ရော့ခ်ဘိုးအေကြီး အော့ဇီ အော့စ်ဘွန်း၏ စံအိမ်များ
ရော့ခ်ဘိုးအေကြီး အော့ဇီ အော့စ်ဘွန်း၏ စံအိမ်များ - Property News in Myanmar from iMyanmarHouse.com
3 Mar 2022 10:25 am တွင် တင်ခဲ့သည်
765 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
Prince of Darkness အမည်ရှိ တေးအယ်လ်ဘမ်ကို ၂၀၀၅ ခုနှစ်က ဖြန့်ချိထားခဲ့သည့် အော့ဇီ အော့စ်ဘွန်း (အမည်ရင်း ဂျွန် မိုက်ကယ် အော့စ်ဘွန်း) သည် ၁၉၇၀ ပြည့်လွန်ကာလများတွင် ကမ္ဘာကျော် ရော့ခ်ဝိုင်းကြီး ဖြစ်သော Black Sabbath အဖွဲ့ကြီးတွင် ရှေ့ထွက်အဆိုတော်အဖြစ် ပါဝင်ကာ ဟဲဗီးမက်တယ်လောကတွင် စတင်ခြေချခဲ့ပြီး အဆိုပါအဖွဲ့ကြီးဖြင့်ပင် ကမ္ဘာကျော်ခဲ့သည်။
(အော့ဇီ အော့စ်ဘွန်း ဘယ်မှာနေလဲ)
အော့ဇီ အော့စ်ဘွန်းနှင့် ဇနီးဖြစ်သူ ရှာရွန် အော့စ်ဘွန်းတို့ မိသားစု မည်သည့်နေရာတွင် နေထိုင်သည်ကို သိလိုပါက ၎င်းပိုင်ဆိုင်ထားသော စံအိမ်များကို လေ့လာရမည် ဖြစ်သည်။ အော့ဇီ အော့စ်ဘွန်းမိသားစုသည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်နှင့် အင်္ဂလန်နိုင်ငံတို့အပါအဝင် နေရာအနှံ့အပြားတွင် နေအိမ်ပေါင်း များစွာပိုင်ဆိုင်ထားသည်။
(အော့ဇီ အော့စ်ဘွန်း၏ လော့စ်အိန်ဂျလိစံအိမ်- လက်ရှိ)
အော့ဇီနှင့် ရှာရွန် အော့စ်ဘွန်းတို့သည် အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့၊ Hancock Park အရပ်တွင် စံအိမ်တစ်လုံး ပိုင်ဆိုင်ထားသည်။
အဆိုပါ စံအိမ်ကို ဈေးကွက်ပြင်ပ အရောင်းအဝယ် (ရောင်းချရန် တရားဝင်ကြော်ငြာကာ ရောင်းချခြင်းမျိုး မဟုတ်ဘဲ နီးစပ်သောအဆက်အသွယ်များမှတဆင့် ရောင်းချခြင်းမျိုးဖြစ်) ဖြင့် တိတ်တဆိတ် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ရောင်းချသူမှာ Top Chef Canada ရုပ်သံအစီအစဉ်တွင် ဒိုင်အဖြစ် ဆောင်ရွက်သူ Shereen Arazm ဖြစ်ပြီး ၂၀၁၅ ခုနှစ်အတွင်း ရောင်းချခဲ့ခြင်း ဖြစ်သည်။
နေအိမ်အကျယ်အဝန်း စတုရန်းပေ ၉၀၀၀ ရှိကာ စပိန်ကိုလိုနီဗိသုကာဟန်ဖြင့် ၁၉၃၀ ပြည့်လွန်ကာလများတွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ အိပ်ခန်း ၈ ခန်း၊ ရေချိုးခန်း ၈ ခန်း၊ ခမ်းနားလှပသော အဝင်စင်္ကြန်နှင့် ရေကူးကန်တစ်ခုတို့ ပါဝင်သည်။
အော့ဇီတို့ ဇနီးမောင်နှံက အဆိုပါစံအိမ်ကို ကန်ဒေါ်လာ ၁၂ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(အော့ဇီ အော့စ်ဘွန်း၏ အင်္ဂလန်မှ စံအိမ်)
အော့ဇီနှင့် ရှာရွန်တို့သည် အင်္ဂလန်နိုင်ငံ၊ ဘက်ကင်ဟမ်ရှိုင်းယားအရပ်တွင် နာမည်ကျော် သမိုင်းဝင် စံအိမ်ကြီးတစ်လုံးဖြစ်သော Welders House စံအိမ်ကို ပိုင်ဆိုင်ထားသည်။
အဆိုပါ စံအိမ်ကြီးသည် ဗြိတိန်၏ ၁၈၀၀ ပြည့်လွန် နှောင်းပိုင်းကာလများအထိ သမိုင်းကြောင်းရှိသော အမျိုးသားသမိုင်းဝင်နေရာတစ်ခုလည်း ဖြစ်သည်။ (https://en.wikipedia.org/wiki/Welders_House )
၂၀၁၄ ခုနှစ်၊ မတ်လအတွင်း လော့စ်အိန်ဂျလိမြို့တွင် သည်းထန်စွာ မိုးရွာသွန်းရာ နံရံများမှ ရေများယိုစိမ့်ကာ တစ်အိမ်လုံး ရေစိုကုန်သောကြောင့် အော့စ်ဇီတို့မိသားစု လော့စ်အိန်ဂျလိကို ကျောခိုင်းကာ အင်္ဂလန်သို့ ထွက်ခွာခဲ့ကြသည်။
လော့စ်အိန်ဂျလိစံအိမ်ကို ပြန်လည်ပြုပြင်ရန် ၉ လအချိန်ယူခဲ့ရပြီး ပေါင် ၃၀၀၀၀၀ ခန့် ကုန်ကျခဲ့ကြောင်း အော့ဇီက သတင်းထောက်များကို ပြောပြဖူးသည်။
(အော့ဇီ အော့စ်ဘွန်း၏ ကြွယ်ဝမှု)
အော့ဇီ အော့စ်ဘွန်း မည်မျှချမ်းသာကြွယ်ဝသနည်း။ မကြာသေးမီက ရရှိထားသော သတင်းအချက်အလက် များအရ အော့ဇီ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ သန်း ၂၂၀ ခန့်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။
(မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှုများ)
မြန်မာနိုင်ငံတွင် အော့ဇီ အော့စ်ဘွန်းမှာ လူကြိုက်များပြီး ၎င်း၏တေးသီချင်းများကိုလည်း မြန်မာအဆိုတော်များက ပြန်လည်သီဆိုမှုများ ရှိသည်။ အချို့ကို ဖော်ပြရလျှင်….
(အငဲ၏ ပြန်လည်သီဆိုမှုများ)
Old L.A Tonight -ပြန်ဆုံကြဖို့
Mama I'm coming home- အစွန့်ပစ်ခံ
Facing Hell -အသိစိတ်မဲ့ရေစီး
(လေးဖြူ၏ ပြန်လည်သီဆိုမှုများ)
Fire in the sky -စုန်းမ
You're no different -အလွမ်းရဲ့နတ်သမီး
Perry Mason -တို့ပြန်တွေ့မယ့်အချိန်
I just want you လတစ်စင်းလိုချစ်တယ် ရာစုသစ်စီးရီး
(ဇော်ဝင်းထွဋ်၏ ပြန်လည်သီဆိုမှုများ)
Shot in the dark -နယူတန်ရဲ့တရား
Ultimate Sin -ပထမဆု
Goodbye to romance - ပုံရိပ်များ
Paranoid -မောဟများနဲ့လူ
So tired ဟယ်ရီလင်း- မောပန်းနေပြီ
No more tears ဟယ်ရီလင်း- အနမ်းများရဲ့နေ့
See you on the other side ဖိုးကျော် - အားပေးနှစ်သိမ့်ရင်း
Crazy Train ဇော်ထက် - အနာဂါတ်တောင်ပံ
Close your eyes forever တို့ရဲ့ချစ်သူများနေ့စီးရီးတွင် လရောင်နေ့များဟူသောအမည်ဖြင့် သီဆိုထား
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Ozzy Osbourne House: Inside Their Multi-Million Dollar Real Estate Empire (velvetropes)
[Zawgyi]
Fire in the sky -စုန်းမ
Ultimate Sin -ပထမဆု
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Ponnami Estate
Innwa Pyae Sone
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service