ဆိုရှယ်လစ်စနစ်ကြောင့် COVID-19 တစ်ဦးမှ ကူးစက်မခံရခြင်းဖြစ်ကြောင်း ကင်ဂျုံအန်ပြော

ဆိုရှယ်လစ်စနစ်ကြောင့် COVID-19 တစ်ဦးမှ ကူးစက်မခံရခြင်းဖြစ်ကြောင်း ကင်ဂျုံအန်ပြော - Property News in Myanmar from iMyanmarHouse.com
11 Oct 2020 11:13 am တွင် တင်ခဲ့သည်
1226 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မြောက်ကိုရီးယားနိုင်ငံသားများကို COVID-19 ကူးစက်မခံရစေရန် ကာကွယ်ပေးသည်မှာ တိုင်းပြည်၏ ဆိုရှယ်လစ် စနစ်ကြောင့် ဖြစ်ကြောင်း၊ နိုင်ငံအတွင်းတွင် ကူးစက်ခံရသူတစ်ဦးမျှ မရှိခဲ့ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောကြားလိုက်သည်။

အာဏာရ အလုပ်သမားပါတီ တည်ထောင်ခြင်း ၇၅ နှစ်ပြည့်နှစ်ပတ်လည်အတွက် ရည်စူးသည့် စစ်ရေးပြပွဲတွင် ကင်ဂျုံအန်က နိုင်ငံပိုင် ရုပ်မြင်သံကြားမှတဆင့် မိန့်ခွန်းပြောကြားရာတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ထုတ်လွှင့်ပြသမှုတွင် တွေ့မြင်ရချက်အရ စစ်ရေးပြပွဲ အခမ်းအနားတွင် မြောက်ကိုရီးယား အရာရှိများနှင့် စစ်သည်များအားလုံး နှာခေါင်းစည်း mask များ တင်ဆင်မထားကြချေ။ မိန့်ခွန်းပြောကြားချိန်တွင် ကင်ဂျုံအန်သည် အလွန်စိတ်လှုပ်ရှားနေဟန်ရပြီး မြောက်ကိုရီးယားပြည်သူများ မည်သူမျှ ရောဂါကူးစက် မခံရခြင်းကို ကျေနပ်အားရမိကြောင်း၊ ထိုသို့ ကူးစက်မခံရခြင်းမှာ တိုင်းပြည်၏ ဆိုရှယ်လစ်နိုင်ငံရေးစနစ်ကြောင့် ဖြစ်ကြောင်း ကင်ဂျုံအန်က ပြောကြားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအကျပ်အတည်းကြီး၏ ရိုက်ခတ်မှုကို ရင်ဆိုင်နေရသော ကမ္ဘာ့ပြည်သူများ အလျင်အမြန် ပြန်လည်ကျန်းမာ လာစေလိုကြောင်း၊ ကပ်ဘေးကြီး ပြီးဆုံးသွားပါက တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနှစ်နိုင်ငံပြည်သူများ ပြန်လည်ကာ လက်ချင်း ချိတ်ဆက်နိုင်ကြမည်ဖြစ်ကြောင်းလည်း ကင်ဂျုံအန်က ပြောကြားခဲ့သည်။

မကြာသေးမီက နိုင်ငံအတွင်း ရင်ဆိုင်ခဲ့ရသည့် သဘာဝဘေးအန္တရာယ်ကျရောက်မှုများတွင် စွမ်းစွမ်းတမံ ကူညီခဲ့ရသည့် အမျိုးသားစစ်တပ်ကို ကျေးဇူးတင်ကြောင်း၊ ကာကွယ်ရေးအင်အားဘက်တွင် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ပြုလုပ်သွားမည်ဟု ကတိပြုကြောင်းလည်း ကင်ဂျုံအန်က ဆက်လက်ပြောကြားသည်။

ခက်ခဲမှုများနှင့် ရင်ဆိုင်ရချိန်တွင် ခက်ခဲစွာကြိုးစားခဲ့ကြသည့် မြောက်ကိုရီးယားပြည်သူများကို ထိုက်တန်သည့် ဆုလာဘ်များ မိမိတို့အစိုးရက မပေးနိုင်သည့်အတွက် တောင်းပန်ပါကြောင်းလည်း ကင်ဂျုံအန်က ပြောကြားသည်။

“ကျွန်တော်တို့အနေနဲ့ ရန်လိုတဲ့အင်အားစုတွေရဲ့ အမြဲကြီးထွားလာနေတဲ့ အနုမြူခြိမ်းခြောက်မှုတွေ အပါအဝင် အန္တရာယ်ရှိတဲ့ ကြိုးပမ်းမှုတွေနဲ့ ခြိမ်းခြောက်တဲ့ အပြုအမူတွေအားလုံးကို ရင်ဆိုင်ဖို့၊ ထိန်းချုပ်ဖို့အရေးမှာ မိမိကိုယ်ကို ကာကွယ်ဖို့အတွက် စစ်အင်အားကို ခိုင်မာစေရေး ဆက်လက်ကြိုးပမ်းသွားပါမယ်” ဟု ကင်ဂျုံအန်က ပြောကြားသည်။

နာရီဝက်ခန့် ကြာမြင့်သည့် သူ၏မိန့်ခွန်းအတွင်း အမေရိကန်ပြည်ထောင်စုကိုမူ အမည်တပ်ကာ ထုတ်ဖော်ပြောကြားသွားခြင်း မရှိချေ။

ထိုနေ့က ပြုလုပ်ခဲ့သည့် စစ်ရေးပြပွဲတွင် ကမ္ဘာ့တိုက်ကြီးများကို ဖြတ်ကျော်ပစ်ခတ်နိုင်သည့် တိုက်ချင်းပစ်ဒုံးကျည်သစ်တစ်ခုကိုလည်း ထုတ်ဖော်ပြသခဲ့ရာ အဆိုပါဒုံးကျည်တွင် အဏုမြူထိပ်ဖူး ၅ ခုနှင့်အထက် သယ်ဆောင်နိုင်ဖွယ်ရှိကြောင်း သြစထရီးယားနိုင်ငံ၊ ဗီယန်နာမြို့အခြေစိုက် သုတေသန အဖွဲ့တစ်ခုဖြစ်သော Open Nuclear Network မှ လက်ထောက်ညွှန်ကြားရေးမှူး Melissa Hanham က ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Kim Jong-un says socialism saved North Korea from Covid-19, with not a single person infected (RT)

[Zawgyi]

ဆိုရွယ္လစ္စနစ္ေၾကာင့္ COVID-19 တစ္ဦးမွ ကူးစက္မခံရျခင္းျဖစ္ေၾကာင္း ကင္ဂ်ံဳအန္ေျပာ

ေျမာက္ကိုရီးယားႏိုင္ငံသားမ်ားကို COVID-19 ကူးစက္မခံရေစရန္ ကာကြယ္ေပးသည္မွာ တိုင္းျပည္၏ ဆိုရွယ္လစ္ စနစ္ေၾကာင့္ ျဖစ္ေၾကာင္း၊ ႏိုင္ငံအတြင္းတြင္ ကူးစက္ခံရသူတစ္ဦးမွ် မရွိခဲ့ေၾကာင္း ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ံဳအန္က ေျပာၾကားလိုက္သည္။

အာဏာရ အလုပ္သမားပါတီ တည္ေထာင္ျခင္း ၇၅ ႏွစ္ျပည့္ႏွစ္ပတ္လည္အတြက္ ရည္စူးသည့္ စစ္ေရးျပပြဲတြင္ ကင္ဂ်ံဳအန္က ႏိုင္ငံပိုင္ ရုပ္ျမင္သံၾကားမွတဆင့္ မိန္႔ခြန္းေျပာၾကားရာတြင္ ယင္းသို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။

ေျမာက္ကိုရီးယားႏိုင္ငံပိုင္ သတင္းဌာနက ထုတ္လႊင့္ျပသမႈတြင္ ေတြ႔ျမင္ရခ်က္အရ စစ္ေရးျပပြဲ အခမ္းအနားတြင္ ေျမာက္ကိုရီးယား အရာရွိမ်ားႏွင့္ စစ္သည္မ်ားအားလံုး ႏွာေခါင္းစည္း mask မ်ား တင္ဆင္မထားၾကေခ်။ မိန္႔ခြန္းေျပာၾကားခ်ိန္တြင္ ကင္ဂ်ံဳအန္သည္ အလြန္စိတ္လႈပ္ရွားေနဟန္ရျပီး ေျမာက္ကိုရီးယားျပည္သူမ်ား မည္သူမွ် ေရာဂါကူးစက္ မခံရျခင္းကို ေက်နပ္အားရမိေၾကာင္း၊ ထိုသို႔ ကူးစက္မခံရျခင္းမွာ တိုင္းျပည္၏ ဆိုရွယ္လစ္ႏိုင္ငံေရးစနစ္ေၾကာင့္ ျဖစ္ေၾကာင္း ကင္ဂ်ံဳအန္က ေျပာၾကားခဲ့သည္။

ကမၻာလံုးဆိုင္ရာ က်န္းမာေရးအက်ပ္အတည္းၾကီး၏ ရိုက္ခတ္မႈကို ရင္ဆိုင္ေနရေသာ ကမၻာ့ျပည္သူမ်ား အလ်င္အျမန္ ျပန္လည္က်န္းမာ လာေစလိုေၾကာင္း၊ ကပ္ေဘးၾကီး ျပီးဆံုးသြားပါက ေတာင္ကိုရီးယားႏွင့္ ေျမာက္ကိုရီးယားႏွစ္ႏိုင္ငံျပည္သူမ်ား ျပန္လည္ကာ လက္ခ်င္း ခ်ိတ္ဆက္ႏိုင္ၾကမည္ျဖစ္ေၾကာင္းလည္း ကင္ဂ်ံဳအန္က ေျပာၾကားခဲ့သည္။

မၾကာေသးမီက ႏိုင္ငံအတြင္း ရင္ဆိုင္ခဲ့ရသည့္ သဘာဝေဘးအႏၱရာယ္က်ေရာက္မႈမ်ားတြင္ စြမ္းစြမ္းတမံ ကူညီခဲ့ရသည့္ အမ်ဳိးသားစစ္တပ္ကို ေက်းဇူးတင္ေၾကာင္း၊ ကာကြယ္ေရးအင္အားဘက္တြင္ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ဆက္လက္ျပဳလုပ္သြားမည္ဟု ကတိျပဳေၾကာင္းလည္း ကင္ဂ်ံဳအန္က ဆက္လက္ေျပာၾကားသည္။

ခက္ခဲမႈမ်ားႏွင့္ ရင္ဆိုင္ရခ်ိန္တြင္ ခက္ခဲစြာၾကိဳးစားခဲ့ၾကသည့္ ေျမာက္ကိုရီးယားျပည္သူမ်ားကို ထိုက္တန္သည့္ ဆုလာဘ္မ်ား မိမိတို႔အစိုးရက မေပးႏိုင္သည့္အတြက္ ေတာင္းပန္ပါေၾကာင္းလည္း ကင္ဂ်ံဳအန္က ေျပာၾကားသည္။

“ကၽြန္ေတာ္တို႔အေနနဲ႔ ရန္လိုတဲ့အင္အားစုေတြရဲ ႔ အျမဲၾကီးထြားလာေနတဲ့ အႏုျမဴျခိမ္းေျခာက္မႈေတြ အပါအဝင္ အႏၱရာယ္ရွိတဲ့ ၾကိဳးပမ္းမႈေတြနဲ႔ ျခိမ္းေျခာက္တဲ့ အျပဳအမူေတြအားလံုးကို ရင္ဆိုင္ဖို႔၊ ထိန္းခ်ဳပ္ဖို႔အေရးမွာ မိမိကိုယ္ကို ကာကြယ္ဖို႔အတြက္ စစ္အင္အားကို ခိုင္မာေစေရး ဆက္လက္ၾကိဳးပမ္းသြားပါမယ္” ဟု ကင္ဂ်ံဳအန္က ေျပာၾကားသည္။

နာရီဝက္ခန္႔ ၾကာျမင့္သည့္ သူ၏မိန္႔ခြန္းအတြင္း အေမရိကန္ျပည္ေထာင္စုကိုမူ အမည္တပ္ကာ ထုတ္ေဖာ္ေျပာၾကားသြားျခင္း မရွိေခ်။

ထိုေန႔က ျပဳလုပ္ခဲ့သည့္ စစ္ေရးျပပြဲတြင္ ကမၻာ့တိုက္ၾကီးမ်ားကို ျဖတ္ေက်ာ္ပစ္ခတ္ႏိုင္သည့္ တိုက္ခ်င္းပစ္ဒံုးက်ည္သစ္တစ္ခုကိုလည္း ထုတ္ေဖာ္ျပသခဲ့ရာ အဆိုပါဒံုးက်ည္တြင္ အဏုျမဴထိပ္ဖူး ၅ ခုႏွင့္အထက္ သယ္ေဆာင္ႏိုင္ဖြယ္ရွိေၾကာင္း ၾသစထရီးယားႏိုင္ငံ၊ ဗီယန္နာျမိဳ ႔အေျခစိုက္ သုေတသန အဖြဲ႔တစ္ခုျဖစ္ေသာ Open Nuclear Network မွ လက္ေထာက္ညႊန္ၾကားေရးမွဴး Melissa Hanham က ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Kim Jong-un says socialism saved North Korea from Covid-19, with not a single person infected (RT)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
Aung Theikdi Villa
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service