တူရကီမှ ဘုံ ၁၇ ဆင့် ရေပူကန်

တူရကီမှ ဘုံ ၁၇ ဆင့် ရေပူကန် - Property News in Myanmar from iMyanmarHouse.com
16 Dec 2022 12:33 pm တွင် တင်ခဲ့သည်
1026 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ပါမူးကေ့လေ(Pamukkale) ၏ အဓိပ္ပာယ်မှာ တူရကီဘာသာအားဖြင့် ဝါဂွမ်းရဲတိုက်ဟု အဓိပ္ပာယ်ရပြီး တူရကီသို့ ရောက်လျှင် မဖြစ်မနေလည်ပတ်သင့်သည့်နေရာတစ်ခု ဖြစ်သည်။

ထိုနေရာမှာ အဖြူရောင် calcium travertines တို့သည် တူရကီတစ်နိုင်ငံလုံးတွင် ဓာတ်ပုံရိုက်ခံရမှု အများဆုံးနေရာများတွင် တစ်ခုအပါအဝင် ဖြစ်သည်။

သို့သော် ပါမူးကေ့လေသည် လှပခမ်းနားသော ရှုခင်းတစ်ခုသက်သက်မျှထက် ပိုမိုသည်ဆိုခြင်းကို သင်သိပါသလား။

ရေပူစမ်းကန်များ ရှိသည့်နေရာဖြစ်သည့်အပြင် ရှေးဟောင်းမြို့ကြီးတစ်ခုလုံးလည်း ဖြစ်၏။

ပါမူးကေ့လေသို့ အလည်အပတ်သွားမည်ဆိုလျှင် သင်၏ဝင်ခွင့်လက်မှတ်မှာ ရေပူစမ်းကန်များအပြင် Hierapolis ရှေးဟောင်းမြို့တော်သို့ပါ ဝင်ရောက်ခွင့် ပါဝင်ပြီး ဖြစ်သည်။

ဤဆောင်းပါးတွင် ပါမူးကေ့လေနှင့် ပတ်သက်သည့် သိသင့်သမျှ၊ လုပ်ဆောင်ဖွယ်ရာများ၊ မည်သို့သွားရမည် အစရှိသည်တို့ကို ဖော်ပြသွားပါမည်။

(ပါမူးကေ့လေ တည်နေရာ)

ပါမူးကေ့လေ ဘုံ ၁၇ ဆင့် ရေပူစမ်းသည် တူရကီနိုင်ငံ အနောက်တောင်ပိုင်း၊ Danizli ပြည်နယ်တွင် တည်ရှိသည်။

ကားဖြင့်သွားလျှင် နေ့ချင်းရောက်နိုင်သည်။

ဝါဂွမ်းရဲတိုက်နှင့် အနီးစပ်ဆုံးတည်ရှိသည့်မြို့ကြီးမှာ Denizli မြို့ဖြစ်ပြီး မိနစ် ၃၀ ခရီးခန့်သာ ဝေးကွာသည်။

အကယ်၍ ထိုဒေသတွင် ညအိပ်ညနေ တည်းခိုမည်ဆိုပါက ပါမူးကေ့လေမြို့တွင်သာ တည်းခိုနေထိုင်ရန် အကြံပြုလိုပါသည်။

ပါမူးကေ့လေမြို့မှာ ဘုံ ၁၇ ဆင့် ရေပူစမ်း၏ အောက်ဘက်တွင် ကပ်လျက် တည်ရှိသည်။

ပါမူးကေ့လေသည် မြို့ကြီးများ အများအပြားနှင့် နီးကပ်စွာ တည်ရှိသောကြောင့် Antalya, Marmaris နှင့် Izmir မြို့များမှ နေ့ချင်းပြန်ခရီးလွယ်ကူစွာ သွားနိုင်သည်။

(ပါမူးကေ့လေသို့ ရောက်လျှင် လုပ်ဆောင်ဖွယ်များ)

၁။ ရေပူစမ်းကန်များ

ပါမူးကေ့လေကို ဝါဂွမ်းရဲတိုက်လို့ ခေါ်ရခြင်းမှာ ထူထဲသော အဖြူရောင်ထုံးခြောက်လွှာများအတွင်း ဖွဲ့စည်းတည်ရှိသည့် ရေပူကန်များကြောင့် ဖြစ်သည်။ သတ္တုဓာတ်ကြွယ်ဝသော ရေပူကန်များသည် အပူချိန် အမျိုးမျိုးရှိသည်။

အချို့က ပုံမှန် ရေပူရေစိမ်ကန်မှ အပူချိန်ခန့်ရှိကြောင်း ခံစားရပြီး အချို့ကမူ ကြက်သီးနွေးခန့်သာရှိပြီး အေးစက်မှုကိုပင်ခံစားရသည်ဟု ဆိုကြသည်။

ရေပူကန်များအတွင်းသို့ ဆင်းလျှင် ထုံးကျောက်လွှာများ မထိခိုက်စေရန်အတွက် ဖိနပ်ချွတ်ရမည်ကို သတိပြုပါ။

ရေပူကန်များမှာ အနိမ့်အမြင့် အမျိုးမျိုးရှိရာ စုစုပေါင်း ၁၇ ထပ်ရှိပြီး ရေရှိသော ကန်အရေအတွက်မှာမူ မိုးရွာသွန်းမှုအပေါ်မူတည်ပြီး အမျိုးမျိုးကွာခြားနိုင်သည်။

ခရီးသွားဆောင်းပါးများရေးသားသည့် ကမ္ဘာလှည့်တစ်ဦး ထိုနေရာသို့ရောက်ချိန်တွင် ရေကန် ၂၅ ခုခန့်မှာ အပြာရောင်ရေများဖြင့် တွေ့ရပြီး ယင်းအနက် ၁၅ ကန်မှာ ရေကူး၍ ရနိုင်သည်ကို တွေ့ရသည်ဟု ဆိုသည်။

ထိုနေရာဝန်းကျင်တွင် ရေမရှိဘဲ ခြောက်သွေ့နေသော ကန်ပေါင်း ရာနှင့်ချီ၍လည်း ၎င်းက တွေ့ခဲ့သည်။

သို့သော် ပါမူးကေ့လေတွင် မိုးသည်းထန်စွာ ရွာသွန်းပြီးသောရက်မျိုးဆိုပါက ရေရှိသော ရေကန်များစွာ တွေ့ရမည် ဖြစ်သည်။

ရေပူကန်များရှိရာသို့ နေမဝင်မီ ၂ နာရီခန့်တွင်သွားရောက်လည်ပတ်ရန် အကြံပြုလိုပါသည်။

ထိုအချိန်တွင်သွားလျှင် လူသူရှုပ်ထွေးမှုနည်းပါးသည့်အပြင် သဘာဝရေပူကန်များဆီမှတဆင့် သတ္တလောက၏ အလှပဆုံး ဆည်းဆာချိန်ကို တွေ့မြင်ခံစားနိုင်မည် ဖြစ်သည်။

၂။ ရှေးဟောင်းမြို့တော် ဟိုးရရား ပို့လစ်

ဟိုင်းရရား ပို့လစ် (Hieropolis) သို့မဟုတ် မြင့်မြတ်သော မြို့တော်သည် ပါမူးကေ့လေ ရေပူကန်များနောက်ဘက်တွင် တည်ရှိသော ရှေးဟောင်းမြို့တော်ဖြစ်သည်။

မြို့တော်မှာ အလျား ၂ ဒသမ ၇ ကီလိုမီတာ (၁ ဒသမ ၇ မိုင်) ခန့် ရှိသည်။ မြို့တော်မှာ ကြီးမားလှသောကြောင့် ၂၀ ကီလိုမီတာ (၁၂ မိုင်) အဝေးတွင်ရှိသော Denizli မြို့မှပင်လျှင် တွေ့မြင်ရနိုင်သည်။

မြင့်မြတ်သော မြို့တော်ကို ၁၉၈၈ ခုနှစ်တွင် ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခဲ့ရာ မြို့၏ အလှတရားနှင့် ရှေးဟောင်းလက်ရာများအတွက် အကာအကွယ်ပိုမိုရရှိခဲ့သည်။

ရှေးဟောင်းမြို့တော်တွင် လည်ပတ်ကြည့်ရှုစရာ နေရာများပြားသောကြောင့် နာရီအနည်းငယ် အချိန်ပေးရန် လိုအပ်မည် ဖြစ်သည်။

ရှေးဟောင်းမြို့တော်တွင် ပြတိုက်၊ ရှေးခေတ်ဇာတ်ရုံ၊ ပင်မလမ်းများ၊ အခြားသော ရောမခေတ် အပျက်အစီး အကြွင်းအကျန်များစွာကို တွေ့ရမည် ဖြစ်သည်။

ဟိုင်းရရား ပို့လစ်မြို့ဟောင်းတွင် ကလီယိုပက်ထရာ၏ ရေကန်များရှိရာသို့လည်း သွားရောက်ကြည့်ရှုနိုင်သည်။

၃။ Kaklik လှိုဏ်ဂူ (ပါမူးကေ့လေအနီးမှ လူမသိသောရတနာတစ်ပါး)

Kaklik လှိုဏ်ဂူသည် ပါမူးကေ့လေမြို့မှ မော်တော်ကားဖြင့် မိနစ် ၄၀ ခရီးသွားရသည်။

အဆိုပါလှိုဏ်ဂူကို လူသိမများ။ သင်သွားရောက်လည်ပတ်ပါက လူတစ်ဦးစ၊ နှစ်ဦးစသာ တွေ့ရမည် ဖြစ်သည်။

ဂူထဲသို့ ဆင်းသွားမည်ဆိုပါက ခမ်းနားလှသော မြေအောက် ဝါဂွမ်းရဲတိုက်ကို တွေ့ရမည် ဖြစ်သည်။

ပါမူးကေ့လေ ရေပူကန်များနှင့်တူသည့်အချက်မှာ ဤနေရာမှ အပေါ်လွှာမှာ ထုံးကျောက်လွှာများ ဖြစ်သည်။

ဤဂူသည် လွန်ခဲ့သောနှစ်ပေါင်း ၂ ဒသမ ၅ သန်းကတည်းက စတည်ဖွဲ့စည်းပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ဂူအနက်မှာ ၁၄ မီတာရှိသည်။

ဂူထဲသို့ ဝင်လျှင် ဖိနပ်ချွတ်ရန်သတိပြုပါ။ ဂူထဲတွင် လမ်းလျှောက်စဉ်တစ်လျှောက်လုံး ရေတံခွန်မှ စင်ထွက်နေသော ရေများကြောင့် ခြေချော်နိုင်သောကြောင့် ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A Guide To Pamukkale in Turkey: Cotton Castles & Hot Springs (museumofwander)

[Zawgyi]

တူရကီမွ ဘံု ၁၇ ဆင့္ ေရပူကန္

ပါမူးေက့ေလ(Pamukkale) ၏ အဓိပၸာယ္မွာ တူရကီဘာသာအားျဖင့္ ဝါဂြမ္းရဲတုိက္ဟု အဓိပၸာယ္ရျပီး တူရကီသို႔ ေရာက္လွ်င္ မျဖစ္မေနလည္ပတ္သင့္သည့္ေနရာတစ္ခု ျဖစ္သည္။

ထိုေနရာမွာ အျဖဴေရာင္ calcium travertines တို႔သည္ တူရကီတစ္ႏိုင္ငံလံုးတြင္ ဓာတ္ပံုရိုက္ခံရမႈ အမ်ားဆံုးေနရာမ်ားတြင္ တစ္ခုအပါအဝင္ ျဖစ္သည္။

သို႔ေသာ္ ပါမူးေက့ေလသည္ လွပခမ္းနားေသာ ရႈခင္းတစ္ခုသက္သက္မွ်ထက္ ပိုမိုသည္ဆိုျခင္းကို သင္သိပါသလား။

ေရပူစမ္းကန္မ်ား ရွိသည့္ေနရာျဖစ္သည့္အျပင္ ေရွးေဟာင္းျမိဳ႕ၾကီးတစ္ခုလံုးလည္း ျဖစ္၏။

ပါမူးေက့ေလသို႔ အလည္အပတ္သြားမည္ဆိုလွ်င္ သင္၏ဝင္ခြင့္လက္မွတ္မွာ ေရပူစမ္းကန္မ်ားအျပင္ Hierapolis ေရွးေဟာင္းျမိဳ႕ေတာ္သို႔ပါ ဝင္ေရာက္ခြင့္ ပါဝင္ျပီး ျဖစ္သည္။

ဤေဆာင္းပါးတြင္ ပါမူးေက့ေလႏွင့္ ပတ္သက္သည့္ သိသင့္သမွ်၊ လုပ္ေဆာင္ဖြယ္ရာမ်ား၊ မည္သို႔သြားရမည္ အစရွိသည္တို႔ကို ေဖာ္ျပသြားပါမည္။

(ပါမူးေက့ေလ တည္ေနရာ)

ပါမူးေက့ေလ ဘံု ၁၇ ဆင့္ ေရပူစမ္းသည္ တူရကီႏိုင္ငံ အေနာက္ေတာင္ပိုင္း၊ Danizli ျပည္နယ္တြင္ တည္ရွိသည္။

ကားျဖင့္သြားလွ်င္ ေန႔ခ်င္းေရာက္ႏိုင္သည္။

ဝါဂြမ္းရဲတိုက္ႏွင့္ အနီးစပ္ဆံုးတည္ရွိသည့္ျမိဳ႕ၾကီးမွာ Denizli ျမိဳ႕ျဖစ္ျပီး မိနစ္ ၃၀ ခရီးခန္႔သာ ေဝးကြာသည္။

အကယ္၍ ထိုေဒသတြင္ ညအိပ္ညေန တည္းခိုမည္ဆိုပါက ပါမူးေက့ေလျမိဳ႕တြင္သာ တည္းခိုေနထိုင္ရန္ အၾကံျပဳလိုပါသည္။

ပါမူးေက့ေလျမိဳ႕မွာ ဘံု ၁၇ ဆင့္ ေရပူစမ္း၏ ေအာက္ဘက္တြင္ ကပ္လ်က္ တည္ရွိသည္။

ပါမူးေက့ေလသည္ ျမိဳ႕ၾကီးမ်ား အမ်ားအျပားႏွင့္ နီးကပ္စြာ တည္ရွိေသာေၾကာင့္ Antalya, Marmaris ႏွင့္ Izmir ျမိဳ႕မ်ားမွ ေန႔ခ်င္းျပန္ခရီးလြယ္ကူစြာ သြားႏိုင္သည္။

(ပါမူးေက့ေလသို႔ ေရာက္လွ်င္ လုပ္ေဆာင္ဖြယ္မ်ား)

၁။ ေရပူစမ္းကန္မ်ား

ပါမူးေက့ေလကို ဝါဂြမ္းရဲတိုက္လို႔ ေခၚရျခင္းမွာ ထူထဲေသာ အျဖဴေရာင္ထံုးေျခာက္လႊာမ်ားအတြင္း ဖြဲ႔စည္းတည္ရွိသည့္ ေရပူကန္မ်ားေၾကာင့္ ျဖစ္သည္။ သတၱဳဓာတ္ၾကြယ္ဝေသာ ေရပူကန္မ်ားသည္ အပူခ်ိန္ အမ်ဳိးမ်ဳိးရွိသည္။

အခ်ိဳ႕က ပံုမွန္ ေရပူေရစိမ္ကန္မွ အပူခ်ိန္ခန္႔ရွိေၾကာင္း ခံစားရျပီး အခ်ဳိ႕ကမူ ၾကက္သီးေႏြးခန္႔သာရွိျပီး ေအးစက္မႈကိုပင္ခံစားရသည္ဟု ဆိုၾကသည္။ ေရပူကန္မ်ားအတြင္းသို႔ ဆင္းလွ်င္ ထံုးေက်ာက္လႊာမ်ား မထိခိုက္ေစရန္အတြက္ ဖိနပ္ခၽြတ္ရမည္ကို သတိျပဳပါ။

ေရပူကန္မ်ားမွာ အနိမ့္အျမင့္ အမ်ဳိးမ်ဳိးရွိရာ စုစုေပါင္း ၁၇ ထပ္ရွိျပီး ေရရွိေသာ ကန္အေရအတြက္မွာမူ မိုးရြာသြန္းမႈအေပၚမူတည္ျပီး အမ်ဳိးမ်ဳိးကြာျခားႏိုင္သည္။

ခရီးသြားေဆာင္းပါးမ်ားေရးသားသည့္ ကမၻာလွည့္တစ္ဦး ထိုေနရာသို႔ေရာက္ခ်ိန္တြင္ ေရကန္ ၂၅ ခုခန္႔မွာ အျပာေရာင္ေရမ်ားျဖင့္ ေတြ႔ရျပီး ယင္းအနက္ ၁၅ ကန္မွာ ေရကူး၍ ရႏိုင္သည္ကို ေတြ႔ရသည္ဟု ဆိုသည္။

ထိုေနရာဝန္းက်င္တြင္ ေရမရွိဘဲ ေျခာက္ေသြ႔ေနေသာ ကန္ေပါင္း ရာႏွင့္ခ်ီ၍လည္း ၎က ေတြ႔ခဲ့သည္။

သို႔ေသာ္ ပါမူးေက့ေလတြင္ မိုးသည္းထန္စြာ ရြာသြန္းျပီးေသာရက္မ်ဳိးဆိုပါက ေရရွိေသာ ေရကန္မ်ားစြာ ေတြ႔ရမည္ ျဖစ္သည္။

ေရပူကန္မ်ားရွိရာသို႔ ေနမဝင္မီ ၂ နာရီခန္႔တြင္သြားေရာက္လည္ပတ္ရန္ အၾကံျပဳလုိပါသည္။

ထိုအခ်ိန္တြင္သြားလွ်င္ လူသူရႈပ္ေထြးမႈနည္းပါးသည့္အျပင္ သဘာဝေရပူကန္မ်ားဆီမွတဆင့္ သတၱေလာက၏ အလွပဆံုး ဆည္းဆာခ်ိန္ကို ေတြ႔ျမင္ခံစားႏိုင္မည္ ျဖစ္သည္။

၂။ ေရွးေဟာင္းျမိဳ႕ေတာ္ ဟိုးရရား ပို႔လစ္

ဟိုင္းရရား ပို႔လစ္ (Hieropolis) သုိ႔မဟုတ္ ျမင့္ျမတ္ေသာ ျမိဳ႕ေတာ္သည္ ပါမူးေက့ေလ ေရပူကန္မ်ားေနာက္ဘက္တြင္ တည္ရွိေသာ ေရွးေဟာင္းျမိဳ႕ေတာ္ျဖစ္သည္။

ျမိဳ႕ေတာ္မွာ အလ်ား ၂ ဒသမ ၇ ကီလိုမီတာ (၁ ဒသမ ၇ မိုင္) ခန္႔ ရွိသည္။ ျမိဳ႕ေတာ္မွာ ၾကီးမားလွေသာေၾကာင့္ ၂၀ ကီလိုမီတာ (၁၂ မိုင္) အေဝးတြင္ရွိေသာ Denizli ျမိဳ႕မွပင္လွ်င္ ေတြ႔ျမင္ရႏိုင္သည္။

ျမင့္ျမတ္ေသာ ျမိဳ႕ေတာ္ကို ၁၉၈၈ ခုႏွစ္တြင္ ယူနက္စကိုက ကမၻာ့အေမြအႏွစ္အျဖစ္ သတ္မွတ္ခဲ့ရာ ျမိဳ႕၏ အလွတရားႏွင့္ ေရွးေဟာင္းလက္ရာမ်ားအတြက္ အကာအကြယ္ပိုမိုရရွိခဲ့သည္။

ေရွးေဟာင္းျမိဳ႕ေတာ္တြင္ လည္ပတ္ၾကည့္ရႈစရာ ေနရာမ်ားျပားေသာေၾကာင့္ နာရီအနည္းငယ္ အခ်ိန္ေပးရန္ လိုအပ္မည္ ျဖစ္သည္။

ေရွးေဟာင္းျမိဳ႕ေတာ္တြင္ ျပတိုက္၊ ေရွးေခတ္ဇာတ္ရံု၊ ပင္မလမ္းမ်ား၊ အျခားေသာ ေရာမေခတ္ အပ်က္အစီး အၾကြင္းအက်န္မ်ားစြာကို ေတြ႔ရမည္ ျဖစ္သည္။

ဟိုင္းရရား ပို႔လစ္ျမိဳ႕ေဟာင္းတြင္ ကလီယိုပက္ထရာ၏ ေရကန္မ်ားရွိရာသို႔လည္း သြားေရာက္ၾကည့္ရႈႏိုင္သည္။

၃။ Kaklik လိႈဏ္ဂူ (ပါမူးေက့ေလအနီးမွ လူမသိေသာရတနာတစ္ပါး) Kaklik လိႈဏ္ဂူသည္ ပါမူးေက့ေလျမိဳ႕မွ ေမာ္ေတာ္ကားျဖင့္ မိနစ္ ၄၀ ခရီးသြားရသည္။

အဆိုပါလႈိဏ္ဂူကို လူသိမမ်ား။ သင္သြားေရာက္လည္ပတ္ပါက လူတစ္ဦးစ၊ ႏွစ္ဦးစသာ ေတြ႔ရမည္ ျဖစ္သည္။

ဂူထဲသို႔ ဆင္းသြားမည္ဆိုပါက ခမ္းနားလွေသာ ေျမေအာက္ ဝါဂြမ္းရဲတိုက္ကို ေတြ႔ရမည္ ျဖစ္သည္။

ပါမူးေက့ေလ ေရပူကန္မ်ားႏွင့္တူသည့္အခ်က္မွာ ဤေနရာမွ အေပၚလႊာမွာ ထံုးေက်ာက္လႊာမ်ား ျဖစ္သည္။

ဤဂူသည္ လြန္ခဲ့ေသာႏွစ္ေပါင္း ၂ ဒသမ ၅ သန္းကတည္းက စတည္ဖြဲ႔စည္းေပၚေပါက္ခဲ့ျခင္းျဖစ္ျပီး ဂူအနက္မွာ ၁၄ မီတာရွိသည္။

ဂူထဲသို႔ ဝင္လွ်င္ ဖိနပ္ခၽြတ္ရန္သတိျပဳပါ။ ဂူထဲတြင္ လမ္းေလွ်ာက္စဥ္တစ္ေလွ်ာက္လံုး ေရတံခြန္မွ စင္ထြက္ေနေသာ ေရမ်ားေၾကာင့္ ေျခေခ်ာ္ႏိုင္ေသာေၾကာင့္ ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A Guide To Pamukkale in Turkey: Cotton Castles & Hot Springs (museumofwander)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Innwa Pyae Sone
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service