ဘင်အက်ဖလက်က သူ၏ဒေါ်လာ (၉) သန်းတန် ခြံဝန်းကြီးအတွင်း ဂျနီဖာလိုပက်ဇ်နှင့် လက်ထပ်ပွဲဆင်နွှဲ

ဘင်အက်ဖလက်က သူ၏ဒေါ်လာ (၉) သန်းတန် ခြံဝန်းကြီးအတွင်း ဂျနီဖာလိုပက်ဇ်နှင့် လက်ထပ်ပွဲဆင်နွှဲ - Property News in Myanmar from iMyanmarHouse.com
22 Aug 2022 10:32 am တွင် တင်ခဲ့သည်
588 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Pearl Harbour ဇာတ်ကားဖြင့် ပရိသတ်များ၏ နှလုံးသားအတွင်း ရောက်ရှိခဲ့သူ ဟောလိဝုဒ်ကြယ်ပွင့် ဘင် အက်ဖလက်နှင့် ဂျနီဖာလိုပက်တို့သည် အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်တွင်ရှိသော ဘင် အက်ဖလက်ပိုင် ကန်ဒေါ်လာ ၈ ဒသမ ၉ သန်းတန်ကြေးရှိ အလွန်တရာကျယ်ဝန်းလှသော ခြံဝန်းကြီးအတွင်း လက်ထပ်မင်္ဂလာကျင်းပခဲ့ရာ မိသားစုဝင်များ၊ မိတ်ဆွေများနှင့် ဟောလိဝုဒ်ထိပ်တန်း အကျော်အမော်များ တက်ရောက်ခဲ့ကြသည်။

ဘင်နီဖာဟု အတိုကောက်ရည်ညွှန်းကြသော ၎င်းတို့စုံတွဲ၏ မင်္ဂလာပွဲတွင် ဂျနီဖာလိုပက်ဇ်က Ralph Lauren ထုတ် ပွဲတက်ဂါဝန်ကို ဝတ်ဆင်ခဲ့ပြီး ဘင်အက်ဖလက်က အဖြူအမည်း ဝတ်စုံကို ဝတ်ဆင်ထားသည်။

ဓာတ်ပုံများတွင် တွေ့မြင်ရချက်အရ ထိပ်တန်းအကျော်အမော်များသည်လည်း တစ်ဦးနှင့်တစ်ဦးအပြုံးချင်း ဖလှယ်ကာ ကြီးမားလှသည့်စံအိမ်ဘေး ခြေချင်းလိမ်နေကြသည်။

အသက် ၅၀ အရွယ်ရှိ ဘင်အက်ဖလက်မှာ အဖြူရောင် ညစာစားပွဲဝတ်စုံ၊ အနက်ရောင် နက္ကတိုင်၊ အနက်ရောင်ဘောင်းဘီနှင့်တွေ့ရပြီး သူ့ဘေး အသက် ၅၃ နှစ်အရွယ်သတို့သမီး ဂျနီဖာလိုပက်အား စီးမိုးထားသည်။

ဂျေလိုမှာ သူ၏ စတုတ္ထမြောက်ခင်ပွန်းဘေးတွင် ရှိနေရသည်ကို နှစ်သိမ့်ကြည့်နူးနေဟန်ရသည်။

ခြံဝန်းအတွင်း ရေကန်တစ်ခုဆီမှ မီးရှုးမီးပန်းများမှာ ညနေခင်းကို ပြီးပြည့်စုံစေသည်။ ဧည့်သည်များ ခြံဝန်းအတွင်း လှည့်လည်သွားလာနိုင်စေရန် Savannah ကောင်းကင်ကြိုးဘတ်စ်စကားတစ်စီးလည်း ရှိသည်။

၎င်းတို့စုံတွဲမှာ ပထမဆုံးတွဲခဲ့၊ စေ့စပ်ခဲ့ပြီးနောက် နှစ်ပေါင်း ၂၀ ကြာမှ ပြန်လည်ပေါင်းစည်းခဲ့ကြခြင်းလည်း ဖြစ်သည်။

၂၀၀၃ ခုနှစ်က လက်ထပ်ရန် စီစဉ်ခဲ့ကြသော်လည်း သတင်းမီဒီယာတို့ အလွန်အကျွံအာရုံစိုက်မှုကြောင့် မင်္ဂလာပွဲဖျက်သိမ်းခဲ့သည်။

ယခုမင်္ဂလာပွဲသို့ အရင်းနှီးဆုံးမိတ်ဆွေများ၊ ဂျနီဖာလိုပက်ဇ်မှ တတိယခင်ပွန်းနှင့်ရသည့် သားသမီးများအပြင် ဘင်အက်ဖလက်၏ ပထမဇနီး ဂျနီဖာ ဂါနာနှင့် ရသည့်ကလေးများလည်း တက်ရောက်ကြသည်။

ဘင်အက်ဖ်လက်နှင့် ဂျနီဖာဂါနာတို့မှ ထွန်းကားသည့် ကလေးများဖြစ်သော ဝိုင်အိုလက် (၁၆ နှစ်)၊ စရာဖီနာ (၁၃ နှစ်)နှင့် ဆမ် (၁၁ နှစ်) တို့ဖြစ်ပြီး ဂျနီဖာလိုပက်ဇ်၏ ကလေးများဖြစ်သော အမ်မာနှင့် မက်ဇ် (အမြွှာ- ၁၄နှစ်) တို့ တက်ရောက်ကြသည်။

ယခုမင်္ဂလာပွဲသို့ ဘင်အက်ဖ်လက်၏ ပထမဇနီး ဂျနီဖာ ဂါနာ မတက်ရောက်ချေ။

(ဘင်အက်ဖလက်နှင့် ဂျနီဖာလိုပက်ဇ်တို့ ဒေါ်လာ ၈ ဒသမ ၉ သန်းတန် ဂျော်ဂျီယာ စံအိမ်ဝန်းအတွင်း မင်္ဂလာဦးအနမ်းပေးနေကြပုံ)

(ဂျနီဖာလိုပက်ဇ်မှာ Ralph Lauren ထုတ် အဖြူရောင်ဂါဝန်ဝတ်ဆင်ထားပြီး ဘင်အက်ဖလက်မှာ အဖြူ၊အမည်း ဝတ်စုံ ဝတ်ဆင်ထားသည်။)

(မင်္ဂလာအခမ်းအနားကာလတစ်လျှောက် တစ်ဦးနှင့်တစ်ဦးပွေ့ဖက်ထားကြသည်။ လွန်ခဲ့သော အနှစ် ၂၀ က မင်္ဂလာဆောင်ကို ဖျက်သိမ်းခဲ့ပြီးနောက် ယခုလက်ထပ်ပွဲမှာ ၎င်းတို့အတွက် အကြီးမားဆုံးဘဝမှတ်တိုင်တစ်ခုလည်း ဖြစ်သည်။)

(ဘင်အက်ဖလက်နှင့် ဂျေလိုတို့ အဖြူရောင်ကော်ဇောပေါ်တွင် မိသားစု၊ ကလေးများလိုက်ပါလျက် လျှောက်လှမ်းနေကြပုံ)

(အမှတ်တရ ဓာတ်ပုံများရိုက်ကူးရန်အတွက် ပင်မစံအိမ်ဝန်းအတွင်းရှိ တံတားတစ်ခုပေါ် ဖြတ်လျှောက်နေပုံ)

(ကင်မရာများမှ ဓာတ်ပုံရိုက်ကူးမှုများ ပြီးသွားချိန်တိုင် ဘင်အက်ဖလက်တို့စုံတွဲ ဆက်လက်ဖက်ထားကြသည်။)

ဘင်အက်ဖလက်၏ မိတ်ဆွေရင်း အော်စကာဆုရှင် Matt Damon နှင့် ဇနီးဖြစ်သူ လူစီယာနာ ဘာရိုဆိုတို့လည်း မင်္ဂလာပွဲတက်ခဲ့ကြပြီး ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ရောက်လာကြခြင်း ဖြစ်သည်။

'Jay and Silent Bob ဇာတ်ကားတွဲ အတူလက်တွဲလုပ်ကိုင်ဖူးသူ ဒါရိုက်တာ ကီဗင်စမစ်နှင့် ရုပ်ရှင်မင်းသား Jason Mewes ကိုလည်း ဂျနီဖာလိုပက်ဇ်၏ မင်္ဂလာပွဲတက်ရန် ဂျော်ဂျီယာပြည်နယ်သို့ ရောက်နေသည်ကို တွေ့ခဲ့ရသည်။

မင်္ဂလာပွဲသို့ တက်ရောက်ဖွယ်ရှိသည့်အခြား အကျော်အမော်များမှာ ဂျော့ချ် ကလူးနီး၊ ဂျိန်းဖောင်ဒါ၊ ရေနေ ဇဲဝက်ဂါနှင့် ဂျင်မီ ကင်းမဲလ်တို့လည်း ပါဝင်မည် ဖြစ်သည်။

ဘင်အက်ဖလက်၏ ဇနီးဟောင်း ၊ ယနေ့အခါ မိတ်ဆွေကောင်းဖြစ်သူ ဂျနီဖာ ဂါနာမှာမူ တက္ကဆပ်ပြည်နယ်တွင် ရုပ်ရှင်ရိုက်နေသဖြင့် မင်္ဂလာပွဲ မတက်နိုင်ချေ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Besotted Ben Affleck and Jennifer Lopez are all smiles as they tie the knot in breathtaking Georgia ceremony at their $8.9m 'plantation' estate: Bride wore stunning white Ralph Lauren couture gown, with groom in white and black tuxedo (dailymail)

[Zawgyi]

ဘင္အက္ဖလက္က သူ၏ေဒၚလာ (၉) သန္းတန္ ျခံဝန္းၾကီးအတြင္း ဂ်နီဖာလိုပက္ဇ္ႏွင့္ လက္ထပ္ပြဲဆင္ႏႊဲ

Pearl Harbour ဇာတ္ကားျဖင့္ ပရိသတ္မ်ား၏ ႏွလံုးသားအတြင္း ေရာက္ရွိခဲ့သူ ေဟာလိဝုဒ္ၾကယ္ပြင့္ ဘင္ အက္ဖလက္ႏွင့္ ဂ်နီဖာလိုပက္တို႔သည္ အေမရိကန္ျပည္ေထာင္စု၊ ေဂ်ာ္ဂ်ီယာျပည္နယ္တြင္ရွိေသာ ဘင္ အက္ဖလက္ပိုင္ ကန္ေဒၚလာ ၈ ဒသမ ၉ သန္းတန္ေၾကးရွိ အလြန္တရာက်ယ္ဝန္းလွေသာ ျခံဝန္းၾကီးအတြင္း လက္ထပ္မဂၤလာက်င္းပခဲ့ရာ မိသားစုဝင္မ်ား၊ မိတ္ေဆြမ်ားႏွင့္ ေဟာလိဝုဒ္ထိပ္တန္း အေက်ာ္အေမာ္မ်ား တက္ေရာက္ခဲ့ၾကသည္။

ဘင္နီဖာဟု အတိုေကာက္ရည္ညႊန္းၾကေသာ ၎တို႔စံုတြဲ၏ မဂၤလာပြဲတြင္ ဂ်နီဖာလိုပက္ဇ္က Ralph Lauren ထုတ္ ပြဲတက္ဂါဝန္ကို ဝတ္ဆင္ခဲ့ျပီး ဘင္အက္ဖလက္က အျဖဴအမည္း ဝတ္စံုကို ဝတ္ဆင္ထားသည္။

ဓာတ္ပံုမ်ားတြင္ ေတြ႔ျမင္ရခ်က္အရ ထိပ္တန္းအေက်ာ္အေမာ္မ်ားသည္လည္း တစ္ဦးႏွင့္တစ္ဦးအျပံဳးခ်င္း ဖလွယ္ကာ ၾကီးမားလွသည့္စံအိမ္ေဘး ေျခခ်င္းလိမ္ေနၾကသည္။

အသက္ ၅၀ အရြယ္ရွိ ဘင္အက္ဖလက္မွာ အျဖဴေရာင္ ညစာစားပြဲဝတ္စံု၊ အနက္ေရာင္ နကၠတိုင္၊ အနက္ေရာင္ေဘာင္းဘီႏွင့္ေတြ႔ရျပီး သူ႔ေဘး အသက္ ၅၃ ႏွစ္အရြယ္သတို႔သမီး ဂ်နီဖာလိုပက္အား စီးမိုးထားသည္။

ေဂ်လိုမွာ သူ၏ စတုတၳေျမာက္ခင္ပြန္းေဘးတြင္ ရွိေနရသည္ကို ႏွစ္သိမ့္ၾကည့္ႏူးေနဟန္ရသည္။ ျခံဝန္းအတြင္း ေရကန္တစ္ခုဆီမွ မီးရႈးမီးပန္းမ်ားမွာ ညေနခင္းကို ျပီးျပည့္စံုေစသည္။ ဧည့္သည္မ်ား ျခံဝန္းအတြင္း လွည့္လည္သြားလာႏိုင္ေစရန္ Savannah ေကာင္းကင္ၾကိဳးဘတ္စ္စကားတစ္စီးလည္း ရွိသည္။

၎တို႔စံုတြဲမွာ ပထမဆံုးတြဲခဲ့၊ ေစ့စပ္ခဲ့ျပီးေနာက္ ႏွစ္ေပါင္း ၂၀ ၾကာမွ ျပန္လည္ေပါင္းစည္းခဲ့ၾကျခင္းလည္း ျဖစ္သည္။

၂၀၀၃ ခုႏွစ္က လက္ထပ္ရန္ စီစဥ္ခဲ့ၾကေသာ္လည္း သတင္းမီဒီယာတို႔ အလြန္အကၽြံအာရံုစိုက္မႈေၾကာင့္ မဂၤလာပြဲဖ်က္သိမ္းခဲ့သည္။

ယခုမဂၤလာပြဲသို႔ အရင္းႏွီးဆံုးမိတ္ေဆြမ်ား၊ ဂ်နီဖာလိုပက္ဇ္မွ တတိယခင္ပြန္းႏွင့္ရသည့္ သားသမီးမ်ားအျပင္ ဘင္အက္ဖလက္၏ ပထမဇနီး ဂ်နီဖာ ဂါနာႏွင့္ ရသည့္ကေလးမ်ားလည္း တက္ေရာက္ၾကသည္။

ဘင္အက္ဖ္လက္ႏွင့္ ဂ်နီဖာဂါနာတို႔မွ ထြန္းကားသည့္ ကေလးမ်ားျဖစ္ေသာ ဝိုင္အိုလက္ (၁၆ ႏွစ္)၊ စရာဖီနာ (၁၃ ႏွစ္)ႏွင့္ ဆမ္ (၁၁ ႏွစ္) တို႔ျဖစ္ျပီး ဂ်နီဖာလိုပက္ဇ္၏ ကေလးမ်ားျဖစ္ေသာ အမ္မာႏွင့္ မက္ဇ္ (အျမႊာ- ၁၄ႏွစ္) တို႔ တက္ေရာက္ၾကသည္။

ယခုမဂၤလာပြဲသို႔ ဘင္အက္ဖ္လက္၏ ပထမဇနီး ဂ်နီဖာ ဂါနာ မတက္ေရာက္ေခ်။

(ဘင္အက္ဖလက္ႏွင့္ ဂ်နီဖာလိုပက္ဇ္တို႔ ေဒၚလာ ၈ ဒသမ ၉ သန္းတန္ ေဂ်ာ္ဂ်ီယာ စံအိမ္ဝန္းအတြင္း မဂၤလာဦးအနမ္းေပးေနၾကပံု)

(ဂ်နီဖာလိုပက္ဇ္မွာ Ralph Lauren ထုတ္ အျဖဴေရာင္ဂါဝန္ဝတ္ဆင္ထားျပီး ဘင္အက္ဖလက္မွာ အျဖဴ၊အမည္း ဝတ္စံု ဝတ္ဆင္ထားသည္။)

(မဂၤလာအခမ္းအနားကာလတစ္ေလွ်ာက္ တစ္ဦးႏွင့္တစ္ဦးေပြ႔ဖက္ထားၾကသည္။ လြန္ခဲ့ေသာ အႏွစ္ ၂၀ က မဂၤလာေဆာင္ကို ဖ်က္သိမ္းခဲ့ျပီးေနာက္ ယခုလက္ထပ္ပြဲမွာ ၎တို႔အတြက္ အၾကီးမားဆံုးဘဝမွတ္တိုင္တစ္ခုလည္း ျဖစ္သည္။)

(ဘင္အက္ဖလက္ႏွင့္ ေဂ်လိုတို႔ အျဖဴေရာင္ေကာ္ေဇာေပၚတြင္ မိသားစု၊ ကေလးမ်ားလိုက္ပါလ်က္ ေလွ်ာက္လွမ္းေနၾကပံု)

(အမွတ္တရ ဓာတ္ပံုမ်ားရိုက္ကူးရန္အတြက္ ပင္မစံအိမ္ဝန္းအတြင္းရွိ တံတားတစ္ခုေပၚ ျဖတ္ေလွ်ာက္ေနပံု)

(ကင္မရာမ်ားမွ ဓာတ္ပံုရိုက္ကူးမႈမ်ား ျပီးသြားခ်ိန္တိုင္ ဘင္အက္ဖလက္တို႔စံုတြဲ ဆက္လက္ဖက္ထားၾကသည္။)

ဘင္အက္ဖလက္၏ မိတ္ေဆြရင္း ေအာ္စကာဆုရွင္ Matt Damon ႏွင့္ ဇနီးျဖစ္သူ လူစီယာနာ ဘာရိုဆိုတို႔လည္း မဂၤလာပြဲတက္ခဲ့ၾကျပီး ကိုယ္ပိုင္ဂ်က္ေလယာဥ္ျဖင့္ ေရာက္လာၾကျခင္း ျဖစ္သည္။

'Jay and Silent Bob ဇာတ္ကားတြဲ အတူလက္တြဲလုပ္ကိုင္ဖူးသူ ဒါရိုက္တာ ကီဗင္စမစ္ႏွင့္ ရုပ္ရွင္မင္းသား Jason Mewes ကိုလည္း ဂ်နီဖာလိုပက္ဇ္၏ မဂၤလာပြဲတက္ရန္ ေဂ်ာ္ဂ်ီယာျပည္နယ္သို႔ ေရာက္ေနသည္ကို ေတြ႔ခဲ့ရသည္။

မဂၤလာပြဲသို႔ တက္ေရာက္ဖြယ္ရွိသည့္အျခား အေက်ာ္အေမာ္မ်ားမွာ ေဂ်ာ့ခ်္ ကလူးနီး၊ ဂ်ိန္းေဖာင္ဒါ၊ ေရေန ဇဲဝက္ဂါႏွင့္ ဂ်င္မီ ကင္းမဲလ္တို႔လည္း ပါဝင္မည္ ျဖစ္သည္။

ဘင္အက္ဖလက္၏ ဇနီးေဟာင္း ၊ ယေန႔အခါ မိတ္ေဆြေကာင္းျဖစ္သူ ဂ်နီဖာ ဂါနာမွာမူ တကၠဆပ္ျပည္နယ္တြင္ ရုပ္ရွင္ရိုက္ေနသျဖင့္ မဂၤလာပြဲ မတက္ႏိုင္ေခ်။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Besotted Ben Affleck and Jennifer Lopez are all smiles as they tie the knot in breathtaking Georgia ceremony at their $8.9m 'plantation' estate: Bride wore stunning white Ralph Lauren couture gown, with groom in white and black tuxedo (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Innwa Pyae Sone
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service