မြို့တော်မဟုတ်တော့သော်လည်း စီးပွားရေးဗဟိုအဖြစ် ဂျကာတာ ဆက်ရှိနေဦးမည်

မြို့တော်မဟုတ်တော့သော်လည်း စီးပွားရေးဗဟိုအဖြစ် ဂျကာတာ ဆက်ရှိနေဦးမည် - Property News in Myanmar from iMyanmarHouse.com
18 May 2022 11:34 am တွင် တင်ခဲ့သည်
724 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်ဒိုနီးရှားနိုင်ငံရဲ့မြို့တော်သစ်အဖြစ် Nusantara မြို့ကို တရားဝင်ရွေးချယ်လိုက်ကြပြီးဖြစ်ပေမဲ့လည်း အလေးထားအသားပေးမှုကမှ ဂျကာတာကနေ ရွေ့သွားသေးဦးမှာ မဟုတ်ကြောင်း၊ ဂျကာတာဟာ အင်ဒိုနီးရှားရဲ့မြို့တော်အဖြစ်ကနေ ပြောင်းလဲသွားရပေမဲ့ ဘဏ္ဍာရေးမြို့တော်နဲ့ စီးပွားရေးဗဟိုအဖြစ် သူ့ရဲ့အခြေအနေနဲ့ စီးပွားရေးကတော့ ပြောင်းလဲသွားမှာမဟုတ်ကြောင်းနဲ့ Nusantara ဟာလည်း ပုဂ္ဂလိကလုပ်ငန်းကုမ္ပဏီတွေကို သိသိသာသာကြီး ဆွဲဆောင်နိုင်ခြေရှိဦးမှာမဟုတ်ကြောင်း အိမ်ခြံမြေရေးရာကျွမ်းကျင်သူတွေက ခန့်မှန်းထားကြတယ်လို့ သိရပါတယ်။

East Kalimantan ပြည်နယ်မှာရှိတဲ့ Nusantara ဟာ ပင်လယ်ရေအောက်ကိုနိမ့်ဆင်းလာပြီဖြစ်တဲ့ ဂျကာတာအစား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုအဖြေတစ်ခုအဖြစ် သတ်မှတ်ခံထားရတာပဲဖြစ်ပါတယ်။ Nusantara မှာ အစိမ်းရောင်ဆောက်လုပ်မှုနဲ့ နေပျော်နိုင်မှုအခွင့်အရေးတွေကိုဖော်ဆောင်မှာဖြစ်ပါတယ်။ ဝေဖန်သုံးသပ်သူတွေကတော့ အဲဒီဆောက်လုပ်ရေးလုပ်ငန်းတွေဟာ သစ်တောစတုရန်းကီလိုမီတာ ထောင်သောင်းပေါင်းများစွာကို ပျက်သုဉ်းစေလိမ့်မယ်လို့ သတိပေးနေကြပါတယ်။

သမ္မတနန်းတော်သစ် တည်ရှိမယ့်နေရာကို မြို့တော်စီမံကိန်းရေးဆွဲသူတွေက သတ်မှတ်ရေးဆွဲထားပြီးကြပြပြီ။ သို့ပေမဲ့ ၂၀၂၁ ခုနှစ်ကုန်နောက်ဆုံးထားပြီး အုတ်မြစ်ချဖို့ အစီအစဉ်တွေ နှောင့်နှေးကြန့်ကြာခဲ့ပြီး သတ်မှတ်ထားတဲ့ ၂၀၂၄ ခုနှစ်မကုန်မီ မြို့တော်သစ်ရဲ့ အဆင့်တစ် မပြီးစီးနိုင်တော့မယ့်အရိပ်အယောင်ကို တွေ့ရှိခဲ့ရပါတယ်။ အင်ဒိုနီးရှားအစိုးရဟာ ဆောက်လုပ်မှုအဆင့်တစ်အတွက် အင်ဒိုနီးရှားရင်းဂစ် ဘီလီယံ ၅၁၀ (အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၆ သန်း) လျာထားတာဖြစ်ပါတယ်။

မြို့တော်သစ်အတွက် ရေပေးမယ့် ဆည်တစ်ခု ဆောက်လုပ်ဖို့ကို စတင်လိုက်ပါပြီ။ အဲဒီနေရာမှာ ကနဦးဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့အတွက် ဝင်လမ်းထွက်လမ်းတွေကိုလည်း ဖောက်လုပ်နေပြီဖြစ်ပါတယ်။ ယခုအခါ ယခုနှစ် (၂၀၂၂) ဒုတိယနှစ်ဝက်မှာ ဆည်အတွက် အုတ်မြစ်ချဖို့ ခန့်မှန်းထားတယ်လို့ သိရပါတယ်။

"ကျွန်တော်တို့ ယုံကြည်စိတ်ချမှုရှိပါတယ်။ အခုလက်ရှိ ကျွန်တော်တို့တွေ ထောက်ပံ့ပို့ဆောင်ရေးနဲ့ လမ်းတွေကို ဆောင်ရွက်နေကြပါတယ်။ တိုးတက်မှုအလျင်က သိပ်ကိုမြန်ဆန်ပါတယ်" ဟု အမျိုးသားစီမံကိန်းဝန်ကြီး ဆူဟာဆိုမိုနိုအာဖာက ဇန်နဝါရီလလယ်မှာ အဲဒီနေရာကို ကြိမ်ဖန်များစွာ သွားရောက်ကြည့်ရှုခဲ့ပြီးတဲ့နောက် ပြောကြားခဲ့ပါတယ်။

Nusantara မှာ ပုဂ္ဂလိကကဏ္ဍအတွက် အစိုးရရဲ့ဆွဲဆောင်မှုမက်လုံးတွေအပါအဝင် စီးပွားရေးဧရိယာသစ်တစ်ခု ထည့်သွင်းဖို့စီစဉ်နေကြောင်းလည်း အစိုးရဝက်ဘ်ဆိုက်တစ်ခုက အသေးစိတ်ဖော်ပြထားပါတယ်။ ဒါပေမဲ့ ၎င်းမြို့တော်ကို ၂၀၄၅ ခုနှစ်အထိတော့ ပြီးစီးဖို့ မသတ်မှတ်ထားပါဘူး။ အဲဒီနှစ်တွေအတွက် အင်ဒိုနီးရှားအိမ်ခြံမြေဈေးကွက်ဟာ မြေထုထည်ရော လူဦးရေမှာပါ အရှေ့တောင်အာရှရဲ့ အကြီးဆုံးမြို့တော်ဖြစ်တဲ့ ဂျကာတာမှာပဲ အာရုံစိုက်ထားမှာဖြစ်ပါတယ်။

သို့ပေမဲ့ မြို့တော်သစ်ရွှေ့ပြောင်းမှုအစီအစဉ်ကို ၂၀၁၉ ခုနှစ်မှာ သမ္မတဂျိုကိုဝီဒိုဒိုက ပထမဆုံး ကြေညာလိုက်ပြီးကတည်းက မြို့တော်သစ်အတွင်းနဲ့ အနီးတစ်ဝိုက်က မြေ‌ဈေးတွေကတော့ ၂၅ ဆလောက် မြင့်တက်သွားပြီဖြစ်ပါတယ်။ မြို့တော်သစ်ပြောင်းရွှေ့ဖို့အတွက် တရားဝင်အတည်ပြုလိုက်တာကတော့ ယခုနှစ် (၂၀၂၂) ဇန်နဝါရီလကမှ ဖြစ်ပါတယ်။

ယူအေအီး၊ ယူကေ၊ ဂျာမနီ၊ တရုတ်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့က မြို့တော်သစ်မှာ ရင်းနှီးမြှုပ်နှံဖို့အတွက် စိတ်ဝင်စားနေကြပြဖြစ်ကြောင်းလည်း East Kalimantan ပြည်နယ်အုပ်ချုပ်ရေးမှူး အီစရန်နိုအောရဲ့ ပြောကြားချက်အရ သိရပါတယ်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Jakarta to remain business centre despite capital relocation (propertyreport)

[Zawgyi] 

ၿမိဳ႕ေတာ္မဟုတ္ေတာ့ေသာ္လည္း စီးပြားေရးဗဟိုအျဖစ္ ဂ်ကာတာ ဆက္႐ွိေနဦးမည္

အင္ဒိုနီး႐ွားႏိုင္ငံရဲ႕ၿမိဳ႕ေတာ္သစ္အျဖစ္ Nusantara ၿမိဳ႕ကို တရားဝင္ေ႐ြးခ်ယ္လိုက္ၾကၿပီးျဖစ္ေပမဲ့လည္း အေလးထားအသားေပးမႈကမွ ဂ်ကာတာကေန ေ႐ြ႕သြားေသးဦးမွာ မဟုတ္ေၾကာင္း၊ ဂ်ကာတာဟာ အင္ဒိုနီး႐ွားရဲ႕ၿမိဳ႕ေတာ္အျဖစ္ကေန ေျပာင္းလဲသြားရေပမဲ့ ဘ႑ာေရးၿမိဳ႕ေတာ္နဲ႔ စီးပြားေရးဗဟိုအျဖစ္ သူ႕ရဲ႕အေျခအေနနဲ႔ စီးပြားေရးကေတာ့ ေျပာင္းလဲသြားမွာမဟုတ္ေၾကာင္းနဲ႔ Nusantara ဟာလည္း ပုဂၢလိကလုပ္ငန္းကုမၸဏီေတြကို သိသိသာသာႀကီး ဆြဲေဆာင္ႏိုင္ေျခ႐ွိဦးမွာမဟုတ္ေၾကာင္း အိမ္ျခံေျမေရးရာကြၽမ္းက်င္သူေတြက ခန္႔မွန္းထားၾကတယ္လို႔ သိရပါတယ္။

East Kalimantan ျပည္နယ္မွာ႐ွိတဲ့ Nusantara ဟာ ပင္လယ္ေရေအာက္ကိုနိမ့္ဆင္းလာၿပီျဖစ္တဲ့ ဂ်ကာတာအစား သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းမႈအေျဖတစ္ခုအျဖစ္ သတ္မွတ္ခံထားရတာပဲျဖစ္ပါတယ္။ Nusantara မွာ အစိမ္းေရာင္ေဆာက္လုပ္မႈနဲ႔ ေနေပ်ာ္ႏိုင္မႈအခြင့္အေရးေတြကိုေဖာ္ေဆာင္မွာျဖစ္ပါတယ္။ ေဝဖန္သုံးသပ္သူေတြကေတာ့ အဲဒီေဆာက္လုပ္ေရးလုပ္ငန္းေတြဟာ သစ္ေတာစတုရန္းကီလိုမီတာ ေထာင္ေသာင္းေပါင္းမ်ားစြာကို ပ်က္သုဥ္းေစလိမ့္မယ္လို႔ သတိေပးေနၾကပါတယ္။

သမၼတနန္းေတာ္သစ္ တည္႐ွိမယ့္ေနရာကို ၿမိဳ႕ေတာ္စီမံကိန္းေရးဆြဲသူေတြက သတ္မွတ္ေရးဆြဲထားၿပီးၾကျပၿပီ။ သို႔ေပမဲ့ ၂၀၂၁ ခုႏွစ္ကုန္ေနာက္ဆုံးထားၿပီး အုတ္ျမစ္ခ်ဖို႔ အစီအစဥ္ေတြ ေႏွာင့္ေႏွးၾကန္႔ၾကာခဲ့ၿပီး သတ္မွတ္ထားတဲ့ ၂၀၂၄ ခုႏွစ္မကုန္မီ ၿမိဳ႕ေတာ္သစ္ရဲ႕ အဆင့္တစ္ မၿပီးစီးႏိုင္ေတာ့မယ့္အရိပ္အေယာင္ကို ေတြ႕႐ွိခဲ့ရပါတယ္။ အင္ဒိုနီး႐ွားအစိုးရဟာ ေဆာက္လုပ္မႈအဆင့္တစ္အတြက္ အင္ဒိုနီး႐ွားရင္းဂစ္ ဘီလီယံ ၅၁၀ (အေမရိကန္ေဒၚလာ ၃၅ ဒသမ ၆ သန္း) လ်ာထားတာျဖစ္ပါတယ္။

ၿမိဳ႕ေတာ္သစ္အတြက္ ေရေပးမယ့္ ဆည္တစ္ခု ေဆာက္လုပ္ဖို႔ကို စတင္လိုက္ပါၿပီ။ အဲဒီေနရာမွာ ကနဦးေဆာက္လုပ္ေရးလုပ္ငန္းေတြ လုပ္ေဆာင္ႏိုင္ဖို႔အတြက္ ဝင္လမ္းထြက္လမ္းေတြကိုလည္း ေဖာက္လုပ္ေနၿပီျဖစ္ပါတယ္။ ယခုအခါ ယခုႏွစ္ (၂၀၂၂) ဒုတိယႏွစ္ဝက္မွာ ဆည္အတြက္ အုတ္ျမစ္ခ်ဖို႔ ခန္႔မွန္းထားတယ္လို႔ သိရပါတယ္။

"ကြၽန္ေတာ္တို႔ ယုံၾကည္စိတ္ခ်မႈ႐ွိပါတယ္။ အခုလက္႐ွိ ကြၽန္ေတာ္တို႔ေတြ ေထာက္ပံ့ပို႔ေဆာင္ေရးနဲ႔ လမ္းေတြကို ေဆာင္႐ြက္ေနၾကပါတယ္။ တိုးတက္မႈအလ်င္က သိပ္ကိုျမန္ဆန္ပါတယ္" ဟု အမ်ိဳးသားစီမံကိန္းဝန္ႀကီး ဆူဟာဆိုမိုႏိုအာဖာက ဇန္နဝါရီလလယ္မွာ အဲဒီေနရာကို ႀကိမ္ဖန္မ်ားစြာ သြားေရာက္ၾကည့္႐ႈခဲ့ၿပီးတဲ့ေနာက္ ေျပာၾကားခဲ့ပါတယ္။

Nusantara မွာ ပုဂၢလိကက႑အတြက္ အစိုးရရဲ႕ဆြဲေဆာင္မႈမက္လုံးေတြအပါအဝင္ စီးပြားေရးဧရိယာသစ္တစ္ခု ထည့္သြင္းဖို႔စီစဥ္ေနေၾကာင္းလည္း အစိုးရဝက္ဘ္ဆိုက္တစ္ခုက အေသးစိတ္ေဖာ္ျပထားပါတယ္။ ဒါေပမဲ့ ၎ၿမိဳ႕ေတာ္ကို ၂၀၄၅ ခုႏွစ္အထိေတာ့ ၿပီးစီးဖို႔ မသတ္မွတ္ထားပါဘူး။ အဲဒီႏွစ္ေတြအတြက္ အင္ဒိုနီး႐ွားအိမ္ျခံေျမေဈးကြက္ဟာ ေျမထုထည္ေရာ လူဦးေရမွာပါ အေ႐ွ႕ေတာင္အာ႐ွရဲ႕ အႀကီးဆုံးၿမိဳ႕ေတာ္ျဖစ္တဲ့ ဂ်ကာတာမွာပဲ အာ႐ုံစိုက္ထားမွာျဖစ္ပါတယ္။

သို႔ေပမဲ့ ၿမိဳ႕ေတာ္သစ္ေ႐ႊ႕ေျပာင္းမႈအစီအစဥ္ကို ၂၀၁၉ ခုႏွစ္မွာ သမၼတဂ်ိဳကိုဝီဒိုဒိုက ပထမဆုံး ေၾကညာလိုက္ၿပီးကတည္းက ၿမိဳ႕ေတာ္သစ္အတြင္းနဲ႔ အနီးတစ္ဝိုက္က ေျမ‌ေဈးေတြကေတာ့ ၂၅ ဆေလာက္ ျမင့္တက္သြားၿပီျဖစ္ပါတယ္။ ၿမိဳ႕ေတာ္သစ္ေျပာင္းေ႐ႊ႕ဖို႔အတြက္ တရားဝင္အတည္ျပဳလိုက္တာကေတာ့ ယခုႏွစ္ (၂၀၂၂) ဇန္နဝါရီလကမွ ျဖစ္ပါတယ္။

ယူေအအီး၊ ယူေက၊ ဂ်ာမနီ၊ တ႐ုတ္၊ ေတာင္ကိုရီးယားနဲ႔ ဂ်ပန္တို႔က ၿမိဳ႕ေတာ္သစ္မွာ ရင္းႏွီးျမႇဳပ္ႏွံဖို႔အတြက္ စိတ္ဝင္စားေနၾကျပျဖစ္ေၾကာင္းလည္း East Kalimantan ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး အီစရန္ႏိုေအာရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Jakarta to remain business centre despite capital relocation (propertyreport)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service