နယူးဇီလန်တွင် COVID-19 ကြောင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်း

နယူးဇီလန်တွင် COVID-19 ကြောင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်း - Property News in Myanmar from iMyanmarHouse.com
18 Aug 2020 11:43 am တွင် တင်ခဲ့သည်
475 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

နယူးဇီလန်သည် COVID-19 အား အောင်အောင်မြင်မြင်ထိန်းချုပ်နိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်တိုင် ယခုလာမည့် စက်တင်ဘာ ၁၉ တွင် ကျင်းပရန် ရည်ရွယ်ထားခဲ့သည့် ရွေး‌ကောက်ပွဲအား COVID-19 ကြောင့် အချိန်တစ်လကြာ နောက်ဆုတ်လိုက်ပြီဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် နိုင်ငံ၏ အထွေထွေ‌ရွေးကောက်ပွဲအား အောက်တိုဘာ ၁၇ တွင် ကျင်းပမည်ဖြစ်ကြောင်း နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါအာဒံက ယမန်နေ့ (သြဂုတ် ၁၇) အစောပိုင်းတွင် ကြေညာခဲ့သည်။

ရွေးကောက်ပွဲရက်အား ထပ်မံရွှေ့ဆိုင်းမည်မဟုတ်ကြောင်းလည်း သူမက အခိုင်အမာ ပြောကြားခဲ့သည်။

အော့ကလန်တွင် ကူးစက်မှုသစ် မတွေ့ရှိခဲ့မီ ပြီးခဲ့သည့်သီတင်းပတ်အစောပိုင်းအထိ နယူးဇီလန်တွင် ရက်ပေါင်း ၁၂၀ တိုင် ပြည်တွင်းကူးစက်မှု မရှိခဲ့ပေ။ ကူးစက်မှုများမှာ ပြည်ပမှ ပြန်လာပြီးနောက် quarantine ဝင်နေခဲ့သည့် ခရီးသွားများသာ ဖြစ်ခဲ့သည်။

အော့ကလန်မှ ကူးစက်မှုသစ်များသည် ၎င်းမြို့ကို ကျော်လွန်ကာ လူ ၃၀ သို့ ပျံ့နှံ့ကူးစက်ခဲ့သည်။

အော့ကလန်မှ ကူးစက်မှုသစ်များသည် မိသားစုတွင်း သို့မဟုတ် လုပ်ငန်းခွင်မှတစ်ဆင့် ကူးစက်မှုများ ဖြစ်ဖွယ်ရှိသည်။

‌အော့ကလန်ပြင်ပ ကူးစက်မှုများမှာမူ အော့ကလန်မှ ကူးစက်ခံမိသားစုဝင်များမှ သွားရောက်ခဲ့ကြသည့် တိုကိုရိုအာမြို့မှ လူနှစ်ဦး ဖြစ်သည်။

ယခုအခါ သြဂုတ် ၁၆ တွင် ကြေညာခဲ့သည့် ကူးစက်မှုသစ် ၁၃ ခုနှင့်အတူ နယူးဇီလန်တွင် သြဂုတ် ၁၇ အထိ COVID-19 ရောဂါပိုး ရှိသူ ၆၉ ဦး ရှိသည်။

သြဂုတ် ၁၄ တွင် အစိုးရက ထိုကိုရိုနာဗိုင်းရပ်စ်ကို နှိမ်နင်းရန် ထပ်မံကြိုးပမ်းသည့်အနေဖြင့် အော့ကလန်အား နောက်ထပ် ၁၂ ရက်ကြာ lockdown တိုးမြှင့်ချထားခဲ့သည်။

နယူးဇီလန်ဥပဒေအရ ဝန်ကြီးချုပ်သည် ရွေးကောက်ပွဲအား အချိန်နှစ်လအထိ နောက်ဆုတ်ရွှေ့ဆိုင်းနိုင်သည်။

ယခုအကြိမ်ရွေးကောက်ပွဲတွင်လည်း လက်ရှိဝန်ကြီးချုပ် အာဒံ၏ အလုပ်သမားပါတီက ဒုတိယသက်တမ်းအဖြစ် အနိုင်ရနိုင်ဖွယ်ရှိကြောင်း စစ်တမ်းများက ညွှန်ပြနေကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: New Zealand to delay election until October, citing coronavirus resurgence (foxnews)

[Zawgyi]

နယူးဇီလန္တြင္ COVID-19 ေၾကာင့္ ေ႐ြးေကာက္ပြဲ ေ႐ႊ႕ဆိုင္း

နယူးဇီလန္သည္ COVID-19 အား ေအာင္ေအာင္ျမင္ျမင္ထိန္းခ်ဳပ္ႏိုင္သည့္ ႏိုင္ငံတစ္ႏိုင္ငံျဖစ္သည့္တိုင္ ယခုလာမည့္ စက္တင္ဘာ ၁၉ တြင္ က်င္းပရန္ ရည္႐ြယ္ထားခဲ့သည့္ ေ႐ြး‌ေကာက္ပြဲအား COVID-19 ေၾကာင့္ အခ်ိန္တစ္လၾကာ ေနာက္ဆုတ္လိုက္ၿပီျဖစ္သည္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈ ျပန္လည္ျဖစ္ပြားမည္ကို စိုးရိမ္သျဖင့္ ႏိုင္ငံ၏ အေထြေထြ‌ေ႐ြးေကာက္ပြဲအား ေအာက္တိုဘာ ၁၇ တြင္ က်င္းပမည္ျဖစ္ေၾကာင္း နယူးဇီလန္ဝန္ႀကီးခ်ဳပ္ ဂ်ာစင္ဒါအာဒံက ယမန္ေန႔ (ၾသဂုတ္ ၁၇) အေစာပိုင္းတြင္ ေၾကညာခဲ့သည္။

ေ႐ြးေကာက္ပြဲရက္အား ထပ္မံေ႐ႊ႕ဆိုင္းမည္မဟုတ္ေၾကာင္းလည္း သူမက အခိုင္အမာ ေျပာၾကားခဲ့သည္။

ေအာ့ကလန္တြင္ ကူးစက္မႈသစ္ မေတြ႕႐ွိခဲ့မီ ၿပီးခဲ့သည့္သီတင္းပတ္အေစာပိုင္းအထိ နယူးဇီလန္တြင္ ရက္ေပါင္း ၁၂၀ တိုင္ ျပည္တြင္းကူးစက္မႈ မ႐ွိခဲ့ေပ။ ကူးစက္မႈမ်ားမွာ ျပည္ပမွ ျပန္လာၿပီးေနာက္ quarantine ဝင္ေနခဲ့သည့္ ခရီးသြားမ်ားသာ ျဖစ္ခဲ့သည္။

ေအာ့ကလန္မွ ကူးစက္မႈသစ္မ်ားသည္ ၎ၿမိဳ႕ကို ေက်ာ္လြန္ကာ လူ ၃၀ သို႔ ပ်ံ႕ႏွံ႔ကူးစက္ခဲ့သည္။

ေအာ့ကလန္မွ ကူးစက္မႈသစ္မ်ားသည္ မိသားစုတြင္း သို႔မဟုတ္ လုပ္ငန္းခြင္မွတစ္ဆင့္ ကူးစက္မႈမ်ား ျဖစ္ဖြယ္႐ွိသည္။

‌ေအာ့ကလန္ျပင္ပ ကူးစက္မႈမ်ားမွာမူ ေအာ့ကလန္မွ ကူးစက္ခံမိသားစုဝင္မ်ားမွ သြားေရာက္ခဲ့ၾကသည့္ တိုကို႐ိုအာၿမိဳ႕မွ လူႏွစ္ဦး ျဖစ္သည္။

ယခုအခါ ၾသဂုတ္ ၁၆ တြင္ ေၾကညာခဲ့သည့္ ကူးစက္မႈသစ္ ၁၃ ခုႏွင့္အတူ နယူးဇီလန္တြင္ ၾသဂုတ္ ၁၇ အထိ COVID-19 ေရာဂါပိုး ႐ွိသူ ၆၉ ဦး ႐ွိသည္။

ၾသဂုတ္ ၁၄ တြင္ အစိုးရက ထိုကို႐ိုနာဗိုင္းရပ္စ္ကို ႏွိမ္နင္းရန္ ထပ္မံႀကိဳးပမ္းသည့္အေနျဖင့္ ေအာ့ကလန္အား ေနာက္ထပ္ ၁၂ ရက္ၾကာ lockdown တိုးျမႇင့္ခ်ထားခဲ့သည္။

နယူးဇီလန္ဥပေဒအရ ဝန္ႀကီးခ်ဳပ္သည္ ေ႐ြးေကာက္ပြဲအား အခ်ိန္ႏွစ္လအထိ ေနာက္ဆုတ္ေ႐ႊ႕ဆိုင္းႏိုင္သည္။

ယခုအႀကိမ္ေ႐ြးေကာက္ပြဲတြင္လည္း လက္႐ွိဝန္ႀကီးခ်ဳပ္ အာဒံ၏ အလုပ္သမားပါတီက ဒုတိယသက္တမ္းအျဖစ္ အႏိုင္ရႏိုင္ဖြယ္႐ွိေၾကာင္း စစ္တမ္းမ်ားက ၫႊန္ျပေနေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: New Zealand to delay election until October, citing coronavirus resurgence (foxnews)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
CarsDB
Shwe Wutt Hmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service