ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
[Unicode]
တရုတ်နိုင်ငံ၊ ပေကျင်းမြို့တော်၏ ပျားပန်းခတ်မျှ ၊ ကြက်ပျံမကျသွားလာလှုပ်ရှားနေကြသည့် လူသူထူထပ် သော လမ်းမများအောက်ဘက် မြေအောက်တွင် အခြားကမ္ဘာသစ်ကြီးတစ်ခုတည်ရှိနေသည်ကို သိရှိသူ အလွန်နည်းပါးလှသည်။
ပေကျင်းတွင် အခြေချနေထိုင်သည့်လူဦးရေမှာ ၂၁ ဒသမ ၅ သန်းဝန်းကျင်ရှိသည်။
ယင်းသို့ ကြီးမားလှသည့်မြို့တော်ကြီးအောက်တွင် မြို့ကြီးတစ်မြို့စာမျှ ကျယ်ဝန်းသည့် မြေအောက်ဥမင် မြို့တော်ကြီးတစ်ခု တည်ရှိနေလိမ့်မည်ဟု မည်သူကမျှ တွေးထင်ထားကြလိမ့်မည် မဟုတ်ချေ။
အမေရိကန်နှင့် ဆိုဗီယက်ပြည်ထောင်စုတို့အကြား စစ်ရေးနည်းပညာပြိုင်ဆိုင်မှု အလွန်ပြင်းထန်ခဲ့သည့် စစ်အေးခေတ်ကာလအတွင်း အဏုမြူစစ်ပွဲကြီးပေါ်ပေါက်လာပါက တရုတ်ပြည်သူများ ပုန်းအောင်းနိုင်စေရန် ရည်ရွယ်ကာ ပေကျင်းမြို့၏ မြေအောက်တွင် ဧကပေါင်း ၂၀၀၀၀ ကျော် ကျယ်ဝန်းသည့် မြေအောက် ဥမင် မြို့ကြီးကို လူပေါင်း ၃၀၀၀၀၀ ခန့်က လက်ချည်းသက်သက်ဖြင့် တူးဖော်တည်ဆောက် ခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။
(မြေအောက်မြို့တော်သို့ အဝင်နေရာ)
မြို့တော်ကြီး၏ အကျယ်အဝန်းအတိအကျအားဖြင့် မည်မျှရှိသည်၊ ဥမင်လှိုဏ်ခေါင်းများ မည်သည့်နေရာတွင် တည်ရှိသည်ဟူသည့် အချက်များကိုမူ တရုတ်အစိုးရက တရားဝင်ထုတ်ပြန်ကြေညာထားခြင်းမျိုး မရှိချေ။
သို့ရာတွင် မြေအောက်မြို့တော်ကြီးသည် ဧကပေါင်း ၂၀၀၀၀ ကျော် ကျယ်ဝန်းကာ ပေကျင်းမြို့တော်ရှိ အရေးပါသည့် အစိုးရ အဆောက်အအုံများ အားလုံးကို မြေအောက်မှတစ်ဆင့် ဆက်သွယ်ပေးထားသည်ဟု ခန့်မှန်းကြသည်။ မြေအောက်မြို့တော်ကြီးသို့ ဝင်ရောက်သည့် အဝင်ပေါက်နေရာပေါင်း ၉၀၀ ခန့်ရှိနိုင်သည်ဟုလည်း ခန့်မှန်း ကြသည်။
အဆိုပါမြေအောက်မြို့တော်ကြီးကို တိရှချန် (Dìxià Chéng) ဟု အမည်ပေးထားပြီး တရုတ်ဘာသာတွင် မြေအောက် အကျဉ်းခန်းဟု အဓိပ္ပာယ်ရသည်။ စက်ယန္တရားများမပါဘဲ လက်ချည်းသက်သက်ဖြင့် တူးဖော်ခဲ့ခြင်းဖြစ်ကာ ဂေါ်ပြားများဖြင့်သာ တူးခဲ့ကြပြီး သယ်ဆောင်ရန်ရှိသည့် အရာအားလုံးကို ဝါးခြင်းတောင်းများဖြင့်သာ သယ်ယူခဲ့ကြသည်။
၁၉၆၉ ခုနှစ်တွင် စတင်တူးဖော်ခဲ့ခြင်းဖြစ်ပြီး ၁၉၇၉ ခုနှစ်အထိ မြေအောက်မြို့တော်ကြီးကို ဆက်တိုက်ချဲ့ထွင် နေခဲ့သည်။
စစ်အေးခေတ်အတွင်း တရုတ် - ရုရှားတင်းမာမှုမှာ ၁၉၆၉ ခုနှစ်တွင် နှစ်နိုင်ငံ နယ်စပ် ပဋိပက္ခ ဖြစ်ပွားချိန်တွင် တင်းမာမှုမှာ အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိခဲ့သည်။
နှစ်နိုင်ငံနယ်စပ်တွင် တိုက်ပွဲငယ်များ များစွာ ဖြစ်ပွားခဲ့ကာ တရုတ်နိုင်ငံဘက်တွင် အလုံးစုံစစ်ပွဲကြီး ပေါ်ပေါက် လာနိုင်သည့် အခြေအနေအဖြစ် အမြင့်ဆုံးအဆင့် တပ်လှန့်ထားခဲ့သည်။
ယင်းသို့သော အချိန်တွင် တရုတ်နိုင်ငံ သမ္မတ ၊ ကွန်မြူနစ်ပါတီဥက္ကဌကြီး မော်စီတုန်းက “Shenwadong, chengjiliang, buchengba” ဟု ပြည်သူများကို ညွှန်ကြားချက်ပေးခဲ့သည်။
အဓိပ္ပါယ်မှာ လှိုဏ်ခေါင်းနက်နက်တူး၊ အစားအစာတွေစု ၊ စစ်ပွဲအတွက်ပြင်ဆင်ထား ဟူ ၍ ဖြစ်လေသည်။
သို့ဖြင့် ပေကျင်းတွင် ပြည်သူပေါင်း ၃၀၀၀၀၀ ခန့်သည် မြေတူးခြင်းလုပ်ငန်းများဆောင်ရွက်ကာ ဥက္ကဌကြီးမော်၏ ဆန္ဒများကို လိုက်နာဖြည့်ဆည်းကြရလေသည်။
စစ်အင်ဂျင်နီယာတို့ လမ်းညွှန်ချက်များအောက်တွင် ကြီးမားရှုပ်ထွေးသည့် မြေအောက်ဥမင်ကွန်ရက်ကို တူးဖော်ခဲ့ကြရသည်။
မြေအောက်ဥမင်များစွာသည် အဏုမြူဗုံးခိုကျင်းပေါင်း ၁၀၀၀၀ ဝန်းကျင်နှင့် ဆက်သွယ်ထားပြီး အဏုမြူစစ်ပွဲကြီး ဖြစ်ပွားလာပါက အသက်ရှင်သန်နိုင်ကြရန်အတွက် မြေအောက်မြို့တော်ကြီးတွင် စားသောက်ဆိုင်များ၊ ကဇာတ်ရုံများ၊ ဂိုဒေါင်များ၊ စက်ရုံများ၊ မှိုစိုက်ခင်း၊ အားကစားကွင်းများ အပါအဝင် လူ့အဖွဲ့အစည်းတစ်ရပ်အတွက် လိုအပ်နိုင်သည့်အရာအားလုံးကို ထည့်သွင်းဆောက်လုပ်ခဲ့သည်ဟု ဆိုသည်။
လေဝင်လေထွက်စနစ်ကိုပင်လျှင် ပြင်ပကမ္ဘာနှင့် ထိတွေ့ခြင်းမရှိစေဘဲ ပြုလုပ်ဖန်တီးခဲ့သည်။
၁၉၆၉ ခုနှစ်က ပေကျင်းတွင် လူဦးရေ ၆ သန်းခန့်ရှိရာ အဆိုပါလူဦးရေအားလုံးကို မြေအောက်တွင် ထားရှိနိုင်ရန် လုံလောက်သည့် အကျယ်အဝန်းရှိသည်ဟု ဆိုသည်။
လက်တွေ့တွင်ကား မော်စီတုန်းတွက်ဆခဲ့သကဲ့သို့ မြေအောက်မြို့တော်ကြီးကို လိုအပ်ခဲ့ခြင်း မရှိချေ။
၁၉၈၀ ပြည့်လွန်ကာလများတွင် မြေအောက်ဥမင်အစိတ်အပိုင်းများစွာကို သက်ဆိုင်ရာဒေသတွင်း အာဏာပိုင်များထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ဒေသတွင်းအာဏာပိုင်တို့က အဆိုပါဥမင်များကို ရုံးခန်းများ၊ ဈေးဆိုင်များအဖြစ် ပြောင်းလဲခဲ့ကြ၏။
သို့စေကာမူ မြေအောက်ဥမင်၏ ဧရိယာအများစုမှာမူ အသုံးမပြုဘဲ စွန့်ပစ်ခံနေရာများအဖြစ် လူသူကင်းမဲ့လျက်ရှိနေသည်။
အချို့သော ဈေးဆိုင်များ၊ လူနေတိုက်ခန်းများ၏ မြေတိုက်ခန်းများမှတဆင့် မြေအောက်ဥမင်သို့ ဝင်သည့်တံခါးပေါက်များ ယနေ့တိုင် တည်ရှိနေဆဲ ဖြစ်သည်။
ယနေ့ခေတ်တွင် ကျေးလက်ဒေသများမှ ပေကျင်းသို့ အလုပ်ရှာရန် ပြောင်းရွှေ့လာကြသူပေါင်း အလွန်မြင့်တက်လာလျက်ရှိသည်နှင့်အမျှ အိမ်ငှားဈေးနှုန်းများမှာလည်း ခေါင်ခိုက်လာသည်။
မြေအောက်မြို့တော်မှ အချို့သော ဥမင်အစိတ်အပိုင်းများကို ပုဂ္ဂလိကပိုင်ရှင်များက တစ်ဦးချင်း ပိုင်ဆိုင်ထားကြရာ မြေအောက်ဥမင် နေရာများကို လူနေခန်းငယ်များအဖြစ် ပြောင်းလဲဖွဲ့စည်းကာ ပေကျင်းမြို့ ပုံမှန်အိမ်ငှားပေါက်ဈေး၏ သုံးပုံတစ်ပုံခန့်ဖြင့် အငှားချထား လာလျက်ရှိကာ လူနေထူထပ်လာမှုကြောင့် ပေါ်ပေါက်လာသည့်အခွင့်အရေးကို အမိအရဖမ်းယူလျက်ရှိကြသည်။
(မြေအောက်မြို့တော် ဝင်ပေါက်တစ်ခုဘေးတွင် ဘေးကင်းလုံခြုံမှုစစ်ဆေးခဲ့ပြီးနောက် ပြန်လည်မွမ်းမံမှုများ ပြုလုပ်ရန် ပိတ်ထားကြောင်း သတိပေးစာကို တွေ့ရပုံ)
အချို့သူများဆိုလျှင် အဆိုပါ မြေအောက်ဥမင်ခန်းများတွင် နေထိုင်လာခဲ့ကြသည်မှာ ဆယ်စုနှစ်နှင့်ချီ၍ ကြာမြင့်ခဲ့ကြပြီဖြစ်ပြီး ၎င်းတို့ကို ကြွယ်မျိုးနွှယ်စုများဟု အမည်ပြောင်ပင် ပေးထားကြသည်။
ကျေးလက်မှ ပေကျင်းသို့လာရောက်အလုပ်လုပ်ကိုင်သူများသည်လည်း မြေပေါ်တိုက်ခန်းများတွင် နေထိုင်နိုင်သည့် အခြေအနေ မရှိသေးသမျှ အဆိုပါမြေအောက်ဥမင်များတွင်သာ ဘဝကို ဖြတ်သန်းနေကြရသည်။
မြေအောက်တွင် နေထိုင်ရသည်ကား မြေပေါ်နှင့်မတူ။ ကျဉ်းကြပ်မှောင်မည်းကာ စိုထိုင်းနေသည့် ပတ်ဝန်းကျင် ဖြစ်၏။
မြေအောက်ဥမင်တွင် နေထိုင်ရသူတို့မှာ ဘေးအန္တရာယ်ကင်းရေးအတွက် မည်သည့်အာမခံချက်မျှ မရှိသည့်အပြင် ပိုင်ရှင်များကလည်း လစ်လျူရှုထားကြရာ ပေကျင်းအာဏာပိုင်တို့က အဏုမြူဗုံးခိုကျင်းများနှင့် မြေအောက်ဥမင်နေရာများသည် လူနေရန်ရည်ရွယ်ချက်ဖြင့် အသုံးပြုရန် မသင့်လျော်တော့ကြောင်း စည်းမျဉ်းထုတ်ပြန်ခဲ့ရသည်။
သို့စေကာမူ မြေအောက်ဥမင်များတွင် နေထိုင်ကြရသူများအဖို့ သွားရန်အခြားနေရာလည်း မရှိ။
ထို့ကြောင့် ၎င်းတို့ကိုဆက်လက်နေထိုင်ခွင့် ပေးထားရသော်လည်း အနာဂတ်မှာမူ မရေရာလှချေ။
၂၀၁၆ ခုနှစ်အတွင်းတွင်မူ ပေကျင်းမြို့ကြီး၏ မြေအောက်လူနေမှုဘဝအကြောင်းကို သတင်းမီဒီယာများက ရေးသားဖော်ပြမှု မြင့်တက် လာပြီးနောက်ပိုင်း မြေအောက်ဥမင်တွင် နေထိုင်ကြသူအုပ်စုတစ်ခုမှာ ကြိုတင်သတိပေးချက်မရဘဲ နှင်ထုတ်ခြင်း ခံခဲ့ကြရသည်။
(လူသူကင်းမဲ့ကာ စွန့်ပစ်ခံထားရသည့် အခန်းတစ်ခု)
ဆက်လက်နေထိုင်လျက်ရှိကြသည့် ကျန်ရှိသူများမှာလည်း မည်သည့်အချိန်တွင် မောင်းထုတ်ခံရမည်ကို မသိရသေးချေ။
ယင်းသို့ ကသောင်းကနင်းဖြစ်နေသည့် ကြွက်မျိုးနွှယ်စု၏ ဘဝကို ပြောင်းလဲပေးမည့်သူတစ်ဦးပေါ်လာသည်။
Zhou Zishu အမည်ရှိ တရုတ်နိုင်ငံသားတစ်ဦးက ဒေသတွင်း ဒီဇိုင်နာများ၊ အနုပညာရှင်များ၊ ဒေသခံများ၊ ပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်းကာ လူသူကင်းမဲ့သည့် မြေအောက်ဥမင်များကို သစ်လွင်တောက်ပသည့်နေရာများအဖြစ် မကြာသေးမီက ပြောင်းလဲပေးလိုက်လေသည်။
ယင်းသို့ပြောင်းလဲမွမ်းမံဆောက်လုပ်ပေးခဲ့သည်များတွင် စာကြည့်တိုက်၊ စာဖတ်ခန်းများ၊ ကော်ဖီဆိုင်များ၊ ကလေးကစားကွင်း၊ အလှပြင်ဆိုင်၊ ဈေးဆိုင်များ၊ အားကစားလေ့ကျင့်ရေးခန်းမနှင့် အခြားအဆောက်အအုံများစွာ ပါဝင်သည်။
ယခုကဲ့သို့ ပြန်လည်ဆန်းသစ်မွမ်းမံလိုက်သည့်နေရာကို Zhou Zishu က Digua Shequ ဟု အမည်ပေးခဲ့ရာ တရုတ်ဘာသာအားဖြင့် ကန်စွန်းဥအသိုက်အဝန်းဟု အဓိပ္ပာယ်ရလေသည်။
မြေအောက်တွင် အခြေတည်ကာ ဖွံ့ဖြိုးလာသည့်သဘာဝကို ရည်ညွှန်းလိုသောကြောင့် ဖြစ်သည့်အပြင် ပေကျင်းသို့ စတင်ခြေချချိန်တွင် Zhou Zishu ပထမဆုံးစားသောက်ခဲ့ရသည့်အစားအစာမှာ ကန်စွန်းဥဖြစ်သည်ကို အောက်မေ့ဖွယ်အထိမ်းအမှတ်အဖြစ် ယခုကဲ့သို့ အမည်ပေးခဲ့ခြင်းလည်း ဖြစ်သည်။
သူ၏ မိတ်ဆွေသူငယ်ချင်းများက ပေကျင်းလေဆိပ်တွင် လာရောက်ကြိုဆိုကြရာတွင် Zhou Zishu စားရန် ကန်စွန်းဥများ ယူလာခဲ့ကြ သည်ဟု ဆိုသည်။
Zhou Zishu က ဆွေးနွေးပွဲများပြုလုပ်ခြင်းမှတစ်ဆင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းပါဝင်နိုင်ကြရန် လမ်းဖွင့်ပေးထားခဲ့သည်။
Digua Shequ သည် မြေပေါ်နှင့် မြေအောက်အသိုက်အဝန်းနှစ်ခုကို အောင်မြင်စွာ ပေါင်းစည်းပေးနိုင်ခဲ့ပြီး ၎င်းတို့အကြားတွင်ရှိနေသည့် မယုံကြည်မှုကို ဖယ်ရှားပေးနိုင်ခဲ့သည်ဟု ဆိုနိုင်သည်။
ယခုအခါ Zhou Zishu သည် အဆိုပါစီမံကိန်းမျိုး ၁၀ ခု ဆက်လက်အကောင်အထည်ဖော်ရန် တရားဝင်ခွင့်ပြုချက် ရရှိထားပြီးဖြစ်ရာ လာမည့်နှစ်ကာလများတွင်လည်း ပေကျင်း၏ မြေအောက်လူနေမှုဘဝ ဆက်လက်တည်ရှိသွားတော့မည်ကို ပြသလိုက်ခြင်းလည်း ဖြစ်သည်။
သို့အတွက် အမှောင်ကျနေသည့် ကြွက်မျိုးနွှယ်စုတို့၏ အနာဂတ်မှာ ရှေ့တွင် လင်းလက်လာနေပြီဟု ဆိုရမည် ဖြစ်လေသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Beijing has a 20,000-acre secret underground city, Dìxià Chéng, that was built during the Cold War by 300,000 people digging by hand (thevintagenews)
[Zawgyi]
တိရွခ်န္ (သို႔မဟုတ္) ေပက်င္းျမိဳ႕ေတာ္ေအာက္က ဧကေပါင္း ၂၀၀၀၀ က်ယ္ဝန္းေသာ လွ်ိဳ႕ဝွက္ေျမေအာက္ျမိဳ႕ေတာ္ၾကီး
တရုတ္ႏိုင္ငံ၊ ေပက်င္းျမိဳ ႔ေတာ္၏ ပ်ားပန္းခတ္မွ် ၊ ၾကက္ပ်ံမက်သြားလာလႈပ္ရွားေနၾကသည့္ လူသူထူထပ္ ေသာ လမ္းမမ်ားေအာက္ဘက္ ေျမေအာက္တြင္ အျခားကမၻာသစ္ၾကီးတစ္ခုတည္ရွိေနသည္ကို သိရွိသူ အလြန္နည္းပါးလွသည္။
ေပက်င္းတြင္ အေျခခ်ေနထိုင္သည့္လူဦးေရမွာ ၂၁ ဒသမ ၅ သန္းဝန္းက်င္ရွိသည္။
ယင္းသို႔ ၾကီးမားလွသည့္ျမိဳ ႔ေတာ္ၾကီးေအာက္တြင္ ျမိဳ ႔ၾကီးတစ္ျမိဳ ႔စာမွ် က်ယ္ဝန္းသည့္ ေျမေအာက္ဥမင္ ျမိဳ ႔ေတာ္ၾကီးတစ္ခု တည္ရွိေနလိမ့္မည္ဟု မည္သူကမွ် ေတြးထင္ထားၾကလိမ့္မည္ မဟုတ္ေခ်။
အေမရိကန္ႏွင့္ ဆိုဗီယက္ျပည္ေထာင္စုတို႔အၾကား စစ္ေရးနည္းပညာျပိိဳင္ဆိုင္မႈ အလြန္ျပင္းထန္ခဲ့သည့္ စစ္ေအးေခတ္ကာလအတြင္း အဏုျမဴစစ္ပြဲၾကီးေပၚေပါက္လာပါက တရုတ္ျပည္သူမ်ား ပုန္းေအာင္းႏိုင္ေစရန္ ရည္ရြယ္ကာ ေပက်င္းျမဳိ ႔၏ ေျမေအာက္တြင္ ဧကေပါင္း ၂၀၀၀၀ ေက်ာ္ က်ယ္ဝန္းသည့္ ေျမေအာက္ ဥမင္ ျမိဳ ႔ၾကီးကို လူေပါင္း ၃၀၀၀၀၀ ခန္႔က လက္ခ်ည္းသက္သက္ျဖင့္ တူးေဖာ္တည္ေဆာက္ ခဲ့ၾကျခင္း ျဖစ္သည္ဟု ဆိုသည္။
(ေျမေအာက္ျမိဳ႕ေတာ္သို႔ အဝင္ေနရာ)
ျမိဳ ႔ေတာ္ၾကီး၏ အက်ယ္အဝန္းအတိအက်အားျဖင့္ မည္မွ်ရွိသည္၊ ဥမင္လႈိဏ္ေခါင္းမ်ား မည္သည့္ေနရာတြင္ တည္ရွိသည္ဟူသည့္ အခ်က္မ်ားကိုမူ တရုတ္အစိုးရက တရားဝင္ထုတ္ျပန္ေၾကညာထားျခင္းမ်ဳိး မရွိေခ်။
သို႔ရာတြင္ ေျမေအာက္ျမိဳ ႔ေတာ္ၾကီးသည္ ဧကေပါင္း ၂၀၀၀၀ ေက်ာ္ က်ယ္ဝန္းကာ ေပက်င္းျမိဳ ႔ေတာ္ရွိ အေရးပါသည့္ အစိုးရ အေဆာက္အအံုမ်ား အားလံုးကို ေျမေအာက္မွတစ္ဆင့္ ဆက္သြယ္ေပးထားသည္ဟု ခန္႔မွန္းၾကသည္။ ေျမေအာက္ျမိဳ ႔ေတာ္ၾကီးသို႔ ဝင္ေရာက္သည့္ အဝင္ေပါက္ေနရာေပါင္း ၉၀၀ ခန္႔ရွိႏိုင္သည္ဟုလည္း ခန္႔မွန္း ၾကသည္။
အဆိုပါေျမေအာက္ျမိဳ ႔ေတာ္ၾကီးကို တိရွခ်န္ (Dìxià Chéng) ဟု အမည္ေပးထားျပီး တရုတ္ဘာသာတြင္ ေျမေအာက္ အက်ဥ္းခန္းဟု အဓိပၸာယ္ရသည္။ စက္ယႏၱရားမ်ားမပါဘဲ လက္ခ်ည္းသက္သက္ျဖင့္ တူးေဖာ္ခဲ့ျခင္းျဖစ္ကာ ေဂၚျပားမ်ားျဖင့္သာ တူးခဲ့ၾကျပီး သယ္ေဆာင္ရန္ရွိသည့္ အရာအားလံုးကုိ ဝါးျခင္းေတာင္းမ်ားျဖင့္သာ သယ္ယူခဲ့ၾကသည္။
၁၉၆၉ ခုႏွစ္တြင္ စတင္တူးေဖာ္ခဲ့ျခင္းျဖစ္ျပီး ၁၉၇၉ ခုႏွစ္အထိ ေျမေအာက္ျမိဳ ႔ေတာ္ၾကီးကုိ ဆက္တုိက္ခ်ဲ ႔ထြင္ ေနခဲ့သည္။
စစ္ေအးေခတ္အတြင္း တရုတ္ - ရုရွားတင္းမာမႈမွာ ၁၉၆၉ ခုႏွစ္တြင္ ႏွစ္ႏုိင္ငံ နယ္စပ္ ပဋိပကၡ ျဖစ္ပြားခ်ိန္တြင္ တင္းမာမႈမွာ အျမင့္ဆံုးအေျခအေနသို႔ ေရာက္ရွိခဲ့သည္။
ႏွစ္ႏုိင္ငံနယ္စပ္တြင္ တုိက္ပြဲငယ္မ်ား မ်ားစြာ ျဖစ္ပြားခဲ့ကာ တရုတ္ႏုိင္ငံဘက္တြင္ အလံုးစံုစစ္ပြဲၾကီး ေပၚေပါက္ လာႏုိင္သည့္ အေျခအေနအျဖစ္ အျမင့္ဆံုးအဆင့္ တပ္လွန္႔ထားခဲ့သည္။
ယင္းသို႔ေသာ အခ်ိန္တြင္ တရုတ္ႏုိင္ငံ သမၼတ ၊ ကြန္ျမဴနစ္ပါတီဥကၠဌၾကီး ေမာ္စီတုန္းက “Shenwadong, chengjiliang, buchengba” ဟု ျပည္သူမ်ားကုိ ညႊန္ၾကားခ်က္ေပးခဲ့သည္။
အဓိပၸါယ္မွာ လိႈဏ္ေခါင္းနက္နက္တူး၊ အစားအစာေတြစု ၊ စစ္ပြဲအတြက္ျပင္ဆင္ထား ဟူ ၍ ျဖစ္ေလသည္။
သို႔ျဖင့္ ေပက်င္းတြင္ ျပည္သူေပါင္း ၃၀၀၀၀၀ ခန္႔သည္ ေျမတူးျခင္းလုပ္ငန္းမ်ားေဆာင္ရြက္ကာ ဥကၠဌၾကီးေမာ္၏ ဆႏၵမ်ားကို လိုက္နာျဖည့္ဆည္းၾကရေလသည္။
စစ္အင္ဂ်င္နီယာတို႔ လမ္းညႊန္ခ်က္မ်ားေအာက္တြင္ ၾကီးမားရႈပ္ေထြးသည့္ ေျမေအာက္ဥမင္ကြန္ရက္ကို တူးေဖာ္ခဲ့ၾကရသည္။
ေျမေအာက္ဥမင္မ်ားစြာသည္ အဏုျမဴဗံုးခိုက်င္းေပါင္း ၁၀၀၀၀ ဝန္းက်င္ႏွင့္ ဆက္သြယ္ထားျပီး အဏုျမဴစစ္ပြဲၾကီး ျဖစ္ပြားလာပါက အသက္ရွင္သန္ႏုိင္ၾကရန္အတြက္ ေျမေအာက္ျမိဳ ႔ေတာ္ၾကီးတြင္ စားေသာက္ဆိုင္မ်ား၊ ကဇာတ္ရံုမ်ား၊ ဂိုေဒါင္မ်ား၊ စက္ရံုမ်ား၊ မႈိစိုက္ခင္း၊ အားကစားကြင္းမ်ား အပါအဝင္ လူ႔အဖြဲ႔အစည္းတစ္ရပ္အတြက္ လိုအပ္ႏိုင္သည့္အရာအားလံုးကို ထည့္သြင္းေဆာက္လုပ္ခဲ့သည္ဟု ဆိုသည္။
ေလဝင္ေလထြက္စနစ္ကိုပင္လွ်င္ ျပင္ပကမၻာႏွင့္ ထိေတြ႔ျခင္းမရွိေစဘဲ ျပဳလုပ္ဖန္တီးခဲ့သည္။
၁၉၆၉ ခုႏွစ္က ေပက်င္းတြင္ လူဦးေရ ၆ သန္းခန္႔ရွိရာ အဆိုပါလူဦးေရအားလံုးကို ေျမေအာက္တြင္ ထားရွိႏိုင္ရန္ လံုေလာက္သည့္ အက်ယ္အဝန္းရွိသည္ဟု ဆိုသည္။
လက္ေတြ႔တြင္ကား ေမာ္စီတုန္းတြက္ဆခဲ့သကဲ့သို႔ ေျမေအာက္ျမိဳ ႔ေတာ္ၾကီးကို လိုအပ္ခဲ့ျခင္း မရွိေခ်။
၁၉၈၀ ျပည့္လြန္ကာလမ်ားတြင္ ေျမေအာက္ဥမင္အစိတ္အပိုင္းမ်ားစြာကို သက္ဆိုင္ရာေဒသတြင္း အာဏာပိုင္မ်ားထံ လႊဲေျပာင္းေပးအပ္ခဲ့သည္။
ေဒသတြင္းအာဏာပိုင္တို႔က အဆိုပါဥမင္မ်ားကို ရံုးခန္းမ်ား၊ ေစ်းဆိုင္မ်ားအျဖစ္ ေျပာင္းလဲခဲ့ၾက၏။
သို႔ေစကာမူ ေျမေအာက္ဥမင္၏ ဧရိယာအမ်ားစုမွာမူ အသံုးမျပဳဘဲ စြန္႔ပစ္ခံေနရာမ်ားအျဖစ္ လူသူကင္းမဲ့လ်က္ရွိေနသည္။
အခ်ဳိ ႔ေသာ ေစ်းဆိုင္မ်ား၊ လူေနတိုက္ခန္းမ်ား၏ ေျမတိုက္ခန္းမ်ားမွတဆင့္ ေျမေအာက္ဥမင္သို႔ ဝင္သည့္တံခါးေပါက္မ်ား ယေန႔တိုင္ တည္ရွိေနဆဲ ျဖစ္သည္။
ယေန႔ေခတ္တြင္ ေက်းလက္ေဒသမ်ားမွ ေပက်င္းသို႔ အလုပ္ရွာရန္ ေျပာင္းေရႊ ႔လာၾကသူေပါင္း အလြန္ျမင့္တက္လာလ်က္ရွိသည္ႏွင့္အမွ် အိမ္ငွားေစ်းႏႈန္းမ်ားမွာလည္း ေခါင္ခိုက္လာသည္။
ေျမေအာက္ျမိဳ ႔ေတာ္မွ အခ်ဳိ ႔ေသာ ဥမင္အစိတ္အပိုင္းမ်ားကို ပုဂၢလိကပိုင္ရွင္မ်ားက တစ္ဦးခ်င္း ပိုင္ဆိုင္ထားၾကရာ ေျမေအာက္ဥမင္ ေနရာမ်ားကို လူေနခန္းငယ္မ်ားအျဖစ္ ေျပာင္းလဲဖြဲ႔စည္းကာ ေပက်င္းျမိဳ ႔ ပံုမွန္အိမ္ငွားေပါက္ေစ်း၏ သံုးပံုတစ္ပံုခန္႔ျဖင့္ အငွားခ်ထား လာလ်က္ရွိကာ လူေနထူထပ္လာမႈေၾကာင့္ ေပၚေပါက္လာသည့္အခြင့္အေရးကို အမိအရဖမ္းယူလ်က္ရွိၾကသည္။
(ေျမေအာက္ျမိဳ႕ေတာ္ ဝင္ေပါက္တစ္ခုေဘးတြင္ ေဘးကင္းလံုျခံဳမႈစစ္ေဆးခဲ့ျပီးေနာက္ ျပန္လည္မြမ္းမံမႈမ်ား ျပဳလုပ္ရန္ ပိတ္ထားေၾကာင္း သတိေပးစာကို ေတြ႔ရပံု)
အခ်ဳိ ႔သူမ်ားဆိုလွ်င္ အဆိုပါ ေျမေအာက္ဥမင္ခန္းမ်ားတြင္ ေနထိုင္လာခဲ့ၾကသည္မွာ ဆယ္စုႏွစ္ႏွင့္ခ်ီ၍ ၾကာျမင့္ခဲ့ၾကျပီျဖစ္ျပီး ၎တို႔ကို ၾကြယ္မ်ဳိးႏႊယ္စုမ်ားဟု အမည္ေျပာင္ပင္ ေပးထားၾကသည္။
ေက်းလက္မွ ေပက်င္းသို႔လာေရာက္အလုပ္လုပ္ကိုင္သူမ်ားသည္လည္း ေျမေပၚတိုက္ခန္းမ်ားတြင္ ေနထိုင္ႏိုင္သည့္ အေျခအေန မရွိေသးသမွ် အဆိုပါေျမေအာက္ဥမင္မ်ားတြင္သာ ဘဝကို ျဖတ္သန္းေနၾကရသည္။
ေျမေအာက္တြင္ ေနထုိင္ရသည္ကား ေျမေပၚႏွင့္မတူ။ က်ဥ္းၾကပ္ေမွာင္မည္းကာ စိုထိုင္းေနသည့္ ပတ္ဝန္းက်င္ ျဖစ္၏။
ေျမေအာက္ဥမင္တြင္ ေနထုိင္ရသူတို႔မွာ ေဘးအႏၱရာယ္ကင္းေရးအတြက္ မည္သည့္အာမခံခ်က္မွ် မရွိသည့္အျပင္ ပိုင္ရွင္မ်ားကလည္း လစ္လ်ဴရႈထားၾကရာ ေပက်င္းအာဏာပိုင္တုိ႔က အဏုျမဴဗံုးခိုက်င္းမ်ားႏွင့္ ေျမေအာက္ဥမင္ေနရာမ်ားသည္ လူေနရန္ရည္ရြယ္ခ်က္ျဖင့္ အသံုးျပဳရန္ မသင့္ေလ်ာ္ေတာ့ေၾကာင္း စည္းမ်ဥ္းထုတ္ျပန္ခဲ့ရသည္။
သို႔ေစကာမူ ေျမေအာက္ဥမင္မ်ားတြင္ ေနထိုင္ၾကရသူမ်ားအဖုိ႔ သြားရန္အျခားေနရာလည္း မရွိ။
ထို႔ေၾကာင့္ ၎တို႔ကိုဆက္လက္ေနထိုင္ခြင့္ ေပးထားရေသာ္လည္း အနာဂတ္မွာမူ မေရရာလွေခ်။
၂၀၁၆ ခုႏွစ္အတြင္းတြင္မူ ေပက်င္းျမိဳ ႔ၾကီး၏ ေျမေအာက္လူေနမႈဘဝအေၾကာင္းကို သတင္းမီဒီယာမ်ားက ေရးသားေဖာ္ျပမႈ ျမင့္တက္ လာျပီးေနာက္ပိုင္း ေျမေအာက္ဥမင္တြင္ ေနထိုင္ၾကသူအုပ္စုတစ္ခုမွာ ၾကိဳတင္သတိေပးခ်က္မရဘဲ ႏွင္ထုတ္ျခင္း ခံခဲ့ၾကရသည္။
(လူသူကင္းမဲ့ကာ စြန္႔ပစ္ခံထားရသည့္ အခန္းတစ္ခု)
ဆက္လက္ေနထိုင္လ်က္ရွိၾကသည့္ က်န္ရွိသူမ်ားမွာလည္း မည္သည့္အခ်ိန္တြင္ ေမာင္းထုတ္ခံရမည္ကို မသိရေသးေခ်။
ယင္းသို႔ ကေသာင္းကနင္းျဖစ္ေနသည့္ ၾကြက္မ်ဳိးႏႊယ္စု၏ ဘဝကို ေျပာင္းလဲေပးမည့္သူတစ္ဦးေပၚလာသည္။
Zhou Zishu အမည္ရွိ တရုတ္ႏိုင္ငံသားတစ္ဦးက ေဒသတြင္း ဒီဇိုင္နာမ်ား၊ အႏုပညာရွင္မ်ား၊ ေဒသခံမ်ား၊ ပုဂၢလိကကုမၸဏီမ်ားႏွင့္ ပူးေပါင္းကာ လူသူကင္းမဲ့သည့္ ေျမေအာက္ဥမင္မ်ားကို သစ္လြင္ေတာက္ပသည့္ေနရာမ်ားအျဖစ္ မၾကာေသးမီက ေျပာင္းလဲေပးလိုက္ေလသည္။
ယင္းသို႔ေျပာင္းလဲမြမ္းမံေဆာက္လုပ္ေပးခဲ့သည္မ်ားတြင္ စာၾကည့္တိုက္၊ စာဖတ္ခန္းမ်ား၊ ေကာ္ဖီဆိုင္မ်ား၊ ကေလးကစားကြင္း၊ အလွျပင္ဆိုင္၊ ေစ်းဆိုင္မ်ား၊ အားကစားေလ့က်င့္ေရးခန္းမႏွင့္ အျခားအေဆာက္အအံုမ်ားစြာ ပါဝင္သည္။
ယခုကဲ့သို႔ ျပန္လည္ဆန္းသစ္မြမ္းမံလိုက္သည့္ေနရာကို Zhou Zishu က Digua Shequ ဟု အမည္ေပးခဲ့ရာ တရုတ္ဘာသာအားျဖင့္ ကန္စြန္းဥအသိုက္အဝန္းဟု အဓိပၸာယ္ရေလသည္။
ေျမေအာက္တြင္ အေျခတည္ကာ ဖြံ႔ျဖိိဳးလာသည့္သဘာဝကို ရည္ညႊန္းလိုေသာေၾကာင့္ ျဖစ္သည့္အျပင္ ေပက်င္းသို႔ စတင္ေျခခ်ခ်ိန္တြင္ Zhou Zishu ပထမဆံုးစားေသာက္ခဲ့ရသည့္အစားအစာမွာ ကန္စြန္းဥျဖစ္သည္ကို ေအာက္ေမ့ဖြယ္အထိမ္းအမွတ္အျဖစ္ ယခုကဲ့သို႔ အမည္ေပးခဲ့ျခင္းလည္း ျဖစ္သည္။
သူ၏ မိတ္ေဆြသူငယ္ခ်င္းမ်ားက ေပက်င္းေလဆိပ္တြင္ လာေရာက္ၾကိဳဆိုၾကရာတြင္ Zhou Zishu စားရန္ ကန္စြန္းဥမ်ား ယူလာခဲ့ၾက သည္ဟု ဆိုသည္။
Zhou Zishu က ေဆြးေႏြးပြဲမ်ားျပဳလုပ္ျခင္းမွတစ္ဆင့္ ေဒသတြင္းစီးပြားေရးလုပ္ငန္းရွင္မ်ား ပူးေပါင္းပါဝင္ႏိုင္ၾကရန္ လမ္းဖြင့္ေပးထားခဲ့သည္။
Digua Shequ သည္ ေျမေပၚႏွင့္ ေျမေအာက္အသိုက္အဝန္းႏွစ္ခုကို ေအာင္ျမင္စြာ ေပါင္းစည္းေပးႏိုင္ခဲ့ျပီး ၎တို႔အၾကားတြင္ရွိေနသည့္ မယံုၾကည္မႈကို ဖယ္ရွားေပးႏိုင္ခဲ့သည္ဟု ဆိုႏိုင္သည္။
ယခုအခါ Zhou Zishu သည္ အဆိုပါစီမံကိန္းမ်ဳိး ၁၀ ခု ဆက္လက္အေကာင္အထည္ေဖာ္ရန္ တရားဝင္ခြင့္ျပဳခ်က္ ရရွိထားျပီးျဖစ္ရာ လာမည့္ႏွစ္ကာလမ်ားတြင္လည္း ေပက်င္း၏ ေျမေအာက္လူေနမႈဘဝ ဆက္လက္တည္ရွိသြားေတာ့မည္ကို ျပသလိုက္ျခင္းလည္း ျဖစ္သည္။
သို႔အတြက္ အေမွာင္က်ေနသည့္ ၾကြက္မ်ဳိးႏႊယ္စုတို႔၏ အနာဂတ္မွာ ေရွ ႔တြင္ လင္းလက္လာေနျပီဟု ဆိုရမည္ ျဖစ္ေလသည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Beijing has a 20,000-acre secret underground city, Dìxià Chéng, that was built during the Cold War by 300,000 people digging by hand (thevintagenews)