မိန်းကလေးများရဲ့ အသည်းစွဲ ဘောလိဝုဒ် အက်ရှင်ထိပ်သီး တိုက်ဂါးရှော့ ဘယ်မှာနေလဲ

မိန်းကလေးများရဲ့ အသည်းစွဲ ဘောလိဝုဒ် အက်ရှင်ထိပ်သီး တိုက်ဂါးရှော့ ဘယ်မှာနေလဲ - Property News in Myanmar from iMyanmarHouse.com
4 Apr 2022 10:24 am တွင် တင်ခဲ့သည်
3164 ကြိမ် ကြည့်ရှု့ပြီး

 [Unicode]

တိုက်ဂါးရှော့ဖ်သည် သူ၏ ကြံ့ခိုင်သော ကိုယ်ကာယနှင့် စတိုင်ရှိသော ဘောလိဝုဒ် အက်ရှင်မင်းသားဖြစ်ပြီး Baghii ဇာတ်ကားဖြင့် လျှမ်းလျှမ်းတောက်ခဲ့သူ ဖြစ်သည်။

တိုက်ဂါးရှော့ နေထိုင်သည့်နေရာမှာ အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့၏ လူကုံထံရပ်ကွက်ဖြစ်သော Khar West အရပ်မှ အထူးသီးသန့်ဂိတ်ဝန်းခတ်အိမ်ရာဝန်းအတွင်း တည်ရှိသည်။

စိမ်းလန်းသာယာသောရှုခင်းများကို စီးမိုးတွေ့မြင်နေရသည့် သူ၏ BHK တန်ဖိုးကြီးလူနေခန်းကို ဗိသုကာအဖွဲ့ Abraham John Architects မှ မွမ်းမံဆောက်လုပ်ပေးထားသည်။

လဟာပြင် အားကစားလေ့ကျင့်ရေးနေရာပါဝင်ပြီး ခေတ်ပြိုင်ဗိသုကာဟန် ဖြစ်သည်။

(8 BHK apartment ၊ မွမ်ဘိုင်း)

BHK ဟူသည်မှာ အိပ်ခန်း (Bedroom)၊ ဧည့်ခန်း (Hall) နှင့် Kitchen (မီးဖိုဆောင်) တို့ကို ရည်ညွှန်းခြင်းဖြစ်သည်။

1 BHK မှာ အိပ်ခန်း ၁ ခန်းပါ၊ 2 BHK မှာ အိပ်ခန်း ၂ ခန်းပါ၊ ၃ BHK မှာ အိပ်ခန်း ၃ ခန်းပါအခန်းကို ရည်ညွှန်းခြင်းဖြစ်ရာ တိုက်ဂါးရှော့ ဝယ်ယူထားသည်မှာ အိပ်ခန်း ၈ ခန်းပါ လူနေခန်းဖြစ်သည်။

အဆိုပါအိမ်ရာဝန်းသည် အထူးသီးသန့်အိမ်ရာဝန်းတစ်ခုဖြစ်ပြီး အိပ်ခန်း ၁ ခန်းပါ လူနေခန်းမှအစပြုကာ အိပ်ခန်း ၈ ခန်းပါ လူနေခန်းအထိ ရှိသည်။

သတင်းများတွင်ဖော်ပြချက်အရ တိုက်ဂါးရှော့နေထိုင်သည့် BHK လူနေခန်းများ၏ တန်ဖိုးမှာ အနည်းဆုံး ရူပီး သိန်း ၅၅၀ မှ သိန်း ၇၀၀ ကြားရှိသည်။ သတင်းရင်းမြစ်အချို့၏ ပြောကြားချက်အရ တိုက်ဂါးရှော့သည် ဘန်ဒရာမြို့၊ မောင့်မေရီလမ်း၊ Le Pepeyon ရှိ မိသားစုတိုက်ခန်းဟောင်းကို ပြန်လည်ဝယ်ယူလိုခဲ့သည်။

အဆိုပါအခန်းတွင် ညီမဖြစ်သူ ကရစ်သျှနားနှင့်အတူ နေထိုင်ကြီးပြင်းခဲ့သော အမှတ်တရများ ရှိ၏။

သို့သော် မိဘများက လက်မခံသောကြောင့် အစီအစဉ်ဖျက်လိုက်ရသည်။ နောက်ဆုံးတွင်ကား မွန်ဘိုင်းမှ ယခုအခန်းကို ဝယ်ယူလိုက်ခြင်းဖြစ်သည်။

တိုက်ဂါးရှော့သည် Minimalistic ဖြစ်ပြီး သက်တောင့်သက်သာရှိခြင်းကို သဘောကျကြောင်း ယခုအခန်းကို တစ်ချက်ကြည့်ပြီးလျှင် သိလာနိုင်သည်။ မော်ဒန်ပေါ့ပ်နှင့် ခေတ်ပြိုင်ဟန်များကို သဘောကျသည့် သူ့ဗီဇကို ယခုနေအိမ်အပြင်အဆင်တွင် အထင်အရှား တွေ့ရသည်။

တိုက်ဂါးရှော့သည် ကျန်းမာရေးအလွန်လိုက်စားသူဖြစ်ရာ အခန်းအတွင်း နေရာကျယ်ကျယ်ယူကာ အိမ်တွင်း အားကစားလေ့ကျင့်ရာနေရာအဖြစ် အသုံးပြုထားသည်မှာ အံ့အားသင့်ဖွယ် မရှိချေ။

အိပ်ခန်း ၈ ခန်းထိပါဝင်ကာ ကျယ်ဝန်းလှသော 8 BHK အခန်း၏ အကျယ်အဝန်းမှာ စတုရန်းပေ ၁၃၇၂ ရှိပြီး အာရေးဗီးယန်းပင်လယ်ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည်။

တိုက်ဂါးရှော့၏ လူနေခန်းတွင် ထည်ဝါခမ်းနားသော အိပ်ခန်း ၃ ခန်း၊ ကိုယ်လက်သန့်စင်ခန်း ၁ ခန်း ပါဝင်သည်။

အိမ်ရာဝန်းအတွင်း ဟင်းလင်းပြင် ကျန်းမာရေးလေ့ကျင့်ရာနေရာ၊ လူလုပ် ကျောက်တောင်တက်နေရာ၊ ကြယ်တာရာများ ကြည့်ရှုရန်အတွက် လှပသည့်နေရာတစ်ခုတို့ ပါဝင်ရာ အိပ်မက်ဆန်လှသည့်နေရာဟု ဆိုနိုင်သည်။

တိုက်ဂါးရှော့၏ အခန်းတွင် အကနေရာအပြင် အစည်းအဝေးများ ကျင်းပရန်နေရာလည်း ပါဝင်သည်။

ဧည့်ခန်းမှာ ကျယ်ဝန်းလှပြီး ခေတ်ပြိုင်ဟန်များ များစွာတွေ့ရသည်။ ဧည့်ခန်း၏ ထောင့်တစ်နေရာတွင် ဆိုဖာများနှင့် ကော်ဖီစားပွဲတစ်ခုကို ထားရှိသည်။

ဧည့်ခန်းမှတဆင့် ခမ်းနားသော လသာဆောင်သို့ ရောက်ရှိနိုင်သည်။ တိုက်ဂါးရှော့နှင့် မိသားစုသည် လသာဆောင်တွင် အပြာရောင်မိုးကုတ်စက်ဝိုင်းဆီသို့ လှမ်းမျှော်ငေးမောရင်း အပန်းဖြေနိုင်သည်။

တိုက်ဂါးရှော့၏ အိပ်ခနး်တွင်မူ အသေးစိပ်အထူးမွမ်းမံထားသည့် ဗိသုကာ လက်ရာများကို တွေ့နိုင်သည်။

အိပ်ခန်းကုတင်ခြေရင်းတွင် ရိုးရာယဉ်ကျေးမှုနှင့်စပ်လျဉ်းသည့် ပန်းချီကားများစွာ ချိတ်ဆွဲထားသည်။

(တိုက်ဂါးရှော့ အိမ်လိပ်စာနှင့် တည်နေရာ)

တိုက်ဂါးရှော့၏ အခန်းမှာ မွန်ဘိုင်းမြို့တွင် အချမ်းသာဆုံးနေရာများ၌ တစ်ခုပါဝင်သော Khar West အရပ်မှ Rustomjee Paramount အိမ်ရာတွင် တည်ရှိသည်။

တိုက်ဂါးရှော့၏ နေအိမ်ခန်းတည်ရှိသည့်နေရာမှာ မွန်ဘိုင်းမြို့၏ အကောင်းဆုံးနေရာလည်း ဖြစ်သည်။

ဘောလိဝုဒ်ကြယ်ပွင့်တို့သည် သာမန်ပြည်သူတို့အတွက် ထူးခြားဆန်းပြားလှသည့် ပဟေဠိ၊ ပု စ္ဆာများ ဖြစ်ကြသည်။

၎င်းတို့ချစ်ခင်သည့် ကြယ်ပွင့်တို့၏ ရုပ်ရှင်များမှသည် ဝတ်ပုံစားပုံ၊ နေထိုင်သည့် စံအိမ်အထိ ပရိသတ်တို့က အတုယူကြ၊ အားကျကြသည်။

နှုတ်ခမ်းနီမလေးများ၏ အသည်းစွဲမင်းသားများစာရင်းသို့ ဝင်ရောက်လာသူမှာ တိုက်ဂါးရှော့ဖြစ်ပြီး ပေါက်ကားပေါင်း အများအပြားဖြင့် တရှိန်ထိုးအောင်မြင်လာခဲ့ခြင်း ဖြစ်ပြီး ပရိသတ်အလုံးအရင်း ရလာခဲ့သည်။

(တိုက်ဂါးရှော့ ဘာလဲ)

တိုက်ဂါးရှော့ (မွေး ၁၉၉၀)၏ အမည်ရင်းမှာ ဂျေး ဟီမန် တိုက်ဂါး ရှော့ (Jai Hemant Tiger Shroff) ဖြစ်ပြီး အိန္ဒိယ ရုပ်ရှင်မင်းသား၊ ကိုယ်ခံပညာရှင်၊ အကသမားတစ်ဦးဖြစ်ပြီး ဟင်ဒီရုပ်ရှင်များဖြင့် နာမည်ကျော်သည်။

တိုက်ဂါးရှော့သည် အဖေဘက်မှ ဂူဂျာရတီ၊ တာ့ခ်မန် လူမျိုး ၂ ခု၏ သွေးနှင့် မိခင်ဘက်မှ ဘင်္ဂါလီ၊ ဘယ်လ်ဂျီယံသွေးများ ပေါင်းစပ်ထားရာ လူမျိုး ၄ မျိုး ၊ တနည်းအားဖြင့် အာရှနှင့် ဥရောပသွေးများ ပေါင်းစပ်ထားသူတစ်ဦး ဖြစ်သည်။

တိုက်ဂါးရှော့သည် ဟိန္ဒူဘာသာဝင်တစ်ဦးဖြစ်ပြီး သီဝကို ကိုးကွယ်သူဖြစ်သည်။

ရုပ်ရှင်မင်းသား ဂျက်ကီရှော့နှင့် ရုပ်ရှင်ထုတ်လုပ်သူ အေရှာ ဒပ်တို့၏ သားဖြစ်ပြီး ၂၀၁၄ ခုနှစ်က ရုံတင်ခဲ့သော အချစ်အက်ရှင်ဇာတ်ကား Heropanti ဖြင့် ရုပ်ရှင်လောကသို့ စတင်ဝင်ရောက်ခဲ့သည်။

ငွေကြေးအရ အလွန်အောင်မြင်ခဲ့သော Baaghi ရုပ်ရှင်ဇာတ်ကားများ၊ Heropanti (၂၀၁၄) နှင့် War (၂၀၁၉) ဇာတ်ကားများဖြင့် လူသိများသည်။ အိန္ဒိယတွင် သရုပ်ဆောင်ကြေးအမြင့်ဆုံးသရုပ်ဆောင်များတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး Forbes မဂ္ဂဇင်းကြီး၏ အိန္ဒိယအကျော်အမော် ၁၀၀ ဦးစာရင်းတွင် ထည့်သွင်းဖော်ပြခံရသည်။

တိုက်ဂါးရှော့သည် အထူးချွန်ဆုံး dancer တစ်ဦးဖြစ်သည့်နည်းတူ ကိုယ်ခံပညာထူးချွန်သူတစ်ဦးလည်း ဖြစ်သည်။

တိုက်ဂါးရှော့သည် ၂၀၁၄ ခုနှစ်အတွင်း တိုက်ကွမ်ဒို ခါးပတ်နက် အဆင့် (၅) ရရှိထားသည်။

သူ၏ ပြောင်မြောက်သော အက်ရှင်စွမ်းရည်များဖြင့်လည်း လူတိုင်း၏ သဘောကျမှု ရရှိထားသည်။

လက်ရှိအားဖြင့် တိုက်ဂါးရှော့သည် ယခုအခန်းတွင် မိခင်၊ ညီမတို့နှင့်အတူ နေထိုင်လျက်ရှိသည်။

Covid-19 ကွာရန်တင်းကာလအတွင်း တိုက်ဂါးရှော့သည် အင်စတာဂရမ်တွင် ဓာတ်ပုံများစွာတင်ခဲ့ရာ သူ၏ ပရိသတ်များမှာ တိုက်ဂါးရှော့၏ ပြင်ပဘဝနေထိုင်ပုံကို သိလာကြရသည်။

(တိုက်ဂါးရှော့ အချစ်ရေး)

တိုက်ဂါးရှော့သည် ရုပ်ရှင်မင်းသမီး ဒီးရှား ပတာနီနှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလသတင်းများရှိသည်။

တိုက်ဂါးရှော့၏ ဖခင် ဂျက်ကီရှော့က Bollywood Bubble သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ပြောခဲ့ရာ၌ သားဖြစ်သူ တိုက်ဂါးသည် အသက် ၂၅ နှစ်အရွယ်ကတည်းက ချစ်သူရှိနေခဲ့ကြောင်းပြောကြားခဲ့ပြီး ဒီးရှားကိုမူ အမည်တပ် ပြောဆိုခြင်း မပြုခဲ့ပေ။

(ယခုလအတွင်း ပြသမည့်ဇာတ်ကား)

ယခုလာမည့် ဧပြီလ ၂၉ ရက်တွင် တိုက်ဂါးရှော့နှင့် တာရ ဆူတာရီယ (Tara Sutaria) တို့ ပါဝင်သရုပ်ဆောင်ထားသည့် Heropanti 2 ကို အိန္ဒိယနိုင်ငံတွင် ရုံတင်ပြသမည် ဖြစ်သည်။

Heropanti ရုပ်ရှင်သည် YouTube တွင် လွှင့်တင်ထားသော ရုပ်ရှင်နမူနာ (Trailer) တွင်မှာပင် ကြောက်မက်ဖွယ် အောင်မြင်မှုရနေသည်။

YouTube တွင် ၂၄ နာရီအတွင်း ကြည့်ရှု့သူ သန်း ၄၀ ကျော်ထိ ရှိခဲ့သောကြောင့် ၂၄ နာရီအတွင်း ကြည့်ရှုသူအများဆုံး ဘောလိဝုဒ် ရုပ်ရှင် နမူနာများတွင် နံပါတ် ၄ နေရာထိ ရောက်ရှိခဲ့သည်။

တိုက်ဂါးရှော့ ပါဝင်သရုပ်ဆောင်ခဲ့သည့် Heropanti ၊ Baaghi ၊ Baaghi2 ၊ War ၊ Baagi3 အစရှိသည့် အက်ရှင်ဇာတ်ကားအားလုံး လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သည်။

(တိုက်ဂါးရှော့၏ အအောင်မြင်ဆုံးဇာတ်ကား)

၂၀၁၆ ခုနှစ်က ပြသခဲ့သော Baaghi သည် ငွေကြေးအရ အောင်မြင်မှုကြီးမားစွာ ရရှိခဲ့သော ဇာတ်ကားဖြစ်သည်။ အဆိုပါရုပ်ရှင်သည် တိုက်ဂါးရှော့အတွက်လည်း လွန်စွာပင်ပန်းခဲ့သော ရုပ်ရှင်ဖြစ်သည်။

အိန္ဒိယအပြင် ထိုင်းနိုင်ငံ၏ အလှအပရှုခင်းများကို တွေ့မြင်ရသော ရုပ်ရှင်ဖြစ်သည်။

ထုတ်လုပ်စရိတ်လည်း မြင့်မားခဲ့ပြီး ရူပီး သန်း ၃၇၀ ထိ ကုန်ကျခဲ့ကာ ဝင်ငွေမှာလည်း ရူပီး ၁ ဒသမ ၂၅ ဘီလီယံအထိ ပြန်လည်ရရှိခဲ့သည်။

Baaghi , Baaghi 2 နှင့် Baaghi 3 ရုပ်ရှင် ၃ ခုပေါင်းဝင်ငွေမှာ ရူပီး ၅ ဒသမ ၁၅ ဘီလီယံရရှိသည်အထိ အောင်မြင်ခဲ့သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: An Extensive First Look at the Ultra -Luxurious Tiger Shroff House in Mumbai (nobroker.in)

 

 

[Zawgyi]

မိန္းကေလးမ်ားရဲ႕ အသည္းစြဲ ေဘာလိဝုဒ္ အက္ရွင္ထိပ္သီး တိုက္ဂါးေရွာ့ ဘယ္မွာေနလဲ

တိုက္ဂါးေရွာ့ဖ္သည္ သူ၏ ၾကံ႕ခိုင္ေသာ ကိုယ္ကာယႏွင့္ စတိုင္ရွိေသာ ေဘာလိဝုဒ္ အက္ရွင္မင္းသားျဖစ္ျပီး Baghii ဇာတ္ကားျဖင့္ လွ်မ္းလွ်မ္းေတာက္ခဲ့သူ ျဖစ္သည္။

တိုက္ဂါးေရွာ့ ေနထိုင္သည့္ေနရာမွာ အိႏိၵယႏိုင္ငံ၊ မြန္ဘိုင္းျမိဳ႕၏ လူကံုထံရပ္ကြက္ျဖစ္ေသာ Khar West အရပ္မွ အထူးသီးသန္႔ဂိတ္ဝန္းခတ္အိမ္ရာဝန္းအတြင္း တည္ရွိသည္။

စိမ္းလန္းသာယာေသာရႈခင္းမ်ားကို စီးမိုးေတြ႔ျမင္ေနရသည့္ သူ၏ BHK တန္ဖုိးၾကီးလူေနခန္းကို ဗိသုကာအဖြဲ႔ Abraham John Architects မွ မြမ္းမံေဆာက္လုပ္ေပးထားသည္။

လဟာျပင္ အားကစားေလ့က်င့္ေရးေနရာပါဝင္ျပီး ေခတ္ျပိဳင္ဗိသုကာဟန္ ျဖစ္သည္။

(8 BHK apartment ၊ မြမ္ဘိုင္း)

BHK ဟူသည္မွာ အိပ္ခန္း (Bedroom)၊ ဧည့္ခန္း (Hall) ႏွင့္ Kitchen (မီးဖိုေဆာင္) တို႔ကို ရည္ညႊန္းျခင္းျဖစ္သည္။

1 BHK မွာ အိပ္ခန္း ၁ ခန္းပါ၊ 2 BHK မွာ အိပ္ခန္း ၂ ခန္းပါ၊ ၃ BHK မွာ အိပ္ခန္း ၃ ခန္းပါအခန္းကို ရည္ညႊန္းျခင္းျဖစ္ရာ တိုက္ဂါးေရွာ့ ဝယ္ယူထားသည္မွာ အိပ္ခန္း ၈ ခန္းပါ လူေနခန္းျဖစ္သည္။

အဆိုပါအိမ္ရာဝန္းသည္ အထူးသီးသန္႔အိမ္ရာဝန္းတစ္ခုျဖစ္ျပီး အိပ္ခန္း ၁ ခန္းပါ လူေနခန္းမွအစျပဳကာ အိပ္ခန္း ၈ ခန္းပါ လူေနခန္းအထိ ရွိသည္။

သတင္းမ်ားတြင္ေဖာ္ျပခ်က္အရ တိုက္ဂါးေရွာ့ေနထိုင္သည့္ BHK လူေနခန္းမ်ား၏ တန္ဖိုးမွာ အနည္းဆံုး ရူပီး သိန္း ၅၅၀ မွ သိန္း ၇၀၀ ၾကားရွိသည္။ သတင္းရင္းျမစ္အခ်ဳိ႕၏ ေျပာၾကားခ်က္အရ တိုက္ဂါးေရွာ့သည္ ဘန္ဒရာျမိဳ႕၊ ေမာင့္ေမရီလမ္း၊ Le Pepeyon ရွိ မိသားစုတိုက္ခန္းေဟာင္းကို ျပန္လည္ဝယ္ယူလိုခဲ့သည္။

အဆိုပါအခန္းတြင္ ညီမျဖစ္သူ ကရစ္သွ်နားႏွင့္အတူ ေနထိုင္ၾကီးျပင္းခဲ့ေသာ အမွတ္တရမ်ား ရွိ၏။

သို႔ေသာ္ မိဘမ်ားက လက္မခံေသာေၾကာင့္ အစီအစဥ္ဖ်က္လိုက္ရသည္။ ေနာက္ဆံုးတြင္ကား မြန္ဘိုင္းမွ ယခုအခန္းကို ဝယ္ယူလိုက္ျခင္းျဖစ္သည္။

တိုက္ဂါးေရွာ့သည္ Minimalistic ျဖစ္ျပီး သက္ေတာင့္သက္သာရွိျခင္းကို သေဘာက်ေၾကာင္း ယခုအခန္းကို တစ္ခ်က္ၾကည့္ျပီးလွ်င္ သိလာႏိုင္သည္။ ေမာ္ဒန္ေပါ့ပ္ႏွင့္ ေခတ္ျပိဳင္ဟန္မ်ားကို သေဘာက်သည့္ သူ႔ဗီဇကို ယခုေနအိမ္အျပင္အဆင္တြင္ အထင္အရွား ေတြ႔ရသည္။

တိုက္ဂါးေရွာ့သည္ က်န္းမာေရးအလြန္လိုက္စားသူျဖစ္ရာ အခန္းအတြင္း ေနရာက်ယ္က်ယ္ယူကာ အိမ္တြင္း အားကစားေလ့က်င့္ရာေနရာအျဖစ္ အသံုးျပဳထားသည္မွာ အံ့အားသင့္ဖြယ္ မရွိေခ်။

အိပ္ခန္း ၈ ခန္းထိပါဝင္ကာ က်ယ္ဝန္းလွေသာ 8 BHK အခန္း၏ အက်ယ္အဝန္းမွာ စတုရန္းေပ ၁၃၇၂ ရွိျပီး အာေရးဗီးယန္းပင္လယ္ရႈေမွ်ာ္ခင္းမ်ား ပိုင္ဆိုင္ထားသည္။

တိုက္ဂါးေရွာ့၏ လူေနခန္းတြင္ ထည္ဝါခမ္းနားေသာ အိပ္ခန္း ၃ ခန္း၊ ကိုယ္လက္သန္႔စင္ခန္း ၁ ခန္း ပါဝင္သည္။

အိမ္ရာဝန္းအတြင္း ဟင္းလင္းျပင္ က်န္းမာေရးေလ့က်င့္ရာေနရာ၊ လူလုပ္ ေက်ာက္ေတာင္တက္ေနရာ၊ ၾကယ္တာရာမ်ား ၾကည့္ရႈရန္အတြက္ လွပသည့္ေနရာတစ္ခုတို႔ ပါဝင္ရာ အိပ္မက္ဆန္လွသည့္ေနရာဟု ဆိုႏိုင္သည္။ တိုက္ဂါးေရွာ့၏ အခန္းတြင္ အကေနရာအျပင္ အစည္းအေဝးမ်ား က်င္းပရန္ေနရာလည္း ပါဝင္သည္။

ဧည့္ခန္းမွာ က်ယ္ဝန္းလွျပီး ေခတ္ျပိဳင္ဟန္မ်ား မ်ားစြာေတြ႔ရသည္။ ဧည့္ခန္း၏ ေထာင့္တစ္ေနရာတြင္ ဆိုဖာမ်ားႏွင့္ ေကာ္ဖီစားပြဲတစ္ခုကို ထားရွိသည္။

ဧည့္ခန္းမွတဆင့္ ခမ္းနားေသာ လသာေဆာင္သို႔ ေရာက္ရွိႏိုင္သည္။ တိုက္ဂါးေရွာ့ႏွင့္ မိသားစုသည္ လသာေဆာင္တြင္ အျပာေရာင္မိုးကုတ္စက္ဝိုင္းဆီသို႔ လွမ္းေမွ်ာ္ေငးေမာရင္း အပန္းေျဖႏိုင္သည္။

တိုက္ဂါးေရွာ့၏ အိပ္ခနး္တြင္မူ အေသးစိပ္အထူးမြမ္းမံထားသည့္ ဗိသုကာ လက္ရာမ်ားကို ေတြ႔ႏိုင္သည္။

အိပ္ခန္းကုတင္ေျခရင္းတြင္ ရိုးရာယဥ္ေက်းမႈႏွင့္စပ္လ်ဥ္းသည့္ ပန္းခ်ီကားမ်ားစြာ ခ်ိတ္ဆြဲထားသည္။

(တိုက္ဂါးေရွာ့ အိမ္လိပ္စာႏွင့္ တည္ေနရာ)

တိုက္ဂါးေရွာ့၏ အခန္းမွာ မြန္ဘိုင္းျမိဳ႕တြင္ အခ်မ္းသာဆံုးေနရာမ်ား၌ တစ္ခုပါဝင္ေသာ Khar West အရပ္မွ Rustomjee Paramount အိမ္ရာတြင္ တည္ရွိသည္။

တိုက္ဂါးေရွာ့၏ ေနအိမ္ခန္းတည္ရွိသည့္ေနရာမွာ မြန္ဘိုင္းျမိဳ႕၏ အေကာင္းဆံုးေနရာလည္း ျဖစ္သည္။

ေဘာလိဝုဒ္ၾကယ္ပြင့္တို႔သည္ သာမန္ျပည္သူတို႔အတြက္ ထူးျခားဆန္းျပားလွသည့္ ပေဟဠိ၊ ပု စၦာမ်ား ျဖစ္ၾကသည္။

၎တို႔ခ်စ္ခင္သည့္ ၾကယ္ပြင့္တို႔၏ ရုပ္ရွင္မ်ားမွသည္ ဝတ္ပံုစားပံု၊ ေနထုိင္သည့္ စံအိမ္အထိ ပရိသတ္တို႔က အတုယူၾက၊ အားက်ၾကသည္။

ႏႈတ္ခမ္းနီမေလးမ်ား၏ အသည္းစြဲမင္းသားမ်ားစာရင္းသို႔ ဝင္ေရာက္လာသူမွာ တိုက္ဂါးေရွာ့ျဖစ္ျပီး ေပါက္ကားေပါင္း အမ်ားအျပားျဖင့္ တရွိန္ထုိးေအာင္ျမင္လာခဲ့ျခင္း ျဖစ္ျပီး ပရိသတ္အလံုးအရင္း ရလာခဲ့သည္။

(တိုက္ဂါးေရွာ့ ဘာလဲ)

တိုက္ဂါးေရွာ့ (ေမြး ၁၉၉၀)၏ အမည္ရင္းမွာ ေဂ်း ဟီမန္ တိုက္ဂါး ေရွာ့ (Jai Hemant Tiger Shroff) ျဖစ္ျပီး အိႏိၵယ ရုပ္ရွင္မင္းသား၊ ကိုယ္ခံပညာရွင္၊ အကသမားတစ္ဦးျဖစ္ျပီး ဟင္ဒီရုပ္ရွင္မ်ားျဖင့္ နာမည္ေက်ာ္သည္။

တိုက္ဂါးေရွာ့သည္ အေဖဘက္မွ ဂူဂ်ာရတီ၊ တာ့ခ္မန္ လူမ်ဳိး ၂ ခု၏ ေသြးႏွင့္ မိခင္ဘက္မွ ဘဂၤါလီ၊ ဘယ္လ္ဂ်ီယံေသြးမ်ား ေပါင္းစပ္ထားရာ လူမ်ဳိး ၄ မ်ဳိး ၊ တနည္းအားျဖင့္ အာရွႏွင့္ ဥေရာပေသြးမ်ား ေပါင္းစပ္ထားသူတစ္ဦး ျဖစ္သည္။

တိုက္ဂါးေရွာ့သည္ ဟိႏၵဴဘာသာဝင္တစ္ဦးျဖစ္ျပီး သီဝကို ကိုးကြယ္သူျဖစ္သည္။

ရုပ္ရွင္မင္းသား ဂ်က္ကီေရွာ့ႏွင့္ ရုပ္ရွင္ထုတ္လုပ္သူ ေအရွာ ဒပ္တို႔၏ သားျဖစ္ျပီး ၂၀၁၄ ခုႏွစ္က ရံုတင္ခဲ့ေသာ အခ်စ္အက္ရွင္ဇာတ္ကား Heropanti ျဖင့္ ရုပ္ရွင္ေလာကသို႔ စတင္ဝင္ေရာက္ခဲ့သည္။

ေငြေၾကးအရ အလြန္ေအာင္ျမင္ခဲ့ေသာ Baaghi ရုပ္ရွင္ဇာတ္ကားမ်ား၊ Heropanti (၂၀၁၄) ႏွင့္ War (၂၀၁၉) ဇာတ္ကားမ်ားျဖင့္ လူသိမ်ားသည္။ အိႏိၵယတြင္ သရုပ္ေဆာင္ေၾကးအျမင့္ဆံုးသရုပ္ေဆာင္မ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္ျပီး Forbes မဂၢဇင္းၾကီး၏ အိႏိၵယအေက်ာ္အေမာ္ ၁၀၀ ဦးစာရင္းတြင္ ထည့္သြင္းေဖာ္ျပခံရသည္။

တိုက္ဂါးေရွာ့သည္ အထူးခၽြန္ဆံုး dancer တစ္ဦးျဖစ္သည့္နည္းတူ ကိုယ္ခံပညာထူးခၽြန္သူတစ္ဦးလည္း ျဖစ္သည္။

တိုက္ဂါးေရွာ့သည္ ၂၀၁၄ ခုႏွစ္အတြင္း တိုက္ကြမ္ဒို ခါးပတ္နက္ အဆင့္ (၅) ရရွိထားသည္။

သူ၏ ေျပာင္ေျမာက္ေသာ အက္ရွင္စြမ္းရည္မ်ားျဖင့္လည္း လူတိုင္း၏ သေဘာက်မႈ ရရွိထားသည္။

လက္ရွိအားျဖင့္ တိုက္ဂါးေရွာ့သည္ ယခုအခန္းတြင္ မိခင္၊ ညီမတို႔ႏွင့္အတူ ေနထိုင္လ်က္ရွိသည္။

Covid-19 ကြာရန္တင္းကာလအတြင္း တိုက္ဂါးေရွာ့သည္ အင္စတာဂရမ္တြင္ ဓာတ္ပံုမ်ားစြာတင္ခဲ့ရာ သူ၏ ပရိသတ္မ်ားမွာ တိုက္ဂါးေရွာ့၏ ျပင္ပဘဝေနထိုင္ပံုကို သိလာၾကရသည္။

(တိုက္ဂါးေရွာ့ အခ်စ္ေရး)

တိုက္ဂါးေရွာ့သည္ ရုပ္ရွင္မင္းသမီး ဒီးရွား ပတာနီႏွင့္ ခ်စ္ၾကိဳက္ေနသည္ဟူေသာ ေကာလာဟလသတင္းမ်ားရွိသည္။

တိုက္ဂါးေရွာ့၏ ဖခင္ ဂ်က္ကီေရွာ့က Bollywood Bubble သတင္းဌာနႏွင့္ အင္တာဗ်ဴးတစ္ခုတြင္ ေျပာခဲ့ရာ၌ သားျဖစ္သူ တိုက္ဂါးသည္ အသက္ ၂၅ ႏွစ္အရြယ္ကတည္းက ခ်စ္သူရွိေနခဲ့ေၾကာင္းေျပာၾကားခဲ့ျပီး ဒီးရွားကိုမူ အမည္တပ္ ေျပာဆိုျခင္း မျပဳခဲ့ေပ။

(ယခုလအတြင္း ျပသမည့္ဇာတ္ကား)

ယခုလာမည့္ ဧျပီလ ၂၉ ရက္တြင္ တိုက္ဂါးေရွာ့ႏွင့္ တာရ ဆူတာရီယ (Tara Sutaria) တို႔ ပါဝင္သရုပ္ေဆာင္ထားသည့္ Heropanti 2 ကို အိႏိၵယႏိုင္ငံတြင္ ရံုတင္ျပသမည္ ျဖစ္သည္။

Heropanti ရုပ္ရွင္သည္ YouTube တြင္ လႊင့္တင္ထားေသာ ရုပ္ရွင္နမူနာ (Trailer) တြင္မွာပင္ ေၾကာက္မက္ဖြယ္ ေအာင္္ျမင္မႈရေနသည္။ YouTube တြင္ ၂၄ နာရီအတြင္း ၾကည့္ရႈ႔သူ သန္း ၄၀ ေက်ာ္ထိ ရိွခဲ့ေသာေၾကာင့္ ၂၄ နာရီအတြင္း ၾကည့္ရႈသူအမ်ားဆံုး ေဘာလိဝုဒ္ ရုပ္ရွင္ နမူနာမ်ားတြင္ နံပါတ္ ၄ ေနရာထိ ေရာက္ရွိခဲ့သည္။

တိုက္ဂါးေရွာ့ ပါဝင္သရုပ္ေဆာင္ခဲ့သည့္ Heropanti ၊ Baaghi ၊ Baaghi2 ၊ War ၊ Baagi3 အစရွိသည့္ အက္ရွင္ဇာတ္ကားအားလံုး လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္ခဲ့သည္။

(တိုက္ဂါးေရွာ့၏ အေအာင္ျမင္ဆံုးဇာတ္ကား)

၂၀၁၆ ခုႏွစ္က ျပသခဲ့ေသာ Baaghi သည္ ေငြေၾကးအရ ေအာင္ျမင္မႈၾကီးမားစြာ ရရွိခဲ့ေသာ ဇာတ္ကားျဖစ္သည္။ အဆိုပါရုပ္ရွင္သည္ တိုက္ဂါးေရွာ့အတြက္လည္း လြန္စြာပင္ပန္းခဲ့ေသာ ရုပ္ရွင္ျဖစ္သည္။

အိႏိၵယအျပင္ ထိုင္းႏိုင္ငံ၏ အလွအပရႈခင္းမ်ားကို ေတြ႔ျမင္ရေသာ ရုပ္ရွင္ျဖစ္သည္။

ထုတ္လုပ္စရိတ္လည္း ျမင့္မားခဲ့ျပီး ရူပီး သန္း ၃၇၀ ထိ ကုန္က်ခဲ့ကာ ဝင္ေငြမွာလည္း ရူပီး ၁ ဒသမ ၂၅ ဘီလီယံအထိ ျပန္လည္ရရွိခဲ့သည္။

Baaghi , Baaghi 2 ႏွင့္ Baaghi 3 ရုပ္ရွင္ ၃ ခုေပါင္းဝင္ေငြမွာ ရူပီး ၅ ဒသမ ၁၅ ဘီလီယံရရွိသည္အထိ ေအာင္ျမင္ခဲ့သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: An Extensive First Look at the Ultra -Luxurious Tiger Shroff House in Mumbai (nobroker.in)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service