အမြင့်ဆုံးတေးဆိုငှက်ဟု ဂင်းနက်စ်စံချိန်တင်ထားသူ Mariah Carey ရဲ့နေအိမ်ကို ဝယ်ယူလိုပါသလား ....

အမြင့်ဆုံးတေးဆိုငှက်ဟု ဂင်းနက်စ်စံချိန်တင်ထားသူ Mariah Carey ရဲ့နေအိမ်ကို ဝယ်ယူလိုပါသလား .... - Property News in Myanmar from iMyanmarHouse.com
1 Nov 2022 9:34 am တွင် တင်ခဲ့သည်
550 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Mariah Carey (မွေး-၁၉၆၉) သည် အမေရိကန်အဆိုတော်၊ တေးရေး၊ ရုပ်ရှင်မင်းသမီးတစ်ဦး ဖြစ်သည်။

ဂင်းနက်စ်ကမ္ဘာ့စံချိန်မှတ်တမ်းတွင် Mariah Carey ကို အမြင့်ဆုံးတေးဆိုငှက်ဟု ဖော်ပြခြင်းခံရသည်။

Mariah Carey သည် အသံ ၅ ပြန် Vocal range ရှိပြီး စာသားတစ်မျိုးတည်းကို အသံအနိမ့်အမြင့် အမျိုးမျိုးဖြင့် သီဆိုဟန်၊ whistle register ကို သီဆိုနိုင်မှုတို့ဖြင့် နာမည်ကြီးသည်။

၁၉၉၀ ပြည့်နှစ်တွင် သူ၏ ပွဲဦးထွက်တေးအယ်လ်ဘမ်မှ စတင်နာမည်ကြီးခဲ့သည်။ ပထမဆုံး single သီချင်း ၅ ပုဒ် Billboard Hot 100 စာရင်းဝင်ခဲ့သည့် ပထမဆုံးတေးသံရှင်လည်း ဖြစ်သည်။

Billboard က Mariah Carey ကို ၁၉၉၀ ပြည့်လွန်ကာလများအတွက် Artist of the Decade အဖြစ် သတ်မှတ်ခဲ့သည်။

World Music Awards ကလည်း Mariah Carey ကို ထောင်စုနှစ်၏ အရောင်းရဆုံး အမျိုးသမီး ပေါ့ပ်တေးသံရှင်အဖြစ် ဂုဏ်ပြုခဲ့သည်။

အမေရိက၏ နံပါတ် ၁ single စာရင်းတွင် ၁၁ နှစ်ဆက်တိုက် စာရင်းဝင်ခဲ့ပြီးနောက် ၂၀၀၁ ခုနှစ်တွင် Mariah Carey သည် ကိုလံဘီယာကို ကျောခိုင်းကာ Virgin Records ကုမ္ပဏီနှင့် ဒေါ်လာ သန်း ၁၀၀ တန် တေးသီချင်းသီဆိုမှုစာချုပ် ချုပ်ဆိုခဲ့သည်။

Mariah Carey သည် သမိုင်းတစ်လျှောက် အရောင်းရဆုံးဂီတအနုပညာသမားများတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် တေးအယ်လ်ဘမ်ချပ်ရေ သန်း ၂၂၀ ကျော် ရောင်းချထားရပြီး ဖြစ်သည်။

၂၀၀၈ ခုနှစ်တွင် တိုင်းမ်မဂ္ဂဇင်းကြီး၏ ကမ္ဘာ့သြဇာအလွှမ်းဆုံး အနုပညာရှင်များနှင့် ဖျော်ဖြေရေးပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် Mariah Carey ကို ထည့်သွင်းဖော်ပြခြင်းခံခဲ့ရသည်။

Mariah Carey သည် ဂရမ်မီဆု ၅ ဆု၊ World Music Awards ၁၉ ဆု၊ American Music Awards ၁၀ ဆု၊ ဂင်းနက်စ်ကမ္ဘာ့စံချိန် ၈ ခုနှင့် Billboard Music Awards ၁၅ ဆု ရရှိထားသည်။

(Mariah Carey အချစ်ရေး)

Mariah Carey သည် သူ၏နာမည်ဖြင့် ထုတ်လုပ်ခဲ့သော Mariah Carey အခွေကို သီဆိုအသံသွင်းနေချိန် ကာလအတွင်း Tommy Mottola နှင့် စတင်ချစ်ကြိုက်ခဲ့ပြီး ၁၉၉၃ ခုနှစ်၊ ဇွန်လ ၅ ရက်တွင် နယူးယောက်မြို့၌ လက်ထပ်ခဲ့ကြသည်။

၁၉၉၇ ခုနှစ်၊ မေလ ၃၀ ရက်တွင် ၎င်းတို့နှစ်ဦး လမ်းခွဲခဲ့ကြသည်။

Mariah Carey သည် အဆိုတော် Luis Miguel နှင့် ၁၉၉၈ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ ချစ်ကြိုက်ခဲ့သည်။

ယင်းနောက် Antigua တွင် သူ၏ Bye Bye အမည်ရှိ သီချင်းအတွက် ဂီတဗွီဒီယိုရိုက်ကူးချိန်တွင် လူရွှင်တော် Nick Cannon နှင့် ဆုံစည်းခဲ့ပြီး ၂၀၀၈ ခုနှစ်၊ ဧပြီလ ၃၀ ရက်တွင် လက်ထပ်ခဲ့ကြသည်။

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်တွင် Cannon က ကွာရှင်းပြတ်စဲခွင့် လျှောက်ထားခဲ့သည်။

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်တွင် Mariah Carey သည် သြစတေးလျ ဘီလျံနာ James Packer နှင့် စေ့စပ်ကြောင်းလမ်းခဲ့သည်။

သို့သော် ထိုနှစ် အောက်တိုဘာလတွင် စေ့စပ်ကြောင်းလမ်းမှု ဖျက်သိမ်းခဲ့ကြသည်။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် Mariah Carey သည် အမေရိကန် အကပညာရှင် Bryan Tanaka နှင့် စတင်ချစ်ကြိုက်ခဲ့သည်။

(မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှုများ)

Mariah Carey ၏ သီချင်းများသည် ဆိုရခက်သည်။ မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှု အနည်းငယ်သာရှိရာ အောက်ပါအတိုင်းဖြစ်ပါသည်။

Dream lover -တင်ဇာမော် အိပ်မက်ရူး (ထွန်းအိန္ဒြာဗိုလ် စိတ်ကူးအချစ်မီး)

Hero - အေးချမ်းမေ သူရဲကောင်း (အဆိုပါသီချင်းကိုပင် မဒီ၊ တင်ဇာမော်နှင့် ထွန်းအိန္ဒြာဗိုလ်တို့ ၃ ဦးပါဝင်သော သုံးယောက်စကား တေးအယ်လ်ဘမ်တွင် တင်ဇာမော်က သူရဲကောင်းဟူသော အမည်ဖြင့်ပင် ပြန်လည်သီဆိုထားသည်)

Without you တူးတူး မိဆိုး (နွဲ့ယဉ်ဝင်း ဂျပန်ပြည်ကို ရေးတဲ့စာ)

Do you know where you’re going to - ချမ်းချမ်း ဘယ်ကိုလဲ

(Mariah Carey ၏ စံအိမ် ရောင်းချမည်)

အသက် ၅၂ နှစ်ရှိပြီဖြစ်သော Mariah Carey ၏ အမေရိကန်ပြည်ထောင်စု၊ အတ္တလန္တာပြည်နယ်၊ ဂျော်ဂျီယာမြို့ရှိ စံအိမ်အရောင်းဈေးကွက်ဝင်နေပြီး ရောင်းမထွက်သေးသောကြောင့် ဈေးလျှော့ချပေးလိုက်ပြီ ဖြစ်သည်။

ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမြို့၏ လူစည်ကားသော Buckhead ဒေသတွင် တည်ရှိပြီး အကျယ်အဝန်း စတုရန်းပေ ၁၂၅၇၅ ရှိကာ ယခုနှစ်စက်တင်ဘာလတွင် ကန်ဒေါ်လာ ၆ ဒသမ ၅ သန်းဖြင့် ပထမဆုံး အရောင်းဈေးကွက်တင်ခဲ့ပြီး ရောင်းမထွက်သောကြောင့် ယခုအခါ ကန်ဒေါ်လာ ၅ ဒသမ ၉၉ သန်းသို့ ဈေးလျှော့ပေးလိုက်ခြင်း ဖြစ်သည်။

ဒေါ်လာ ၅၀၀၀၀၀ ဈေးလျှော့ပေးလိုက်သည့်သတင်းကို Mansion Global သတင်းဌာနက ပထမဆုံး ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ယခုဈေးဖြင့် ရောင်းထွက်လျှင်ပင် Mariah Carey အတွက် အမြတ်အနည်းငယ်ရဦးမည်ဖြစ်သည်။

Mariah Carey က အဆိုပါစံအိမ်ကို ပြီးခဲ့သော နိုဝင်ဘာလက ကန်ဒေါ်လာ ၅ ဒသမ ၆၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကာလအတွင်း Mariah Carey သည် အိပ်ခန်း ၉ ခန်းပါ ယခုစံအိမ်တွင် နေထိုင်ခဲ့သည်။

ယခုအခါ Mariah Carey သည် နယူးယောက်သို့ ပြန်လည်အခြေချမည်ဖြစ်သောကြောင့် စံအိမ်ကို ရောင်းချနေခြင်းလည်း ဖြစ်သည်။

ယခုကဲ့သို့ရောင်းချရခြင်းမှာ ဇူလိုင်လအတွင်းက နေအိမ်ဖောက်ထွင်းခံရမှုနှင့် ဆက်နွယ်ခြင်း မရှိချေ။

(စံအိမ်တွင် ရေကူးကန်တစ်ခုနှင့် ရေကူးကန်ဘေးအိမ်လည်း ပါဝင်သည်။ ဓာတ်ပုံ- Bartolotti Media)

(အိမ်တွင်း ရုပ်ရှင်ရုံ။ ဓာတ်ပုံ Jon-Michael Sullivan)

(ပင်မအိပ်ခန်းတွင် ကျယ်ဝန်းသော အဝတ်အစားထားသိုခန်းတစ်ခုလည်း ပါဝင်သည်။ ဓာတ်ပုံ- Jon-Michael Sullivan)

(နေအိမ်တွင် စုစုပေါင်း ရေချိုးခန်း ၉ ခန်းနှင့် powder ခန်း ၄ ခန်းပါဝင်သည်။ ဓာတ်ပုံ- Jon-Michael Sullivan)

(စံအိမ်အတွင်း အိပ်ခန်း ၉ ခန်းပါသည်။ ဓာတ်ပုံ- Jon-Micahel Sullivan)

(မီးဖိုဆောင်။ ဓာတ်ပုံ-Jon-Michael Sullivan)

(ဧည့်ခန်းမှတဆင့် နောက်ဘက်ခြံဝင်းသို့ပေါက်သည်။ ဓာတ်ပုံ Jon-Michael Sullivan)

(စံအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၁၂၀၀၀ ကျော်ရှိသည်။ ဓာတ်ပုံ Jon-Michael Sullivan)

(စံအိမ်၏ ကောင်းကင်မြင်ကွင်း ။ ဓာတ်ပုံ Bartolotti Media)

(ခမ်းနားသော ဝင်ပေါက်နေရာ။ ဓာတ်ပုံ Bartolotti Media)

(လက်ရှိခေါ်ဈေးဖြင့် ရောင်းထွက်လျှင်ပင် Mariah Carey အတွက် အမြတ်ကျန်သေးသည်။ ဓာတ်ပုံ Getty Images)

အရောင်းဈေးကွက်တင်ပေးသူမှာ Christie’s International Real Estate ကုမ္ပဏီမှ အကျိုးဆောင်အမျိုးသမီး Shana Bradley ဖြစ်သည်။

ဈေးလျှော့ပေးခြင်းနှင့် စပ်လျဉ်းပြီး သူမက ပြောသည်မှာ “အိမ်တစ်လုံး ရောင်းမထွက်ခင်မှာ ဈေးလျှော့ပေးတာမျိုးတွေက ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ အတ္တလန္တာရဲ့ အကောင်းဆုံးနေရာမှာရှိပြီး ၄ ဧက ကျယ်ဝန်းတဲ့ ခြံဝန်းထဲက လှပတဲ့ ဒီလိုစံအိမ်မျိုးအတွက် မှန်ကန်တဲ့ဈေးနှုန်းပဲလို့ ကျွန်မယုံကြည်ပါတယ်”ဟု ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Mariah Carey’s Atlanta mansion gets a $500K-plus price cut (nypost, wikipedia)

[Zawgyi]

အျမင့္ဆံုးေတးဆိုငွက္ဟု ဂင္းနက္စ္စံခ်ိန္တင္ထားသူ Mariah Carey ရဲ႕ေနအိမ္ကို ဝယ္ယူလိုပါသလား ....

Mariah Carey (ေမြး-၁၉၆၉) သည္ အေမရိကန္အဆိုေတာ္၊ ေတးေရး၊ ရုပ္ရွင္မင္းသမီးတစ္ဦး ျဖစ္သည္။

ဂင္းနက္စ္ကမၻာ့စံခ်ိန္မွတ္တမ္းတြင္ Mariah Carey ကို အျမင့္ဆံုးေတးဆိုငွက္ဟု ေဖာ္ျပျခင္းခံရသည္။

Mariah Carey သည္ အသံ ၅ ျပန္ Vocal range ရွိျပီး စာသားတစ္မ်ဳိးတည္းကို အသံအနိမ့္အျမင့္ အမ်ဳိးမ်ဳိးျဖင့္ သီဆိုဟန္၊ whistle register ကို သီဆိုႏိုင္မႈတို႔ျဖင့္ နာမည္ၾကီးသည္။

၁၉၉၀ ျပည့္ႏွစ္တြင္ သူ၏ ပြဲဦးထြက္ေတးအယ္လ္ဘမ္မွ စတင္နာမည္ၾကီးခဲ့သည္။ ပထမဆံုး single သီခ်င္း ၅ ပုဒ္ Billboard Hot 100 စာရင္းဝင္ခဲ့သည့္ ပထမဆံုးေတးသံရွင္လည္း ျဖစ္သည္။

Billboard က Mariah Carey ကို ၁၉၉၀ ျပည့္လြန္ကာလမ်ားအတြက္ Artist of the Decade အျဖစ္ သတ္မွတ္ခဲ့သည္။

World Music Awards ကလည္း Mariah Carey ကို ေထာင္စုႏွစ္၏ အေရာင္းရဆံုး အမ်ဳိးသမီး ေပါ့ပ္ေတးသံရွင္အျဖစ္ ဂုဏ္ျပဳခဲ့သည္။

အေမရိက၏ နံပါတ္ ၁ single စာရင္းတြင္ ၁၁ ႏွစ္ဆက္တိုက္ စာရင္းဝင္ခဲ့ျပီးေနာက္ ၂၀၀၁ ခုႏွစ္တြင္ Mariah Carey သည္ ကိုလံဘီယာကို ေက်ာခိုင္းကာ Virgin Records ကုမၸဏီႏွင့္ ေဒၚလာ သန္း ၁၀၀ တန္ ေတးသီခ်င္းသီဆိုမႈစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့သည္။

Mariah Carey သည္ သမိုင္းတစ္ေလွ်ာက္ အေရာင္းရဆံုးဂီတအႏုပညာသမားမ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္ျပီး ကမၻာတစ္ဝန္းတြင္ ေတးအယ္လ္ဘမ္ခ်ပ္ေရ သန္း ၂၂၀ ေက်ာ္ ေရာင္းခ်ထားရျပီး ျဖစ္သည္။

၂၀၀၈ ခုႏွစ္တြင္ တိုင္းမ္မဂၢဇင္းၾကီး၏ ကမၻာ့ၾသဇာအလႊမ္းဆံုး အႏုပညာရွင္မ်ားႏွင့္ ေဖ်ာ္ေျဖေရးပုဂၢိဳလ္ ၁၀၀ စာရင္းတြင္ Mariah Carey ကို ထည့္သြင္းေဖာ္ျပျခင္းခံခဲ့ရသည္။

Mariah Carey သည္ ဂရမ္မီဆု ၅ ဆု၊ World Music Awards ၁၉ ဆု၊ American Music Awards ၁၀ ဆု၊ ဂင္းနက္စ္ကမၻာ့စံခ်ိန္ ၈ ခုႏွင့္ Billboard Music Awards ၁၅ ဆု ရရွိထားသည္။

(Mariah Carey အခ်စ္ေရး)

Mariah Carey သည္ သူ၏နာမည္ျဖင့္ ထုတ္လုပ္ခဲ့ေသာ Mariah Carey အေခြကို သီဆိုအသံသြင္းေနခ်ိန္ ကာလအတြင္း Tommy Mottola ႏွင့္ စတင္ခ်စ္ၾကိဳက္ခဲ့ျပီး ၁၉၉၃ ခုႏွစ္၊ ဇြန္လ ၅ ရက္တြင္ နယူးေယာက္ျမိဳ႕၌ လက္ထပ္ခဲ့ၾကသည္။

၁၉၉၇ ခုႏွစ္၊ ေမလ ၃၀ ရက္တြင္ ၎တို႔ႏွစ္ဦး လမ္းခြဲခဲ့ၾကသည္။

Mariah Carey သည္ အဆိုေတာ္ Luis Miguel ႏွင့္ ၁၉၉၈ ခုႏွစ္မွ ၂၀၀၁ ခုႏွစ္အထိ ခ်စ္ၾကိဳက္ခဲ့သည္။

ယင္းေနာက္ Antigua တြင္ သူ၏ Bye Bye အမည္ရွိ သီခ်င္းအတြက္ ဂီတဗြီဒီယိုရိုက္ကူးခ်ိန္တြင္ လူရႊင္ေတာ္ Nick Cannon ႏွင့္ ဆံုစည္းခဲ့ျပီး ၂၀၀၈ ခုႏွစ္၊ ဧျပီလ ၃၀ ရက္တြင္ လက္ထပ္ခဲ့ၾကသည္။

၂၀၁၄ ခုႏွစ္၊ ဒီဇင္ဘာလ ၁၂ ရက္တြင္ Cannon က ကြာရွင္းျပတ္စဲခြင့္ ေလွ်ာက္ထားခဲ့သည္။

၂၀၁၆ ခုႏွစ္၊ ဇန္နဝါရီလ ၂၁ ရက္တြင္ Mariah Carey သည္ ၾသစေတးလ် ဘီလ်ံနာ James Packer ႏွင့္ ေစ့စပ္ေၾကာင္းလမ္းခဲ့သည္။

သုိ႔ေသာ္ ထိုႏွစ္ ေအာက္တိုဘာလတြင္ ေစ့စပ္ေၾကာင္းလမ္းမႈ ဖ်က္သိမ္းခဲ့ၾကသည္။

၂၀၁၆ ခုႏွစ္၊ ေအာက္တိုဘာလတြင္ Mariah Carey သည္ အေမရိကန္ အကပညာရွင္ Bryan Tanaka ႏွင့္ စတင္ခ်စ္ၾကိဳက္ခဲ့သည္။

(ျမန္မာႏိုင္ငံတြင္ ျပန္လည္သီဆိုမႈမ်ား)

Mariah Carey ၏ သီခ်င္းမ်ားသည္ ဆိုရခက္သည္။ ျမန္မာႏိုင္ငံတြင္ ျပန္လည္သီဆိုမႈ အနည္းငယ္သာရွိရာ ေအာက္ပါအတိုင္းျဖစ္ပါသည္။

Dream lover -တင္ဇာေမာ္ အိပ္မက္ရူး (ထြန္းအိျႏၵာဗိုလ္ စိတ္ကူးအခ်စ္မီး) Hero - ေအးခ်မ္းေမ သူရဲေကာင္း (အဆိုပါသီခ်င္းကိုပင္ မဒီ၊ တင္ဇာေမာ္ႏွင့္ ထြန္းအိျႏၵာဗိုလ္တို႔ ၃ ဦးပါဝင္ေသာ သံုးေယာက္စကား ေတးအယ္လ္ဘမ္တြင္ တင္ဇာေမာ္က သူရဲေကာင္းဟူေသာ အမည္ျဖင့္ပင္ ျပန္လည္သီဆိုထားသည္)

Without you တူးတူး မိဆိုး (ႏြဲ႔ယဥ္ဝင္း ဂ်ပန္ျပည္ကို ေရးတဲ့စာ)

Do you know where you’re going to - ခ်မ္းခ်မ္း ဘယ္ကိုလဲ

(Mariah Carey ၏ စံအိမ္ ေရာင္းခ်မည္)

အသက္ ၅၂ ႏွစ္ရွိျပီျဖစ္ေသာ Mariah Carey ၏ အေမရိကန္ျပည္ေထာင္စု၊ အတၱလႏၱာျပည္နယ္၊ ေဂ်ာ္ဂ်ီယာျမိဳ႕ရွိ စံအိမ္အေရာင္းေစ်းကြက္ဝင္ေနျပီး ေရာင္းမထြက္ေသးေသာေၾကာင့္ ေစ်းေလွ်ာ့ခ်ေပးလိုက္ျပီ ျဖစ္သည္။

ေဂ်ာ္ဂ်ီယာျပည္နယ္၊ အတၱလႏၱာျမိဳ႕၏ လူစည္ကားေသာ Buckhead ေဒသတြင္ တည္ရွိျပီး အက်ယ္အဝန္း စတုရန္းေပ ၁၂၅၇၅ ရွိကာ ယခုႏွစ္စက္တင္ဘာလတြင္ ကန္ေဒၚလာ ၆ ဒသမ ၅ သန္းျဖင့္ ပထမဆံုး အေရာင္းေစ်းကြက္တင္ခဲ့ျပီး ေရာင္းမထြက္ေသာေၾကာင့္ ယခုအခါ ကန္ေဒၚလာ ၅ ဒသမ ၉၉ သန္းသို႔ ေစ်းေလွ်ာ့ေပးလိုက္ျခင္း ျဖစ္သည္။

ေဒၚလာ ၅၀၀၀၀၀ ေစ်းေလွ်ာ့ေပးလိုက္သည့္သတင္းကို Mansion Global သတင္းဌာနက ပထမဆံုး ေဖာ္ျပခဲ့ျခင္း ျဖစ္သည္။

ယခုေစ်းျဖင့္ ေရာင္းထြက္လွ်င္ပင္ Mariah Carey အတြက္ အျမတ္အနည္းငယ္ရဦးမည္ျဖစ္သည္။

Mariah Carey က အဆိုပါစံအိမ္ကို ျပီးခဲ့ေသာ ႏိုဝင္ဘာလက ကန္ေဒၚလာ ၅ ဒသမ ၆၅ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ကိုရိုနာဗိုင္းရပ္စ္ကပ္ေဘးကာလအတြင္း Mariah Carey သည္ အိပ္ခန္း ၉ ခန္းပါ ယခုစံအိမ္တြင္ ေနထိုင္ခဲ့သည္။

ယခုအခါ Mariah Carey သည္ နယူးေယာက္သို႔ ျပန္လည္အေျခခ်မည္ျဖစ္ေသာေၾကာင့္ စံအိမ္ကို ေရာင္းခ်ေနျခင္းလည္း ျဖစ္သည္။

ယခုကဲ့သို႔ေရာင္းခ်ရျခင္းမွာ ဇူလိုင္လအတြင္းက ေနအိမ္ေဖာက္ထြင္းခံရမႈႏွင့္ ဆက္ႏြယ္ျခင္း မရွိေခ်။

(စံအိမ္တြင္ ေရကူးကန္တစ္ခုႏွင့္ ေရကူးကန္ေဘးအိမ္လည္း ပါဝင္သည္။ ဓာတ္ပံု- Bartolotti Media)

(အိမ္တြင္း ရုပ္ရွင္ရံု။ ဓာတ္ပံု Jon-Michael Sullivan)

(ပင္မအိပ္ခန္းတြင္ က်ယ္ဝန္းေသာ အဝတ္အစားထားသိုခန္းတစ္ခုလည္း ပါဝင္သည္။ ဓာတ္ပံု- Jon-Michael Sullivan)

(ေနအိမ္တြင္ စုစုေပါင္း ေရခ်ဳိးခန္း ၉ ခန္းႏွင့္ powder ခန္း ၄ ခန္းပါဝင္သည္။ ဓာတ္ပံု- Jon-Michael Sullivan)

(စံအိမ္အတြင္း အိပ္ခန္း ၉ ခန္းပါသည္။ ဓာတ္ပံု- Jon-Micahel Sullivan)

(မီးဖိုေဆာင္။ ဓာတ္ပံု-Jon-Michael Sullivan)

(ဧည့္ခန္းမွတဆင့္ ေနာက္ဘက္ျခံဝင္းသို႔ေပါက္သည္။ ဓာတ္ပံု Jon-Michael Sullivan)

(စံအိမ္အက်ယ္အဝန္းမွာ စတုရန္းေပ ၁၂၀၀၀ ေက်ာ္ရွိသည္။ ဓာတ္ပံု Jon-Michael Sullivan)

(စံအိမ္၏ ေကာင္းကင္ျမင္ကြင္း ။ ဓာတ္ပံု Bartolotti Media)

(ခမ္းနားေသာ ဝင္ေပါက္ေနရာ။ ဓာတ္ပံု Bartolotti Media)

(လက္ရွိေခၚေစ်းျဖင့္ ေရာင္းထြက္လွ်င္ပင္ Mariah Carey အတြက္ အျမတ္က်န္ေသးသည္။ ဓာတ္ပံု Getty Images)

အေရာင္းေစ်းကြက္တင္ေပးသူမွာ Christie’s International Real Estate ကုမၸဏီမွ အက်ဳိးေဆာင္အမ်ဳိးသမီး Shana Bradley ျဖစ္သည္။

ေစ်းေလွ်ာ့ေပးျခင္းႏွင့္ စပ္လ်ဥ္းျပီး သူမက ေျပာသည္မွာ “အိမ္တစ္လံုး ေရာင္းမထြက္ခင္မွာ ေစ်းေလွ်ာ့ေပးတာမ်ဳိးေတြက ျဖစ္ရိုးျဖစ္စဥ္ပါပဲ။ အတၱလႏၱာရဲ႕ အေကာင္းဆံုးေနရာမွာရွိျပီး ၄ ဧက က်ယ္ဝန္းတဲ့ ျခံဝန္းထဲက လွပတဲ့ ဒီလိုစံအိမ္မ်ဳိးအတြက္ မွန္ကန္တဲ့ေစ်းႏႈန္းပဲလို႔ ကၽြန္မယံုၾကည္ပါတယ္”ဟု ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Mariah Carey’s Atlanta mansion gets a $500K-plus price cut (nypost, wikipedia)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service