COVID-19 ကပ်ဘေး ကိုင်တွယ်ပုံများနှင့် ပတ်သက်ပြီး အစိုးရအပေါ် ဝေဖန်ရေးသားခဲ့သည့် တရုတ်အမျိုးသမီးသတင်းထောက် ထောင်ဒဏ်ကျခံရဖွယ်ရှိနေ
COVID-19 ကပ်ဘေး ကိုင်တွယ်ပုံများနှင့် ပတ်သက်ပြီး အစိုးရအပေါ် ဝေဖန်ရေးသားခဲ့သည့် တရုတ်အမျိုးသမီးသတင်းထောက် ထောင်ဒဏ်ကျခံရဖွယ်ရှိနေ - Property News in Myanmar from iMyanmarHouse.com
18 Nov 2020 12:38 pm တွင် တင်ခဲ့သည်
721 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
COVID-19 ရောဂါပျံ့ပွားမှုအပေါ် တရုတ်အစိုးရ၏ ကိုင်တွယ်ပုံများနှင့် စပ်လျဉ်းပြီး ဝေဖန်ရေးသားခဲ့သည့် တရုတ်သတင်းထောက် အမျိုးသမီးသည် ထောင်ဒဏ် ၅ နှစ်အထက် ကျခံရဖွယ်ရှိနေသည်။
အသက် ၃၇ နှစ်အရွယ်ရှိ သတင်းထောက်အမျိုးသမီး ကျန့်ကျန်း (Zhang Zhan) ကို ရှန်ဟိုင်းမြို့ရှိ ထိန်းသိမ်းရေးစခန်းတွင် ဖမ်းဆီးထားဆဲဖြစ်ပြီး သတင်းမှားများ ပျံ့နှံ့စေမှုဖြင့် စွဲချက်တင်လိုက်ခြင်းဖြစ်ကာ ဖမ်းဆီးထားသည်မှာ ၆ လခန့်အကြာတွင် စွဲချက်တင်လိုက်ခြင်းဖြစ်ကြောင်းthe Guardian တွင် ဖော်ပြသည်။
စွဲချက်တင်သည့် စာရွက်စာတမ်းများကို တနင်္လာနေ့က ထုတ်ပြန်ခဲ့ပြီး သဘောကွဲလွဲစရာများဖြင့် သွေးထိုးလှုံ့ဆော်ခြင်းဟူသော ပုဒ်မဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါပုဒ်မသည် ၁၉၉၇ ခုနှစ်က ပြောင်းလဲပြဌာန်းခဲ့သော ပုဒ်မ ၂၉၃ ဖြစ်ပြီး အများအားဖြင့် လူ့အခွင့်အရေးလှုပ်ရှားသူများကို ယင်းပုဒ်မဖြင့် တရားစွဲလေ့ရှိကာ အများဆုံး ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်သည်။
ထို့အပြင် ကျောင်းကျန်းကို စာသား၊ ဗွီဒီယိုနှင့် အခြားသော မီဒီယာတို့ဖြင့် WeChat, Twitter နှင့် YouTube တို့ကဲ့သို့ အင်တာနက် မီဒီယာတို့မှတဆင့် သတင်းမှားများ ပျံ့နှံ့စေမှုဖြင့်လည်း စွဲချက်တင်ထားသည်။
“သူက ပြည်ပသတင်းမီဒီယာတွေဖြစ်တဲ့ RFA ၊ Epoch Times တို့နဲ့ တွေ့ဆုံမေးမြန်းခန်းတွေလည်း လက်ခံဖြေကြားခဲ့ပြီး ဝူဟန်မှာ ဖြစ်ခဲ့တဲ့ COVID-19 ကပ်ဘေးနဲ့ ပတ်သက်လို့ မကောင်းတဲ့စိတ်ထားနဲ့ ထင်ကြေးပေးတာတွေ လုပ်ခဲ့ပါတယ်”ဟု ဥပဒေအရာရှိက ပြောကြားခဲ့ပြီး သူမအနေဖြင့် ထောင်ဒဏ် ၄ နှစ်မှ ၅ နှစ်ကြား ကျခံရနိုင်ကြောင်း ပြောကြားသည်။
ဖမ်းဆီးမခံရမီတွင် ကျန့်ကျန်းက ဝူဟန်မြို့တွင် ဖြစ်ပွားခဲ့သည့် COVID-19 ကူးစက်ခံရသူပမာဏကို ဖော်ထုတ်ရေးသားရန် ကြိုးပမ်းနေခဲ့ပြီး အစိုးရက ထုတ်ပြန်ထားသည့် ကိန်းဂဏန်းများအပေါ် သူမက သံသယရှိနေခဲ့သည်။
ဧပြီလလယ်ပိုင်းအတွင်း Financial Times နှင့် တွေ့ဆုံမေးမြန်းခန်းပြုလုပ်ခဲ့ရာတွင်လည်း ကျန့်ကျန်းက ဟူပေ့ပြည်နယ်တွင် လုပ်ငန်းငယ်များ ကျဆုံးနေကြောင်း၊ အလုပ်လက်မဲ့ပမာဏမှာ အစိုးရက ထုတ်ပြန်ထားသည်ထက် မြင့်မားကြောင်း ပြောကြားခဲ့သည်။
ဝူဟန်မြို့သို့ သွားရောက်ခဲ့ကြပြီး ဝူဟန်တွင်ဖြစ်ပေါ်နေသည့် အခြေအနေများကို တင်ပြရန် ကြိုးစားခဲ့ကြသည့် သတင်းထောက်များ၊ တက်ကြွလှုပ်ရှားသူများနှင့် လူမှုကွန်ရက်နာမည်ကျော်များစွာမှာ ယခုနှစ်အတွင်း ဖမ်းဆီးခြင်းခံခဲ့ကြရပြီး ထိုအထဲတွင် ကျန့်ကျန်းလည်း ပါဝင်သည်။
သတင်းထောက်တစ်ဦးဖြစ်သူ ချင်ချုံးရှီ (Chen Qiushi) သည် ဇန်နဝါရီလအတွင်း ဖမ်းဆီးခံခဲ့ရပြီး အခြားသတင်းထောက်တစ်ဦး ဖြစ်သော လီဇဲဟွာ (Li Zehua) မှာ ဖေဖော်ဝါရီလအတွင်း ပျောက်ဆုံးသွားခဲ့သည်။ သို့သော် လီဇဲဟွာကို ဧပြီလတွင် ပြန်လွှတ်ပေးခဲ့ကြောင်း the Guardian တွင် ဖော်ပြသည်။
အခြားသတင်းထောက်တစ်ဦးဖြစ်သော ဖောင်ပင် (, Fang Bin) မှာလည်း ဖေဖော်ဝါရီလဝန်းကျင်ခန့်တွင် ပျောက်ဆုံးသွားခဲ့ပြီး ၎င်းကိုမူ ယင်းနောက်ပိုင်းကတည်းက မတွေ့ရတော့ချေ။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Citizen journalist facing jail in China for reporting on Wuhan’s COVID-19 outbreak (New York Post)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
CarsDB
MIngalardon Garden City
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service