အိန္ဒိယက ရထားမရပ်တဲ့ သရဲခြောက်သောဘူတာရုံ

အိန္ဒိယက ရထားမရပ်တဲ့ သရဲခြောက်သောဘူတာရုံ - Property News in Myanmar from iMyanmarHouse.com
20 Dec 2022 10:44 am တွင် တင်ခဲ့သည်
1244 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(The New Indian Express)

၁၉၆၀ ပြည့်လွန်ကာလများအတွင်း အိန္ဒိယနိုင်ငံ၊ အနောက်ဘင်ဂေါပြည်နယ်၊ ပါရူလီယာခရိုင်တွင် နေထိုင်သော Santal မျိုးနွှယ်စု၏ ခေါင်းဆောင်အမျိုးသမီး Lachan Kumari က ဒေသခံများ ကောင်းကျိုး၊ မိမိတို့ဒေသကို ပြည်နယ်တွင်းရှိ အခြားနေရာများနှင့် လမ်းပန်းဆက်သွယ်မှုရှိလာစေရန်အတွက် သူမ ပိုင်ဆိုင်သော မြေနေရာများစွာကို  အိန္ဒိယ မီးရထားဌာနသို့ လှူဒါန်းခဲ့သည်။

၁၉၆၇ ခုနှစ်တွင်မူ ရထားဘူတာလေးမှာ ပြဿနာဆန်းတစ်ခု ကြုံလာရသည်။

ထိုဘူတာမှ ဂါတ်ဗိုလ်ကြီးသည် ရထားလမ်းပေါ်တွင် အဖြူရောင်ဆာရီနှင့် အမျိုးသမီးတစ်ဦးကို ညကြီးမင်းကြီးတွေ့ရသောကြောင့် သတိထားကြည့်မိခဲ့သည်။

နောက်နေ့တွင် ဂါတ်ဗိုလ်ကြီးမှာ ထူးဆန်းစွာ သေဆုံးသွားခဲ့သည်။ ထိုနောက်ပိုင်းမှစပြီး ဘူတာမှာ သရဲခြောက်သည်ဟု သတင်းကြီးလာခဲ့ကာ ဘင်ဂေါပြည်နယ်တွင် တစ္ဆေခရီးသွားလုပ်ငန်း ghost tourism နာမည်ကျော် နေရာများတွင် တစ်ခုအပါအဝင် ဖြစ်လာခဲ့သည်။

ဘေဂင်းကိုဒေါရ် (ဘဂွန်း ကိုဒါ) ရွာသားများ၏ ပြောကြားချက်အရ တစ်ခါက ဘူတာတွင် အမျိုးသမီးတစ်ဦး ရထားတိုက်ခံရကာ သေဆုံးသွားပြီးနောက်ပိုင်း ပရလောကသားတို့ကို မကြာခဏ တွေ့မြင်ရမှုများ ဖြစ်ပေါ်လာသည်။

သရဲအလွန်ခြောက်သည်ဟု အလွန်နာမည်ကြီးနေသောကြောင့် ထိုဘူတာတွင် ရထားမရပ်တော့ရာ နောက်ပိုင်းတွင် ဘူတာကို ပိတ်သိမ်းလိုက်ရသည်။

၁၉၉၀ ပြည့်လွန်နှောင်းပိုင်းကာလများတွင် ရွာသားများသည် ကော်မတီတစ်ခု ဖွဲ့ခဲ့ကြပြီး ဘူတာပြန်ဖွင့်ရန် ပြည်နယ်အာဏာပိုင်များကို တိုက်တွန်းခဲ့ကြသည်။

သို့သော် မအောင်မြင်ခဲ့။

၂၀၀၇ ခုနှစ်တွင် ဒေသခံရွာသားများသည် ထိုအချိန်က မီးရထားဝန်ကြီးဖြစ်သူ မန်မ်တ ဘနာဂျီ (Mamata Banerjee) နှင့် အိန္ဒိယကွန်မြူနစ်ပါတီ (CPIM) ခေါင်းဆောင် ဘာဆူဒိ အချာရီယာ(Basudeb Acharia )ထံစာရေးသား တင်ပြခဲ့ပြန်သည်။

ဘာဆူဒိသည် ပါရူလီယာခရိုင်သားတစ်ဦးဖြစ်ပြီး လွှတ်တော်တွင် မီးရထားဘက်ဆိုင်ရာ အမြဲတမ်းကော်မတီဝင် တစ်ဦးလည်းဖြစ်သည်။

၂၀၀၉ ခုနှစ်တွင် ဘနာဂျီသည် ဘူတာကို ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ ဘနာဂျီသည် လက်ရှိအားဖြင့် အိန္ဒိယန်ိုင်ငံ အနောက်ဘင်ဂေါပြည်နယ် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင် လျက် ရှိသည်။

ဘနာဂျီသည် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ၂၀၁၁ ခုနှစ်ကတည်းက စတင်တာဝန် ထမ်းဆောင်ခဲ့ခြင်း ဖြစ်ပြီး ထိုရာထူး ရရှိသည့် ပထမဆုံး အမျိုးသမီးတစ်ဦးလည်း ဖြစ်သည်။

“Santal မျိုးနွှယ်စု ခေါင်းဆောင်အမျိုးသမီး ၊ ဘနာဂျီနဲ့ တစ္ဆေတို့ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် ငါးခုတာကာလအတွင်း ဒီဘူတာလေးရဲ့ ကံကြမ္မာကို ပြောင်းလဲစေခဲ့တဲ့ အမျိုးသမီး ၃ ဦး ဖြစ်ပါတယ်။”ဟု အနီးရှိ Baamni ကျေးရွာမှ ဒေသခံတစ်ဦးဖြစ်သော Narayan Mahato ကပြောသည်။

ဘဂွန်း ကိုဒါ ဘူတာလေး၏ ယနေ့ခေတ်မြင်ကွင်းမှာ အတိတ်ကာလနှင့်မတူတော့။

ဘူတာမှ အခြားနေရာတွင် မိုင်ပေါင်းများစွာအထိ အခြေချနေထိုင်သည့် လူရိပ်လူယောင်မရှိသော်လည်း ဘူတာအနီးမှ ရွာကလေးတွင် နေထိုင်သူတို့၏ ဘဝများမှာမူ ဘူတာသို့ ရောက်လာမည့် ခရီးသည်များအပေါ် မှီခိုနေကြရသည်။

ဘူတာရုံအတွင်း တွန်းလှည်းကလေးတစ်စီးဖြင့် စားစရာနှင့် တိုလီမိုလီပစ္စည်းကလေးများ ရောင်းချသူ စဗာပန်း ကုမာရ် (Swapan Kumar) က ပြောသည်မှာ သူ၏ စားဝတ်နေရေးမှာ ဘူတာတွင် ရပ်သော ရထား ၅ စီးမှ ခရီးသည်များထံ မှီခိုနေရကြောင်း ပြောသည်။

“ဘူတာက သရဲခြောက်တယ်လို့ နာမည်ကြီးပေမယ့် တစ်နေ့ကို အနည်းဆုံး ခရီးသည် ၇၀၀ ကနေ ၈၀၀ ကြား ဘူတာမှာ ဆင်းကြတယ်။”ဟု ကူးမားက ပြောသည်။

ကူးမားနှင့် အခြားသော ဒေသခံတို့က ဘူတာတွင် သရဲတစ်ခါမှ မတွေ့ဖူးကြောင်း ပြောသော်လည်း ထိုဘူတာတွင် တာဝန်ကျသော မီးရထားဌာန ဝန်ထမ်းများ ပြောသည်ကမူ တစ်မျိုးဖြစ်သည်။

“တစ်ဦးစ နှစ်ဦးစလောက် မဟုတ်ပါဘူး။ မီးရထားက ဝန်ထမ်းတွေအများကြီး ဒီမှာ တစ္ဆေမြင်ဖူးကြတယ်။”ဟု အလုပ်ဆင်းသူ များစွာအနက်မှတစ်ဦးဖြစ်သူ ကယ်လား ဆာဟေ့ရှ် (Kailash Sahesh) က ပြောသည်။

ဘူတာကလေးတွင် အချိန်ပြည့် မီးရထားဝန်ထမ်း မရှိချေ။

ထို့ကြောင့် ဘူတာရုံ အမြဲလည်ပတ် ဖွင့်လှစ်နိုင်ရန် ကြီးမားသည့် အခက်အခဲတစ်ခု ဖြစ်နေသည်။

၁။ ဤဘူတာသို့ ည ၆ နာရီနောက်ပိုင်း လာရဲသူမရှိ။ ဘူတာတွင် နောက်ဆုံးရထား ဆိုက်ရောက်ချိန်မှာ ၅း၄၅ ဖြစ်သည်။

၂။ ဘူတာရုံအတွင်း မကောင်းဆိုးဝါးများ မလာစေရန်အတွက် ရည်ရွယ်ကာ ဟိန္ဒူဘုရားများစွာ ဓာတ်ပုံများ ချိတ်ဆွဲထားသည်။

၃။ ဘူတာကလေးမှ ယာယီလက်မှတ် ရောင်းသမား Dalu Mahato သည် ဘုရားရှိခိုးပြီးမှ ဘူတာသို့ လာလေ့ရှိသည်။

၄။ ထိုဘူတာမှ ထုတ်ပေးသော လက်မှတ်များမှာ ၁၉၅၀ ကာလများက အသုံးပြုခဲ့သည့် လက်မှတ်များ ဖြစ်သည်။

(အကြံပြုချက်)

ယခုသတင်း ဖတ်ရှုရသည်ကို နှစ်သက်ပါက အောက်ပါသတင်းကိုလည်း ဖတ်ရှုကြည့်ရန် အကြံပြုလိုပါသည်။

ခရီးသည် ၁၀၀ ကျော်ပါသော အီတလီ မီးရထားကြီး ဥမင်လှိုဏ်ခေါင်းတစ်ခုအတွင်း ဆန်းကြယ်စွာ ပျောက်ကွယ်သွားမှုကြီး

https://www.imyanmarhouse.com/news/read/992551

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Why Don't Trains Stop At The Begun Kodor Railway Station In Bengal? (homegrown)

[Zawgyi]

အိႏိၵယက ရထားမရပ္တဲ့ သရဲေျခာက္ေသာဘူတာရံု

(The New Indian Express)

၁၉၆၀ ျပည့္လြန္ကာလမ်ားအတြင္း အိႏိၵယႏိုင္ငံ၊ အေနာက္ဘင္ေဂါျပည္နယ္၊ ပါရူလီယာခရိုင္တြင္ ေနထုိင္ေသာ Santal မ်ဳိးႏႊယ္စု၏ ေခါင္းေဆာင္အမ်ဳိးသမီး Lachan Kumari က ေဒသခံမ်ား ေကာင္းက်ဳိး၊ မိမိတို႔ေဒသကို ျပည္နယ္တြင္းရွိ အျခားေနရာမ်ားႏွင့္ လမ္းပန္းဆက္သြယ္မႈရွိလာေစရန္အတြက္ သူမ ပိုင္ဆိုင္ေသာ ေျမေနရာမ်ားစြာကို အိႏိၵ္ယ မီးရထားဌာနသို႔ လွဴဒါန္းခဲ့သည္။

၁၉၆၇ ခုႏွစ္တြင္မူ ရထားဘူတာေလးမွာ ျပႆနာဆန္းတစ္ခု ၾကံဳလာရသည္။

ထိုဘူတာမွ ဂါတ္ဗုိလ္ၾကီးသည္ ရထားလမ္းေပၚတြင္ အျဖဴေရာင္ဆာရီႏွင့္ အမ်ဳိးသမီးတစ္ဦးကို ညၾကီးမင္းၾကီးေတြ႔ရေသာေၾကာင့္ သတိထားၾကည့္မိခဲ့သည္။

ေနာက္ေန႔တြင္ ဂါတ္ဗိုလ္ၾကီးမွာ ထူးဆန္းစြာ ေသဆံုးသြားခဲ့သည္။ ထိုေနာက္ပိုင္းမွစျပီး ဘူတာမွာ သရဲေျခာက္သည္ဟု သတင္းၾကီးလာခဲ့ကာ ဘင္ေဂါျပည္နယ္တြင္ တေစၦခရီးသြားလုပ္ငန္း ghost tourism နာမည္ေက်ာ္ ေနရာမ်ားတြင္ တစ္ခုအပါအဝင္ ျဖစ္လာခဲ့သည္။

ေဘဂင္းကိုေဒါရ္ (ဘဂြန္း ကိုဒါ) ရြာသားမ်ား၏ ေျပာၾကားခ်က္အရ တစ္ခါက ဘူတာတြင္ အမ်ဳိးသမီးတစ္ဦး ရထားတိုက္ခံရကာ ေသဆံုးသြားျပီးေနာက္ပိုင္း ပရေလာကသားတို႔ကို မၾကာခဏ ေတြ႔ျမင္ရမႈမ်ား ျဖစ္ေပၚလာသည္။

သရဲအလြန္ေျခာက္သည္ဟု အလြန္နာမည္ၾကီးေနေသာေၾကာင့္ ထိုဘူတာတြင္ ရထားမရပ္ေတာ့ရာ ေနာက္ပုိင္းတြင္ ဘူတာကို ပိတ္သိမ္းလုိက္ရသည္။

၁၉၉၀ ျပည့္လြန္ေႏွာင္းပိုင္းကာလမ်ားတြင္ ရြာသားမ်ားသည္ ေကာ္မတီတစ္ခု ဖြဲ႔ခဲ့ၾကျပီး ဘူတာျပန္ဖြင့္ရန္ ျပည္နယ္အာဏာပိုင္မ်ားကို တိုက္တြန္းခဲ့ၾကသည္။

သို႔ေသာ္ မေအာင္ျမင္ခဲ့။

၂၀၀၇ ခုႏွစ္တြင္ ေဒသခံရြာသားမ်ားသည္ ထိုအခ်ိန္က မီးရထားဝန္ၾကီးျဖစ္သူ မန္မ္တ ဘနာဂ်ီ (Mamata Banerjee) ႏွင့္ အိႏိၵယကြန္ျမဴနစ္ပါတီ (CPIM) ေခါင္းေဆာင္ ဘာဆူဒိ အခ်ာရီယာ(Basudeb Acharia )ထံစာေရးသား တင္ျပခဲ့ျပန္သည္။

ဘာဆူဒိသည္ ပါရူလီယာခရိုင္သားတစ္ဦးျဖစ္ျပီး လႊတ္ေတာ္တြင္ မီးရထားဘက္ဆိုင္ရာ အျမဲတမ္းေကာ္မတီဝင္ တစ္ဦးလည္းျဖစ္သည္။

၂၀၀၉ ခုႏွစ္တြင္ ဘနာဂ်ီသည္ ဘူတာကို ျပန္လည္ဖြင့္လွစ္ေပးခဲ့သည္။ ဘနာဂ်ီသည္ လက္ရွိအားျဖင့္ အိႏိၵယႏို္င္ငံ အေနာက္ဘင္ေဂါျပည္နယ္ ဝန္ၾကီးခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္ လ်က္ ရွိသည္။

ဘနာဂ်ီသည္ ျပည္နယ္ဝန္ၾကီးခ်ဳပ္အျဖစ္ ၂၀၁၁ ခုႏွစ္ကတည္းက စတင္တာဝန္ ထမ္းေဆာင္ခဲ့ျခင္း ျဖစ္ျပီး ထိုရာထူး ရရွိသည့္ ပထမဆံုး အမ်ဳိးသမီးတစ္ဦးလည္း ျဖစ္သည္။

“Santal မ်ဳိးႏႊယ္စု ေခါင္းေဆာင္အမ်ဳိးသမီး ၊ ဘနာဂ်ီနဲ႔ တေစၦတို႔ဟာ ျပီးခဲ့တဲ့ ဆယ္စုႏွစ္ ငါးခုတာကာလအတြင္း ဒီဘူတာေလးရဲ႕ ကံၾကမၼာကို ေျပာင္းလဲေစခဲ့တဲ့ အမ်ိဳးသမီး ၃ ဦး ျဖစ္ပါတယ္။”ဟု အနီးရွိ Baamni ေက်းရြာမွ ေဒသခံတစ္ဦးျဖစ္ေသာ Narayan Mahato ကေျပာသည္။

ဘဂြန္း ကိုဒါ ဘူတာေလး၏ ယေန႔ေခတ္ျမင္ကြင္းမွာ အတိတ္ကာလႏွင့္မတူေတာ့။

ဘူတာမွ အျခားေနရာတြင္ မိုင္ေပါင္းမ်ားစြာအထိ အေျခခ်ေနထိုင္သည့္ လူရိပ္လူေယာင္မရွိေသာ္လည္း ဘူတာအနီးမွ ရြာကေလးတြင္ ေနထိုင္သူတို႔၏ ဘဝမ်ားမွာမူ ဘူတာသို႔ ေရာက္လာမည့္ ခရီးသည္မ်ားအေပၚ မွီခိုေနၾကရသည္။

ဘူတာရံုအတြင္း တြန္းလွည္းကေလးတစ္စီးျဖင့္ စားစရာႏွင့္ တိုလီမိုလီပစၥည္းကေလးမ်ား ေရာင္းခ်သူ စဗာပန္း ကုမာရ္ (Swapan Kumar) က ေျပာသည္မွာ သူ၏ စားဝတ္ေနေရးမွာ ဘူတာတြင္ ရပ္ေသာ ရထား ၅ စီးမွ ခရီးသည္မ်ားထံ မွီခုိေနရေၾကာင္း ေျပာသည္။

“ဘူတာက သရဲေျခာက္တယ္လို႔ နာမည္ၾကီးေပမယ့္ တစ္ေန႔ကို အနည္းဆံုး ခရီးသည္ ၇၀၀ ကေန ၈၀၀ ၾကား ဘူတာမွာ ဆင္းၾကတယ္။”ဟု ကူးမားက ေျပာသည္။

ကူးမားႏွင့္ အျခားေသာ ေဒသခံတို႔က ဘူတာတြင္ သရဲတစ္ခါမွ မေတြ႔ဖူးေၾကာင္း ေျပာေသာ္လည္း ထိုဘူတာတြင္ တာဝန္က်ေသာ မီးရထားဌာန ဝန္ထမ္းမ်ား ေျပာသည္ကမူ တစ္မ်ဳိးျဖစ္သည္။

“တစ္ဦးစ ႏွစ္ဦးစေလာက္ မဟုတ္ပါဘူး။ မီးရထားက ဝန္ထမ္းေတြအမ်ားၾကီး ဒီမွာ တေစၦျမင္ဖူးၾကတယ္။”ဟု အလုပ္ဆင္းသူ မ်ားစြာအနက္မွတစ္ဦးျဖစ္သူ ကယ္လား ဆာေဟ့ရွ္ (Kailash Sahesh) က ေျပာသည္။

ဘူတာကေလးတြင္ အခ်ိန္ျပည့္ မီးရထားဝန္ထမ္း မရွိေခ်။

ထို႔ေၾကာင့္ ဘူတာရံု အျမဲလည္ပတ္ ဖြင့္လွစ္ႏိုင္ရန္ ၾကီးမားသည့္ အခက္အခဲတစ္ခု ျဖစ္ေနသည္။

၁။ ဤဘူတာသို႔ ည ၆ နာရီေနာက္ပိုင္း လာရဲသူမရွိ။ ဘူတာတြင္ ေနာက္ဆံုးရထား ဆိုက္ေရာက္ခ်ိန္မွာ ၅း၄၅ ျဖစ္သည္။

၂။ ဘူတာရံုအတြင္း မေကာင္းဆိုးဝါးမ်ား မလာေစရန္အတြက္ ရည္ရြယ္ကာ ဟိႏၵဴဘုရားမ်ားစြာ ဓာတ္ပံုမ်ား ခ်ိတ္ဆြဲထားသည္။

၃။ ဘူတာကေလးမွ ယာယီလက္မွတ္ ေရာင္းသမား Dalu Mahato သည္ ဘုရားရွိခိုးျပီးမွ ဘူတာသို႔ လာေလ့ရွိသည္။

၄။ ထိုဘူတာမွ ထုတ္ေပးေသာ လက္မွတ္မ်ားမွာ ၁၉၅၀ ကာလမ်ားက အသံုးျပဳခဲ့သည့္ လက္မွတ္မ်ား ျဖစ္သည္။

(အၾကံျပဳခ်က္)

ယခုသတင္း ဖတ္ရႈရသည္ကို ႏွစ္သက္ပါက ေအာက္ပါသတင္းကိုလည္း ဖတ္ရႈၾကည့္ရန္ အၾကံျပဳလုိပါသည္။

ခရီးသည္ ၁၀၀ ေက်ာ္ပါေသာ အီတလီ မီးရထားၾကီး ဥမင္လႈိဏ္ေခါင္းတစ္ခုအတြင္း ဆန္းၾကယ္စြာ ေပ်ာက္ကြယ္သြားမႈၾကီး

https://www.imyanmarhouse.com/news/read/992551

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Why Don't Trains Stop At The Begun Kodor Railway Station In Bengal? (homegrown)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Sweet Dream Villa
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service