ဆွစ်ဇာလန်က ကြက်သွန်နီ ဂုဏ်ပြုပွဲတော်

ဆွစ်ဇာလန်က ကြက်သွန်နီ ဂုဏ်ပြုပွဲတော် - Property News in Myanmar from iMyanmarHouse.com
26 Dec 2022 11:39 am တွင် တင်ခဲ့သည်
535 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(Daily Mail သတင်းဌာန၏ သတင်းထောက် Hugo Brown ရေးသားသော Love your Onions? ဆောင်းပါးကို ဆီလျော်အောင် မြန်မာပြန်ဆိုထားခြင်း ဖြစ်ပါသည်)

ကမ္ဘာပေါ်တွင် ကြက်သွန်နီမရှိသည့် နေရာရှိပါသလား။

မရေမတွက်န်ိုင်သော ဟင်းလျာများတွင် ကြက်သွန်နီမှာ အခရာဖြစ်သော်လည်း အရေးတယူ ဂုဏ်ပြုခံရခြင်း မရှိသလောက်ပင်။

ဆွစ်ဇာလန်မှာမူ ချွင်းချက်ဖြစ်သည်။

နှစ်စဉ်နှစ်တိုင်း ဆွစ်ဇာလန်၏ မြို့တော် Bern တွင် Zibelemärit အမည်ရှိ ပွဲတော်ကို ကျင်းပလေ့ရှိသည်။

နိုဝင်ဘာလ၏ စတုတ္ထမြောက် တနင်္လာနေ့သို့ ရောက်ပြီဆိုလျှင် ဒေသတွင်း လယ်သမားတို့သည် ကြက်သွန်နီ ၅၀၀၀၀ ကီလိုဂရမ် (ပိဿာ ၃၀၀၀၀ ကျော်)နှင့်အတူ ပွဲတော်သို့ ရောက်လာကြသည်။

အချို့သော ကြက်သွန်နီများကို အနုပညာဆန်ဆန် ကျစ်ဆံမြီးသဖွယ် သီကုံးထားကြသည်။

ကျွန်တော်၏ ချစ်သူမိန်းကလေး အဲလစ်ဇဘက်နှင့် ကျွန်တော်သည် Bern မြို့တော်သို့ ရောက်ရှိပြီးနောက် ပထမဆုံးမနက်ခင်းတွင် မနက် ၅ နာရီ၌ အိပ်စုံမှုန်မွှားဖြင့် အိပ်ယာထခဲ့ကြပြီး ပွဲတော်သို့ သွားခဲ့ကြသည်။

(Zibelemärit ပွဲတော်ကို Bern မြို့တော်တွင် နှစ်စဉ် ကျင်းပလေ့ရှိပြီး ကြက်သွန်နီများကို ဂုဏ်ပြုသည့် ပွဲတော်ဖြစ်သည်။)

ကျွန်တော်တို့ တည်းခိုနေထိုင်သည်မှာ Schweizerhof ဟိုတယ်တွင် ဖြစ်သည်။

အခန်းပေါင်း ၉၉ ခန်းပါဝင်သော လှပသည့် ဟိုတယ်ဖြစ်ပြီး ၁၈၅၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ကြက်သွန်နီပွဲတော် ကျင်းပရာနေရာမှ ခဲတစ်ပစ်စာ အကွာအဝေးသာ ရှိသည်။

ပွဲတော်နေရာတွင် ကျွန်တော်တို့ကို ဦးစွာ ဆီးကြိုလိုက်သည်မှာ ဆူဆူညံညံဂီတသံများ ၊ စီးကရက်မီးခိုးထုများ ၊ အပူပေးထားသော ဝိုင်တို့၏ ရနံ့များနှင့် ကြက်သွန်နီအစာသွပ်မုန့်များ ဖြစ်ကြသည်။

ယင်းနောက်တွင် တစ်ဦးနှင့်တစ်ဦး ရောင်စုံစက္ကူစများဖြင့် ပစ်ပေါက်ခြင်းများ ပြုလုပ်ကြသည်ကို တွေ့ရသည်။

ထိုသို့ ရောင်စုံစက္ကူစများဖြင့် ပစ်ပေါက်ခြင်းမှာ နောက်ထပ် ၁၅ နာရီခန့် ဆက်လက်ဆင်နွှဲကြအုံးမည် ဖြစ်သည်။

ကျွန်တော်တို့လည်း Prosecco ဝိုင် (အီတလီအရှေ့မြောက်ပိုင်းထွက် ဝိုင်ဖြူ )နှင့် အပူပေးထားသော ဝိုင်ပူတို့ တစ်ယောက်တစ်ခွက်စီ ၊ ရောင်စုံစက္ကူစတစ်အိတ် ၊ ကြက်သွန်နီ အစာသွပ်မုန့် ၂ ခု နှင့်ကြက်သွန်နီများကို ဒေသထွက်ပန်းများနှင့်အတူ ပန်းကုံးသဖွယ် သီကုံးထားသော ကြက်သွန်နီပန်းကုံးတစ်ချို့ယူဆောင်ကာ ပွဲတော်တွင် ပါဝင်ဆင်နွှဲခဲ့ကြသည်။

ဆောင်းမနက်ခင်း ၆ နာရီ မထိုးသေးသော်လည်း ပျော်စရာကောင်းနေပြီ ဖြစ်သည်။ ကျွန်တော်တို့၏ ဧည့်လမ်းညွှန် Beatrice ကပြောသည်မှာ Bern မြို့တော်တွင် ယခုကျင်းပသည့် ကြက်သွန်နီ ဂုဏ်ပြုပွဲမှ လွဲ၍ အခြားမည်သည့် ပွဲလမ်းမှ မရှိကြောင်း ပြောပြသည်။

ပွဲတော်တွင် တက်ကြွပျော်ရွှင်နေသူများစွာ တွေ့ရသည်။

(တစ်ခါက သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းအား ကမ္ဘာကြီး နိဂုံးချုပ်တော့မည်ဆိုလျှင် ဘာလုပ်မလဲဟု မေးရာ အိုင်းစတိုင်းက အရွှန်းဖောက် ဖြေကြားခဲ့သည်မှာ Bern မြို့မှာ နေသွားပါမယ်။ဘာကြောင့်လဲဆိုတော့ အဲဒီမှာ နေရတာက အချိန်တွေ ပိုကြာသလို ထင်ရလို့ပါဟု ဆိုသည်။)

ဤပွဲတော်ကို ကျင်းပရခြင်းအကြောင်းရင်းကို မည်သူမျှ မသိရချေ။

သို့သော် ၁၅ ရာစုကတည်းက စတင်ကျင်းပခဲ့ခြင်းဖြစ်သည်ဟု လက်ခံထားကြသည်။ အချို့ကပြောသည်မှာမူ ၁၄၀၅ ခုနှစ်တွင် မြို့ကို မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ရာ နေအိမ်ပေါင်း ၆၀၀ ခန့် မီးသင့်ခဲ့ပြီး လူပေါင်း ၁၀၀ ခန့် သေဆုံးခဲ့ကြသည်ဟု ဆိုသည်။

အဆိုပါ မီးဘေးတွင် ဒေသတွင်းလယ်သမားတို့က စုဝေးလာရောက်ကာ မီးငြိမ်းသတ်ပေးခဲ့ကြသည်။

ထိုသို့ မီးငြိမ်းပေးခြင်းကို ကျေးဇူးတင်သည့် အနေဖြင့် မြို့သားများက လယ်သမားတို့အား ၎င်းတို့၏ လယ်ယာထွက် ပစ္စည်းများကို မြို့လယ်တွင် လာရောက်ရောင်းချရန် ဖိတ်ခေါ်ခဲ့ကြသည်။

ကြက်သွန်နီ ဂုဏ်ပြုပွဲအပြင် ထိုမြို့၏ အထင်ကရ အခြားတစ်ခုမှာ တစ်ချိန်က သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်း နေထိုင်ခဲ့ဖူးသည့် နေအိမ်တည်ရှိနေခြင်းဖြစ်ပြီး ယခုအခါ ပြတိုက်အဖြစ် ပြောင်းလဲထားသည်။

လမ်းပေါ်တွင် ရောင်စုံစက္ကူစများ ပြန်လည်သန့်ရှင်းကာ ကြက်သွန်နီများကို ပြန်လည်သိမ်းဆည်းပြီးနောက်တွင် မြို့မှာ လူကြီးလူကောင်းဆန်သွားပြန်သည်။ ထို့မြို့တွင် ၃ ရက်ကြာ နေထိုင်ပြီးနောက် ကျွန်တော်တို့ ပြန်လည်ထွက်ခွာရန် ပြင်ဆင်ကြသည်။

ကျွန်တော်အနေဖြင့်မူ ထိုမြို့တွင် အချိန်ကြာကြာဆက်နေလိုစိတ် များခဲ့ပါသည်။ မြို့၏ ငြိမ်းချမ်းမှုနှင့် ဆိတ်ငြိမ်မှုမှာ လန်ဒန်နှင့်ဆန့်ကျင်ဘက်ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Love your onions? An a-peel-ing festival awaits in the capital of Switzerland featuring 50,000kg of the vegetables (dailymail)

[Zawgyi]

ဆြစ္ဇာလန္က ၾကက္သြန္နီ ဂုဏ္ျပဳပြဲေတာ္

(Daily Mail သတင္းဌာန၏ သတင္းေထာက္ Hugo Brown ေရးသားေသာ Love your Onions? ေဆာင္းပါးကို ဆီေလ်ာ္ေအာင္ ျမန္မာျပန္ဆိုထားျခင္း ျဖစ္ပါသည္)

ကမၻာေပၚတြင္ ၾကက္သြန္နီမရွိသည့္ ေနရာရွိပါသလား။

မေရမတြက္ႏို္င္ေသာ ဟင္းလ်ာမ်ားတြင္ ၾကက္သြန္နီမွာ အခရာျဖစ္ေသာ္လည္း အေရးတယူ ဂုဏ္ျပဳခံရျခင္း မရွိသေလာက္ပင္။

ဆြစ္ဇာလန္မွာမူ ခၽြင္းခ်က္ျဖစ္သည္။

ႏွစ္စဥ္ႏွစ္တိုင္း ဆြစ္ဇာလန္၏ ျမိဳ႕ေတာ္ Bern တြင္ Zibelemärit အမည္ရွိ ပြဲေတာ္ကို က်င္းပေလ့ရွိသည္။

ႏိုဝင္ဘာလ၏ စတုတၳေျမာက္ တနလၤာေန႔သို႔ ေရာက္ျပီဆိုလွ်င္ ေဒသတြင္း လယ္သမားတို႔သည္ ၾကက္သြန္နီ ၅၀၀၀၀ ကီလိုဂရမ္ (ပိႆာ ၃၀၀၀၀ ေက်ာ္)ႏွင့္အတူ ပြဲေတာ္သို႔ ေရာက္လာၾကသည္။

အခ်ဳိ႕ေသာ ၾကက္သြန္နီမ်ားကို အႏုပညာဆန္ဆန္ က်စ္ဆံျမီးသဖြယ္ သီကံုးထားၾကသည္။

ကၽြန္ေတာ္၏ ခ်စ္သူမိန္းကေလး အဲလစ္ဇဘက္ႏွင့္ ကၽြန္ေတာ္သည္ Bern ျမိဳ႕ေတာ္သို႔ ေရာက္ရွိျပီးေနာက္ ပထမဆံုးမနက္ခင္းတြင္ မနက္ ၅ နာရီ၌ အိပ္စံုမႈန္မႊားျဖင့္ အိပ္ယာထခဲ့ၾကျပီး ပြဲေတာ္သို႔ သြားခဲ့ၾကသည္။

(Zibelemärit ပြဲေတာ္ကို Bern ျမိဳ႕ေတာ္တြင္ ႏွစ္စဥ္ က်င္းပေလ့ရွိျပီး ၾကက္သြန္နီမ်ားကို ဂုဏ္ျပဳသည့္ ပြဲေတာ္ျဖစ္သည္။)

ကၽြန္ေတာ္တို႔ တည္းခိုေနထိုင္သည္မွာ Schweizerhof ဟုိတယ္တြင္ ျဖစ္သည္။

အခန္းေပါင္း ၉၉ ခန္းပါဝင္ေသာ လွပသည့္ ဟိုတယ္ျဖစ္ျပီး ၁၈၅၉ ခုႏွစ္တြင္ စတင္ဖြင့္လွစ္ခဲ့ျခင္းျဖစ္ကာ ၾကက္သြန္နီပြဲေတာ္ က်င္းပရာေနရာမွ ခဲတစ္ပစ္စာ အကြာအေဝးသာ ရွိသည္။

ပြဲေတာ္ေနရာတြင္ ကၽြန္ေတာ္တို႔ကို ဦးစြာ ဆီးၾကိဳလုိက္သည္မွာ ဆူဆူညံညံဂီတသံမ်ား ၊ စီးကရက္မီးခုိးထုမ်ား ၊ အပူေပးထားေသာ ဝိုုင္တို႔၏ ရနံံ႔မ်ားႏွင့္ ၾကက္သြန္နီအစာသြပ္မုန္႔မ်ား ျဖစ္ၾကသည္။

ယင္းေနာက္တြင္ တစ္ဦးႏွင့္တစ္ဦး ေရာင္စံုစကၠဴစမ်ားျဖင့္ ပစ္ေပါက္ျခင္းမ်ား ျပဳလုပ္ၾကသည္ကို ေတြ႔ရသည္။

ထိုသို႔ ေရာင္စံုစကၠဴစမ်ားျဖင့္ ပစ္ေပါက္ျခင္းမွာ ေနာက္ထပ္ ၁၅ နာရီခန္႔ ဆက္လက္ဆင္ႏႊဲၾကအံုးမည္ ျဖစ္သည္။

ကၽြန္ေတာ္တို႔လည္း Prosecco ဝိုင္ (အီတလီအေရွ႕ေျမာက္ပိုင္းထြက္ ဝိုင္ျဖဴ )ႏွင့္ အပူေပးထားေသာ ဝိုင္ပူတို႔ တစ္ေယာက္တစ္ခြက္စီ ၊ ေရာင္စံုစကၠဴစတစ္အိတ္ ၊ ၾကက္သြန္နီ အစာသြပ္မုန္႔ ၂ ခု ႏွင့္ၾကက္သြန္နီမ်ားကို ေဒသထြက္ပန္းမ်ားႏွင့္အတူ ပန္းကံုးသဖြယ္ သီကံုးထားေသာ ၾကက္သြန္နီပန္းကံုးတစ္ခ်ိဳ႕ယူေဆာင္ကာ ပြဲေတာ္တြင္ ပါဝင္ဆင္ႏႊဲခဲ့ၾကသည္။

ေဆာင္းမနက္ခင္း ၆ နာရီ မထိုးေသးေသာ္လည္း ေပ်ာ္စရာေကာင္းေနျပီ ျဖစ္သည္။ ကၽြန္ေတာ္တို႔၏ ဧည့္လမ္းညႊန္ Beatrice ကေျပာသည္မွာ Bern ျမိဳ႕ေတာ္တြင္ ယခုက်င္းပသည့္ ၾကက္သြန္နီ ဂုဏ္ျပဳပြဲမွ လြဲ၍ အျခားမည္သည့္ ပြဲလမ္းမွ မရွိေၾကာင္း ေျပာျပသည္။

ပြဲေတာ္တြင္ တက္ၾကြေပ်ာ္ရႊင္ေနသူမ်ားစြာ ေတြ႔ရသည္။

(တစ္ခါက သိပၸံပညာရွင္ၾကီး အိုင္းစတုိင္းအား ကမၻာၾကီး နိဂံုးခ်ဳပ္ေတာ့မည္ဆိုလွ်င္ ဘာလုပ္မလဲဟု ေမးရာ အိုင္းစတုိင္းက အရႊန္းေဖာက္ ေျဖၾကားခဲ့သည္မွာ Bern ျမိဳ႕မွာ ေနသြားပါမယ္။ဘာေၾကာင့္လဲဆိုေတာ့ အဲဒီမွာ ေနရတာက အခ်ိန္ေတြ ပိုၾကာသလို ထင္ရလို႔ပါဟု ဆိုသည္။)

ဤပြဲေတာ္ကို က်င္းပရျခင္းအေၾကာင္းရင္းကို မည္သူမွ် မသိရေခ်။

သို႔ေသာ္ ၁၅ ရာစုကတည္းက စတင္က်င္းပခဲ့ျခင္းျဖစ္သည္ဟု လက္ခံထားၾကသည္။ အခ်ိဳ႕ကေျပာသည္မွာမူ ၁၄၀၅ ခုႏွစ္တြင္ ျမိဳ႕ကို မီးအၾကီးအက်ယ္ ေလာင္ကၽြမ္းခဲ့ရာ ေနအိမ္ေပါင္း ၆၀၀ ခန္႔ မီးသင့္ခဲ့ျပီး လူေပါင္း ၁၀၀ ခန္႔ ေသဆုံးခဲ့ၾကသည္ဟု ဆိုသည္။

အဆိုပါ မီးေဘးတြင္ ေဒသတြင္းလယ္သမားတို႔က စုေဝးလာေရာက္ကာ မီးျငိမ္းသတ္ေပးခဲ့ၾကသည္။

ထိုသို႔ မီးျငိမ္းေပးျခင္းကုိ ေက်းဇူးတင္သည့္ အေနျဖင့္ ျမိဳ႕သားမ်ားက လယ္သမားတို႔အား ၎တို႔၏ လယ္ယာထြက္ ပစၥည္းမ်ားကို ျမိဳ႕လယ္တြင္ လာေရာက္ေရာင္းခ်ရန္ ဖိတ္ေခၚခဲ့ၾကသည္။

ၾကက္သြန္နီ ဂုဏ္ျပဳပြဲအျပင္ ထိုျမိဳ႕၏ အထင္ကရ အျခားတစ္ခုမွာ တစ္ခ်ိန္က သိပၸံပညာရွင္ၾကီး အိုင္းစတုိင္း ေနထိုင္ခဲ့ဖူးသည့္ ေနအိမ္တည္ရွိေနျခင္းျဖစ္ျပီး ယခုအခါ ျပတိုက္အျဖစ္ ေျပာင္းလဲထားသည္။

လမ္းေပၚတြင္ ေရာင္စံုစကၠဴစမ်ား ျပန္လည္သန္႔ရွင္းကာ ၾကက္သြန္နီမ်ားကို ျပန္လည္သိမ္းဆည္းျပီးေနာက္တြင္ ျမိဳ႕မွာ လူၾကီးလူေကာင္းဆန္သြားျပန္သည္။ ထို႔ျမိဳ႕တြင္ ၃ ရက္ၾကာ ေနထိုင္ျပီးေနာက္ ကၽြန္ေတာ္တို႔ ျပန္လည္ထြက္ခြာရန္ ျပင္ဆင္ၾကသည္။

ကၽြန္ေတာ္အေနျဖင့္မူ ထိုျမိဳ႕တြင္ အခ်ိန္ၾကာၾကာဆက္ေနလိုစိတ္ မ်ားခဲ့ပါသည္။ ျမိဳ႕၏ ျငိမ္းခ်မ္းမႈႏွင့္ ဆိတ္ျငိမ္မႈမွာ လန္ဒန္ႏွင့္ဆန္႔က်င္ဘက္ျဖစ္သည္။

 အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Love your onions? An a-peel-ing festival awaits in the capital of Switzerland featuring 50,000kg of the vegetables (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Innwa Pyae Sone
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service