အင်္ဂလန်က ချစ်သူရွာ
အင်္ဂလန်က ချစ်သူရွာ - Property News in Myanmar from iMyanmarHouse.com
20 Oct 2022 10:53 am တွင် တင်ခဲ့သည်
406 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အင်္ဂလန်နိုင်ငံ၊ ဝစ်ရှိုင်းယားခရိုင်တွင် ချစ်သူရွာအမည်ရှိ ရွာငယ်ကလေးတစ်ခုရှိပြီး ကမ္ဘာပေါ်တွင် ရိုမန့်တစ်အဆန်ကြဆုံးရွာလေးအဖြစ် သတ်မှတ်ခြင်းခံရသည်။
ဟမ့်ရှိုင်းယားခရိုင်နယ်စပ်နေရာနှင့် နီးကပ်ပြီး Salisbury မြို့၏ အရှေ့တောင်ဘက် ၇ ဒသမ ၅ မိုင်အကွာတွင် တည်ရှိသည်။
New Forest အမည်ရှိ အမျိုးသားဥယျာဉ်၏ ပိုင်နက်အတွင်း ရွာကလေးတည်ရှိခြင်းလည်း ဖြစ်သည်။
၁၈၇၆ ခုနှစ်မှစတင်ကာ ချစ်သူရွာဟု အမည်တွင်ခဲ့ခြင်း ဖြစ်သည်။ ချစ်သူရွာလေးတွင် လမ်းမကြီး ၃ ဦးရှိပြီး တစ်ခုနှင့်တစ်ခု တြိဂံပုံသဏ္ဍာန် ချိတ်ဆက်ထားသည်။
ချစ်သူရွာလေးကို ကမ္ဘာကျော်စေသည်မှာ ချစ်သူများနေ့ (Valentine’s Day) သို့ရောက်လျှင် ရွာလေး၏ စာတိုက်က “ချစ်သူ”ဟု အမှတ်တံဆိပ်ရိုက်နှိပ်ထားသော ချစ်သူများနေ့အမှတ်တရ ပို့စ်ကဒ်များ တံဆိပ်ခေါင်း များ ထုတ်ဝေရောင်းချပေးခြင်း၊ ရွာလေးတွင် အခြေချနေထိုင်သူများက ကမ္ဘာတစ်ဝန်းရှိ ၎င်းတို့၏ အချစ်ရဆုံး သူတို့ထံ စာတိုက်လေးမှ ထုတ်ဝေသော အမှတ်တရပစ္စည်းများ ဝယ်ယူကာ အမှတ်တရ ပေးပို့ခြင်း၊ ရွာကလေး အတွင်း ခရစ္စမတ်နေ့သဖွယ် အထူးတလည် အလှဆင်မွမ်းမံမှုများ ပြုလုပ်ခြင်းများဖြင့် နာမည်ကြီးခြင်း ဖြစ်သည်။
ကျေးရွာ စာတိုက်ကလေးသည် ရက်သတ္တပတ်လျှင် လူပေါင်း ၁၀၀ ခန့်အတွက် စာပို့ဝန်ဆောင်မှုပေးရန် တချိန်က အလွန်အရေးပါခဲ့သော်လည်း ၂၀၀၈ ခုနှစ်၊ ဧပြီလ ၂ ရက်တွင်မူ ပိတ်သိမ်းခဲ့သည်။
သို့သော် ချစ်သူများနေ့ကာလဝန်းကျင် ရက်သတ္တပတ်တွင်မူ ယာယီစာတိုက်တစ်ခု ပြန်လည်ဖွင့်လှစ်ပေးထားသည်။
ရွာကလေးတွင် တခါက စတိုးဆိုင်တစ်ခုနှင့် အရက်ဆိုင်တစ်ခုရှိခဲ့သော်လည်း နောက်ပိုင်းတွင် ၂ ခုလုံး ပိတ်သိမ်းသွားခဲ့သည်။
(စာတိုက်ကလေး)
သာယာလှပသော ချစ်သူရွာကလေး၏ စာတိုက်ကလေးသည် ချစ်သူများနေ့ကာလသို့ ရောက်ပြီဆိုလျှင် တမူထူးသော စာတိုက်တံဆိပ်ခေါင်းများ ကပ်ပေးထားသော အမှတ်တရကဒ်ပေါင်း ထောင်ချီထုတ်ဝေရသည်။
စာတိုက်လေးမှာ စာပို့သူနည်းပါးလာမှုကြောင့် နောက်ပိုင်းတွင် ပိတ်သိမ်းခဲ့သော်လည်း ချစ်သူများနေ့တွင်မူ တမူထူးခြားသော ရိုမန့်တစ်ရွာကလေး၏ စာပို့အလေ့အထ ပြန်လည်ရှင်သန်လာစေရန် အထူးစာပို့ဝန်ဆောင်မှုတစ်ရပ် ပြန်လည်ဝန်ဆောင်မှု ပေးခဲ့သည်။
(ချစ်သူများနေ့)
ချစ်သူများနေ့မတိုင်မီ တစ်ပတ်ကျော်အလို ဖေဖော်ဝါရီလ ၆ ရက်သို့ ရောက်ပြီဆိုသည်နှင့် ရွာကလေးတွင် စာတိုက်ကလေးပေါ်ပေါက်လာပြီဖြစ်ကာ လာရောက်လည်ပတ်သူများသည်လည်း မိမိတို့ချစ်ရသူများထံ အမှတ်တရကဒ်များ ပို့နိုင်သည်။
ထို့အပြင် ရွာလေးသို့ လာရောက်လည်ပတ်ကြသည့် ကမ္ဘာလှည့်ခရီးသည်များသည် ချစ်သူများနေ့ အသည်းနှလုံးပုံ အမျိုးမျိုးဖြင့် အလှဆင်မွမ်းမံထားကြသော ရွာတွင်းရှိ နေအိမ်များနှင့် အဆောက်အအုံများ အားလုံးကို လှည့်လည်ကြည့်ရှုကြသည်။
ချစ်သူရွာကလေးမှတဆင့် သင်တို့ချစ်ရသူများထံ ချစ်သူများနေ့အမှတ်တရများ ပေးပို့လိုသူများအနေဖြင့် ဆောလျင်စွာ ဆက်သွယ်ကြရန်လိုသည်။
ထိုကာလသို့ရောက်လျှင် အမှတ်တရပစ္စည်းအမှာများ များစွာမြင့်တက်ကာ စီစဉ်သူများ လွန်စွာ အလုပ်ရှုပ်နေကြသောကြောင့် ဖြစ်သည်။
ချစ်သူရွာမှ အမှတ်တရကဒ်များ မည်သို့ဝယ်ယူနိုင်မည်ကို www.lover.org.uk ဝက်ဘ်ဆိုက်တွင် အသေးစိတ် ဝင်ရောက်လေ့လာနိုင်ပါသည်။
သင်မှာယူရရှိမည့် အမှတ်တရကဒ်တွင် ကျေးရွာမြားနတ်မောင်ရုပ်တံဆိပ်နှင့် ချစ်သူပုံ တံဆိပ်ခေါင်းတို့ကပ်ကာ သင်၏အချစ်ရဆုံးသူထံ ပို့ပေးမည် ဖြစ်သည်။
များသောအားဖြင့် ဗယ်လင်တိုင်းကဒ်များကို ဖေဖော်ဝါရီလ ၁၁ ရက်တွင် ပို့ပေးလေ့ရှိသည်။
သင်၏ မှာယူမှုမှာ ဖေဖော်ဝါရီလ ၁၄ ရက်နှင့် နီးလေလေ ချစ်သူများနေ့အမီ အရောက်ပို့ပေးနိုင်မှု နည်းလေလေ ဖြစ်သည်ကိုမူ နားလည်ရန် လိုအပ်ပါသည်။
(ချစ်သူရွာက ကော်ဖီဆိုင်လေး)
ချစ်သူရွာတွင် အခြေချနေထိုင်သော ဒါလင် မိသားစု (Darling Family) ကို အစွဲပြုကာ ချစ်သူဒါလင် ဟု အမည်ပေးထားသော ကော်ဖီဆိုင်ကလေးလည်းရှိသည်။
ထိုဆိုင်ကလေးတွင် မိခင်နှင့် သမီးဖြစ်သူတို့က ချစ်စဖွယ် အလှဆင်ပြုလုပ်ပေးထားသော ဘီစကွတ်နှင့် ကိတ်မုန့်များ ဝယ်ယူရရှိနိုင်မည် ဖြစ်သည်။
ချစ်သူများနေ့ အခါသမယဆိုလျှင် ချစ်သူရွာမှ ရွာသူရွာသားတို့သည် ၎င်းတို့၏ နေအိမ်ခြံစည်းရိုးများနှင့် အိမ်ရှေ့တံခါးများတွင် စက္ကူအသည်းနှလုံးပုံလေးများ၊ ပန်းကုံးများနှင့် ပူပေါင်းလေးများ ချိတ်ဆွဲအလှဆင်လေ့ ရှိကြသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Lover - The Most Romantic Village in the World! (thenewforest)
[Zawgyi]
အဂၤလန္က ခ်စ္သူရြာ
(စာတိုက်ကလေး)
(ချစ်သူများနေ့)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Sweet Dream Villa
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service