ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
[Unicode]
အမေရိကန်ပြည်ထောင်စု၊ ပန်ဆယ်ဗေးနီးယားပြည်နယ်ရှိ စင်ထရယ်လီယာ မြို့ကလေးသည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ခန့်က လူစည်ကားသော မြို့ငယ်လေးတစ်ခုဖြစ်ခဲ့ပြီး ဈေးဆိုင်များ ၊ အခြေချနေထိုင်သူများဖြင့် စည်ကားသိုက်မြိုက်ခဲ့သော ကျောက်မီးသွေးတွင်း မြို့ကလေးဖြစ်သည်။
ထိုဒေသရှိ ကျောက်မီးသွေးတွင်းများက ဒေသခံများ၏ စီးပွားရေးကို မောင်းနှင်ပေးခဲ့သည်။
အခြေချနေထိုင်သူ ၁၂၀၀ ခန့်က အတူတကွအလုပ်လုပ်ကြ ၊ ပျော်ရွှင်စွာဆော့ကစားကြရင်း စည်းလုံးညီညွတ်စွာ နေထိုင်ခဲ့ကြသည်။ ယနေ့တွင်ကား စင်ထရယ်လီယာ၏ လမ်းများပေါ်တွင် လူသူကင်းမဲ့နေလေပြီ။
မြို့ကလေး၏ အဆောက်အအုံအများစုမှာ မရှိတော့။
တစ်ခေတ်တစ်ခါက စည်ကားခဲ့ဖူးသော မြို့ကလေးရှိရာ အဝေးပြေးလမ်းမများပေါ်တွင် ဂရာဖစ်တီ ဆေးရေးအရုပ်များ ပွစာကြဲနေကာ လမ်းမပေါ်တွင်ကား မီးခိုးများ တအူအူပျံ့လွင့်လျှက်ရှိသည်။ တစ်ခါက စည်ကားခဲ့ဖူးသော မြို့ကလေးမှာ လူသူကင်းမဲ့သော မြို့တစ်မြို့ဖြစ်ခဲ့လေပြီ။
မြို့ကလေး၏ မြေအောက်တွင်ရှိသော ကျောက်မီးသွေးတွင်းတစ်ခု မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အဆိုပါမီးမှာ နှစ်ပေါင်း ၅၀ ကျော်လောင်ကျွမ်းခဲ့ပြီး စင်ထရယ်လီယာ၏ လူသူကင်းမဲ့သော လမ်းများအောက်တွင် ယနေ့တိုင် လောင်ကျွမ်းနေဆဲဖြစ်သည်။
ထိုမီးကြောင့် မြို့သူမြို့သားအားလုံး ပြောင်းရွှေ့ခဲ့ရပြီး အများစုမှာ ချွတ်ခြုံကျခဲ့ရသည်။
ကျောက်မီးသွေးကြောများ မီးလောင်ခြင်းမှာ အသစ်အဆန်းကားမဟုတ်။
သို့သော် အမေရိကန်ပြည်ထောင်စုမှ စင်ထရယ်လီယာ ကျောက်မီးသွေးတွင်းမီးမှာမူ လူ့သမိုင်း၏ အဆိုးရွားဆုံးနှင့် ပျက်စီးမှုအများဆုံးမီး ဖြစ်ခဲ့သည်။
၁၉၆၂ ခုနှစ်တွင် စင်ထရယ်လီယာ ကျောက်မီးသွေးတွင်း မီးမလောင်မီက ကျောက်မီးသွေးတွင်း အချက်အခြာနေရာတစ်ခုအဖြစ် နှစ်ပေါင်း ၁၀၀ ကျော်ရပ်တည်ခဲ့သည်။
စင်ထရယ်လီယာသည် အင်သရာဆိုက် ကျောက်မီးသွေးတို့ ပေါကြွယ်ဝသည့် နေရာတစ်ခုဖြစ်သည်။
၁၈၅၀ ပြည့်လွန်ကာလများအတွင်း ထိုဒေသတွင် ကျောက်မီးသွေးစတင် တူးဖော်ချိန်မှစပြီး စင်ထရယ်လီယာမြို့ကလေးကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။
စင်ထရယ်လီယာမြို့ကလေးသည် ၁၈၆၀ ပြည့်လွန်ကာလများအတွင်း Molly Maguires အမည်ရှိ ဂိုဏ်းတစ်ခု၏ ဂိုဏ်းဝင်များ အခြေချနေထိုင်ရာ ဖြစ်ခဲ့သည်။
Molly Maguires သည် လျှို့ဝှက်အဖွဲ့တစ်ခုဖြစ်ပြီး အိုင်ယာလန်နိုင်ငံတွင် မြစ်ဖျားခံသည်။
နောက်ပိုင်းတွင် အမေရိကန်ရှိ ကျောက်မီးသွေးတွင်းများမှ အိုင်ယာလန်သားများအကြား ပျံ့နှံ့ခဲ့သည်။
အဆိုပါ ဂိုဏ်းအကြောင်းကို Molly Maguires ဟူသော အမည်ဖြင့်ပင် ၁၉၇၀ ခုနှစ်က ရုပ်ရှင်ရိုက်ကူးခဲ့ဖူးရာ မင်းသားကြီး ရှောင်ကွန်နရီ ပါဝင်သရုပ်ဆောင်ခဲ့သည်။
၁၈၆၀ နှောင်းပိုင်းကာလများတွင် Molly Maguires ဂိုဏ်းဝင်တို့သည် စင်ထရယ်လီယာမြို့လေးအတွင်း အကြမ်းဖက်မှုများ ကျူးလွန်လာသည်ဟု သံသယဖြစ်လာရသည်။
သမိုင်းပညာရှင် Deryl B. Johnson ၏ရေးသားချက်အရ ထိုဂိုဏ်းဝင်တို့သည် မြို့ကလေး၏ တည်ထောင်သူ Alexander Rae အား သတ်ဖြတ်ခြင်းမှသည် ထိုဒေသ၏ ပထမဆုံးဘုန်းတော်ကြီး သေဆုံးမှုအထိ တာဝန်ရှိသည်ဟု ဆိုသည်။
နောက်ဆုံးတွင်ကား ထိုဂိုဏ်းကို အပြင်းအထန်နှိမ်နှင်းမှုများပြုလုပ်ကာ ခေါင်းဆောင်ဟု သံသယရှိသူများကို ၁၈၇၇ ခုနှစ်တွင် ကွပ်မျက်ခဲ့ပြီးနောက်ပိုင်း ရာဇဝတ်မှုများ နိဂုံးချုပ်သွားခဲ့သည်။
(ကျောက်မီးသွေးတွင်း တစ်ခုတွင် တွေ့ရသော Molly Maguires ဂိုဏ်းဝင်များ။ ၁၈၇၀ ခုနှစ်ဝန်းကျင်က။ ဓာတ်ပုံ (Credit: Kean Collection/Getty Images))
၁၈၉၀ ပြည့်နှစ်သို့ရောက်သောအခါ မြို့ကလေးတွင် အခြေချနေထိုင်သူ ၂၇၀၀ ကျော် ရှိနေပြီ ဖြစ်သည်။
အများစုမှာ ကျောက်မီးသွေးတွင်းသားများနှင့် သူတို့၏ မိသားစုဝင်များဖြစ်ကြသည်။
၁၉၂၉ မှ ၁၉၃၉ ခုနှစ်အကြား ကမ္ဘာလုံးဆိုင်ရာ မဟာစီးပွားပျက်ကပ်ကြီး ဆိုက်ရောက်ချိန်တွင် စတော့ပ်ဈေးကွက် ပြိုလဲသွားပြီး စင်ထရယ်လီယာ၏ ကျောက်မီးသွေးလုပ်ငန်းကိုလည်း ကြီးမားသည့် ထိုးနှက်ချက် ဖြစ်ခဲ့သည်။
သို့သော် မြို့ကလေး ပြိုလဲမသွားခဲ့။
(မြို့လေး၏ ကြေကွဲဖွယ်ဖြစ်ရပ် ဘယ်လိုစခဲ့သလဲ)
စင်ထရယ်လီယာမြို့လေး၏ မြေဖို့သည့် ကိစ္စမှ စတင်ခဲ့ခြင်းဖြစ်သည်ဟု ယူဆရသည်။
စွန့်ပစ်ထားသည့် မိုင်းတွင်းဟောင်းတစ်ခုကို ၁၉၆၂ ခုနှစ်တွင် အမှိုက်ပစ်ရာနေရာအဖြစ် ပြောင်းလဲခဲ့သည်။
အမှိုက်မှာ စင်ထရယ်လီယာအတွက် ခေါင်းကိုက်စရာ အကြောင်းအရပ်တစ်ခု ဖြစ်ခဲ့သည်။
တစ်မြို့လုံးတွင် အမှိုက်ပုံများပြည့်နှက်နေရာ အနံ့ဆိုးများနှင့်ကြွက်များ သောင်းကျန်းနေမှုကြောင့် မြို့ကောင်စီက ထိုပြဿနာကို ဖြေရှင်းလိုသည်။
စင်ထရယ်လီယာမြို့ကောင်စီ၏ အမှိုက်ရှင်းသည့် နည်းလမ်းမှာ မီးရှို့ခြင်းဖြစ်သည်။
ထိုအမှိုက်မီးကြောင့် မြို့၏ မြေအောက်ရှိ ကျောက်မီးသွေးတွင်းများထံ ကူးစက်သွားသည်။
မကြာမီတွင်ပင် စင်ထရယ်လီယာမြို့မြေအောက်မှ ကျောက်မီးသွေးကြောကြီးတစ်ခု မီးစွဲလောင်တော့သည်။
ထိုနေရာမှတဆင့် မြို့လမ်းများအောက်ရှိ ကျောက်မီးသွေးဥမင်များထံ ကူးစက်သွားသည်။
ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့များ အလွန်အမင်းပျံ့နှံ့လာမှုကြောင့် ကျောက်မီးသွေးတွင်းအားလုံးမှာ ပိတ်သိမ်းလိုက်ရသည်။ မီးငြိမ်းသတ်ရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။
မြို့မြေအောက်တွင် စွန့်ပစ်ထားသည့် ကျောက်မီးသွေးဥမင်များ အလွန်များပြားစွာရှိနေခြင်းကလည်း မီးကိုအားပေးသကဲ့သို့ ဖြစ်နေသည်။
(မြေအောက် ကျောက်မီးသွေးတွင်းမီးကြောင့် PA Highway 61 အဝေးပြေးလမ်းမကြီးတွင် ကြီးမားသည့် အက်ကြောင်းကြီးဖြစ်ပေါ်ကာ အက်ကြောင်းကြားမှ မီးခိုးများထွက်နေသည်ကို ၂၀၁၀ ပြည့်နှစ်အတွင်းက တွေ့ခဲ့ရသည့် ဓာတ်ပုံဖြစ်သည်။ ဓာတ်ပုံ-Credit: Don Emmert/AFP/Getty Images)
နှစ်ကာလကြာရှည်လာသည်နှင့်အမျှ မြို့ကလေး၏ မြေပြင်မှာ တစထက်တစ ပူသည်ထက် ပူလာရာ အချို့နေရာများတွင် အပူချိန်မှာ ၉၀၀ ဒီဂရီဖာရင်ဟိုက်အထက်အထိ ရောက်နေသည်။
တွင်းပေါက်များထဲမှ မီးခိုးများ အမြဲအူထွက်နေပြီး မြေအောက်ခန်းများတွင် မီးလောင်မှုကြောင့် ထွက်ပေါ်လာသော ဓာတ်ငွေ့များဖြင့် ပြည့်နှက်နေသည်။
မြို့သူမြို့သားများမှာ ကျန်းမာရေးပြဿနာများ ရင်ဆိုင်လာကြရပြီး နေအိမ်များမှာလည်း ယိုင်နဲ့လာကြသည်။
“သေဆုံးပြီးသားလူတွေတောင် ငြိမ်းငြိမ်းချမ်းချမ်း အနားမယူနိုင်ပါဘူး။ မြို့က သုဿာန် ၂ ခုမှာရှိတဲ့ အုတ်ဂူတွေဟာ မီးလောင်အက်ကွဲလာတဲ့ ချောက်တွေထဲကို ကျသွားကြတယ်။” ဟု Greg Walter က ၁၉၈၁ ခုနှစ်တွင် မြို့လေးအကြောင်း ရေးသားခဲ့သည်။
ထိုနှစ်အစောပိုင်းက မီးလောင်မှုကြောင့် ဖြစ်ပေါ်လာသည့် တွင်းကြီး ၁ ခုထဲသို့ ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ပြုတ်ကျခဲ့ရာ အသက်ဘေးမှ မနည်းရုန်းထွက်ခဲ့ရသည်။
အမေရိကန်အောက်လွှတ်တော်က ကျောက်မီးသွေးတွင်းများအား မီးငြိမ်းရန်ထက် မြို့သူမြို့သားများကို ထောက်ပံ့ကြေးငွေများပေးကာ မြို့မှပြောင်းရွှေ့စေရန်သာ ဆုံးဖြတ်ခဲ့ကြသည်။
၁၉၉၂ ခုနှစ်တွင် ပန်ဆယ်လ်ဗေးနီးယားပြည်နယ် အုပ်ချုပ်ရေးအဖွဲ့က မရွှေ့ပြောင်းဘဲ ကျန်ရှိနေသူများကို ၎င်းတို့ကောင်းကျိုးအတွက် မောင်းထုတ်ခဲ့ကြသည်။
ယင်းနောက် စင်ထရယ်လီယာမြို့ကလေးရှိ အဆောက်အအုံအားလုံးကို လူနေရန် မသင့်လျော်ကြောင်း ကြေညာခဲ့သည့်အပြင် မြို့ကလေး၏ ZIP code ကိုလည်း ဖျက်သိမ်းခဲ့သည်။
တရားရုံး၏ အမိန့်ဖြင့် မြို့ကလေးတွင် ဆက်လက်နေထိုင်သူ ၇ ဦးရှိသော်လည်း ၎င်းတို့၏ နေအိမ်များကို အခြားသူအား လက်ဆင့်ကမ်းပေးအပ်ခြင်း(သို့မဟုတ်) ရောင်းချခြင်းများ မပြုလုပ်ရန် တားမြစ်ထားသည်။
စင်ထရယ်လီယာမြို့ကလေးမှ ကျောက်မီးသွေးတွင်းများမှာ ယနေ့ထိ မီးလောင်ကျွမ်းနေဆဲ ဖြစ်သည်။
ပန်ဆယ်လ်ဗေးနီးယားပြည်နယ်တွင် မီးလောင်နေသော ကျောက်မီးသွေးတွင်း ၃၈ ခု ရှိသည့်အနက် စင်ထရယ်လီယာလည်း အပါအဝင်ဖြစ်သည်။
ပန်ဆယ်လ်ဗေးနီးယားပြည်နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးဌာန၏ ထုတ်ပြန်ချက်အရ စင်ထရယ်လီယာသည် နောက်ထပ် နှစ်ပေါင်း ၁၀၀ ခန့် ဆက်လက်လောင်ကျွမ်းနေဦးမည်ဖြစ်သည်ဟု ဆိုသည်။
ဘူမိဗေဒပညာရှင် Steve Jones ၏ပြောကြားချက်အရ “စင်ထရယ်လီယာကို မီးငြိမ်းဖို့ဆိုတာ မဖြစ်နိုင်တဲ့ အိပ်မက်ပါပဲ”ဟု ဆိုသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: This Mine Fire Has Been Burning For Over 50 Years (history)
[Zawgyi]
အေမရိကန္က ႏွစ္ေပါင္း ၅၀ ေက်ာ္ မီးမျငိမ္းဘဲ ယေန႔တုိင္ မီးေလာင္ေနျပီး ေနာင္ႏွစ္ေပါင္း ၁၀၀ ေက်ာ္ဆက္လက္ေလာင္ကၽြမ္းေနဦးမည့္ ျမဳိ႕ေလး
အေမရိကန္ျပည္ေထာင္စု၊ ပန္ဆယ္ေဗးနီးယားျပည္နယ္ရွိ စင္ထရယ္လီယာ ျမဳိ႕ကေလးသည္ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၁၀၀ ခန္႔က လူစည္ကားေသာ ျမိဳ႕ငယ္ေလးတစ္ခုျဖစ္ခဲ့ျပီး ေစ်းဆိုင္မ်ား ၊ အေျခခ်ေနထိုင္သူမ်ားျဖင့္ စည္ကားသိုက္ျမဳိက္ခဲ့ေသာ ေက်ာက္မီးေသြးတြင္း ျမဳိ႕ကေလးျဖစ္သည္။
ထိုေဒသရွိ ေက်ာက္မီးေသြးတြင္းမ်ားက ေဒသခံမ်ား၏ စီးပြားေရးကို ေမာင္းႏွင္ေပးခဲ့သည္။
အေျခခ်ေနထိုင္သူ ၁၂၀၀ ခန္႔က အတူတကြအလုပ္လုပ္ၾက ၊ ေပ်ာ္ရႊင္စြာေဆာ့ကစားၾကရင္း စည္းလံုးညီညြတ္စြာ ေနထိုင္ခဲ့ၾကသည္။ ယေန႔တြင္ကား စင္ထရယ္လီယာ၏ လမ္းမ်ားေပၚတြင္ လူသူကင္းမဲ့ေနေလျပီ။
ျမဳိ႕ကေလး၏ အေဆာက္အအံုအမ်ားစုမွာ မရွိေတာ့။
တစ္ေခတ္တစ္ခါက စည္ကားခဲ့ဖူးေသာ ျမဳိ႕ကေလးရွိရာ အေဝးေျပးလမ္းမမ်ားေပၚတြင္ ဂရာဖစ္တီ ေဆးေရးအရုပ္မ်ား ပြစာၾကဲေနကာ လမ္းမေပၚတြင္ကား မီးခိုးမ်ား တအူအူပ်ံ႕လြင့္လွ်က္ရွိသည္။ တစ္ခါက စည္ကားခဲ့ဖူးေသာ ျမဳိ႕ကေလးမွာ လူသူကင္းမဲ့ေသာ ျမဳိ႕တစ္ျမိဳ႕ျဖစ္ခဲ့ေလျပီ။
ျမဳိ႕ကေလး၏ ေျမေအာက္တြင္ရွိေသာ ေက်ာက္မီးေသြးတြင္းတစ္ခု မီးေလာင္ကၽြမ္းမႈျဖစ္ပြားခဲ့ရာ အဆိုပါမီးမွာ ႏွစ္ေပါင္း ၅၀ ေက်ာ္ေလာင္ကၽြမ္းခဲ့ျပီး စင္ထရယ္လီယာ၏ လူသူကင္းမဲ့ေသာ လမ္းမ်ားေအာက္တြင္ ယေန႔တိုင္ ေလာင္ကၽြမ္းေနဆဲျဖစ္သည္။
ထိုမီးေၾကာင့္ ျမဳိ႕သူျမဳိ႕သားအားလံုး ေျပာင္းေရႊ႕ခဲ့ရျပီး အမ်ားစုမွာ ခၽြတ္ျခံဳက်ခဲ့ရသည္။
ေက်ာက္မီးေသြးေၾကာမ်ား မီးေလာင္ျခင္းမွာ အသစ္အဆန္းကားမဟုတ္။
သို႔ေသာ္ အေမရိကန္ျပည္ေထာင္စုမွ စင္ထရယ္လီယာ ေက်ာက္မီးေသြးတြင္းမီးမွာမူ လူ႔သမိုင္း၏ အဆိုးရြားဆံုးႏွင့္ ပ်က္စီးမႈအမ်ားဆံုုးမီး ျဖစ္ခဲ့သည္။
၁၉၆၂ ခုႏွစ္တြင္ စင္ထရယ္လီယာ ေက်ာက္မီးေသြးတြင္း မီးမေလာင္မီက ေက်ာက္မီးေသြးတြင္း အခ်က္အျခာေနရာတစ္ခုအျဖစ္ ႏွစ္ေပါင္း ၁၀၀ ေက်ာ္ရပ္တည္ခဲ့သည္။
စင္ထရယ္လီယာသည္ အင္သရာဆိုက္ ေက်ာက္မီးေသြးတို႔ ေပါၾကြယ္ဝသည့္ ေနရာတစ္ခုျဖစ္သည္။
၁၈၅၀ ျပည့္လြန္ကာလမ်ားအတြင္း ထိုေဒသတြင္ ေက်ာက္မီးေသြးစတင္ တူးေဖာ္ခ်ိန္မွစျပီး စင္ထရယ္လီယာျမဳိ႕ကေလးကို တည္ေထာင္ခဲ့ျခင္းျဖစ္သည္။
စင္ထရယ္လီယာျမဳိ႕ကေလးသည္ ၁၈၆၀ ျပည့္လြန္ကာလမ်ားအတြင္း Molly Maguires အမည္ရွိ ဂိုဏ္းတစ္ခု၏ ဂိုဏ္းဝင္မ်ား အေျခခ်ေနထိုင္ရာ ျဖစ္ခဲ့သည္။
Molly Maguires သည္ လွ်ိဳ႕ဝွက္အဖြ႔ဲတစ္ခုျဖစ္ျပီး အိုင္ယာလန္ႏိုင္ငံတြင္ ျမစ္ဖ်ားခံသည္။
ေနာက္ပိုင္းတြင္ အေမရိကန္ရွိ ေက်ာက္မီးေသြးတြင္းမ်ားမွ အိုင္ယာလန္သားမ်ားအၾကား ပ်ံ႕ႏွ႔ံခဲ့သည္။
အဆိုပါ ဂိုဏ္းအေၾကာင္းကို Molly Maguires ဟူေသာ အမည္ျဖင့္ပင္ ၁၉၇၀ ခုႏွစ္က ရုပ္ရွင္ရိုက္ကူးခဲ့ဖူးရာ မင္းသားၾကီး ေရွာင္ကြန္နရီ ပါဝင္သရုပ္ေဆာင္ခဲ့သည္။
၁၈၆၀ ေႏွာင္းပုိင္းကာလမ်ားတြင္ Molly Maguires ဂိုဏ္းဝင္တုိ႔သည္ စင္ထရယ္လီယာျမဳိ႕ေလးအတြင္း အၾကမ္းဖက္မႈမ်ား က်ဴးလြန္လာသည္ဟု သံသယျဖစ္လာရသည္။
သမိုင္းပညာရွင္ Deryl B. Johnson ၏ေရးသားခ်က္အရ ထိုဂိုဏ္းဝင္တို႔သည္ ျမဳိ႕ကေလး၏ တည္ေထာင္သူ Alexander Rae အား သတ္ျဖတ္ျခင္းမွသည္ ထိုေဒသ၏ ပထမဆံုးဘုန္းေတာ္ၾကီး ေသဆံုးမႈအထိ တာဝန္ရွိသည္ဟု ဆိုသည္။
ေနာက္ဆံုးတြင္ကား ထိုဂိုဏ္းကို အျပင္းအထန္ႏွိမ္ႏွင္းမႈမ်ားျပဳလုပ္ကာ ေခါင္းေဆာင္ဟု သံသယရွိသူမ်ားကို ၁၈၇၇ ခုႏွစ္တြင္ ကြပ္မ်က္ခဲ့ျပီးေနာက္ပိုင္း ရာဇဝတ္မႈမ်ား နိဂံုးခ်ဳပ္သြားခဲ့သည္။
(ေက်ာက္မီးေသြးတြင္း တစ္ခုတြင္ ေတြ႔ရေသာ Molly Maguires ဂိုဏ္းဝင္မ်ား။ ၁၈၇၀ ခုႏွစ္ဝန္းက်င္က။ ဓာတ္ပံု (Credit: Kean Collection/Getty Images))
၁၈၉၀ ျပည့္ႏွစ္သို႔ေရာက္ေသာအခါ ျမဳိ႕ကေလးတြင္ အေျခခ်ေနထိုင္သူ ၂၇၀၀ ေက်ာ္ ရွိေနျပီ ျဖစ္သည္။
အမ်ားစုမွာ ေက်ာက္မီးေသြးတြင္းသားမ်ားႏွင့္ သူတို႔၏ မိသားစုဝင္မ်ားျဖစ္ၾကသည္။
၁၉၂၉ မွ ၁၉၃၉ ခုႏွစ္အၾကား ကမၻာလံုးဆိုင္ရာ မဟာစီးပြားပ်က္ကပ္ၾကီး ဆိုက္ေရာက္ခ်ိန္တြင္ စေတာ့ပ္ေစ်းကြက္ ျပိဳလဲသြားျပီး စင္ထရယ္လီယာ၏ ေက်ာက္မီးေသြးလုပ္ငန္းကိုလည္း ၾကီးမားသည့္ ထုိးႏွက္ခ်က္ ျဖစ္ခဲ့သည္။
သို႔ေသာ္ ျမဳိ႕ကေလး ျပိဳလဲမသြားခဲ့။
(ျမဳိ႕ေလး၏ ေၾကကြဲဖြယ္ျဖစ္ရပ္ ဘယ္လုိစခဲ့သလဲ)
စင္ထရယ္လီယာျမဳိ႕ေလး၏ ေျမဖို႔သည့္ ကိစၥမွ စတင္ခဲ့ျခင္းျဖစ္သည္ဟု ယူဆရသည္။
စြန႔္ပစ္ထားသည့္ မိုင္းတြင္းေဟာင္းတစ္ခုကို ၁၉၆၂ ခုႏွစ္တြင္ အမိႈက္ပစ္ရာေနရာအျဖစ္ ေျပာင္းလဲခဲ့သည္။
အမိႈက္မွာ စင္ထရယ္လီယာအတြက္ ေခါင္းကိုက္စရာ အေၾကာင္းအရပ္တစ္ခု ျဖစ္ခဲ့သည္။
တစ္ျမဳိ႕လံုးတြင္ အမိႈက္ပံုမ်ားျပည့္ႏွက္ေနရာ အန႔ံဆိုးမ်ားႏွင့္ၾကြက္မ်ား ေသာင္းက်န္းေနမႈေၾကာင့္ ျမိဳ႕ေကာင္စီက ထိုျပႆနာကို ေျဖရွင္းလုိသည္။
စင္ထရယ္လီယာျမဳိ႕ေကာင္စီ၏ အမိႈက္ရွင္းသည့္ နည္းလမ္းမွာ မီးရိႈ႕ျခင္းျဖစ္သည္။
ထိုအမိႈက္မီးေၾကာင့္ ျမဳိ႕၏ ေျမေအာက္ရွိ ေက်ာက္မီးေသြးတြင္းမ်ားထံ ကူးစက္သြားသည္။
မၾကာမီတြင္ပင္ စင္ထရယ္လီယာျမဳိ႕ေျမေအာက္မွ ေက်ာက္မီးေသြးေၾကာၾကီးတစ္ခု မီးစြဲေလာင္ေတာ့သည္။
ထိုေနရာမွတဆင့္ ျမဳိ႕လမ္းမ်ားေအာက္ရွိ ေက်ာက္မီးေသြးဥမင္မ်ားထံ ကူးစက္သြားသည္။
ကာဗြန္မိုေနာက္ဆိုဒ္ ဓာတ္ေငြ႔မ်ား အလြန္အမင္းပ်ံံ႕ႏွံ႕လာမႈေၾကာင့္ ေက်ာက္မီးေသြးတြင္းအားလံုးမွာ ပိတ္သိမ္းလုိက္ရသည္။ မီးျငိမ္းသတ္ရန္ အၾကိမ္ေပါင္းမ်ားစြာ ၾကိဳးစားခဲ့ေသာ္လည္း မေအာင္ျမင္ခဲ့ေခ်။
ျမဳိ႕ေျမေအာက္တြင္ စြန္႔ပစ္ထားသည့္ ေက်ာက္မီးေသြးဥမင္မ်ား အလြန္မ်ားျပားစြာရွိေနျခင္းကလည္း မီးကိုအားေပးသကဲ့သုိ႔ ျဖစ္ေနသည္။
(ေျမေအာက္ ေက်ာက္မီးေသြးတြင္းမီးေၾကာင့္ PA Highway 61 အေဝးေျပးလမ္းမၾကီးတြင္ ၾကီးမားသည့္ အက္ေၾကာင္းၾကီးျဖစ္ေပၚကာ အက္ေၾကာင္းၾကားမွ မီးခိုးမ်ားထြက္ေနသည္ကို ၂၀၁၀ ျပည့္ႏွစ္အတြင္းက ေတြ႔ခဲ့ရသည့္ ဓာတ္ပံုျဖစ္သည္။ ဓာတ္ပံု-Credit: Don Emmert/AFP/Getty Images)
ႏွစ္ကာလၾကာရွည္လာသည္ႏွင့္အမွ် ျမိဳ႕ကေလး၏ ေျမျပင္မွာ တစထက္တစ ပူသည္ထက္ ပူလာရာ အခ်ဳိ႕ေနရာမ်ားတြင္ အပူခ်ိန္မွာ ၉၀၀ ဒီဂရီဖာရင္ဟိုက္အထက္အထိ ေရာက္ေနသည္။
တြင္းေပါက္မ်ားထဲမွ မီးခိုးမ်ား အျမဲအူထြက္ေနျပီး ေျမေအာက္ခန္းမ်ားတြင္ မီးေလာင္မႈေၾကာင့္ ထြက္ေပၚလာေသာ ဓာတ္ေငြ႔မ်ားျဖင့္ ျပည့္ႏွက္ေနသည္။
ျမဳိ႕သူျမဳိ႕သားမ်ားမွာ က်န္းမာေရးျပႆနာမ်ား ရင္ဆိုင္လာၾကရျပီး ေနအိမ္မ်ားမွာလည္း ယိုင္နဲ႔လာၾကသည္။
“ေသဆံုးျပီးသားလူေတြေတာင္ ျငိမ္းျငိမ္းခ်မ္းခ်မ္း အနားမယူႏိုင္ပါဘူး။ ျမဳိ႕က သုႆာန္ ၂ ခုမွာရွိတဲ့ အုတ္ဂူေတြဟာ မီးေလာင္အက္ကြဲလာတဲ့ ေခ်ာက္ေတြထဲကို က်သြားၾကတယ္။” ဟု Greg Walter က ၁၉၈၁ ခုႏွစ္တြင္ ျမဳိ႕ေလးအေၾကာင္း ေရးသားခဲ့သည္။
ထိုႏွစ္အေစာပိုင္းက မီးေလာင္မႈေၾကာင့္ ျဖစ္ေပၚလာသည့္ တြင္းၾကီး ၁ ခုထဲသုိ႔ ၁၂ ႏွစ္အရြယ္ ကေလးငယ္တစ္ဦး ျပဳတ္က်ခဲ့ရာ အသက္ေဘးမွ မနည္းရုန္းထြက္ခဲ့ရသည္။
အေမရိကန္ေအာက္လႊတ္ေတာ္က ေက်ာက္မီးေသြးတြင္းမ်ားအား မီးျငိမ္းရန္ထက္ ျမဳိ႕သူျမိဳ႕သားမ်ားကို ေထာက္ပံ့ေၾကးေငြမ်ားေပးကာ ျမဳိ႕မွေျပာင္းေရႊ႕ေစရန္သာ ဆံုးျဖတ္ခဲ့ၾကသည္။
၁၉၉၂ ခုႏွစ္တြင္ ပန္ဆယ္လ္ေဗးနီးယားျပည္နယ္ အုပ္ခ်ဳပ္ေရးအဖြဲ႔က မေရႊ႕ေျပာင္းဘဲ က်န္ရွိေနသူမ်ားကို ၎တို႔ေကာင္းက်ိဳးအတြက္ ေမာင္းထုတ္ခဲ့ၾကသည္။
ယင္းေနာက္ စင္ထရယ္လီယာျမဳိ႕ကေလးရွိ အေဆာက္အအံုအားလံုးကို လူေနရန္ မသင့္ေလ်ာ္ေၾကာင္း ေၾကညာခဲ့သည့္အျပင္ ျမိဳ႕ကေလး၏ ZIP code ကိုလည္း ဖ်က္သိမ္းခဲ့သည္။
တရားရံုး၏ အမိန္႔ျဖင့္ ျမဳိ႕ကေလးတြင္ ဆက္လက္ေနထိုင္သူ ၇ ဦးရွိေသာ္လည္း ၎တို႔၏ ေနအိမ္မ်ားကို အျခားသူအား လက္ဆင့္ကမ္းေပးအပ္ျခင္း(သုိ႔မဟုတ္) ေရာင္းခ်ျခင္းမ်ား မျပဳလုပ္ရန္ တားျမစ္ထားသည္။
စင္ထရယ္လီယာျမဳိ႕ကေလးမွ ေက်ာက္မီးေသြးတြင္းမ်ားမွာ ယေန႔ထိ မီးေလာင္ကၽြမ္းေနဆဲ ျဖစ္သည္။
ပန္ဆယ္လ္ေဗးနီးယားျပည္နယ္တြင္ မီးေလာင္ေနေသာ ေက်ာက္မီးေသြးတြင္း ၃၈ ခု ရွိသည့္အနက္ စင္ထရယ္လီယာလည္း အပါအဝင္ျဖစ္သည္။
ပန္ဆယ္လ္ေဗးနီးယားျပည္နယ္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းကာကြယ္ေရးဌာန၏ ထုတ္ျပန္ခ်က္အရ စင္ထရယ္လီယာသည္ ေနာက္ထပ္ ႏွစ္ေပါင္း ၁၀၀ ခန္႔ ဆက္လက္ေလာင္ကၽြမ္းေနဦးမည္ျဖစ္သည္ဟု ဆုိသည္။
ဘူမိေဗဒပညာရွင္ Steve Jones ၏ေျပာၾကားခ်က္အရ “စင္ထရယ္လီယာကို မီးျငိမ္းဖို႔ဆိုတာ မျဖစ္ႏိုင္တဲ့ အိပ္မက္ပါပဲ”ဟု ဆိုသည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: This Mine Fire Has Been Burning For Over 50 Years (history)