ဧက ၁၀၀ ကျယ်ဝန်းပြီး ကိုယ်ပိုင်လေယာဉ်ကွင်း၊ လေယာဉ်သိုလှောင်ရုံပါသော မွေးမြူရေးခြံကြီး အရောင်းဈေးကွက်ဝင်လာ

ဧက ၁၀၀ ကျယ်ဝန်းပြီး ကိုယ်ပိုင်လေယာဉ်ကွင်း၊ လေယာဉ်သိုလှောင်ရုံပါသော မွေးမြူရေးခြံကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
8 Feb 2022 11:29 am တွင် တင်ခဲ့သည်
861 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စုအနောက်ပိုင်း ဝိုင်ယောမင်းပြည်နယ် (Wyoming) တွင် ဧက ၁၀၀ အကျယ်ရှိပြီး ကိုယ်ပိုင်လေယာဉ်ကွင်း၊ လေယာဉ်သိုလှောင်ရုံပါသော မွေးမြူရေးခြံကြီး အရောင်းဈေးကွက်ဝင်လာသည်။

တည်နေရာ- ဝိုင်ယောမင်းပြည်နယ်၊ ဖရီးဒမ်းအရပ် (၂၀၁၀ ပြည့်နှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၂၁၄ ဦးသာရှိ)

ဈေးနှုန်း- ကန်ဒေါ်လာ ၆ ဒသမ ၈၉၅ သန်း

ဝိုင်ယောမင်းပြည်နယ်အနောက်ပိုင်းတွင် တည်ရှိကာ အိုင်ဒါဟိုပြည်နယ်နှင့် နယ်နိမိတ်ထိစပ်သည့်နေရာတွင် တည်ရှိသော ဧက ၁၀၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးတွင် မြက်ခင်းလေယာဉ်ကွင်းတစ်ခု၊ လေယာဉ်နှင့် အခြားယာဉ်များ ထားသိုနိုင်သော စတုရန်းပေ ၃၆၀၀ ကျယ်ဝန်းသည့် သိုလှောင်ရုံတစ်ခုတို့ ပါဝင်သည်။

“ကြယ်တာရာ တောင်ကြားရဲ့ မြောက်ဘက်စွန်းမှာ တည်ရှိပါတယ်။ ဒီတောင်ကြားဟာ မိုင် ၅၀ ရှည်လျားပြီး Salt မြစ်က ဖြတ်သန်းစီးဆင်းနေတယ်” ဟု ဈေးကွက်တင်ပေးသည့် Engel & Völkers ကုမ္ပဏီမှ အကျိုးဆောင် Shea DeMello က ပြောသည်။

Freedom Air Ranch ဟု အမည်ပေးထားသော ခြံကြီးသည် ငါးဖမ်းရန် အလွန်ကောင်းမွန်သော Salt မြစ်နှင့်လည်း နီးကပ်ကြောင်း သူမက ပြောသည်။

ခြံဝန်းကြီးသည် တောင်ပေါ်မြင်ကွင်းများကို ၃၆၀ ဒီဂရီ ရှုမြင်နိုင်ရာ ပေပေါင်း တစ်သောင်းကျော်မြင့်မားသည့် ဘလက်တောင်တန်းနှင့် Salt မြစ်တို့၏ ကျယ်ပြောသော မြင်ကွင်းကျယ်များ ပိုင်ဆိုင်ထားသည်။

ခရိုင်နှင့် ပြည်ထောင်စု လေကြောင်းအာဏာပိုင်အဖွဲ့က ခွင့်ပြုချက်ရရှိထားသော လေယာဉ်ကွင်း၏ လေယာဉ်ပြေးလမ်းသည် ပေ ၂၀၀၀ ခန့်ရှိကာ မြက်ခင်းထားပြီး ထပ်တိုးလမ်းမအလျား ပေ ၆၀၀ ခန့်ရှိသေးကြောင်း ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်။

ပိုင်ရှင်မှာ အမေရိကန်လေကြောင်းလိုင်းမှ အငြိမ်းစားလေယာဉ်မှူးတစ်ဦးဖြစ်ပြီး ယခုနေရာတွင် အခြေချ နေထိုင်နေခြင်း ဖြစ်သည်။ အဆိုပါပုဂ္ဂိုလ်က ယခု မွေးမြူရေးခြံကြီးကို ၂၀၀၇ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း မစ္စ DeMello က ပြောသည်။

လေယာဉ်မှူးဟောင်းသည် လေယာဉ် ၂ စင်းပိုင်ဆိုင်ထားပြီး ယခုခြံကြီးအတွင်းရှိ သိုလှောင်ရုံတွင် ထားရှိသည်။

လေယာဉ်သိုလှောင်ရုံတွင် လူနေရန် နေရာငယ်တစ်ခုလည်း ပါဝင်ပြီး လေယာဉ်သိုလှောင်ထားရှိရန်အတွက် နေရာပိုမိုသုံးစွဲထားသည်။

အဆိုပါ အဆောက်အအုံတွင် မြောက်အမေရိကတွင်သာတွေ့ရသော ဟစ်ကာရီ သစ်မာသားကြမ်းခင်း၊ သတ္တုအမိုး၊ ဘုရားကျောင်းဟန် မျက်နှာကြက်များ၊ ကြီးမားသော ပြတင်းပေါက်ကြီးများ၊ နှမ်းဖတ်ကျောက်ပြားခင်း မီးဖိုခုံ၊ ဆောင်းရွက်ကြွေပင်သားဖြင့် ပြုလုပ်ထားသော နံရံကပ်စင်များ ၊ ကျေးလက်ဆန်သော သစ်သားအပြင်အဆင်များကို တွေ့ရမည် ဖြစ်သည်။

အမိုးပေါ်တွင် ၄၅ ပေမြင့်သော မျှော်စင်တစ်ခုလည်း ပါဝင်ပြီး မီးဖိုဆောင်အတွင်းရှိ တံခါးပေါက်တစ်ခုမှတဆင့် ရောက်ရှိနိုင်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: This 100-Acre Wyoming Spread Has Its Own Airstrip and Airplane Hangar (mansiongloba)

[Zawgyi]

ဧက ၁၀၀ က်ယ္ဝန္းျပီး ကိုယ္ပိုင္ေလယာဥ္ကြင္း၊ ေလယာဥ္သိုေလွာင္ရံုပါေသာ ေမြးျမဴေရးျခံၾကီး အေရာင္းေစ်းကြက္ဝင္လာ

အေမရိကန္ျပည္ေထာင္စုအေနာက္ပိုင္း ဝိုင္ေယာမင္းျပည္နယ္ (Wyoming) တြင္ ဧက ၁၀၀ အက်ယ္ရွိျပီး ကိုယ္ပိုင္ေလယာဥ္ကြင္း၊ ေလယာဥ္သိုေလွာင္ရံုပါေသာ ေမြးျမဴေရးျခံၾကီး အေရာင္းေစ်းကြက္ဝင္လာသည္။

တည္ေနရာ- ဝိုင္ေယာမင္းျပည္နယ္၊ ဖရီးဒမ္းအရပ္ (၂၀၁၀ ျပည့္ႏွစ္ သန္းေခါင္စာရင္းအရ လူဦးေရ ၂၁၄ ဦးသာရွိ)

ေစ်းႏႈန္း- ကန္ေဒၚလာ ၆ ဒသမ ၈၉၅ သန္း

ဝိုင္ေယာမင္းျပည္နယ္အေနာက္ပိုင္းတြင္ တည္ရွိကာ အိုင္ဒါဟိုျပည္နယ္ႏွင့္ နယ္နိမိတ္ထိစပ္သည့္ေနရာတြင္ တည္ရွိေသာ ဧက ၁၀၀ က်ယ္ဝန္းသည့္ ျခံဝန္းၾကီးတြင္ ျမက္ခင္းေလယာဥ္ကြင္းတစ္ခု၊ ေလယာဥ္ႏွင့္ အျခားယာဥ္မ်ား ထားသိုႏိုင္ေသာ စတုရန္းေပ ၃၆၀၀ က်ယ္ဝန္းသည့္ သိုေလွာင္ရံုတစ္ခုတုိ႔ ပါဝင္သည္။

“ၾကယ္တာရာ ေတာင္ၾကားရဲ႕ ေျမာက္ဘက္စြန္းမွာ တည္ရွိပါတယ္။ ဒီေတာင္ၾကားဟာ မိုင္ ၅၀ ရွည္လ်ားျပီး Salt ျမစ္က ျဖတ္သန္းစီးဆင္းေနတယ္” ဟု ေစ်းကြက္တင္ေပးသည့္ Engel & Völkers ကုမၸဏီမွ အက်ဳိးေဆာင္ Shea DeMello က ေျပာသည္။

Freedom Air Ranch ဟု အမည္ေပးထားေသာ ျခံၾကီးသည္ ငါးဖမ္းရန္ အလြန္ေကာင္းမြန္ေသာ Salt ျမစ္ႏွင့္လည္း နီးကပ္ေၾကာင္း သူမက ေျပာသည္။

ျခံဝန္းၾကီးသည္ ေတာင္ေပၚျမင္ကြင္းမ်ားကို ၃၆၀ ဒီဂရီ ရႈျမင္ႏိုင္ရာ ေပေပါင္း တစ္ေသာင္းေက်ာ္ျမင့္မားသည့္ ဘလက္ေတာင္တန္းႏွင့္ Salt ျမစ္တို႔၏ က်ယ္ေျပာေသာ ျမင္ကြင္းက်ယ္မ်ား ပိုင္ဆုိင္ထားသည္။

ခရိုင္ႏွင့္ ျပည္ေထာင္စု ေလေၾကာင္းအာဏာပိုင္အဖြဲ႔က ခြင့္ျပဳခ်က္ရရွိထားေသာ ေလယာဥ္ကြင္း၏ ေလယာဥ္ေျပးလမ္းသည္ ေပ ၂၀၀၀ ခန္႔ရွိကာ ျမက္ခင္းထားျပီး ထပ္တိုးလမ္းမအလ်ား ေပ ၆၀၀ ခန္႔ရွိေသးေၾကာင္း ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပသည္။

ပိုင္ရွင္မွာ အေမရိကန္ေလေၾကာင္းလိုင္းမွ အျငိမ္းစားေလယာဥ္မွဴးတစ္ဦးျဖစ္ျပီး ယခုေနရာတြင္ အေျခခ် ေနထုိင္ေနျခင္း ျဖစ္သည္။ အဆိုပါပုဂၢိဳလ္က ယခု ေမြးျမဴေရးျခံၾကီးကို ၂၀၀၇ ခုႏွစ္တြင္ တည္ေထာင္ခဲ့ျခင္းျဖစ္ေၾကာင္း မစၥ DeMello က ေျပာသည္။

ေလယာဥ္မွဴးေဟာင္းသည္ ေလယာဥ္ ၂ စင္းပိုင္ဆိုင္ထားျပီး ယခုျခံၾကီးအတြင္းရွိ သိုေလွာင္ရံုတြင္ ထားရွိသည္။

ေလယာဥ္သိုေလွာင္ရံုတြင္ လူေနရန္ ေနရာငယ္တစ္ခုလည္း ပါဝင္ျပီး ေလယာဥ္သိုေလွာင္ထားရွိရန္အတြက္ ေနရာပိုမိုသံုးစြဲထားသည္။

အဆိုပါ အေဆာက္အအံုတြင္ ေျမာက္အေမရိကတြင္သာေတြ႔ရေသာ ဟစ္ကာရီ သစ္မာသားၾကမ္းခင္း၊ သတၱဳအမိုး၊ ဘုရားေက်ာင္းဟန္ မ်က္ႏွာၾကက္မ်ား၊ ၾကီးမားေသာ ျပတင္းေပါက္ၾကီးမ်ား၊ ႏွမ္းဖတ္ေက်ာက္ျပားခင္း မီးဖိုခံု၊ ေဆာင္းရြက္ေၾကြပင္သားျဖင့္ ျပဳလုပ္ထားေသာ နံရံကပ္စင္မ်ား ၊ ေက်းလက္ဆန္ေသာ သစ္သားအျပင္အဆင္မ်ားကို ေတြ႔ရမည္ ျဖစ္သည္။

အမိုးေပၚတြင္ ၄၅ ေပျမင့္ေသာ ေမွ်ာ္စင္တစ္ခုလည္း ပါဝင္ျပီး မီးဖိုေဆာင္အတြင္းရွိ တံခါးေပါက္တစ္ခုမွတဆင့္ ေရာက္ရွိႏိုင္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: This 100-Acre Wyoming Spread Has Its Own Airstrip and Airplane Hangar (mansiongloba)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service