အိမ်မငှားဘဲ နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ ရှေးလှေကလေးတစ်စင်းပေါ်တွင် နေထိုင်သည့် အမျိုးသမီး တစ်နှစ်လျှင် ပေါင် ၇၅၀၀ စုမိ

အိမ်မငှားဘဲ နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ ရှေးလှေကလေးတစ်စင်းပေါ်တွင် နေထိုင်သည့် အမျိုးသမီး တစ်နှစ်လျှင် ပေါင် ၇၅၀၀ စုမိ - Property News in Myanmar from iMyanmarHouse.com
21 Dec 2022 10:52 am တွင် တင်ခဲ့သည်
1312 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဗြိတိန်တွင် အမျိုးသမီးတစ်ဦးသည် ငှားရမ်းထားသည့်နေအိမ်ကို ပြန်လည်အပ်နှံလိုက်ပြီး နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ သေးငယ်သည့်လှေကလေးတစ်စင်းတွင် နေထိုင်ခဲ့ရာ ကုန်ကျစရိတ် များစွာသက်သာခဲ့ကြောင်း ထုတ်ဖော်ပြောကြားလာသည်။

အဲလစ်ဇဘက် အားလ်(Elizabeth Earle) အမည်ရှိ အသက် ၃၄ နှစ်အရွယ် အမျိုးသမီးသည် မဂ္ဂီ ဟု အမည်ပေးထားသော ရှေးဟောင်းလှေကလေးတစ်စီးပေါ်တွင် နေထိုင်လျက်ရှိသည်မှာ တစ်နှစ်ခန့် ရှိခဲ့ပြီ ဖြစ်သည်။

အဲလစ်ဇဘက်သည် အကျဉ်းရုံးလူနေမှုဟန်ဖြင့် နေထိုင်ကာ အိမ်ငှားခလည်း မပေးရတော့သောကြောင့် ပေါင် ၇၅၀၀ ခန့် စုဆောင်းမိနေပြီ ဖြစ်သည်။

(အဲလစ်ဇဘက်သည် ငှားရမ်းထားသောအိမ်ကို ပြန်အပ်ခဲ့ကာ နှစ် ၁၀၀ သက်တမ်းရှိ မဂ္ဂီအမည်ရှိ လှေကလေးပေါ်တွင် နေထိုင်ခဲ့သည်။ ဓာတ်ပုံ Credit: Mercury)

(ထိုသို့ လှေပေါ်တွင် ပြောင်းရွှေ့နေထိုင်ခဲ့မှုကြောင့် တစ်နှစ်လျှင် ပေါင် ၇၅၀၀ ခန့် စုဆောင်းမိနေပြီဟု ဆိုသည်။ ဓာတ်ပုံ Credit: Mercury)

(အဲလစ်ဇဘက်သည် အဆိုပါလှေကို သူငယ်ချင်းတစ်ဦးထံမှ ပေါင် ၃၀၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ Credit: Mercury)

အဲလစ်ဇဘက်သည် လှေကလေးဖြင့် တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းသွားလာနေထိုင်လျက်ရှိသည်။

လှေကလေးမှာ အလွန်အိုမင်းဟောင်းနွမ်းလှရာ ၁၉၀၀ ပြည့်လွန် အစောပိုင်းကာလများတွင် နေထိုင်ရ သကဲ့သို့ပင်။

အဲလစ်ဇဘက်သည် ရက်သတ္တ ၁ ပတ်လျှင် ၂ ကြိမ်သာ ရေချိုးသည်ဟု ဆိုသည်။

“မဂ္ဂီက ၁၉၂၀ ခုနှစ်လောက်က လှေတစ်စင်းဖြစ်တာကြောင့် နည်းပညာသစ်တွေ အများကြီး မရှိပါဘူး။ နေအိမ်တွေမှာ နေတဲ့သူတွေ ပုံမှန်ကုန်ကျရမယ့်ဟာမျိုးတွေ ကျွန်မက မကုန်တော့ပါဘူး”ဟု အဲလစ်ဇဘက်က ပြောသည်။

“အိမ်ငှားနေခဲ့တုန်းက အိမ်လခ တစ်လကို ပေါင် ၁၂၀၀ ကျော်ပေးရပြီး အခွန်အခအမျိုးမျိုးက ၅၇၅ ပေါင်လောက် ကုန်တယ်။ အခုဆို အရင်ကုန်ကျစရိတ်အောက် ထက်ဝက်လောက် သက်သာသွားပါတယ်”

အပူပေးစနစ်ရယူပုံမှာ ကျောက်မီးသွေးဖြင့်ဖြစ်ပြီး တစ်အိတ်လျှင် ၁၆ ပေါင်ပေးရသည့် ကျောက်မီးသွေးတစ်အိတ်ဝယ်ထားလျှင် ရက်သတ္တ ၂ ပတ်ခန့် သုံးရသည်။

လှေကို ဒီဇယ်အင်ဂျင်ဖြင့် မောင်းနှင်ခြင်းဖြစ်ပြီး တစ်လလျှင် ပေါင် ၆၀ ခန့် ကုန်သည်။

အဲလစ်ဇဘက်သည် တစ်လလျှင် ဂက်စ်ဘူး ၂၅ ပေါင်ဖိုးခန့် ဝယ်ရသည်။ ဂက်စ်ဖြင့် ရေကို အပူပေးကာ ရေနွေးဖြင့် ရေချိုးရန် ဖြစ်ပြီး ရေမှာမူ အခမဲ့ရနေသည်။

လှေမောင်းရန်အတွက် လိုင်စင်ကြေး တစ်လလျှင် ပေါင် ၁၃၀ ပေးရပြီး အာမခံကြေးမှာမူ တစ်လလျှင် ၁၀ ပေါင်မျှသာ ကျသင့်သည်။

အဆိုပါ ကုန်ကျစရိတ်များထက် အဲလစ်ဇဘက် အဓိက ကုန်ကျရသည်မှာ လှေဝယ်ထားသည့် အကြွေးကို ပြန်လည်ပေးဆပ်ရခြင်း ဖြစ်သည်။

အဲလစ်ဇဘက်က ပြောသည်မှာ အဆိုပါလှေကို မိတ်ဆွေရင်းတစ်ဦးထံမှ ပေါင် ၃၀၀၀၀ ဖြင့် အကြွေးဖြင့် ဝယ်ယူထားခြင်းဖြစ်ပြီး အရစ်ကျပြန်လည်ပေးဆပ်ရခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျွန်မက Lord of the Rings နဲ့ the Chronicles of Narnia စာအုပ်တွေဖတ်ပြီး ကြီးပြင်းလာတာပါ။ ရွာလေးတစ်ရွာမှာ ကြီးပြင်းခဲ့တာပါ။ အဲဒါကြောင့် အဲဒီလို စိတ်ကူးယဉ်ဆန်တဲ့ ဘဝမျိုးကို ကျွန်မ အမြဲစိတ်ဝင်စားခဲ့တယ်။”

“ကလေးဘဝကတည်းက လှေတစ်စီးပေါ်မှာ နေကြတဲ့ဘဝကို ကျွန်မအမြဲသဘောကျခဲ့တယ်။ နေရာမျိုးစုံကိုသွားပြီး လူပေါင်းစုံနဲ့ တွေ့ရတာကို သဘောကျပါတယ်”

သို့တိုင်အောင် နေထိုင်မှုကုန်ကျစရိတ်များ မြင့်မားလာမှုကြောင့် ချိုးခြံချွေတာရမှုများ ရှိသည်။

“ကျွန်မက တစ်ညလုံး မီးမွှေးမထားချင်ဘူး။ ဒါကြောင့် ညဘက်မှာ အအေးဒဏ်ကို ခုခံဖို့အတွက် ရေနွေးပုလင်းတစ်လုံးနဲ့ အိပ်ယာဝင်ပါတယ်။ ဂက်စ်ချွေတာနိုင်ဖို့အတွက် ရေချိုးတဲ့အကြိမ်ရေကို ကန့်သတ်ထားပါတယ်။ ဓာတ်ငွေ့ဈေးတွေ တက်နေတာကြောင့် တစ်ပတ်ကို ၂ ကြိမ်ပဲ ရေချိုးပါတယ်”

“၁၉၂၀ လောက်က ထုတ်လုပ်ခဲ့တဲ့ လှေတစ်စင်းပေါ်မှာ နေထိုင်ရတဲ့ဘဝက ခက်ခဲကြမ်းတမ်းပါတယ်။ အထူးသဖြင့် ကပ်ရောဂါဘေးဆိုက်ပြီး တစ်ကမ္ဘာလုံးစီးပွားကျနေချိန်မျိုးမှာ မလွယ်ပါဘူး။ ၁၉၂၀ ခုနှစ်လောက်ကို ပြန်ရောက်သွားရသလိုပါပဲ”

ရှေးရိုးဟန်ဘဝမှာ ကြမ်းတမ်းသော်လည်း အိုးမဲပေကာ ရွှံ့လူးနေသည့်တိုင် ပျော်ရွှင်လွတ်လပ်မှုကို ခံစားရကြောင်း အဲလစ်ဇဘက်က ပြောသည်။

အဲလစ်ဇဘက်က ရေထဲတွင် နေထိုင်ရပုံဘဝအကြောင်း YouTube ၌ ဗွီဒီယိုများ လွှင့်တင်ထားပြီး လာမည့်နှစ်တွင် ဗြိတိန်နိုင်ငံတစ်ဝန်း သွားလာရန် စီစဉ်ထားသည်ဟု ဆိုသည်။

(ချိုးခြံချွေတာရမှုများရှိသော်လည်း ရေထဲတွင်နေရသည့်ဘဝကို နှစ်သက်ကြောင်း အဲလစ်ဇဘက်က ပြောသည်။ ဓာတ်ပုံ Credit: Mercury)

(လာမည့်နှစ်တွင် အဲလစ်ဇဘက်က ဗြိတိန်နိုင်ငံတစ်ဝန်း လှည့်လည်သွားလာရန် စီစဉ်ထားသည်။ ဓာတ်ပုံ Credit: Mercury)

(အဲလစ်ဇဘက်က လှေပေါ်တွင်နေထိုင်ရသည့်ဘဝအကြောင်း YouTube တွင် ဗွီဒီယိုများ လွှင့်တင်ထားသည်။ ဓာတ်ပုံ Credit: Mercury)

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: CUTTING COSTS I moved to a 100-year-old narrowboat to cut my bills – now I save £7,500 a year and I’m happier than ever (thesun)

[Zawgyi]

အိမ္မငွားဘဲ ႏွစ္ေပါင္း ၁၀၀ သက္တမ္းရွိ ေရွးေလွကေလးတစ္စင္းေပၚတြင္ ေနထိုင္သည့္ အမ်ဳိးသမီး တစ္ႏွစ္လွ်င္ ေပါင္ ၇၅၀၀ စုမိ

ျဗိတိန္တြင္ အမ်ဳိးသမီးတစ္ဦးသည္ ငွားရမ္းထားသည့္ေနအိမ္ကို ျပန္လည္အပ္ႏွံလိုက္ျပီး ႏွစ္ေပါင္း ၁၀၀ သက္တမ္းရွိ ေသးငယ္သည့္ေလွကေလးတစ္စင္းတြင္ ေနထုိင္ခဲ့ရာ ကုန္က်စရိတ္ မ်ားစြာသက္သာခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာၾကားလာသည္။

အဲလစ္ဇဘက္ အားလ္(Elizabeth Earle) အမည္ရွိ အသက္ ၃၄ ႏွစ္အရြယ္ အမ်ဳိးသမီးသည္ မဂၢီ ဟု အမည္ေပးထားေသာ ေရွးေဟာင္းေလွကေလးတစ္စီးေပၚတြင္ ေနထိုင္လ်က္ရွိသည္မွာ တစ္ႏွစ္ခန္႔ ရွိခဲ့ျပီ ျဖစ္သည္။

အဲလစ္ဇဘက္သည္ အက်ဥ္းရံုးလူေနမႈဟန္ျဖင့္ ေနထိုင္ကာ အိမ္ငွားခလည္း မေပးရေတာ့ေသာေၾကာင့္ ေပါင္ ၇၅၀၀ ခန္႔ စုေဆာင္းမိေနျပီ ျဖစ္သည္။

(အဲလစ္ဇဘက္သည္ ငွားရမ္းထားေသာအိမ္ကို ျပန္အပ္ခဲ့ကာ ႏွစ္ ၁၀၀ သက္တမ္းရွိ မဂၢီအမည္ရွိ ေလွကေလးေပၚတြင္ ေနထိုင္ခဲ့သည္။ ဓာတ္ပံု Credit: Mercury)

(ထိုသို႔ ေလွေပၚတြင္ ေျပာင္းေရႊ႕ေနထုိင္ခဲ့မႈေၾကာင့္ တစ္ႏွစ္လွ်င္ ေပါင္ ၇၅၀၀ ခန္႔ စုေဆာင္းမိေနျပီဟု ဆိုသည္။ ဓာတ္ပံု Credit: Mercury)

(အဲလစ္ဇဘက္သည္ အဆိုပါေလွကို သူငယ္ခ်င္းတစ္ဦးထံမွ ေပါင္ ၃၀၀၀၀ ျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။ ဓာတ္ပံု Credit: Mercury)

အဲလစ္ဇဘက္သည္ ေလွကေလးျဖင့္ တစ္ေနရာမွ တစ္ေနရာသို႔ ေရႊ႕ေျပာင္းသြားလာေနထိုင္လ်က္ရွိသည္။

ေလွကေလးမွာ အလြန္အိုမင္းေဟာင္းႏြမ္းလွရာ ၁၉၀၀ ျပည့္လြန္ အေစာပိုင္းကာလမ်ားတြင္ ေနထုိင္ရ သကဲ့သို႔ပင္။

အဲလစ္ဇဘက္သည္ ရက္သတၱ ၁ ပတ္လွ်င္ ၂ ၾကိမ္သာ ေရခ်ဳိးသည္ဟု ဆိုသည္။

“မဂၢီက ၁၉၂၀ ခုႏွစ္ေလာက္က ေလွတစ္စင္းျဖစ္တာေၾကာင့္ နည္းပညာသစ္ေတြ အမ်ားၾကီး မရွိပါဘူး။ ေနအိမ္ေတြမွာ ေနတဲ့သူေတြ ပံုမွန္ကုန္က်ရမယ့္ဟာမ်ဳိးေတြ ကၽြန္မက မကုန္ေတာ့ပါဘူး”ဟု အဲလစ္ဇဘက္က ေျပာသည္။

“အိမ္ငွားေနခဲ့တုန္းက အိမ္လခ တစ္လကို ေပါင္ ၁၂၀၀ ေက်ာ္ေပးရျပီး အခြန္အခအမ်ဳိးမ်ဳိးက ၅၇၅ ေပါင္ေလာက္ ကုန္တယ္။ အခုဆို အရင္ကုန္က်စရိတ္ေအာက္ ထက္ဝက္ေလာက္ သက္သာသြားပါတယ္”

အပူေပးစနစ္ရယူပံုမွာ ေက်ာက္မီးေသြးျဖင့္ျဖစ္ျပီး တစ္အိတ္လွ်င္ ၁၆ ေပါင္ေပးရသည့္ ေက်ာက္မီးေသြးတစ္အိတ္ဝယ္ထားလွ်င္ ရက္သတၱ ၂ ပတ္ခန္႔ သံုးရသည္။

ေလွကို ဒီဇယ္အင္ဂ်င္ျဖင့္ ေမာင္းႏွင္ျခင္းျဖစ္ျပီး တစ္လလွ်င္ ေပါင္ ၆၀ ခန္႔ ကုန္သည္။

အဲလစ္ဇဘက္သည္ တစ္လလွ်င္ ဂက္စ္ဘူး ၂၅ ေပါင္ဖုိးခန္႔ ဝယ္ရသည္။ ဂက္စ္ျဖင့္ ေရကို အပူေပးကာ ေရေႏြးျဖင့္ ေရခ်ဳိးရန္ ျဖစ္ျပီး ေရမွာမူ အခမဲ့ရေနသည္။

ေလွေမာင္းရန္အတြက္ လိုင္စင္ေၾကး တစ္လလွ်င္ ေပါင္ ၁၃၀ ေပးရျပီး အာမခံေၾကးမွာမူ တစ္လလွ်င္ ၁၀ ေပါင္မွ်သာ က်သင့္သည္။

အဆိုပါ ကုန္က်စရိတ္မ်ားထက္ အဲလစ္ဇဘက္ အဓိက ကုန္က်ရသည္မွာ ေလွဝယ္ထားသည့္ အေၾကြးကို ျပန္လည္ေပးဆပ္ရျခင္း ျဖစ္သည္။

အဲလစ္ဇဘက္က ေျပာသည္မွာ အဆိုပါေလွကို မိတ္ေဆြရင္းတစ္ဦးထံမွ ေပါင္ ၃၀၀၀၀ ျဖင့္ အေၾကြးျဖင့္ ဝယ္ယူထားျခင္းျဖစ္ျပီး အရစ္က်ျပန္လည္ေပးဆပ္ရျခင္းျဖစ္သည္ဟု ဆိုသည္။

“ကၽြန္မက Lord of the Rings နဲ႔ the Chronicles of Narnia စာအုပ္ေတြဖတ္ျပီး ၾကီးျပင္းလာတာပါ။ ရြာေလးတစ္ရြာမွာ ၾကီးျပင္းခဲ့တာပါ။ အဲဒါေၾကာင့္ အဲဒီလို စိတ္ကူးယဥ္ဆန္တဲ့ ဘဝမ်ိဳးကို ကၽြန္မ အျမဲစိတ္ဝင္စားခဲ့တယ္။”

“ကေလးဘဝကတည္းက ေလွတစ္စီးေပၚမွာ ေနၾကတဲ့ဘဝကို ကၽြန္မအျမဲသေဘာက်ခဲ့တယ္။ ေနရာမ်ဳိးစံုကိုသြားျပီး လူေပါင္းစံုနဲ႔ ေတြ႔ရတာကို သေဘာက်ပါတယ္”

သို႔တိုင္ေအာင္ ေနထိုင္မႈကုန္က်စရိတ္မ်ား ျမင့္မားလာမႈေၾကာင့္ ခ်ဳိးျခံေခၽြတာရမႈမ်ား ရွိသည္။

“ကၽြန္မက တစ္ညလံုး မီးေမႊးမထားခ်င္ဘူး။ ဒါေၾကာင့္ ညဘက္မွာ အေအးဒဏ္ကို ခုခံဖုိ႔အတြက္ ေရေႏြးပုလင္းတစ္လံုးနဲ႔ အိပ္ယာဝင္ပါတယ္။ ဂက္စ္ေခၽြတာႏိုင္ဖို႔အတြက္ ေရခ်ဳိးတဲ့အၾကိမ္ေရကို ကန္႔သတ္ထားပါတယ္။ ဓာတ္ေငြ႔ေစ်းေတြ တက္ေနတာေၾကာင့္ တစ္ပတ္ကို ၂ ၾကိမ္ပဲ ေရခ်ဳိးပါတယ္”

“၁၉၂၀ ေလာက္က ထုတ္လုပ္ခဲ့တဲ့ ေလွတစ္စင္းေပၚမွာ ေနထုိင္ရတဲ့ဘဝက ခက္ခဲၾကမ္းတမ္းပါတယ္။ အထူးသျဖင့္ ကပ္ေရာဂါေဘးဆိုက္ျပီး တစ္ကမၻာလံုးစီးပြားက်ေနခ်ိန္မ်ဳိးမွာ မလြယ္ပါဘူး။ ၁၉၂၀ ခုႏွစ္ေလာက္ကို ျပန္ေရာက္သြားရသလိုပါပဲ”

ေရွးရိုးဟန္ဘဝမွာ ၾကမ္းတမ္းေသာ္လည္း အိုးမဲေပကာ ရႊံ႕လူးေနသည့္တိုင္ ေပ်ာ္ရႊင္လြတ္လပ္မႈကို ခံစားရေၾကာင္း အဲလစ္ဇဘက္က ေျပာသည္။

အဲလစ္ဇဘက္က ေရထဲတြင္ ေနထိုင္ရပံုဘဝအေၾကာင္း YouTube ၌ ဗြီဒီယိုမ်ား လႊင့္တင္ထားျပီး လာမည့္ႏွစ္တြင္ ျဗိတိန္ႏိုင္ငံတစ္ဝန္း သြားလာရန္ စီစဥ္ထားသည္ဟု ဆိုသည္။

(ခ်ဳိးျခံေခၽြတာရမႈမ်ားရွိေသာ္လည္း ေရထဲတြင္ေနရသည့္ဘဝကို ႏွစ္သက္ေၾကာင္း အဲလစ္ဇဘက္က ေျပာသည္။ ဓာတ္ပံု Credit: Mercury)

(လာမည့္ႏွစ္တြင္ အဲလစ္ဇဘက္က ျဗိတိန္ႏိုင္ငံတစ္ဝန္း လွည့္လည္သြားလာရန္ စီစဥ္ထားသည္။ ဓာတ္ပံု Credit: Mercury)

(အဲလစ္ဇဘက္က ေလွေပၚတြင္ေနထိုင္ရသည့္ဘဝအေၾကာင္း YouTube တြင္ ဗြီဒီယိုမ်ား လႊင့္တင္ထားသည္။ ဓာတ္ပံု Credit: Mercury)

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစရွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္ရွိသည့္ အိမ္ၿခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: CUTTING COSTS I moved to a 100-year-old narrowboat to cut my bills – now I save £7,500 a year and I’m happier than ever (thesun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service