ကယ်လီဖိုးနီးယားပြည်နယ်မှ အပျော်စီးမီးပုံးပျံလုပ်ငန်းနှင့် ခြံဝန်း ၃ ခု ဒေါ်လာ ၁၂ သန်းဖြင့် ရောင်းမည်

ကယ်လီဖိုးနီးယားပြည်နယ်မှ အပျော်စီးမီးပုံးပျံလုပ်ငန်းနှင့် ခြံဝန်း ၃ ခု ဒေါ်လာ ၁၂ သန်းဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
2 Dec 2022 10:14 am တွင် တင်ခဲ့သည်
733 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၏ နာမည်ကျော် Napa တောင်ကြားရှိ အပျော်စီး မီးပုံးပျံလုပ်ငန်းနှင့် ခြံဝန်း ၃ ခုကို စုစုပေါင်း ကန်ဒေါ်လာ ၁၂ သန်းဖြင့် ရောင်းချရန် အရောင်းဈေးကွက် ဝင်လာသည်။

“Balloons Above the Valley” ဟု အမည်ပေးထားသော အဆိုပါလုပ်ငန်းတွင် မီးပုံးပျံ ၈ ခုပါဝင်ပြီး တစ်ကြိမ်လျှင် ခရီးသည် ၂၀ ဝန်ဆောင်မှုပေးနိုင်သည်။

မီးပုံးပျံဆင်းသက်မည့်နေရာများသို့ သွားရောက်ခေါ်ယူပေးမည့် ဗန်ကား ၉ စင်းအပြင် စုစုပေါင်း အကျယ်အဝန်း ၃ ဧကကျော်ရှိသော ခြံဝန်း ၃ ခုလည်း ပါဝင်ကြောင်း Napa Valley Register အမည်ရှိ Napa မြို့အခြေစိုက် နေ့စဉ်သတင်းစာတွင် ဖော်ပြသည်။

ရောင်းချရာတွင် ပါဝင်သည့် ခြံဝန်း ၃ ခုမှာ အမှတ် ၆၀၃၊ California Boulevard လမ်း ခြံဝန်း၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ Napa နှင့် Yountville မြို့များအကြား Washington လမ်းပေါ်ရှိ အမှတ် ၅၃၅၀ နှင့် ၅၃၆၀ ခြံဝန်းများဖြစ်ကြသည်။

ယခုရောင်းချမည့်လုပ်ငန်းကို Bob Barbarick ဆိုသူက ၄၅ နှစ်ကြာ လည်ပတ်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မီးပုံးပျံမောင်းနှင်သူ ၄ ဦး၊ မြေပြင်ဝန်ထမ်း ၃၂ ဦး၊ ဧည့်ခံကျွေးမွေးမှုအဖွဲ့ဝန်ထမ်းများနှင့် အခြားဝန်ထမ်းများပါဝင်ကြောင်း သတင်းစာ၏ ဖော်ပြချက်တွင် ပါဝင်သည်။

မစ္စတာ Barbarick သည် အသက် ၇၅ နှစ်ရှိပြီဖြစ်ပြီး မကြာသေးမီကမှ လက်ထပ်ခဲ့သူဖြစ်သည်။

သူ၏ ပြောကြားချက်အရ ကာလကြာရှည် လည်ပတ်လုပ်ကိုင်ခဲ့သည့်လုပ်ငန်းတစ်ခုကို ရောင်းထုတ်ပစ်ရန် ဆုံးဖြတ်ရသည်မှာ ခက်ခဲခဲ့ကြောင်း ပြောသည်။

“ကျွန်တော့်စိတ်တွေလေးလံခဲ့ရပါတယ်။ ဒါပေမယ့် နောက်ထပ်စွန့်စားမှုတစ်ခုကို ပြုလုပ်ဖို့အတွက် အချိန်ကျပါပြီ”ဟု Barbarick က ပြောသည်။ (Napa Valley ရှိ သူ၏ကုမ္ပဏီရုံးခန်းတွင် Bob Barbarick ကို တွေ့ရပုံ။ ဓာတ်ပုံ- Nick Otto, Register)

(Napa Valley တွင် ကုမ္ပဏီဝန်ထမ်းများက ခရီးသည်များ မီးပုံးပျံစီးရန် ပြင်ဆင်ပေးနေပုံ။ ဓာတ်ပုံ- Nick Otto, Register)

Babarick က အပျော်စီး မီးပုံးပျံလုပ်ငန်းကို ၁၉၇၆ ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။

ကနဦးတွင် ဥပဒေအရ သူ၏လုပ်ငန်းကို တစ်နှစ်လျှင် ရက် ၅၀ သာလုပ်ကိုင်ခွင့်ရရှိခဲ့သည်။

ထိုစဉ်က လူတစ်ဦးလျှင် မီးပုံးပျံစီးခ ၄၅ ဒေါ်လာ ကောက်ခံခဲ့ရာ ယနေ့ခေတ်ငွေတန်ဖိုးအရဆိုလျှင် ၂၄၁ ဒေါ်လာခန့် ဖြစ်သည်။

ယနေ့ အခါတွင်မူ သူ၏မီးပုံးပျံလုပ်ငန်းမှာ တစ်နှစ်လျှင် ၂၂၅ ရက် လုပ်ကိုင်ခွင့်ရရှိထားပြီး လူတစ်ဦးလျှင် ၁ နာရီ စီးနင်းခမှာ ၂၆၉ ဒေါ်လာဖြစ်သည်။ လက်ရှိတွင် တစ်နေ့လျှင် လူ ၆၀ ဦးခန့် ဝန်ဆောင်မှုပေးနေရသည်။

“ကျွန်တော်နောက်ဆုံးဝယ်ခဲ့တဲ့ မီးပုံးပျံက ဒေါ်လာ ၁၄၉၀၀၀ ပေးခဲ့ရပါတယ်”ဟု Babarick က The Register သတင်းစာသို့ ပြောသည်။

ပထမဆုံးဝယ်ခဲ့သည့် မီးပုံးပျံမှာ ဒေါ်လာ ၆၅၀၀ သာပေးခဲ့ရကြောင်းလည်း ၎င်းက ပြောသည်။

မစ္စတာ Babarick ၏ လုပ်ငန်းနှင့် ခြံဝန်းများကို အရောင်းဈေးကွက်တင်ပေးသူမှာ Strong & Hayden Commercial Real Estate အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Michael C.Holcomb ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: You can buy a Napa Valley hot air balloon business with 3 properties for $12M (nypost)

[Zawgyi]

ကယ္လီဖိုးနီးယားျပည္နယ္မွ အေပ်ာ္စီးမီးပံုးပ်ံလုပ္ငန္းႏွင့္ ျခံဝန္း ၃ ခု ေဒၚလာ ၁၂ သန္းျဖင့္ ေရာင္းမည္

အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖုိးနီးယားျပည္နယ္၏ နာမည္ေက်ာ္ Napa ေတာင္ၾကားရွိ အေပ်ာ္စီး မီးပံုးပ်ံလုပ္ငန္းႏွင့္ ျခံဝန္း ၃ ခုကို စုစုေပါင္း ကန္ေဒၚလာ ၁၂ သန္းျဖင့္ ေရာင္းခ်ရန္ အေရာင္းေစ်းကြက္ ဝင္လာသည္။

“Balloons Above the Valley” ဟု အမည္ေပးထားေသာ အဆိုပါလုပ္ငန္းတြင္ မီးပံုးပ်ံ ၈ ခုပါဝင္ျပီး တစ္ၾကိမ္လွ်င္ ခရီးသည္ ၂၀ ဝန္ေဆာင္မႈေပးႏိုင္သည္။

မီးပံုးပ်ံဆင္းသက္မည့္ေနရာမ်ားသို႔ သြားေရာက္ေခၚယူေပးမည့္ ဗန္ကား ၉ စင္းအျပင္ စုစုေပါင္း အက်ယ္အဝန္း ၃ ဧကေက်ာ္ရွိေသာ ျခံဝန္း ၃ ခုလည္း ပါဝင္ေၾကာင္း Napa Valley Register အမည္ရွိ Napa ျမိဳ႕အေျခစိုက္ ေန႔စဥ္သတင္းစာတြင္ ေဖာ္ျပသည္။

ေရာင္းခ်ရာတြင္ ပါဝင္သည့္ ျခံဝန္း ၃ ခုမွာ အမွတ္ ၆၀၃၊ California Boulevard လမ္း ျခံဝန္း၊ ကယ္လီဖိုးနီးယား ျပည္နယ္၊ Napa ႏွင့္ Yountville ျမိဳ႕မ်ားအၾကား Washington လမ္းေပၚရွိ အမွတ္ ၅၃၅၀ ႏွင့္ ၅၃၆၀ ျခံဝန္းမ်ားျဖစ္ၾကသည္။

ယခုေရာင္းခ်မည့္လုပ္ငန္းကို Bob Barbarick ဆိုသူက ၄၅ ႏွစ္ၾကာ လည္ပတ္လုပ္ကိုင္ခဲ့ျခင္းျဖစ္ျပီး လက္ရွိတြင္ မီးပံုးပ်ံေမာင္းႏွင္သူ ၄ ဦး၊ ေျမျပင္ဝန္ထမ္း ၃၂ ဦး၊ ဧည့္ခံေကၽြးေမြးမႈအဖြဲ႔ဝန္ထမ္းမ်ားႏွင့္ အျခားဝန္ထမ္းမ်ားပါဝင္ေၾကာင္း သတင္းစာ၏ ေဖာ္ျပခ်က္တြင္ ပါဝင္သည္။

မစၥတာ Barbarick သည္ အသက္ ၇၅ ႏွစ္ရွိျပီျဖစ္ျပီး မၾကာေသးမီကမွ လက္ထပ္ခဲ့သူျဖစ္သည္။

သူ၏ ေျပာၾကားခ်က္အရ ကာလၾကာရွည္ လည္ပတ္လုပ္ကိုင္ခဲ့သည့္လုပ္ငန္းတစ္ခုကို ေရာင္းထုတ္ပစ္ရန္ ဆံုးျဖတ္ရသည္မွာ ခက္ခဲခဲ့ေၾကာင္း ေျပာသည္။

“ကၽြန္ေတာ့္စိတ္ေတြေလးလံခဲ့ရပါတယ္။ ဒါေပမယ့္ ေနာက္ထပ္စြန္႔စားမႈတစ္ခုကို ျပဳလုပ္ဖို႔အတြက္ အခ်ိန္က်ပါျပီ”ဟု Barbarick က ေျပာသည္။ (Napa Valley ရွိ သူ၏ကုမၸဏီရံုးခန္းတြင္ Bob Barbarick ကို ေတြ႔ရပံု။ ဓာတ္ပံု- Nick Otto, Register)

(Napa Valley တြင္ ကုမၸဏီဝန္ထမ္းမ်ားက ခရီးသည္မ်ား မီးပံုးပ်ံစီးရန္ ျပင္ဆင္ေပးေနပံု။ ဓာတ္ပံု- Nick Otto, Register)

Babarick က အေပ်ာ္စီး မီးပံုးပ်ံလုပ္ငန္းကို ၁၉၇၆ ခုႏွစ္တြင္ စတင္လုပ္ကိုင္ခဲ့ျခင္း ျဖစ္သည္။

ကနဦးတြင္ ဥပေဒအရ သူ၏လုပ္ငန္းကို တစ္ႏွစ္လွ်င္ ရက္ ၅၀ သာလုပ္ကိုင္ခြင့္ရရွိခဲ့သည္။

ထိုစဥ္က လူတစ္ဦးလွ်င္ မီးပံုးပ်ံစီးခ ၄၅ ေဒၚလာ ေကာက္ခံခဲ့ရာ ယေန႔ေခတ္ေငြတန္ဖိုးအရဆိုလွ်င္ ၂၄၁ ေဒၚလာခန္႔ ျဖစ္သည္။

ယေန႔ အခါတြင္မူ သူ၏မီးပံုးပ်ံလုပ္ငန္းမွာ တစ္ႏွစ္လွ်င္ ၂၂၅ ရက္ လုပ္ကိုင္ခြင့္ရရွိထားျပီး လူတစ္ဦးလွ်င္ ၁ နာရီ စီးနင္းခမွာ ၂၆၉ ေဒၚလာျဖစ္သည္။ လက္ရွိတြင္ တစ္ေန႔လွ်င္ လူ ၆၀ ဦးခန္႔ ဝန္ေဆာင္မႈေပးေနရသည္။

“ကၽြန္ေတာ္ေနာက္ဆံုးဝယ္ခဲ့တဲ့ မီးပံုးပ်ံက ေဒၚလာ ၁၄၉၀၀၀ ေပးခဲ့ရပါတယ္”ဟု Babarick က The Register သတင္းစာသို႔ ေျပာသည္။

ပထမဆံုးဝယ္ခဲ့သည့္ မီးပံုးပ်ံမွာ ေဒၚလာ ၆၅၀၀ သာေပးခဲ့ရေၾကာင္းလည္း ၎က ေျပာသည္။

မစၥတာ Babarick ၏ လုပ္ငန္းႏွင့္ ျခံဝန္းမ်ားကို အေရာင္းေစ်းကြက္တင္ေပးသူမွာ Strong & Hayden Commercial Real Estate အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Michael C.Holcomb ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: You can buy a Napa Valley hot air balloon business with 3 properties for $12M (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service