ပန်းများသည်သာ အချစ်နှင့်ဘဝ (သို့မဟုတ်) စိတ်ကူးယဉ်အိပ်မက်ဆန်လှသည့် ပန်းမြို့တော် ဒါးလတ်

ပန်းများသည်သာ အချစ်နှင့်ဘဝ (သို့မဟုတ်) စိတ်ကူးယဉ်အိပ်မက်ဆန်လှသည့် ပန်းမြို့တော် ဒါးလတ် - Property News in Myanmar from iMyanmarHouse.com
16 Nov 2022 11:16 am တွင် တင်ခဲ့သည်
1414 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

(နိုင်ငံခြားသို့ ပန်းများတင်ပို့သည့်မြို့၊ ဒါးလတ်)

ဗီယက်နမ်နိုင်ငံမှ ဒါးလတ် (Da Lat) မြို့သည် ပန်းမြို့တော်ဟု လူသိများပြီး အရှေ့တောင်အာရှသို့ ပန်းများ တင်ပို့ရောင်းချသည့် အချက်အခြာနေရာလည်း ဖြစ်သည်။

ဗီယက်နမ်အလယ်ပိုင်း ကုန်းမြင့်ဒေသမြို့ကလေး ဒါးလတ်သည် ၎င်း၏ ထုတ်လုပ်နိုင်မှု ပမာဏအရ နှစ်စဉ် ပန်းတင်ပို့မှုပမာဏ လက်ရှိအားဖြင့် ကန်ဒေါ်လာ သန်း ၅၀ ဖိုးမှ မြှင့်တင်သွားရန် ရည်မှန်းထားသည်။

ဒါးလတ်သည် နှစ်စဉ် ပန်းခိုင်ပေါင်း ၃ ဒသမ ၁ ဘီလီယံ ထုတ်လုပ်နိုင်စွမ်းရှိသည်။

(ပန်းမြို့တော်)

ဒေါက်တာ အလက်ဇန်ဒရေ ယာဆင်က ၁၈၉၃ ခုနှစ်တွင် စတင်ရှာဖွေတွေ့ရှိခဲ့ချိန်က ဒါးလတ်မှာ တောင်ပေါ် မြေရိုင်းနေရာအဖြစ်တစ်ခုသာရှိသေးသည်။

ထိုဒေသသည် Langbiang ကုန်းမြင့်ဒေသတွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၅၀၀ အမြင့်တွင် တည်ရှိသည်။

စွန့်စားသွားလာသူ ဆွစ်-ပြင်သစ်ဆရာဝန် ဒေါက်တာယာဆင်သည် ကာလတာရှည် စူးစမ်းလေ့လာရေးခရီးစဉ် တွင် တွေ့ရှိခဲ့သည့် လူမနေသော ကုန်းမြေတစ်ခုသည် နောင်တချိန်တွင် အင်ဒိုချိုင်းနား ဒေသ၌ စွဲမက်စရာ နေရာတစ်ခုဖြစ်လာပြီး အပန်းဖြေအနားယူ အားမွေးမည့်သူများအတွက် လောကနိဗ္ဗာန်နေရာဖြစ်လာမည်ကို မသိခဲ့ချေ။

ဒေါက်တာယာဆင်က ထိုနေရာကို ရှာဖွေတွေ့ရှိပြီး မကြာမီမှာပင် ဒါးလတ်သည် ပြင်သစ်စစ်သည်တို့ နာလံထ အနားယူရာနေရာတစ်ခုဖြစ်လာသည်။ ထိုနေရာဒေသသည် ဇာတိမြေ ပြင်သစ်နိုင်ငံနှင့် အတော်တူညီနေသည် ဟု စစ်သည်များက ခံစားကြရသည်။

ယနေ့ကာလတွင် ဒါးလတ်၌ ပြင်သစ်အရိပ်အငွေ့များစွာ တွေ့ရမည်ဖြစ်ရာ လှပသည့် ပြင်သစ်နေအိမ်များ သာမက ပြင်သစ်တို့က အိမ်လွမ်းဝေဒနာကုစားရန် ပြင်သစ်မှ ယူလာကြသော ဟင်းသီးဟင်းရွက်နှင့် ပန်းမန်များကိုလည်း ယနေ့တိုင် မျိုးစိတ်များ ကျန်ရစ်သည်ကို တွေ့ရမည် ဖြစ်သည်။

မြေသြဇာနှင့် ရာသီဥတုကောင်းမွန်မှုကြောင့် ဒေသမျိုးရင်းများနည်းတူ ပြင်သစ်မှယူဆောင်လာသည့် ဟင်းသီးဟင်းရွက်နှင့် ပန်းမန်များမှာ ကောင်းစွာဖြစ်ထွန်းကြရာ ဒါးလတ်၏ စိုက်ပျိုးရေးမှာ မျိုးစိတ်များ ကြီးပွားလာခဲ့သည်။

ဟနွိုင်းမှ ပန်းစိုက်ရွာများဖြစ်သော Ngoc Ha နှင့် Nghi Tam တို့သည် Ha Dong သို့ ပြောင်းရွှေ့ အခြေချကြသော ၁၉၃၈ ခုနှစ်တွင် ဒါးလတ်၏ ပန်းစိုက်ပျိုးရေးမှာ ရောင်းဝယ်ရေးနယ်သို့ ဝင်ရောက်လာခဲ့သည်။

 

(◼ ဒါးလတ်ဒေသခံတို့၏ ရိုမန့်တစ်ဆန်သော ပန်းအလှဆင် အနုပညာ။ ဓာတ်ပုံ- Thanh Hoa )

 

(◼ ဒါးလတ် ပန်းပွဲတော်မှ မော်တော်ကား ပန်းအလှဆင်ပြိုင်ပွဲ။ ဓာတ်ပုံ- Thanh Hoa )

 

(◼ ၆ လပန်းသည် ဒါးလတ်တွင် နာမည်ကျော်သည့် ပန်းများဖြစ်သည်။ ဓာတ်ပုံ- Thanh Hoa )

 

(◼ ဒါးလတ်မှ ပန်းများနှင့် ဒေသခံများ။ ဓာတ်ပုံ- Thanh Hoa )

 

(◼ ဒါးလတ်မှ Van Thanh ပန်းရွာ။ ဓာတ်ပုံ- Thanh Hoa )

 

(◼ ဒါးလတ်မှ ပန်းများ ဝေဆာနေသော လမ်းတစ်လမ်း။ ဓာတ်ပုံ- Thanh Hoa )

 

(◼ ဒါးလတ်တွင် ပန်းစိုက်ရွာပေါင်းများစွာနှင့် ပန်းစိုက်ခြံများစွာရှိပြီး လာရောက်လည်ပတ်သူများကို အမြဲတံခါးဖွင့် ကြိုဆိုလျက်ရှိသည်။ ဓာတ်ပုံ- Thanh Hoa )

 

(◼ ဒါးလတ်သည် ပဲရစ်မြို့နှင့်တူပြီး ရာသီဥတုကောင်းမွန်ကာ တစ်နှစ်ပတ်လုံး ပန်းများ ဝေဆာဖူးပွင့်ကြသည်။ ဓာတ်ပုံ- Thanh Hoa )

 

ပန်းစိုက်ပျိုးရေးသည် ဒေသခံများ၏ ဘဝရပ်တည်ရေးအတွက် အရေးပါရုံမျှမက ဒါးလတ်ကိုလည်း အသွင်သစ်၊ မြင်ကွင်းသစ် ပြောင်းလဲသွားစေခဲ့သည်။

ယနေ့အခါတွင် ဒါးလတ်ရှိ ကျေးရွာများ၊ ကွင်းပြင်များ၊ လမ်းများနှင့် နေအိမ်များတွင် တစ်နှစ်ပတ်လုံး ပန်းများဝေဆာဖူးပွင့်လျက်ရှိနေသည်ကို တွေ့ရမည် ဖြစ်သည်။

ဒါးလတ်ကို အလှဆင်ထားသည့် ပန်းမျိုးစိတ်အမျိုးမျိုး၊ အရောင်အသွေး အမျိုးမျိုးရှိရာ လာဗန်ဒါ၊ နှင်းပန်း၊ ၆ လပန်းအရွက်ကြီးမျိုး၊ ဘိသိက်ပန်း၊ နီလာပန်း၊ ကြွေပန်း၊ ဖြူဝါစပ် ဒေစီပန်း၊ အဝါရောင်ဒေစီပန်းများ၊ နှင်းဆီများ၊ ခရမ်းရောင်ပန်းလေးများပွင့်သော Texas bluebell များ (မြန်မာပြည်တွင်မူ Mexican bluebell ပန်းမျိုးသာရှိပြီး ကြည်ပြာပန်းဟု အမည်ပေးထားသည်။ Texas bluebell နှင့် အပွင့်ချင်း အနည်းငယ်ဆင်သည်)၊ ပန်းခရမ်းပြာ (စိန်ပန်းပြာ)များ၊ ဟိမဝန္တာ တောချယ်ရီများ အပါအဝင်ဖြစ်သည်။

ဒါးလတ်မြို့လေးသည် ပန်းရာသီအလိုက် မြင်ကွင်းအမျိုးမျိုး ပြောင်းလဲလေ့ရှိသည်။

ဇန်နဝါရီလဆိုလျှင် ဟိမဝန္တာ ချယ်ရီရိုင်းတို့ သဲသဲလှုပ်ဖူးပွင့်ရာ တစ်မြို့လုံး ရဲရဲနီနေလေ့ရှိပြီး ဧပြီလသို့ ရောက် လျှင် Texas bluebell တို့၏ အရောင်ဖြင့် ခရမ်းရောင်လွှမ်းနေမည်ဖြစ်ကာ အောက်တိုဘာလတွင်မူ နန်းလုံးကြိုင်ပန်းတို့ ဖုံးလွှမ်းကာ အဝါရောင်အတိပြီးနေလိမ့်မည် ဖြစ်၏။

ပန်းများသည် ဒါးလတ်မြို့သူမြို့သားတို့၏ အချစ်နှင့်ဘဝ ဖြစ်သည်။

ထိုမြို့တွင် ပန်းများကို အပြောကျယ်သော ကွင်းပြင်များ၊ လမ်းများနှင့် ပြတင်းပေါက်များတွင်သာမက ဒေသခံ တို့၏ အနုပညာလက်ရာများဖြစ်သော ကဗျာ၊ စာပေ၊ ဂီတ၊ ပန်းချီနှင့် ဗိသုကာတို့တွင်ပါ ပန်းများအကြောင်း တွေ့ရမည်ဖြစ်သည်။

ဒါးလတ်သည် အရှေ့တောင်အာရှတွင် တစ်နှစ်လျှင် ၂ ကြိမ် ပန်းပွဲတော်ကျင်းပသည့် တစ်ခုတည်းသော မြို့လည်း ဖြစ်သည်။

ဒါးလတ်တွင် လက်ရှိအားဖြင့် မြေဟက်တာပေါင်း ၉၀၀၀ ဝန်းကျင်ခန့်တွင် ပန်းများ စိုက်ပျိုးထားပြီး နှစ်စဉ် ပန်းခက် ၃ ဒသမ ၁ ဘီလီယံ ထုတ်လုပ်လျက်ရှိပြီး ယင်းအနက်မှ ၁၀ ရာခိုင်နှုန်းသာ ပြည်ပသို့ တင်ပို့ရောင်းချ သည်။

Dalat Hasfarm ၏ လက်ထောက်အထွေထွေညွှန်ကြားရေးမှူး ငုယင် ဗန်ပေါင် (Nguyen Van Bao) က ဒါးလတ်၏ ပန်းတင်ပို့နိုင်စွမ်း နည်းပါးရခြင်းမှာ ထုတ်လုပ်မှုကဏ္ဍ ညံ့ဖျင်းခြင်းနှင့် ဆွတ်ခူးပြီးနောက်ပိုင်း နည်းပညာပိုင်း လိုအပ်ချက်တို့ကြောင်းဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် ပန်းမျိုးစိတ် မူပိုင်ခွင့် ချိုးဖောက်ခြင်းမှာလည်း ဒါးလတ်၏ ပန်းများ ပြည်ပသို့ တင်ပို့မှုတွင် အဟန့်အတားတစ်ခုဖြစ်နေကြောင်း ၎င်းက ထောက်ပြသည်။

လက်ရှိအားဖြင့် ဒါးလတ်တွင် စိုက်ပျိုးထုတ်လုပ်နေသော ပန်းမျိုးများ၏ ၂၀ ရာခိုင်နှုန်းသာ မူပိုင်ခွင့်ရှိပြီး ကျန်သည့် ပန်းများမှာ မူရင်းပန်းမျိုးကို တရားမဝင် မျိုးပွားထားခြင်းဖြစ်ပြီး အရည်အသွေးနိမ့်သောကြောင့် ပြည်ပသို့ တင်ပို့၍ မရ။

နှစ်စဉ်နှစ်တိုင်း ဒါးလတ်မှ ပန်းပင်များ၊ ပန်းခက်များ၊ မျိုးစေ့များ၊ ပန်းဖူးများ၊ ပန်းမျိုးသစ် မျိုးဥများ သန်း ၅၀ မှ သန်း ၉၀ ကြားကို ပြည်ပမှ မှာယူတင်သွင်းလေ့ရှိသည်။

မြို့၏ အကြီးအကဲတို့က မျှော်လင့်ထားသည်မှာ လာမည့် ၂၀၃၀ ပြည့်နှစ်သို့ရောက်လျှင် ပန်းနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှု၏ အနည်းဆုံး ၃၀ ရာခိုင်နှုန်းသည် ပြည်ပသို့ တင်ပို့ရန်အတွက် မူပိုင်ခွင့် လိုအပ်ချက်များနှင့် ကိုက်ညီလာလိမ့်မည်ဟု မျှော်မှန်းထားသည်။

ထို့အပြင် ဟင်းသီးဟင်းရွက်နှင့် ပန်းစိုက်ပျိုးထုတ်လုပ်သူများ၏ ၉၀ ရာခိုင်နှုန်းမှာ ၎င်းတို့၏ စိုက်ခင်းများအတွက် အဆင့်မြင့်နည်းပညာ နည်းလမ်းများ အသုံးပြုလာနိုင်ကြမည်ဟုလည်း မျှော်မှန်းထားသည်။

[◼ ဒါးလတ်တွင် ပန်းစိုက်ပျိုးမြေ ဟက်တာပေါင်း ၉၀၀၀ (၂၂၂၃၉ ဧက) ခန့်ရှိပြီး တစ်နိုင်ငံလုံး ပန်းစိုက်ပျိုးမှု၏ ၃၀ ရာခိုင်နှုန်း ရှိသည်]

 

(◼ ဒါးလတ်မှ အဆင့်မြင့်နည်းပညာသုံး ပန်းခြံတစ်ခု ။ ဓာတ်ပုံ Thanh Hoa )

 

(◼ ပြည်ပသို့ တင်ပို့ရန်အတွက် Dalat Hasfarm Ltd က စိုက်ပျိုးထားသည့် နှင်းဆီပန်းများ။ ဓာတ်ပုံ Thanh Giang )

 

(◼ ပြည်ပတင်ပို့ရန် ဒါးလတ်တွင် စိုက်ပျိုးထားသည့် သစ်ခွများ။ ဓာတ်ပုံ Thanh Giang )

 

(◼ Dalat Hasfarm တွင် ပြည်ပတင်ပို့မည့် နှင်းဆီပန်းများ စောင့်ကြည့်စစ်ဆေးမှု။ ဓာတ်ပုံ Thanh Giang )

 

(◼ Dalat Hasfarm ကုမ္ပဏီ၏ ပန်းစိုက်ခင်းအလုပ်သမားများ။ ဓာတ်ပုံ Thanh Giang )

 

(◼ ဖြတ်ခူးပြီးသော နှင်းဆီများကို သယ်ယူပို့ဆောင်စဉ်ကာလအတွင်း မထိခိုက်စေရန် အထူးပြုလုပ်ထားသည့် အစဖြင့် ထုပ်ပိုးနေပုံ။ ဓာတ်ပုံ Thanh Hoa )

 

(◼ Dalat Hasfarm ၏ ပန်းထုပ်ပိုးမှု လုပ်ငန်းခွင်နေရာ။ ဓာတ်ပုံ Thanh Hoa )

 

(◼ Dalat Hasfarm ၏ စိုက်ခင်းအလုပ်သမားများက ခူးဆွတ်ထားသော ပန်းများကို စိုက်ခင်းများမှတဆင့် စစ်ဆေးရေးနှင့် ထုတ်ပိုးရေးအလုပ်ရုံသို့ ပို့ဆောင်ကြသည်။ ဓာတ်ပုံ - Thanh Hoa )

 

(◼ ပန်းထုတ်ပိုးရေးနေရာ။ ဓာတ်ပုံ- Thanh Hoa )

 

ဒါးလတ်မှ ပန်းထုတ်လုပ်သည့်ကုမ္ပဏီများက ပန်းမျိုးစိတ်အမျိုးမျိုးထုတ်လုပ်ရန် သုတေသနစတင်ပြုလုပ်လျက် ရှိရာ ရလဒ်ကောင်းများ ရရှိလာကြသည်။

ယင်းသို့ တိုးတက်မှုရရှိလာသော ကုမ္ပဏီများတွင် Pan-Hulic, Dalat Hasfarm နှင့် Dalat Flower Forest Biotechnology Corporation တို့ ပါဝင်သည်။

Dalat Flower Forest ဇီဝနည်းပညာကော်ပိုရေးရှင်းသည် ဗီယက်နမ်၏ အရေးပါသော မျိုးစေ့ဘဏ်အဖြစ် သတ်မှတ်ခံရပြီး စက်မှုအဆင့် သုတေသနဓာတ်ခွဲခန်းပိုင်ဆိုင်ထားပြီး in-vitro နည်းကိုအသုံးပြုကာ ပန်းမျိုးစိတ်များ ထုတ်လုပ်သည်။

ပြင်သစ်နည်းပညာသုံးဓာတ်ခွဲခန်းဖြစ်ပြီး မြေအကျယ်အဝန်း စတုရန်းမီတာ ၅၀၀၀ ပေါ်တွင် တည်ဆောက်ထား ခြင်းဖြစ်ကာ နှစ်စဉ်ပန်းမျိုးစေ့ ၂၄ သန်း ထုတ်လုပ်နိုင်စွမ်းရှိသည်။

Dalat Flower Forest ကော်ပိုရေးရှင်းသည် နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ နယူးဇီလန်၊ ဂျပန်၊ အမေရိကန် ပြည်ထောင်စု၊ ဒိန်းမတ်၊ တရုတ်နှင့် တောင်ကိုရီးယားတို့ရှိ ပန်းစိုက်ပျိုးသူများထံ နှစ်စဉ်မျိုးစေ့ပေါင်း သန်းဆယ်နှင့်ချီကာ တင်ပို့ရောင်းချနိုင်ခဲ့သည်။

Dalat Hasfarm သည် ဒါးလတ်တွင် ပြည်ပ ပန်းတင်ပို့မှုဈေးကွက်၏ ၉၀ ရာခိုင်နှုန်းနီးပါး ထုတ်လုပ်နိုင်သူဖြစ်သည်။

Dalat Hasfarm ကုမ္ပဏီတွင် ခေတ်မီ ပန်းမျိုးစုံစိုက်ပျိုးမြေ ၃၂၀ ဟက်တာရှိသည့်အပြင် အခြားပန်းစိုက် တောင်သူ ၂၀၀ ကျော်နှင့် ပူးပေါင်းကာ ထုတ်လုပ်မှု တိုးချဲ့လျက်ရှိသည်။

နှစ်စဉ်ပန်းပွင့်ပေါင်း သန်း ၄၅၀ ကျော်၊ ပန်းပင်ပေါင်း သန်း ၂၀၀ ကျော်နှင့် ပန်းအိုးပေါင်း သန်းနှင့်ချီ၍ ဈေးကွက်သို့ တင်ပို့သည်။

Dalat Hasfarm သည် အာရှ-ပစိဖိတ်ဒေသတွင် ထိပ်တန်း ပန်းအမှတ်တံဆိပ်တစ်ခုဖြစ်လာပြီး နိုင်ငံပေါင်း ၁၀ နိုင်ငံကျော်သို့ ပန်းများတင်ပို့လျက်ရှိကာ အမေရိကန် ပန်းမဂ္ဂဇင်းဖြစ်သော Flowers Tech က Dalat Hasfarm ကို အရှေ့တောင်အာရှ၏ ထိပ်တန်းပန်းထုတ်လုပ်သူအဖြစ် သတ်မှတ်ခြင်းခံရသည်။

မြေသြဇာကောင်းမှုနှင့် ရာသီဥတုကောင်းမွန်မှုတို့ကြောင့် ဒါးလတ်သည် မကြာမီတွင် အရှေ့တောင်အာရှတွင် ပန်းတင်ပို့မှု အချက်အခြာနေရာတစ်ခု ဖြစ်လာဖွယ်ရာရှိသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Da Lat, the capital of flower export (vietnam)

 

 

[Zawgyi]

ပန္းမ်ားသည္သာ အခ်စ္ႏွင့္ဘဝ (သို႔မဟုတ္) စိတ္ကူးယဥ္အိပ္မက္ဆန္လွသည့္ ပန္းျမိဳ႕ေတာ္ ဒါးလတ္

 

(ႏိုင္ငံျခားသို႔ ပန္းမ်ားတင္ပို႔သည့္ျမိဳ႕၊ ဒါးလတ္)

ဗီယက္နမ္ႏိုင္ငံမွ ဒါးလတ္ (Da Lat) ျမိဳ႕သည္ ပန္းျမိဳ႕ေတာ္ဟု လူသိမ်ားျပီး အေရွ႕ေတာင္အာရွသို႔ ပန္းမ်ား တင္ပို႔ေရာင္းခ်သည့္ အခ်က္အျခာေနရာလည္း ျဖစ္သည္။

ဗီယက္နမ္အလယ္ပိုင္း ကုန္းျမင့္ေဒသျမိဳ႕ကေလး ဒါးလတ္သည္ ၎၏ ထုတ္လုပ္ႏိုင္မႈ ပမာဏအရ ႏွစ္စဥ္ ပန္းတင္ပို႔မႈပမာဏ လက္ရွိအားျဖင့္ ကန္ေဒၚလာ သန္း ၅၀ ဖိုးမွ ျမွင့္တင္သြားရန္ ရည္မွန္းထားသည္။

ဒါးလတ္သည္ ႏွစ္စဥ္ ပန္းခိုင္ေပါင္း ၃ ဒသမ ၁ ဘီလီယံ ထုတ္လုပ္ႏိုင္စြမ္းရွိသည္။

(ပန္းျမိဳ႕ေတာ္)

ေဒါက္တာ အလက္ဇန္ဒေရ ယာဆင္က ၁၈၉၃ ခုႏွစ္တြင္ စတင္ရွာေဖြေတြ႔ရွိခဲ့ခ်ိန္က ဒါးလတ္မွာ ေတာင္ေပၚ ေျမရိုင္းေနရာအျဖစ္တစ္ခုသာရွိေသးသည္။

ထိုေဒသသည္ Langbiang ကုန္းျမင့္ေဒသတြင္ တည္ရွိျပီး ပင္လယ္ေရမ်က္ႏွာျပင္အထက္ မီတာ ၁၅၀၀ အျမင့္တြင္ တည္ရွိသည္။

စြန္႔စားသြားလာသူ ဆြစ္-ျပင္သစ္ဆရာဝန္ ေဒါက္တာယာဆင္သည္ ကာလတာရွည္ စူးစမ္းေလ့လာေရးခရီးစဥ္ တြင္ ေတြ႔ရွိခဲ့သည့္ လူမေနေသာ ကုန္းေျမတစ္ခုသည္ ေနာင္တခ်ိန္တြင္ အင္ဒိုခ်ဳိင္းနား ေဒသ၌ စြဲမက္စရာ ေနရာတစ္ခုျဖစ္လာျပီး အပန္းေျဖအနားယူ အားေမြးမည့္သူမ်ားအတြက္ ေလာကနိဗၺာန္ေနရာျဖစ္လာမည္ကို မသိခဲ့ေခ်။

ေဒါက္တာယာဆင္က ထိုေနရာကို ရွာေဖြေတြ႔ရွိျပီး မၾကာမီမွာပင္ ဒါးလတ္သည္ ျပင္သစ္စစ္သည္တို႔ နာလံထ အနားယူရာေနရာတစ္ခုျဖစ္လာသည္။ ထိုေနရာေဒသသည္ ဇာတိေျမ ျပင္သစ္ႏိုင္ငံႏွင့္ အေတာ္တူညီေနသည္ ဟု စစ္သည္မ်ားက ခံစားၾကရသည္။

ယေန႔ကာလတြင္ ဒါးလတ္၌ ျပင္သစ္အရိပ္အေငြ႔မ်ားစြာ ေတြ႔ရမည္ျဖစ္ရာ လွပသည့္ ျပင္သစ္ေနအိမ္မ်ား သာမက ျပင္သစ္တို႔က အိမ္လြမ္းေဝဒနာကုစားရန္ ျပင္သစ္မွ ယူလာၾကေသာ ဟင္းသီးဟင္းရြက္ႏွင့္ ပန္းမန္မ်ားကိုလည္း ယေန႔တုိင္ မ်ဳိးစိတ္မ်ား က်န္ရစ္သည္ကို ေတြ႔ရမည္ ျဖစ္သည္။

ေျမၾသဇာႏွင့္ ရာသီဥတုေကာင္းမြန္မႈေၾကာင့္ ေဒသမ်ဳိးရင္းမ်ားနည္းတူ ျပင္သစ္မွယူေဆာင္လာသည့္ ဟင္းသီးဟင္းရြက္ႏွင့္ ပန္းမန္မ်ားမွာ ေကာင္းစြာျဖစ္ထြန္းၾကရာ ဒါးလတ္၏ စိုက္ပ်ဳိးေရးမွာ မ်ဳိးစိတ္မ်ား ၾကီးပြားလာခဲ့သည္။

ဟႏြိဳင္းမွ ပန္းစိုက္ရြာမ်ားျဖစ္ေသာ Ngoc Ha ႏွင့္ Nghi Tam တို႔သည္ Ha Dong သို႔ ေျပာင္းေရႊ႕ အေျခခ်ၾကေသာ ၁၉၃၈ ခုႏွစ္တြင္ ဒါးလတ္၏ ပန္းစိုက္ပ်ဳိးေရးမွာ ေရာင္းဝယ္ေရးနယ္သို႔ ဝင္ေရာက္လာခဲ့သည္။

(◼ ဒါးလတ္ေဒသခံတို႔၏ ရိုမန္႔တစ္ဆန္ေသာ ပန္းအလွဆင္ အႏုပညာ။ ဓာတ္ပံု- Thanh Hoa )

(◼ ဒါးလတ္ ပန္းပြဲေတာ္မွ ေမာ္ေတာ္ကား ပန္းအလွဆင္ျပိဳင္ပြဲ။ ဓာတ္ပံု- Thanh Hoa )

(◼ ၆ လပန္းသည္ ဒါးလတ္တြင္ နာမည္ေက်ာ္သည့္ ပန္းမ်ားျဖစ္သည္။ ဓာတ္ပံု- Thanh Hoa )

(◼ ဒါးလတ္မွ ပန္းမ်ားႏွင့္ ေဒသခံမ်ား။ ဓာတ္ပံု- Thanh Hoa )

(◼ ဒါးလတ္မွ Van Thanh ပန္းရြာ။ ဓာတ္ပံု- Thanh Hoa )

(◼ ဒါးလတ္မွ ပန္းမ်ား ေဝဆာေနေသာ လမ္းတစ္လမ္း။ ဓာတ္ပံု- Thanh Hoa )

(◼ ဒါးလတ္တြင္ ပန္းစိုက္ရြာေပါင္းမ်ားစြာႏွင့္ ပန္းစိုက္ျခံမ်ားစြာရွိျပီး လာေရာက္လည္ပတ္သူမ်ားကို အျမဲတံခါးဖြင့္ ၾကိဳဆုိလ်က္ရွိသည္။ ဓာတ္ပံု- Thanh Hoa )

(◼ ဒါးလတ္သည္ ပဲရစ္ျမိဳ႕ႏွင့္တူျပီး ရာသီဥတုေကာင္းမြန္ကာ တစ္ႏွစ္ပတ္လံုး ပန္းမ်ား ေဝဆာဖူးပြင့္ၾကသည္။ ဓာတ္ပံု- Thanh Hoa )

ပန္းစိုက္ပ်ဳိးေရးသည္ ေဒသခံမ်ား၏ ဘဝရပ္တည္ေရးအတြက္ အေရးပါရံုမွ်မက ဒါးလတ္ကိုလည္း အသြင္သစ္၊ ျမင္ကြင္းသစ္ ေျပာင္းလဲသြားေစခဲ့သည္။

ယေန႔အခါတြင္ ဒါးလတ္ရွိ ေက်းရြာမ်ား၊ ကြင္းျပင္မ်ား၊ လမ္းမ်ားႏွင့္ ေနအိမ္မ်ားတြင္ တစ္ႏွစ္ပတ္လံုး ပန္းမ်ားေဝဆာဖူးပြင့္လ်က္ရွိေနသည္ကို ေတြ႔ရမည္ ျဖစ္သည္။

ဒါးလတ္ကို အလွဆင္ထားသည့္ ပန္းမ်ဳိးစိတ္အမ်ဳိးမ်ဳိး၊ အေရာင္အေသြး အမ်ဳိးမ်ဳိးရွိရာ လာဗန္ဒါ၊ ႏွင္းပန္း၊ ၆ လပန္းအရြက္ၾကီးမ်ဳိး၊ ဘိသိက္ပန္း၊ နီလာပန္း၊ ေၾကြပန္း၊ ျဖဴဝါစပ္ ေဒစီပန္း၊ အဝါေရာင္ေဒစီပန္းမ်ား၊ ႏွင္းဆီမ်ား၊ ခရမ္းေရာင္ပန္းေလးမ်ားပြင့္ေသာ Texas bluebell မ်ား (ျမန္မာျပည္တြင္မူ Mexican bluebell ပန္းမ်ဳိးသာရွိျပီး ၾကည္ျပာပန္းဟု အမည္ေပးထားသည္။ Texas bluebell ႏွင့္ အပြင့္ခ်င္း အနည္းငယ္ဆင္သည္)၊ ပန္းခရမ္းျပာ (စိန္ပန္းျပာ)မ်ား၊ ဟိမဝႏၱာ ေတာခ်ယ္ရီမ်ား အပါအဝင္ျဖစ္သည္။

ဒါးလတ္ျမိဳ႕ေလးသည္ ပန္းရာသီအလိုက္ ျမင္ကြင္းအမ်ဳိးမ်ဳိး ေျပာင္းလဲေလ့ရွိသည္။

ဇန္နဝါရီလဆိုလွ်င္ ဟိမဝႏၱာ ခ်ယ္ရီရိုင္းတို႔ သဲသဲလႈပ္ဖူးပြင့္ရာ တစ္ျမိဳ႕လံုး ရဲရဲနီေနေလ့ရွိျပီး ဧျပီလသို႔ ေရာက္ လွ်င္ Texas bluebell တို႔၏ အေရာင္ျဖင့္ ခရမ္းေရာင္လႊမ္းေနမည္ျဖစ္ကာ ေအာက္တိုဘာလတြင္မူ နန္းလံုးၾကိဳင္ပန္းတို႔ ဖံုးလႊမ္းကာ အဝါေရာင္အတိျပီးေနလိမ့္မည္ ျဖစ္၏။

ပန္းမ်ားသည္ ဒါးလတ္ျမဳိ႕သူျမိဳ႕သားတို႔၏ အခ်စ္ႏွင့္ဘဝ ျဖစ္သည္။

ထိုျမိဳ႕တြင္ ပန္းမ်ားကို အေျပာက်ယ္ေသာ ကြင္းျပင္မ်ား၊ လမ္းမ်ားႏွင့္ ျပတင္းေပါက္မ်ားတြင္သာမက ေဒသခံ တို႔၏ အႏုပညာလက္ရာမ်ားျဖစ္ေသာ ကဗ်ာ၊ စာေပ၊ ဂီတ၊ ပန္းခ်ီႏွင့္ ဗိသုကာတို႔တြင္ပါ ပန္းမ်ားအေၾကာင္း ေတြ႔ရမည္ျဖစ္သည္။

ဒါးလတ္သည္ အေရွ႕ေတာင္အာရွတြင္ တစ္ႏွစ္လွ်င္ ၂ ၾကိမ္ ပန္းပြဲေတာ္က်င္းပသည့္ တစ္ခုတည္းေသာ ျမိဳ႕လည္း ျဖစ္သည္။

ဒါးလတ္တြင္ လက္ရွိအားျဖင့္ ေျမဟက္တာေပါင္း ၉၀၀၀ ဝန္းက်င္ခန္႔တြင္ ပန္းမ်ား စိုက္ပ်ဳိးထားျပီး ႏွစ္စဥ္ ပန္းခက္ ၃ ဒသမ ၁ ဘီလီယံ ထုတ္လုပ္လ်က္ရွိျပီး ယင္းအနက္မွ ၁၀ ရာခိုင္ႏႈန္းသာ ျပည္ပသို႔ တင္ပို႔ေရာင္းခ် သည္။

Dalat Hasfarm ၏ လက္ေထာက္အေထြေထြညႊန္ၾကားေရးမွဴး ငုယင္ ဗန္ေပါင္ (Nguyen Van Bao) က ဒါးလတ္၏ ပန္းတင္ပို႔ႏိုင္စြမ္း နည္းပါးရျခင္းမွာ ထုတ္လုပ္မႈက႑ ညံ့ဖ်င္းျခင္းႏွင့္ ဆြတ္ခူးျပီးေနာက္ပိုင္း နည္းပညာပိုင္း လိုအပ္ခ်က္တို႔ေၾကာင္းျဖစ္သည္ဟု ဆိုသည္။

ထို႔အျပင္ ပန္းမ်ဳိးစိတ္ မူပိုင္ခြင့္ ခ်ဳိးေဖာက္ျခင္းမွာလည္း ဒါးလတ္၏ ပန္းမ်ား ျပည္ပသို႔ တင္ပို႔မႈတြင္ အဟန္႔အတားတစ္ခုျဖစ္ေနေၾကာင္း ၎က ေထာက္ျပသည္။

လက္ရွိအားျဖင့္ ဒါးလတ္တြင္ စိုက္ပ်ဳိးထုတ္လုပ္ေနေသာ ပန္းမ်ဳိးမ်ား၏ ၂၀ ရာခိုင္ႏႈန္းသာ မူပိုင္ခြင့္ရွိျပီး က်န္သည့္ ပန္းမ်ားမွာ မူရင္းပန္းမ်ဳိးကို တရားမဝင္ မ်ဳိးပြားထားျခင္းျဖစ္ျပီး အရည္အေသြးနိမ့္ေသာေၾကာင့္ ျပည္ပသို႔ တင္ပို႔၍ မရ။

ႏွစ္စဥ္ႏွစ္တိုင္း ဒါးလတ္မွ ပန္းပင္မ်ား၊ ပန္းခက္မ်ား၊ မ်ဳိးေစ့မ်ား၊ ပန္းဖူးမ်ား၊ ပန္းမ်ဳိးသစ္ မ်ဳိးဥမ်ား သန္း ၅၀ မွ သန္း ၉၀ ၾကားကို ျပည္ပမွ မွာယူတင္သြင္းေလ့ရွိသည္။

ျမိဳ႕၏ အၾကီးအကဲတို႔က ေမွ်ာ္လင့္ထားသည္မွာ လာမည့္ ၂၀၃၀ ျပည့္ႏွစ္သို႔ေရာက္လွ်င္ ပန္းႏွင့္ ဟင္းသီးဟင္းရြက္ စိုက္ပ်ဳိးထုတ္လုပ္မႈ၏ အနည္းဆံုး ၃၀ ရာခိုင္ႏႈန္းသည္ ျပည္ပသို႔ တင္ပို႔ရန္အတြက္ မူပိုင္ခြင့္ လိုအပ္ခ်က္မ်ားႏွင့္ ကိုက္ညီလာလိမ့္မည္ဟု ေမွ်ာ္မွန္းထားသည္။

ထို႔အျပင္ ဟင္းသီးဟင္းရြက္ႏွင့္ ပန္းစိုက္ပ်ဳိးထုတ္လုပ္သူမ်ား၏ ၉၀ ရာခိုင္ႏႈန္းမွာ ၎တို႔၏ စိုက္ခင္းမ်ားအတြက္ အဆင့္ျမင့္နည္းပညာ နည္းလမ္းမ်ား အသံုးျပဳလာႏိုင္ၾကမည္ဟုလည္း ေမွ်ာ္မွန္းထားသည္။

[◼ ဒါးလတ္တြင္ ပန္းစိုက္ပ်ဳိးေျမ ဟက္တာေပါင္း ၉၀၀၀ (၂၂၂၃၉ ဧက) ခန္႔ရွိျပီး တစ္ႏိုင္ငံလံုး ပန္းစိုက္ပ်ဳိးမႈ၏ ၃၀ ရာခိုင္ႏႈန္း ရွိသည္]

(◼ ဒါးလတ္မွ အဆင့္ျမင့္နည္းပညာသံုး ပန္းျခံတစ္ခု ။ ဓာတ္ပံု Thanh Hoa )

(◼ ျပည္ပသို႔ တင္ပို႔ရန္အတြက္ Dalat Hasfarm Ltd က စိုက္ပ်ဳိးထားသည့္ ႏွင္းဆီပန္းမ်ား။ ဓာတ္ပံု Thanh Giang )

(◼ ျပည္ပတင္ပို႔ရန္ ဒါးလတ္တြင္ စိုက္ပ်ဳိးထားသည့္ သစ္ခြမ်ား။ ဓာတ္ပံု Thanh Giang )

(◼ Dalat Hasfarm တြင္ ျပည္ပတင္ပို႔မည့္ ႏွင္းဆီပန္းမ်ား ေစာင့္ၾကည့္စစ္ေဆးမႈ။ ဓာတ္ပံု Thanh Giang )

(◼ Dalat Hasfarm ကုမၸဏီ၏ ပန္းစိုက္ခင္းအလုပ္သမားမ်ား။ ဓာတ္ပံု Thanh Giang )

(◼ ျဖတ္ခူးျပီးေသာ ႏွင္းဆီမ်ားကို သယ္ယူပို႔ေဆာင္စဥ္ကာလအတြင္း မထိခိုက္ေစရန္ အထူးျပဳလုပ္ထားသည့္ အစျဖင့္ ထုပ္ပိုးေနပံု။ ဓာတ္ပံု Thanh Hoa )

(◼ Dalat Hasfarm ၏ ပန္းထုပ္ပိုးမႈ လုပ္ငန္းခြင္ေနရာ။ ဓာတ္ပံု Thanh Hoa )

(◼ Dalat Hasfarm ၏ စိုက္ခင္းအလုပ္သမားမ်ားက ခူးဆြတ္ထားေသာ ပန္းမ်ားကို စိုက္ခင္းမ်ားမွတဆင့္ စစ္ေဆးေရးႏွင့္ ထုတ္ပိုးေရးအလုပ္ရံုသို႔ ပို႔ေဆာင္ၾကသည္။ ဓာတ္ပံု - Thanh Hoa )

(◼ ပန္းထုတ္ပိုးေရးေနရာ။ ဓာတ္ပံု- Thanh Hoa )

ဒါးလတ္မွ ပန္းထုတ္လုပ္သည့္ကုမၸဏီမ်ားက ပန္းမ်ဳိးစိတ္အမ်ဳိးမ်ဳိးထုတ္လုပ္ရန္ သုေတသနစတင္ျပဳလုပ္လ်က္ ရွိရာ ရလဒ္ေကာင္းမ်ား ရရွိလာၾကသည္။

ယင္းသို႔ တိုးတက္မႈရရွိလာေသာ ကုမၸဏီမ်ားတြင္ Pan-Hulic, Dalat Hasfarm ႏွင့္ Dalat Flower Forest Biotechnology Corporation တို႔ ပါဝင္သည္။

Dalat Flower Forest ဇီဝနည္းပညာေကာ္ပိုေရးရွင္းသည္ ဗီယက္နမ္၏ အေရးပါေသာ မ်ဳိးေစ့ဘဏ္အျဖစ္ သတ္မွတ္ခံရျပီး စက္မႈအဆင့္ သုေတသနဓာတ္ခြဲခန္းပိုင္ဆိုင္ထားျပီး in-vitro နည္းကိုအသံုးျပဳကာ ပန္းမ်ဳိးစိတ္မ်ား ထုတ္လုပ္သည္။

ျပင္သစ္နည္းပညာသံုးဓာတ္ခြဲခန္းျဖစ္ျပီး ေျမအက်ယ္အဝန္း စတုရန္းမီတာ ၅၀၀၀ ေပၚတြင္ တည္ေဆာက္ထား ျခင္းျဖစ္ကာ ႏွစ္စဥ္ပန္းမ်ဳိးေစ့ ၂၄ သန္း ထုတ္လုပ္ႏိုင္စြမ္းရွိသည္။

Dalat Flower Forest ေကာ္ပိုေရးရွင္းသည္ နယ္သာလန္၊ ဘယ္လ္ဂ်ီယံ၊ နယူးဇီလန္၊ ဂ်ပန္၊ အေမရိကန္ ျပည္ေထာင္စု၊ ဒိန္းမတ္၊ တရုတ္ႏွင့္ ေတာင္ကိုရီးယားတို႔ရွိ ပန္းစိုက္ပ်ဳိးသူမ်ားထံ ႏွစ္စဥ္မ်ဳိးေစ့ေပါင္း သန္းဆယ္ႏွင့္ခ်ီကာ တင္ပို႔ေရာင္းခ်ႏိုင္ခဲ့သည္။

Dalat Hasfarm သည္ ဒါးလတ္တြင္ ျပည္ပ ပန္းတင္ပို႔မႈေစ်းကြက္၏ ၉၀ ရာခိုင္ႏႈန္းနီးပါး ထုတ္လုပ္ႏိုင္သူျဖစ္သည္။

Dalat Hasfarm ကုမၸဏီတြင္ ေခတ္မီ ပန္းမ်ဳိးစံုစိုက္ပ်ဳိးေျမ ၃၂၀ ဟက္တာရွိသည့္အျပင္ အျခားပန္းစိုက္ ေတာင္သူ ၂၀၀ ေက်ာ္ႏွင့္ ပူးေပါင္းကာ ထုတ္လုပ္မႈ တိုးခ်ဲ႕လ်က္ရွိသည္။

ႏွစ္စဥ္ပန္းပြင့္ေပါင္း သန္း ၄၅၀ ေက်ာ္၊ ပန္းပင္ေပါင္း သန္း ၂၀၀ ေက်ာ္ႏွင့္ ပန္းအိုးေပါင္း သန္းႏွင့္ခ်ီ၍ ေစ်းကြက္သုိ႔ တင္ပို႔သည္။

Dalat Hasfarm သည္ အာရွ-ပစိဖိတ္ေဒသတြင္ ထိပ္တန္း ပန္းအမွတ္တံဆိပ္တစ္ခုျဖစ္လာျပီး ႏိုင္ငံေပါင္း ၁၀ ႏိုင္ငံေက်ာ္သို႔ ပန္းမ်ားတင္ပို႔လ်က္ရွိကာ အေမရိကန္ ပန္းမဂၢဇင္းျဖစ္ေသာ Flowers Tech က Dalat Hasfarm ကို အေရွ႕ေတာင္အာရွ၏ ထိပ္တန္းပန္းထုတ္လုပ္သူအျဖစ္ သတ္မွတ္ျခင္းခံရသည္။

ေျမၾသဇာေကာင္းမႈႏွင့္ ရာသီဥတုေကာင္းမြန္မႈတို႔ေၾကာင့္ ဒါးလတ္သည္ မၾကာမီတြင္ အေရွ႕ေတာင္အာရွတြင္ ပန္းတင္ပို႔မႈ အခ်က္အျခာေနရာတစ္ခု ျဖစ္လာဖြယ္ရာရွိသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Da Lat, the capital of flower export (vietnam)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
Innwa Pyae Sone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service