အရှေ့တောင်အာရှ၏ အပျော်ရွှင်ရဆုံးနိုင်ငံ - စင်္ကာပူ

အရှေ့တောင်အာရှ၏ အပျော်ရွှင်ရဆုံးနိုင်ငံ - စင်္ကာပူ - Property News in Myanmar from iMyanmarHouse.com
18 Jan 2022 10:17 am တွင် တင်ခဲ့သည်
988 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ပျော်ရွှင်မှုဆိုတာကို ဘာနဲ့သတ်မှတ်ပါလိမ့်?

သင့်ဘဝနဲ့ပတ်သက်ပြီး ကောင်းတယ်၊ အဆင်ပြေတယ်လို့ သင်ခံစားရတဲ့အကြိမ်အရေအတွက်နဲ့လား? ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သင်ရှာဖွေရရှိတဲ့ ဝင်ငွေပမာဏနဲ့များလား? ဒါလည်း ဟုတ်ပါတယ်။

ကမ္ဘာ့အကြီးဆုံးစစ်တမ်းကောက်ယူမှုအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Gallup World Poll အဖွဲ့ကတော့ ပျော်ရွှင်မှုအဆင့်ကို သတ်မှတ်ဖို့အတွက်ဆို ထည့်သွင်းစဥ်းစားစရာစံနှုန်းတွေ အများကြီးရှိတယ်လို့ ဆိုပါတယ်။

အဆိုပါအဖွဲ့ဟာ ယခင်နှစ်အစီရင်ခံစာတွေအတွက် ပျော်ရွှင်မှုကို လူမှုရေးပံ့ပိုးမှု၊ လွတ်လပ်စွာရွေးချယ်ခွင့်၊ ပေးကမ်းစွန့်ကြဲတတ်မှု (သို့) လူမှုကောင်းကျိုး၊ အစိုးရ၏ သိမြင်နားလည်မှု၊ လုပ်ငန်းအကျင့်ပျက်ခြစားမှုလိုမျိုး အချက်တွေနဲ့ပဲ တွက်ချက်တိုင်းတာလာခဲ့ပေမဲ့ World Happiness Report 2021 (၂၀၂၁ ခုနှစ် ကမ္ဘာ့ပျော်ရွှင်မှုအစီရင်ခံစာ) ကို ပြုစုတဲ့အခါမှာတော့ နိုင်ငံသားတွေရဲ့ လူမှုဘဝတွေမှာ COVID-19 ရဲ့ သက်ရောက်ရိုက်ခတ်မှုနဲ့ ၎င်းကပ်ရောဂါကူးစက်မှုအပေါ် အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းမှုကို အဓိကထည့်သွင်းစဥ်းစားခဲ့တာဖြစ်ပါတယ်။

ဒီအစီရင်ခံစာထဲ လေ့လာခဲ့တဲ့နိုင်ငံ ၁၄၉ နိုင်ငံအနက် (အပျော်ရွှင်ရဆုံး) ထိပ်တန်း ၁၀ နိုင်ငံထဲမှာ အရှေ့တောင်အာရှဒေသက ဘယ်နိုင်ငံမျှ မပါဝင်ခဲ့ပါဘူး။ ပေးမှတ် ၈ မှတ်မှာ ၇ ဒသမ ၈ မှတ်ဖြင့် ကမ္ဘာ့ထိပ်ဆုံးနံပါတ် ၁ နေရာကို ရယူခဲ့တာကတော့ ဖင်လန်နိုင်ငံပဲဖြစ်ပါတယ်။

ဖင်လန်နိုင်ငံရဲ့ မြင့်မားတဲ့ ပျော်ရွှင်မှုအဆင့်ဟာ COVID-19 ကပ်‌ရောဂါကူးစက်မှုအပေါ် ၎င်းတို့အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းမှုကြောင့် အဓိကဖြစ်တယ်လို့ အဆိုပါအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဖင်လန်မှာ COVID-19 နဲ့ပတ်သက်ပြီး အခက်အခဲတစ်ခုခု ကြုံလာရင် အားထားစရာ ဘေးကင်းလုံခြုံတဲ့ကွန်ရက်တစ်ခု ပြည်သူတွေမှာ ရှိအောင် အစိုးရက စီစဥ်ပေးထားတယ်လို့ သိရပါတယ်။

အရှေ့တောင်အာရှ‌ဒေသမှာတော့ စင်္ကာပူက အပျော်ရွှင်ရဆုံးနိုင်ငံပါပဲ။

ကျွန်းနိုင်ငံဖြစ်တဲ့ စင်္ကာပူဟာ ပေးမှတ် ၈ မှတ်မှာ ၆ ဒသမ ၄ မှတ် ရရှိခဲ့ပါတယ်။ အရှေ့တောင်အာရှဒေသတွင်း အခြားနိုင်ငံတွေထက် အမှတ်သိသိသာသာမြင့်မားပေမဲ့ အာရှတစ်ခုလုံးက နိုင်ငံတွေနဲ့ နှိုင်းစာမယ်ဆိုရင်တော့ ယှဥ်လို့တောင် မရပါဘူး။ အာရှမှာ ရမှတ် ၆ ဒသမ ၆ နဲ့ ထိုင်ဝမ်က အပျော်ရွှင်ရဆုံးနိုင်ငံဖြစ်ပါတယ်။

စင်္ကာပူရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းက ၆ မှတ်၊ ဖိလစ်ပိုင်က ၅ ဒသမ ၉ မှတ်၊ မလေးရှားနဲ့ ဗီယက်နမ်တို့က အမှတ်တူအဖြစ် ၅ ဒသမ ၄ မှတ်၊ အင်ဒိုနီးရှားက ၅ ဒသမ ၃ မှတ်နဲ့ မြန်မာကတော့ အရှေ့တောင်အာရှမှာ ရမှတ်အနည်းဆုံးအဖြစ် ၄ ဒသမ ၄ မှတ် စသဖြင့် အသီးသီး ရရှိခဲ့ကြပါတယ်။

စင်္ကာပူဟာ COVID-19 ကို တွန်းလှန်ရာမှာ အရှေ့တောင်အာရှဒေသတွင်း စံထားစရာနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ၎င်းကပ်ရောဂါဖြစ်ပွားမှုအတွင်း စင်္ကာပူအစိုးရရဲ့ ပြည်သူတွေအတွက် စိတ်သက်သာရစေတဲ့ အထင်ရှားဆုံး လုပ်ရပ်ကတော့ ကာကွယ်ဆေးထိုးနှံပေးနိုင်မှုနှုန်း မြင့်မားခြင်းပါပဲ။ နောက်တစ်ချက်ကတော့ ရောဂါကူးစက်မှုထိန်းချုပ်ရေး lockdown (လူထုအား သူတို့နေထိုင်ရာဧရိယာအတွင်းသာ နေထိုင်စေသည့် ကန့်သတ်မှုမူဝါဒ) ချမှတ်မှုတွေဟာ ဥပမာအားဖြင့် အင်ဒိုနီးရှားနဲ့ မလေးရှားတို့နဲ့ဆန့်ကျင်စွာပဲ တစ်သမတ်တည်းတင်းတင်းကျပ်ကျပ်ရှိခြင်းပါပဲ။

တစ်ပြိုင်တည်းမှာပဲ စင်္ကာပူမှာ COVID-19 ရောဂါကူးစက်မှုတွေဟာ ၎င်းနိုင်ငံအတွက် ထိန်းချုပ်နိုင်တာထက်ကို ပိုများပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ စင်္ကာပူရဲ့ လူဦးရေက အဓိကကျတယ်လို့ ပြောရပါမယ်။ စင်္ကာပူက ၎င်းရဲ့အိမ်နီးချင်းနိုင်ငံတွေနဲ့ယှဥ်ရင် အခုလိုမျိုးအမှတ်များများမရခဲ့ပါမှသာလျှင် လုံးဝကို အံ့အားသင့်စရာဖြစ်ပါလိမ့်မယ်။

စာရင်းမှာ လေ့လာခဲ့တဲ့ ၁၄၉ နိုင်ငံအနက် ရမှတ်အနည်းဆုံးနဲ့ စာရင်းရဲ့အောက်ဆုံးမှာ ဖော်ပြခံခဲ့ရတဲ့ ကမ္ဘာ့မပျော်ရွှင်ရဆုံးနိုင်ငံကတော့ အာဖဂန်နစ္စတန်နိုင်ငံပဲဖြစ်ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံရဲ့ ရမှတ်ကတော့ ၂ ဒသမ ၅ မှတ်ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: sea.mashable.com

[Zawgyi]

အေ႐ွ႕ေတာင္အာ႐ွ၏ အေပ်ာ္႐ႊင္ရဆုံးႏိုင္ငံ - စကၤာပူ

ေပ်ာ္႐ႊင္မႈဆိုတာကို ဘာနဲ႔သတ္မွတ္ပါလိမ့္?

သင့္ဘဝနဲ႔ပတ္သက္ၿပီး ေကာင္းတယ္၊ အဆင္ေျပတယ္လို႔ သင္ခံစားရတဲ့အႀကိမ္အေရအတြက္နဲ႔လား? ျဖစ္ႏိုင္ပါတယ္။ ဒါမွမဟုတ္ သင္႐ွာေဖြရ႐ွိတဲ့ ဝင္ေငြပမာဏနဲ႔မ်ားလား? ဒါလည္း ဟုတ္ပါတယ္။

ကမ႓ာ့အႀကီးဆုံးစစ္တမ္းေကာက္ယူမႈအဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ Gallup World Poll အဖြဲ႕ကေတာ့ ေပ်ာ္႐ႊင္မႈအဆင့္ကို သတ္မွတ္ဖို႔အတြက္ဆို ထည့္သြင္းစဥ္းစားစရာစံႏႈန္းေတြ အမ်ားႀကီး႐ွိတယ္လို႔ ဆိုပါတယ္။

အဆိုပါအဖြဲ႕ဟာ ယခင္ႏွစ္အစီရင္ခံစာေတြအတြက္ ေပ်ာ္႐ႊင္မႈကို လူမႈေရးပံ့ပိုးမႈ၊ လြတ္လပ္စြာေ႐ြးခ်ယ္ခြင့္၊ ေပးကမ္းစြန္႔ႀကဲတတ္မႈ (သို႔) လူမႈေကာင္းက်ိဳး၊ အစိုးရ၏ သိျမင္နားလည္မႈ၊ လုပ္ငန္းအက်င့္ပ်က္ျခစားမႈလိုမ်ိဳး အခ်က္ေတြနဲ႔ပဲ တြက္ခ်က္တိုင္းတာလာခဲ့ေပမဲ့ World Happiness Report 2021 (၂၀၂၁ ခုႏွစ္ ကမ႓ာ့ေပ်ာ္႐ႊင္မႈအစီရင္ခံစာ) ကို ျပဳစုတဲ့အခါမွာေတာ့ ႏိုင္ငံသားေတြရဲ႕ လူမႈဘဝေတြမွာ COVID-19 ရဲ႕ သက္ေရာက္႐ိုက္ခတ္မႈနဲ႔ ၎ကပ္ေရာဂါကူးစက္မႈအေပၚ အစိုးရရဲ႕ ကိုင္တြယ္ေျဖ႐ွင္းမႈကို အဓိကထည့္သြင္းစဥ္းစားခဲ့တာျဖစ္ပါတယ္။

ဒီအစီရင္ခံစာထဲ ေလ့လာခဲ့တဲ့ႏိုင္ငံ ၁၄၉ ႏိုင္ငံအနက္ (အေပ်ာ္႐ႊင္ရဆုံး) ထိပ္တန္း ၁၀ ႏိုင္ငံထဲမွာ အေ႐ွ႕ေတာင္အာ႐ွေဒသက ဘယ္ႏိုင္ငံမွ် မပါဝင္ခဲ့ပါဘူး။ ေပးမွတ္ ၈ မွတ္မွာ ၇ ဒသမ ၈ မွတ္ျဖင့္ ကမ႓ာ့ထိပ္ဆုံးနံပါတ္ ၁ ေနရာကို ရယူခဲ့တာကေတာ့ ဖင္လန္ႏိုင္ငံပဲျဖစ္ပါတယ္။

ဖင္လန္ႏိုင္ငံရဲ႕ ျမင့္မားတဲ့ ေပ်ာ္႐ႊင္မႈအဆင့္ဟာ COVID-19 ကပ္‌ေရာဂါကူးစက္မႈအေပၚ ၎တို႔အစိုးရရဲ႕ ကိုင္တြယ္ေျဖ႐ွင္းမႈေၾကာင့္ အဓိကျဖစ္တယ္လို႔ အဆိုပါအစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ ဖင္လန္မွာ COVID-19 နဲ႔ပတ္သက္ၿပီး အခက္အခဲတစ္ခုခု ၾကဳံလာရင္ အားထားစရာ ေဘးကင္းလုံျခဳံတဲ့ကြန္ရက္တစ္ခု ျပည္သူေတြမွာ ႐ွိေအာင္ အစိုးရက စီစဥ္ေပးထားတယ္လို႔ သိရပါတယ္။

အေ႐ွ႕ေတာင္အာ႐ွ‌ေဒသမွာေတာ့ စကၤာပူက အေပ်ာ္႐ႊင္ရဆုံးႏိုင္ငံပါပဲ။

ကြၽန္းႏိုင္ငံျဖစ္တဲ့ စကၤာပူဟာ ေပးမွတ္ ၈ မွတ္မွာ ၆ ဒသမ ၄ မွတ္ ရ႐ွိခဲ့ပါတယ္။ အေ႐ွ႕ေတာင္အာ႐ွေဒသတြင္း အျခားႏိုင္ငံေတြထက္ အမွတ္သိသိသာသာျမင့္မားေပမဲ့ အာ႐ွတစ္ခုလုံးက ႏိုင္ငံေတြနဲ႔ ႏိႈင္းစာမယ္ဆိုရင္ေတာ့ ယွဥ္လို႔ေတာင္ မရပါဘူး။ အာ႐ွမွာ ရမွတ္ ၆ ဒသမ ၆ နဲ႔ ထိုင္ဝမ္က အေပ်ာ္႐ႊင္ရဆုံးႏိုင္ငံျဖစ္ပါတယ္။

စကၤာပူရဲ႕ အိမ္နီးခ်င္းႏိုင္ငံေတြျဖစ္တဲ့ ထိုင္းက ၆ မွတ္၊ ဖိလစ္ပိုင္က ၅ ဒသမ ၉ မွတ္၊ မေလး႐ွားနဲ႔ ဗီယက္နမ္တို႔က အမွတ္တူအျဖစ္ ၅ ဒသမ ၄ မွတ္၊ အင္ဒိုနီး႐ွားက ၅ ဒသမ ၃ မွတ္နဲ႔ ျမန္မာကေတာ့ အေ႐ွ႕ေတာင္အာ႐ွမွာ ရမွတ္အနည္းဆုံးအျဖစ္ ၄ ဒသမ ၄ မွတ္ စသျဖင့္ အသီးသီး ရ႐ွိခဲ့ၾကပါတယ္။

စကၤာပူဟာ COVID-19 ကို တြန္းလွန္ရာမွာ အေ႐ွ႕ေတာင္အာ႐ွေဒသတြင္း စံထားစရာႏိုင္ငံတစ္ႏိုင္ငံျဖစ္ပါတယ္။ ၎ကပ္ေရာဂါျဖစ္ပြားမႈအတြင္း စကၤာပူအစိုးရရဲ႕ ျပည္သူေတြအတြက္ စိတ္သက္သာရေစတဲ့ အထင္႐ွားဆုံး လုပ္ရပ္ကေတာ့ ကာကြယ္ေဆးထိုးႏွံေပးႏိုင္မႈႏႈန္း ျမင့္မားျခင္းပါပဲ။ ေနာက္တစ္ခ်က္ကေတာ့ ေရာဂါကူးစက္မႈထိန္းခ်ဳပ္ေရး lockdown (လူထုအား သူတို႔ေနထိုင္ရာဧရိယာအတြင္းသာ ေနထိုင္ေစသည့္ ကန္႔သတ္မႈမူဝါဒ) ခ်မွတ္မႈေတြဟာ ဥပမာအားျဖင့္ အင္ဒိုနီး႐ွားနဲ႔ မေလး႐ွားတို႔နဲ႔ဆန္႔က်င္စြာပဲ တစ္သမတ္တည္းတင္းတင္းက်ပ္က်ပ္႐ွိျခင္းပါပဲ။

တစ္ၿပိဳင္တည္းမွာပဲ စကၤာပူမွာ COVID-19 ေရာဂါကူးစက္မႈေတြဟာ ၎ႏိုင္ငံအတြက္ ထိန္းခ်ဳပ္ႏိုင္တာထက္ကို ပိုမ်ားပါတယ္။ ဒါေပမဲ့ ဒီေနရာမွာ စကၤာပူရဲ႕ လူဦးေရက အဓိကက်တယ္လို႔ ေျပာရပါမယ္။ စကၤာပူက ၎ရဲ႕အိမ္နီးခ်င္းႏိုင္ငံေတြနဲ႔ယွဥ္ရင္ အခုလိုမ်ိဳးအမွတ္မ်ားမ်ားမရခဲ့ပါမွသာလွ်င္ လုံးဝကို အံ့အားသင့္စရာျဖစ္ပါလိမ့္မယ္။

စာရင္းမွာ ေလ့လာခဲ့တဲ့ ၁၄၉ ႏိုင္ငံအနက္ ရမွတ္အနည္းဆုံးနဲ႔ စာရင္းရဲ႕ေအာက္ဆုံးမွာ ေဖာ္ျပခံခဲ့ရတဲ့ ကမ႓ာ့မေပ်ာ္႐ႊင္ရဆုံးႏိုင္ငံကေတာ့ အာဖဂန္နစၥတန္ႏိုင္ငံပဲျဖစ္ပါတယ္။ အာဖဂန္နစၥတန္ႏိုင္ငံရဲ႕ ရမွတ္ကေတာ့ ၂ ဒသမ ၅ မွတ္ျဖစ္တယ္လို႔ သိရပါတယ္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မြ ေရးသား ေဖာ္်ပသည္။)

Credit: iMyanmarHouse.com

Ref: sea.mashable.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Sweet Dream Villa
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service