်သားကြီး ထရမ့်ဂျူနီယာ အချစ်သစ်တွေ့သည့် ကောလာဟလများကြောင့် ချစ်သူဖြစ်သော သံအမတ်ကြီး Kimberly Guilfoyle နှင့် လမ်းခွဲမည့် အခြေအနေ ဖြစ်ပေါ်နေ၊ ဖလော်ရီဒါမှ ဒေါ်လာ ၁၀ သန်းတန် စံအိမ်ကြီးကို ဘယ်သူရမလဲ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
royal-hill
Neighbourhood
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service