တာချီလိတ်မှ ဟိုတယ်တွင် DJ အဖြစ်လုပ်ကိုင်သော ထိုင်းအမျိုးသား ထိုင်းသို့ တရားမဝင် ပြန်လည်ဝင်ရောက်ရာ Covid-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိ

တာချီလိတ်မှ ဟိုတယ်တွင် DJ အဖြစ်လုပ်ကိုင်သော ထိုင်းအမျိုးသား ထိုင်းသို့ တရားမဝင် ပြန်လည်ဝင်ရောက်ရာ Covid-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
6 Dec 2020 11:29 am တွင် တင်ခဲ့သည်
840 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှ အသက် ၃၂ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးသည် မြန်မာနိုင်ငံ၊ တာချီလိတ်မြို့ရှိ 1G1-7 ဟိုတယ်တွင် အလုပ်လုပ်ကိုင်ခဲ့ပြီး ထိုင်းနိုင်ငံဘက်သို့ တရားမဝင်လမ်းကြောင်းမှ ပြန်လည်ဝင်ရောက်ပြီးနောက် Covid-19 ရောဂါကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ထိုအမျိုးသားသည် တာချီလိတ်ရှိ ဟိုတယ်တွင် DJ တစ်ဦးအဖြစ် အလုပ်လုပ်ကိုင်ခဲ့ပြီး နိုဝင်ဘာလ ၃၀ ရက်တွင် ထိုင်းနိုင်ငံဘက်သို့ ချင်းရိုင်နယ်စပ်မှ တရားမဝင် ပြန်လည်ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

The Pattaya News သတင်းဌာနက ဖော်ပြရာတွင် အဆိုပါအမျိုးသားသည် ထိုအချိန်က ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာများ ခံစားနေရပြီး အနံ့ပျောက်ခြင်းနှင့် နှာပိတ်ခြင်းများဖြစ်နေကြောင်း ဖော်ပြသည်။

သူသည် ချင်းရိုင်ပြည်နယ်၊ မယ်ဆိုင်ခရိုင်ရှိ ဟိုတယ်တွင် တစ်ညအိပ်ခဲ့ပြီး နောက်တစ်ညတွင် မူရန်ခရိုင်၌ နေထိုင်ခဲ့ပြီးနောက် ချင်းမိုင်သို့ ဆိုင်ကယ်ဖြင့် ထွက်ခွာခဲ့သည်။

ယင်းနောက် ပြီးခဲ့သော ကြာသပတေးနေ့တွင် Nakornping ဆေးရုံသို့ သွားရောက်ခဲ့ကာ သူ၏ ရောဂါလက္ခဏာများကို ပြောပြပြီး Covid-19 စစ်ဆေးပေးပါရန် တောင်းဆိုခဲ့သည်။ စစ်ဆေးမှုတွင် ပေါ့စတစ်ရလဒ်တွေ့ရှိပြီးနောက် ယခုအခါ သီးခြားထားရှိကာ ကုသမှုခံယူလျက်ရှိသည်။

ကျန်းမာရေးအရာရှိတို့က ပြောရာတွင် ထိုအမျိုးသားသည် ချင်းရိုင်မှ ချင်းမိုင်သို့ တစ်ဦးတည်းလာရောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

ချင်းမိုင်သို့ ရောက်ရှိချိန်တွင် 7-Eleven စတိုးဆိုင်နှင့် အနီးရှိ ဈေးတစ်ခုသို့ဝင်ကာ အစားအသောက်များ ဝယ်ယူခဲ့ပြီးနောက် သူ၏ ဟိုတယ်ခန်းသို့ ပြန်ခဲ့သည်။

အပြင်သို့ သွားလာစဉ်တလျှောက်လုံး ပါးစပ်နှာခေါင်းစည်း တပ်ဆင်ထားသည်ဟု ဆိုသည်။

ချင်းမိုင်မှ ပြည်သူ့ကျန်းမာရေးအကြီးအကဲ Chatuchai Maneerat က ပြောရာတွင် အဆိုပါအမျိုးသားနှင့် ထိတွေ့ခဲ့သူ ၅ ဦးခန့်သာရှိသည်ဟု ယုံကြည်ရကြောင်း၊ ထိတွေ့ခဲ့သူများမှာလည်း အန္တရာယ်နည်းပါးသူအဆင့်မှ အလွန်နည်းပါးသူအဆင့်တွင်ရှိသည်ဟု သုံးသပ်ကြောင်း၊ သို့သော် ၎င်းတို့ကိုလည်း ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြောသည်။

ပြည်သူများအနေဖြင့် အထူးကြောက်ရွံ့တုန်လှုပ်ခြင်းမရှိကြရန်နှင့် ပုံမှန်လမ်းညွှန်ချက်များဖြစ်သော ပါးစပ်နှာခေါင်းစည်းတပ်ဆင်ခြင်း၊ လက်ဆေးခြင်းနှင့် လူမှုအလှမ်းခွါခြင်းများကို ဆက်လက်လိုက်နာကြရန် ကျန်းမာရေးအရာရှိတို့က လမ်းညွှန်ထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Chiang Mai man tests positive for Covid-19 after illegal crossing from Myanmar (thethaiger)

 

[Zawgyi]

တာခ်ီလိတ္မွ ဟိုတယ္တြင္ DJ အျဖစ္လုပ္ကိုင္ေသာ ထိုင္းအမ်ဳိးသား ထိုင္းသို႔ တရားမဝင္ ျပန္လည္ဝင္ေရာက္ရာ Covid-19 ကူးစက္ခံထားရေၾကာင္း စစ္ေဆးေတြ႔ရွိ

 

ထိုင္းႏိုင္ငံ၊ ခ်င္းမိုင္ျမိဳ႕မွ အသက္ ၃၂ ႏွစ္အရြယ္ရွိ အမ်ဳိးသားတစ္ဦးသည္ ျမန္မာႏိုင္ငံ၊ တာခ်ီလိတ္ျမိဳ႕ရွိ 1G1-7 ဟိုတယ္တြင္ အလုပ္လုပ္ကိုင္ခဲ့ျပီး ထိုင္းႏိုင္ငံဘက္သို႔ တရားမဝင္လမ္းေၾကာင္းမွ ျပန္လည္ဝင္ေရာက္ျပီးေနာက္ Covid-19 ေရာဂါကူးစက္ခံထားရေၾကာင္း စစ္ေဆးေတြ႔ရွိခဲ့သည္။

ထိုအမ်ဳိးသားသည္ တာခ်ီလိတ္ရွိ ဟိုတယ္တြင္ DJ တစ္ဦးအျဖစ္ အလုပ္လုပ္ကိုင္ခဲ့ျပီး ႏိုဝင္ဘာလ ၃၀ ရက္တြင္ ထိုင္းႏိုင္ငံဘက္သို႔ ခ်င္းရိုင္နယ္စပ္မွ တရားမဝင္ ျပန္လည္ဝင္ေရာက္ခဲ့ျခင္း ျဖစ္သည္။

The Pattaya News သတင္းဌာနက ေဖာ္ျပရာတြင္ အဆိုပါအမ်ဳိးသားသည္ ထိုအခ်ိန္က ကိုရိုနာဗိုင္းရပ္စ္ ေရာဂါလကၡဏာမ်ား ခံစားေနရျပီး အနံ႔ေပ်ာက္ျခင္းႏွင့္ ႏွာပိတ္ျခင္းမ်ားျဖစ္ေနေၾကာင္း ေဖာ္ျပသည္။

သူသည္ ခ်င္းရိုင္ျပည္နယ္၊ မယ္ဆိုင္ခရိုင္ရွိ ဟိုတယ္တြင္ တစ္ညအိပ္ခဲ့ျပီး ေနာက္တစ္ညတြင္ မူရန္ခရိုင္၌ ေနထိုင္ခဲ့ျပီးေနာက္ ခ်င္းမိုင္သို႔ ဆိုင္ကယ္ျဖင့္ ထြက္ခြာခဲ့သည္။

ယင္းေနာက္ ျပီးခဲ့ေသာ ၾကာသပေတးေန႔တြင္ Nakornping ေဆးရံုသို႔ သြားေရာက္ခဲ့ကာ သူ၏ ေရာဂါလကၡဏာမ်ားကို ေျပာျပျပီး Covid-19 စစ္ေဆးေပးပါရန္ ေတာင္းဆိုခဲ့သည္။ စစ္ေဆးမႈတြင္ ေပါ့စတစ္ရလဒ္ေတြ႔ရွိျပီးေနာက္ ယခုအခါ သီးျခားထားရွိကာ ကုသမႈခံယူလ်က္ရွိသည္။

က်န္းမာေရးအရာရွိတို႔က ေျပာရာတြင္ ထိုအမ်ဳိးသားသည္ ခ်င္းရိုင္မွ ခ်င္းမိုင္သို႔ တစ္ဦးတည္းလာေရာက္ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာသည္။

ခ်င္းမိုင္သို႔ ေရာက္ရွိခ်ိန္တြင္ 7-Eleven စတိုးဆိုင္ႏွင့္ အနီးရွိ ေစ်းတစ္ခုသို႔ဝင္ကာ အစားအေသာက္မ်ား ဝယ္ယူခဲ့ျပီးေနာက္ သူ၏ ဟိုတယ္ခန္းသို႔ ျပန္ခဲ့သည္။

အျပင္သို႔ သြားလာစဥ္တေလွ်ာက္လံုး ပါးစပ္ႏွာေခါင္းစည္း တပ္ဆင္ထားသည္ဟု ဆိုသည္။

ခ်င္းမိုင္မွ ျပည္သူ႔က်န္းမာေရးအၾကီးအကဲ Chatuchai Maneerat က ေျပာရာတြင္ အဆိုပါအမ်ဳိးသားႏွင့္ ထိေတြ႔ခဲ့သူ ၅ ဦးခန္႔သာရွိသည္ဟု ယံုၾကည္ရေၾကာင္း၊ ထိေတြ႔ခဲ့သူမ်ားမွာလည္း အႏၱရာယ္နည္းပါးသူအဆင့္မွ အလြန္နည္းပါးသူအဆင့္တြင္ရွိသည္ဟု သံုးသပ္ေၾကာင္း၊ သို႔ေသာ္ ၎တို႔ကိုလည္း ကိုရိုနာဗိုင္းရပ္စ္စစ္ေဆးသြားမည္ျဖစ္ေၾကာင္း ေျပာသည္။

ျပည္သူမ်ားအေနျဖင့္ အထူးေၾကာက္ရြံ႕တုန္လႈပ္ျခင္းမရွိၾကရန္ႏွင့္ ပံုမွန္လမ္းညႊန္ခ်က္မ်ားျဖစ္ေသာ ပါးစပ္ႏွာေခါင္းစည္းတပ္ဆင္ျခင္း၊ လက္ေဆးျခင္းႏွင့္ လူမႈအလွမ္းခြါျခင္းမ်ားကို ဆက္လက္လိုက္နာၾကရန္ က်န္းမာေရးအရာရွိတို႔က လမ္းညႊန္ထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Chiang Mai man tests positive for Covid-19 after illegal crossing from Myanmar (thethaiger)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service