အင်္ဂလန်အသင်းကစားသမား စတာလင်၏အိမ် ဖောက်ထွင်းခံရမှုကြောင့် ဆီနီဂေါနှင့် ပွဲစဉ်မတိုင်မီ ကာတာမှ အိမ်သို့ ပြန်သွားရ၊ နေအိမ်စိတ်ချရမှ ကမ္ဘာ့ဖလားသို့ ပြန်လာမည်

အင်္ဂလန်အသင်းကစားသမား စတာလင်၏အိမ် ဖောက်ထွင်းခံရမှုကြောင့် ဆီနီဂေါနှင့် ပွဲစဉ်မတိုင်မီ ကာတာမှ အိမ်သို့ ပြန်သွားရ၊ နေအိမ်စိတ်ချရမှ ကမ္ဘာ့ဖလားသို့ ပြန်လာမည် - Property News in Myanmar from iMyanmarHouse.com
7 Dec 2022 9:51 am တွင် တင်ခဲ့သည်
664 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်လက်ရွေးစင်အသင်း ကစားသမား ရဟင်း စတာလင် (Raheem Sterling) ၏ အင်္ဂလန်အရှေ့တောင်ပိုင်း ဆာရေးခရိုင်ရှိ နေအိမ်သို့ ဖောက်ထွင်းသမားများ ဝင်ရောက်ဖောက်ထွင်းခိုးယူ ခဲ့မှုကြောင့် နေအိမ်သို့ အလျင်စလို ပြန်သွားခဲ့ရကြောင်း The Sun သတင်းဌာနက ဖော်ပြသည်။

ချယ်လ်ဆီးအသင်း၏ ကစားသမားတစ်ဦးလည်းဖြစ်သူ စတာလင်သည် ကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက် အဆင့်တွင် ဆီနီဂေါနှင့် ပွဲစဉ်မတိုင်မီ နေအိမ်သို့ ပြန်သွားခဲ့ရခြင်းလည်း ဖြစ်သည်။

(စတာလင်သည် နေအိမ်ဖောက်ထွင်းခံရမှုကြောင့် ကမ္ဘာ့ဖလားမှ အိမ်ပြန်ခဲ့ရသည်။ ဓာတ်ပုံ Credit: Alamy)

(အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA မှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦး ပြောကြားချက်အရ စတာလင်သည် မိသားစုအရေးကြောင့် ဆီနီဂေါနှင့်ပွဲစဉ်တွင် ပါဝင်ကစားနိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ဓာတ်ပုံ- Credit: Rex)

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ၏ ထုတ်ပြန်ချက်တွင် “ဆီနီဂေါနှင့် ယခုညပွဲစဉ်တွင် စတာလင်ပါဝင်နိုင်မည် မဟုတ်ချေ။ သူသည် မိသားစုအရေး ဖြေရှင်းနေရပါသည်”ဟု ဖော်ပြသည်။

ဆီနီဂေါနှင့် ပွဲစဉ်မတိုင်မီ နာရီပိုင်းအလိုတွင် အဆိုပါ တုန်လှုပ်ဖွယ်ကြေညာချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ဆီနီဂေါနှင့် ပွဲစဉ်ကစားပြီးချိန်တွင် အင်္ဂလန်အသင်းနည်းပြ ဂါရက်သ် ဆောက်ဂိတ်က ပြောသည်မှာ စတာလင်သည် စနေနေ့တွင် ကစားမည့် ပြင်သစ်နှင့် ကွာတားဖိုင်နယ်ပွဲစဉ်မတိုင်မီ ကာတာသို့ အချိန်မီ ပြန်ရောက်လာနိုင်ခြင်း ရှိ၊ မရှိကိုမူ မိမိအနေဖြင့် မသိနိုင်ကြောင်း ပြောကြားသည်။

“ကျွန်တော်တို့ စောင့်ကြည့်ရမှာပါပဲ။ ဒီအချိန်မှာက သူ့အတွက် မိသားစုနဲ့အတူရှိနေဖို့ အဓိကပါ။ ဒါကို ကျွန်တော်တို့ အားပေးပါတယ်။ သူ့အတွက် လုံလောက်တဲ့အချိန်ပေးသွားမှာပါ”ဟု ဆောက်ဂိတ်က ပြောသည်။

ပြင်သစ်နှင့် ကွာတားဖိုင်နယ်ပွဲစဉ်တွင် စတာလင် ပါဝင်ကစားနိုင်ခြင်း ရှိ၊ မရှိကို သတင်းထောက်များက မေးရာတွင် ဆောက်ဂိတ်က “ဒီအခိုက်အတန့်မှာတော့ ကျွန်တော်တကယ်မသိပါဘူး။ သူ့အတွက်က မိသားစုနဲ့ အတူရှိနေဖို့ လိုအပ်တဲ့အချိန်ဖြစ်နေပါတယ်။ ကျွန်တော်သူ့ကို ဘယ်လိုဖိအားမှ မပေးချင်ပါဘူး။ တခါတရံမှာ ဘောလုံးဆိုတာက အရေးအကြီးဆုံးကိစ္စမဟုတ်ပါဘူး။ မိသားစုက ပထမဖြစ်သင့်ပါတယ်”ဟု ဖြေသည်။

အင်္ဂလန်သည် ဆီနီဂေါနှင့် ပွဲစဉ်တွင် ၃-၀ ဖြင့် အနိုင်ရခဲ့ရာ ကွာတားဖိုင်နယ်သို့ တက်သွားပြီး ပြင်သစ်နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

အင်္ဂလန်သည် အုပ်စု B တွင် ၇ မှတ်ဖြင့် အုပ်စုဗိုလ်အဖြစ် ကွာတားဖိုင်နယ်သို့ တက်ခဲ့ခြင်းဖြစ်ပြီး ဆီနီဂေါမှာ အုပ်စု A တွင် ၆ မှတ်ဖြင့် ဒုတိယနေရာတွင် ရပ်တည်ခဲ့သည်။

စတာလင်က ပြောသည်မှာ မိသားစုဘေးကင်းလုံခြုံအောင်စီစဉ်ပေးပြီးမှသာ ကမ္ဘာ့ဖလားသို့ ပြန်သွားမည်ဖြစ်ကြောင်း ပြောသည်။

စတာလင်၏ အိမ်သို့ ဖောက်ထွင်းဂိုဏ်းတစ်ခုက ဝင်ရောက်ဖောက်ထွင်းရာတွင် ပေါင် ၃၀၀၀၀၀ တန်ဖိုးရှိ လက်ပတ်နာရီများနှင့် လက်ဝတ်ရတနာများ ပါသွားခဲ့သည်။

စတာလင်သည် မကြာသေးမီ လများအတွင်း ဖောက်ထွင်းဂိုဏ်း၏ ပစ်မှတ်ထားဖောက်ထွင်းခံရသော စတုတ္ထမြောက် ချယ်လ်ဆီးကစားသမား ဖြစ်လာသည်။

(စတာလင်နှင့် စေ့စပ်ထားသူမိန်းကလေး Paige ။ နှစ်ဦးလုံးမှာ အသက် ၂၇ နှစ် ဖြစ်သည်။ ဓာတ်ပုံ Credit: Getty - Contributor)

(ဆာရေးခရိုင်ရှိ စတာလင်တို့စုံတွဲ၏ နေအိမ်ရှေ့တွင် ကင်းလှည့်ကားတစ်စီးကို တွေ့ရပုံ။ ဓာတ်ပုံ Credit: LNP)

(အင်္ဂလန်နှင့် ဆီနီဂေါပွဲစဉ်မတိုင်မီ နာရီပိုင်းအလိုတွင် စတာလင်၏နေအိမ်ဖောက်ထွင်းခံရခြင်းဖြစ်သည်။ ပုံတွင် တွေ့ရသည်မှာ စတာလင်နှင့် အင်္ဂလန်ကစားဖော် ဘူကာယို ဆာကာတို့ ဖြစ်သည်။ ဓာတ်ပုံ Credit: Getty Images - Getty)

သတင်းရင်းမြစ်တစ်ခုက ပြောသည်မှာ “စတာလင်ပြောတာက သူ့မိသားစု ဘေးကင်းလုံခြုံပြီလို့ ၁၀၀ ရာခိုင်နှုန်း စိတ်မချရမချင်း သူဘယ်ကိုမှ မသွားဘူးလို့ ပြောပါတယ်။ သူက လုံခြုံရေးကို စိုးရိမ်တတ်သူပါ။ ဒါကြောင့်လည်း လုံခြုံရေးလှည့်ကင်းတွေ အမြဲရှိပြီး တသီးတသန့်ရှိတဲ့ ဒီအိမ်ကို သူတို့ ပြောင်းလာခဲ့ကြတာပါ”ဟု ပြောသည်။

ထိုသို့ ပြောင်းရွှေ့ခဲ့သည့်တိုင် စတာလင်မှာ ဖောက်ထွင်းခံရခြင်းကြောင့် ၎င်းတို့စုံတွဲ အလွန်စိတ်ပျက်နေကြသည်။

ဖောက်ထွင်းခံရပြီးနောက် စတာလင်တို့စုံတွဲ လန်ဒန်သို့ ပြန်လည်ပြောင်းရွှေ့ခဲ့ကြသည်။

ချယ်လ်ဆီးအသင်းက စတာလင်ကို မန်စီးတီးထံမှ ပေါင် ၄၇ ဒသမ ၅ သန်းဖြင့် ဝယ်ယူလိုက်ပြီးနောက် စတာလင်တို့စုံတွဲသည် ဆာရေးခရိုင်၊ Oxshott မြို့ရှိ ယခုနေအိမ်သို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

ကာတာ ကမ္ဘာ့ဖလားသို့ စတာလင်၏ ကလေး ၃ ဦး လိုက်ပါအားပေးခဲ့ခြင်းဖြစ်ရာ စတာလင်သည် ဗြိတိန်သို့ ကလေး ၃ ဦးနှင့်အတူ ပြန်သွားခဲ့ရခြင်း ဖြစ်သည်။

Paige မှာမူ သူ၏ အိမ်ခြံမြေကုမ္ပဏီမှ အလုပ်များရှိနေသောကြောင့် အင်္ဂလန်တွင် ကျန်ခဲ့သည်။

အင်္ဂလန်သို့ ပြန်ရောက်ချိန်တွင် စတာလင်သည် သူ၏နေအိမ်ဖောက်ထွင်းခံရမှုကို စုံစမ်းနေသည့် ဆာရေးခရိုင်မှ ရဲအရာရှိများနှင့် တွေ့ဆုံခဲ့သည်။

“သူက အနီအောက်ရောင်ခြည်သုံး ကင်မရာတွေ အများကြီးတပ်ပြီး ၂၄ နာရီလုံး လုံခြုံရေးစောင့်ကြည့်နိုင်ဖို့ စီစဉ်ပါတယ်။ ပြီးတော့ လုံခြုံရေးအဖွဲ့တစ်ခုနဲ့ ချိတ်ဆက်ပြီး သူ့အိမ်ကို နေ့ရောညပါ ကင်းလှည့်စေမှာဖြစ်ပြီး ကမ္ဘာ့ဖလားပြီးဆုံးချိန်အထိ လုံခြုံရေးယူခိုင်းထားပါလိမ့်မယ်။ တန်ဖိုးရှိတဲ့ လက်ဝတ်ရတနာတွေကို ဒီအိမ်ကနေ လုံခြုံတဲ့တနေရာကို ပို့ထားလိုက်ပါပြီ”ဟု သတင်းရင်းမြစ်တစ်ခုက ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Raheem Sterling’s home broken into by burglars forcing England ace to race back from World Cup (thesun)

[Zawgyi]

အဂၤလန္အသင္းကစားသမား စတာလင္၏အိမ္ ေဖာက္ထြင္းခံရမႈေၾကာင့္ ဆီနီေဂါႏွင့္ ပြဲစဥ္မတိုင္မီ ကာတာမွ အိမ္သို႔ ျပန္သြားရ၊ ေနအိမ္စိတ္ခ်ရမွ ကမၻာ့ဖလားသို႔ ျပန္လာမည္

၂၀၂၂ ကာတာ ကမၻာ့ဖလားျပိဳင္ပြဲဝင္ အဂၤလန္လက္ေရြးစင္အသင္း ကစားသမား ရဟင္း စတာလင္ (Raheem Sterling) ၏ အဂၤလန္အေရွ႕ေတာင္ပိုင္း ဆာေရးခရိုင္ရွိ ေနအိမ္သို႔ ေဖာက္ထြင္းသမားမ်ား ဝင္ေရာက္ေဖာက္ထြင္းခိုးယူ ခဲ့မႈေၾကာင့္ ေနအိမ္သို႔ အလ်င္စလို ျပန္သြားခဲ့ရေၾကာင္း The Sun သတင္းဌာနက ေဖာ္ျပသည္။

ခ်ယ္လ္ဆီးအသင္း၏ ကစားသမားတစ္ဦးလည္းျဖစ္သူ စတာလင္သည္ ကမၻာ့ဖလား ၁၆ သင္းရံႈးထြက္ အဆင့္တြင္ ဆီနီေဂါႏွင့္ ပြဲစဥ္မတိုင္မီ ေနအိမ္သို႔ ျပန္သြားခဲ့ရျခင္းလည္း ျဖစ္သည္။

(စတာလင္သည္ ေနအိမ္ေဖာက္ထြင္းခံရမႈေၾကာင့္ ကမၻာ့ဖလားမွ အိမ္ျပန္ခဲ့ရသည္။ ဓာတ္ပံု Credit: Alamy)

(အဂၤလန္ေဘာလံုးအဖြဲ႔ခ်ဳပ္ FA မွ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္တစ္ဦး ေျပာၾကားခ်က္အရ စတာလင္သည္ မိသားစုအေရးေၾကာင့္ ဆီနီေဂါႏွင့္ပြဲစဥ္တြင္ ပါဝင္ကစားႏိုင္မည္မဟုတ္ေၾကာင္း ေျပာၾကားခဲ့သည္။ ဓာတ္ပံု- Credit: Rex)

အဂၤလန္ေဘာလံုးအဖြဲ႔ခ်ဳပ္ FA ၏ ထုတ္ျပန္ခ်က္တြင္ “ဆီနီေဂါႏွင့္ ယခုညပြဲစဥ္တြင္ စတာလင္ပါဝင္ႏိုင္မည္ မဟုတ္ေခ်။ သူသည္ မိသားစုအေရး ေျဖရွင္းေနရပါသည္”ဟု ေဖာ္ျပသည္။

ဆီနီေဂါႏွင့္ ပြဲစဥ္မတိုင္မီ နာရီပိုင္းအလိုတြင္ အဆိုပါ တုန္လႈပ္ဖြယ္ေၾကညာခ်က္ ထြက္ေပၚလာခဲ့ျခင္း ျဖစ္သည္။

ဆီနီေဂါႏွင့္ ပြဲစဥ္ကစားျပီးခ်ိန္တြင္ အဂၤလန္အသင္းနည္းျပ ဂါရက္သ္ ေဆာက္ဂိတ္က ေျပာသည္မွာ စတာလင္သည္ စေနေန႔တြင္ ကစားမည့္ ျပင္သစ္ႏွင့္ ကြာတားဖိုင္နယ္ပြဲစဥ္မတိုင္မီ ကာတာသို႔ အခ်ိန္မီ ျပန္ေရာက္လာႏိုင္ျခင္း ရွိ၊ မရွိကိုမူ မိမိအေနျဖင့္ မသိႏိုင္ေၾကာင္း ေျပာၾကားသည္။

“ကၽြန္ေတာ္တို႔ ေစာင့္ၾကည့္ရမွာပါပဲ။ ဒီအခ်ိန္မွာက သူ႔အတြက္ မိသားစုနဲ႔အတူရွိေနဖို႔ အဓိကပါ။ ဒါကို ကၽြန္ေတာ္တု႔ိ အားေပးပါတယ္။ သူ႔အတြက္ လံုေလာက္တဲ့အခ်ိန္ေပးသြားမွာပါ”ဟု ေဆာက္ဂိတ္က ေျပာသည္။

ျပင္သစ္ႏွင့္ ကြာတားဖိုင္နယ္ပြဲစဥ္တြင္ စတာလင္ ပါဝင္ကစားႏိုင္ျခင္း ရွိ၊ မရွိကို သတင္းေထာက္မ်ားက ေမးရာတြင္ ေဆာက္ဂိတ္က “ဒီအခိုက္အတန္႔မွာေတာ့ ကၽြန္ေတာ္တကယ္မသိပါဘူး။ သူ႔အတြက္က မိသားစုနဲ႔ အတူရွိေနဖို႔ လိုအပ္တဲ့အခ်ိန္ျဖစ္ေနပါတယ္။ ကၽြန္ေတာ္သူ႔ကို ဘယ္လိုဖိအားမွ မေပးခ်င္ပါဘူး။ တခါတရံမွာ ေဘာလံုးဆိုတာက အေရးအၾကီးဆံုးကိစၥမဟုတ္ပါဘူး။ မိသားစုက ပထမျဖစ္သင့္ပါတယ္”ဟု ေျဖသည္။

အဂၤလန္သည္ ဆီနီေဂါႏွင့္ ပြဲစဥ္တြင္ ၃-၀ ျဖင့္ အႏိုင္ရခဲ့ရာ ကြာတားဖိုင္နယ္သို႔ တက္သြားျပီး ျပင္သစ္ႏွင့္ ယွဥ္ျပိဳင္ကစားရမည္ ျဖစ္သည္။

အဂၤလန္သည္ အုပ္စု B တြင္ ၇ မွတ္ျဖင့္ အုပ္စုဗိုလ္အျဖစ္ ကြာတားဖိုင္နယ္သို႔ တက္ခဲ့ျခင္းျဖစ္ျပီး ဆီနီေဂါမွာ အုပ္စု A တြင္ ၆ မွတ္ျဖင့္ ဒုတိယေနရာတြင္ ရပ္တည္ခဲ့သည္။

စတာလင္က ေျပာသည္မွာ မိသားစုေဘးကင္းလံုျခံဳေအာင္စီစဥ္ေပးျပီးမွသာ ကမၻာ့ဖလားသို႔ ျပန္သြားမည္ျဖစ္ေၾကာင္း ေျပာသည္။

စတာလင္၏ အိမ္သို႔ ေဖာက္ထြင္းဂိုဏ္းတစ္ခုက ဝင္ေရာက္ေဖာက္ထြင္းရာတြင္ ေပါင္ ၃၀၀၀၀၀ တန္ဖိုးရွိ လက္ပတ္နာရီမ်ားႏွင့္ လက္ဝတ္ရတနာမ်ား ပါသြားခဲ့သည္။

စတာလင္သည္ မၾကာေသးမီ လမ်ားအတြင္း ေဖာက္ထြင္းဂိုဏ္း၏ ပစ္မွတ္ထားေဖာက္ထြင္းခံရေသာ စတုတၳေျမာက္ ခ်ယ္လ္ဆီးကစားသမား ျဖစ္လာသည္။

(စတာလင္ႏွင့္ ေစ့စပ္ထားသူမိန္းကေလး Paige ။ ႏွစ္ဦးလံုးမွာ အသက္ ၂၇ ႏွစ္ ျဖစ္သည္။ ဓာတ္ပံု Credit: Getty - Contributor)

(ဆာေရးခရိုင္ရွိ စတာလင္တို႔စံုတြဲ၏ ေနအိမ္ေရွ႕တြင္ ကင္းလွည့္ကားတစ္စီးကို ေတြ႔ရပံု။ ဓာတ္ပံု Credit: LNP)

(အဂၤလန္ႏွင့္ ဆီနီေဂါပြဲစဥ္မတိုင္မီ နာရီပိုင္းအလိုတြင္ စတာလင္၏ေနအိမ္ေဖာက္ထြင္းခံရျခင္းျဖစ္သည္။ ပံုတြင္ ေတြ႔ရသည္မွာ စတာလင္ႏွင့္ အဂၤလန္ကစားေဖာ္ ဘူကာယို ဆာကာတို႔ ျဖစ္သည္။ ဓာတ္ပံု Credit: Getty Images - Getty)

သတင္းရင္းျမစ္တစ္ခုက ေျပာသည္မွာ “စတာလင္ေျပာတာက သူ႔မိသားစု ေဘးကင္းလံုျခံဳျပီလို႔ ၁၀၀ ရာခိုင္ႏႈန္း စိတ္မခ်ရမခ်င္း သူဘယ္ကိုမွ မသြားဘူးလို႔ ေျပာပါတယ္။ သူက လံုျခံဳေရးကို စိုးရိမ္တတ္သူပါ။ ဒါေၾကာင့္လည္း လံုျခံဳေရးလွည့္ကင္းေတြ အျမဲရွိျပီး တသီးတသန္႔ရွိတဲ့ ဒီအိမ္ကို သူတုိ႔ ေျပာင္းလာခဲ့ၾကတာပါ”ဟု ေျပာသည္။

ထိုသို႔ ေျပာင္းေရႊ႕ခဲ့သည့္တိုင္ စတာလင္မွာ ေဖာက္ထြင္းခံရျခင္းေၾကာင့္ ၎တို႔စံုတြဲ အလြန္စိတ္ပ်က္ေနၾကသည္။

ေဖာက္ထြင္းခံရျပီးေနာက္ စတာလင္တို႔စံုတြဲ လန္ဒန္သို႔ ျပန္လည္ေျပာင္းေရႊ႕ခဲ့ၾကသည္။

ခ်ယ္လ္ဆီးအသင္းက စတာလင္ကို မန္စီးတီးထံမွ ေပါင္ ၄၇ ဒသမ ၅ သန္းျဖင့္ ဝယ္ယူလိုက္ျပီးေနာက္ စတာလင္တို႔စံုတြဲသည္ ဆာေရးခရိုင္၊ Oxshott ျမိဳ႕ရွိ ယခုေနအိမ္သို႔ ေျပာင္းေရႊ႕ခဲ့ျခင္း ျဖစ္သည္။

ကာတာ ကမၻာ့ဖလားသို႔ စတာလင္၏ ကေလး ၃ ဦး လိုက္ပါအားေပးခဲ့ျခင္းျဖစ္ရာ စတာလင္သည္ ျဗိတိန္သို႔ ကေလး ၃ ဦးႏွင့္အတူ ျပန္သြားခဲ့ရျခင္း ျဖစ္သည္။

Paige မွာမူ သူ၏ အိမ္ျခံေျမကုမၸဏီမွ အလုပ္မ်ားရွိေနေသာေၾကာင့္ အဂၤလန္တြင္ က်န္ခဲ့သည္။

အဂၤလန္သို႔ ျပန္ေရာက္ခ်ိန္တြင္ စတာလင္သည္ သူ၏ေနအိမ္ေဖာက္ထြင္းခံရမႈကို စံုစမ္းေနသည့္ ဆာေရးခရိုင္မွ ရဲအရာရွိမ်ားႏွင့္ ေတြ႔ဆံုခဲ့သည္။

“သူက အနီေအာက္ေရာင္ျခည္သံုး ကင္မရာေတြ အမ်ားၾကီးတပ္ျပီး ၂၄ နာရီလံုး လံုျခံဳေရးေစာင့္ၾကည့္ႏိုင္ဖို႔ စီစဥ္ပါတယ္။ ျပီးေတာ့ လံုျခံဳေရးအဖြဲ႔တစ္ခုနဲ႔ ခ်ိတ္ဆက္ျပီး သူ႔အိမ္ကို ေန႔ေရာညပါ ကင္းလွည့္ေစမွာျဖစ္ျပီး ကမၻာ့ဖလားျပီးဆံုးခ်ိန္အထိ လံုျခံဳေရးယူခိုင္းထားပါလိမ့္မယ္။ တန္ဖိုးရွိတဲ့ လက္ဝတ္ရတနာေတြကို ဒီအိမ္ကေန လံုျခံဳတဲ့တေနရာကို ပို႔ထားလိုက္ပါျပီ”ဟု သတင္းရင္းျမစ္တစ္ခုက ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Raheem Sterling’s home broken into by burglars forcing England ace to race back from World Cup (thesun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service