ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ် မေလတွင် အမှုစစ်ဆေးမည်၊ အခင်းဖြစ်ပွားရာ Puff Daddy ၏ စံအိမ်

ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ် မေလတွင် အမှုစစ်ဆေးမည်၊ အခင်းဖြစ်ပွားရာ Puff Daddy ၏ စံအိမ် - Property News in Myanmar from iMyanmarHouse.com
16 Dec 2024 10:16 am တွင် တင်ခဲ့သည်
1093 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန် ပြည်ထောင်စု တရားရုံးတွင် ကမ္ဘာကျော် ရက်ပ်အဆိုတော် Sean Diddy Combs (ယခင်အမည် Puff Daddy) အား တရားစွဲထားသော မုဒိမ်းမှုတွင် Jay-Z လည်း ပါဝင်ကြောင်း ပြင်ဆင် စွဲချက် တင်လာသည်။

ဘီယွန်းစေး၏ ခင်ပွန်းဖြစ်သူ Jay-Z နှင့် Puff Daddy တို့နှစ်ဦးသည် ၂၀၀၀ ပြည့်နှစ်အတွင်း Puff Daddy နေအိမ်၌ ပါတီပွဲ ကျင်းပစဉ်အတွင်း ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို မုဒိမ်းကျင့်ခဲ့ခြင်း ဖြစ်ကြောင်း တရားရုံးစွဲချက်တွင် စွပ်စွဲထားသည်။

Jay-Z က အဆိုပါ စွပ်စွဲချက်များကို လူမှုကွန်ရက်မှတဆင့် ငြင်းပယ်ထားပြီး တရားစွဲထားမှုအပေါ် အပြင်းအထန် ဝေဖန်ရှုတ်ချထားသည်။

တရားလိုရှေ့နေမှ ခြိမ်းခြောက်ငွေညှစ်ရန် ကြိုးစားမှုဖြစ်ကြောင်း Jay-Z က ပြောသည်။

သူ၏ တေးထုတ်လုပ်ရေးကုမ္ပဏီဖြစ်သော Roc Nation ၏ ထုတ်ပြန်ချက်တွင် ဂျေးဇီအနေဖြင့် မိသားစုအတွက် ကြေကွဲရကြောင်း၊ သမီးဖြစ်သူ Blue Ivy အား ယခုဖြစ်ရပ်ကို ရှင်းပြရမည်ကို ရင်နာမိကြောင်း ပြောသည်ဟု ဖော်ပြသည်။

Puff Daddy ကလည်း ၎င်းအပေါ် စွပ်စွဲထားမှုများကို ငြင်းပယ်ထားသည်။

Puff Daddy ကမူ အာမခံဖြင့် အမှုရင်ဆိုင်ခွင့်မရဘဲ လိင်ကုန်ကူးမှု စွပ်စွဲချက်ဖြင့် ထောင်ထဲတွင် ဖမ်းဆီးခံထားရသည်။

၂၀၂၅ ခုနှစ်၊ မေလတွင်မှ အမှုစတင်စစ်ဆေးမည်ဖြစ်ရာ Puff Daddy မှာ ထောင်တွင်းမှသာ ရုံးချိန်းလာရတော့မည် ဖြစ်သည်။

Puff Daddy ၏ နေအိမ်များသို့ ယခု ၂၀၂၄ ခုနှစ် မတ်လအတွင်းက ရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်းရှာဖွေမှုများ ပြုလုပ်ခဲ့သည်။

ရဲတပ်ဖွဲ့က ရှာဖွေမှုများ ပြုလုပ်ခဲ့သည်မှာ Puff Daddy ၏ မိုင်အမ်မီစံအိမ်နှင့် လော့စ်အိန်ဂျလိစံအိမ် တို့ဖြစ်ကြောင်း သတင်းရယူခဲ့သည့် CNN သတင်းထောက်က ပြောသည်။

(Puff Daddy ၏ လော့စ်အိန်ဂျလိစံအိမ်ကို အပြင်ဘက်တွင် ရဲတပ်ဖွဲ့ဝင်များကို တွေ့ရပုံ။ ဓာတ်ပုံ-KCAL/ KCBS)

ထိုအချိန်က သတင်းရယူခဲ့သော သတင်းထောက်တို့ ရိုက်ကူးခဲ့သော ကောင်းကင်ဓာတ်ပုံများအရ Puff Daddy ၏ လော့စ်အိန်ဂျလိစံအိမ်ခြံဝန်းအတွင်း ရဲတပ်ဖွဲ့ဝင်များစွာကို တွေ့ရသည်။

ရွေ့လျား ကွပ်ကဲရေးယာဉ်များလည်း Puff Daddy ၏ လော့စ်အိန်ဂျလိစံအိမ်နှင့် မိုင်အမ်မီစံအိမ်တို့တွင် တွေ့ခဲ့ရသည်။

ရဲအရာရှိတို့မှာ ခေါက်စားပွဲများတွင် စာရွက်စာတမ်းကိစ္စများ ဆောင်ရွက်နေခဲ့သည်ကိုလည်း တွေ့ရသည်။

(Puff Daddy ၏ လော့စ်အိန်ဂျလိနေအိမ်အနီး ရဲအရာရှိများ လိုက်ပါလာသည့် ကားတစ်စီးကို တွေ့ရပုံ။ ဓာတ်ပုံ- Eric Thayer/ AP)

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း Puff Daddy ၏ ချစ်သူမိန်းကလေးဟောင်း အဆိုတော် Cassandra Cassie Ventura က မုဒိမ်းမှု၊ ညှင်းပန်းနှိပ်စက်မှုတို့ဖြင့် Puff Daddy ကို တရားစွဲခဲ့သေးသည်။

ယင်းနောက် ရက်သတ္တအတန်ကြာသောအခါတွင်လည်း လိင်ပိုင်းမဖွယ်မရာလုပ်မှု၊ လိင်ကုန်ကူးမှုများဖြင့် အမှုဖွင့်ခံရသည်။

“ကျွန်တော့်ပုံရိပ်ကို ခြေမှုန်းဖို့ ၊ ကျော်ကြားမှုကို ဖျက်ဆီးဖို့ လူတွေကြိုးစားနေတာကို ကျွန်တော်တိတ်တိတ်လေး ထိုင်ကြည့်နေပါတယ်။ ငွေရလိုတာကြောင့် ကျွန်တော့်အပေါ် စက်ဆုပ်စရာ စွပ်စွဲချက်တွေ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ ရှင်းရှင်း ပြောပါရစေ။ ဒီစွပ်စွဲတာတွေကို ကျွန်တော် တစ်ခုမှ မလုပ်ခဲ့ပါဘူး။ ကျွန်တော့်နာမည်၊ ကျွန်တော့်မိသားစုနဲ့ အမှန်တရားအတွက် တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်” ဟု Puff Daddy က ပြောသည်။

ကနဦးတွင် အမှုထဲ၌ Jay-Z ၏ အမည်ကို ဖော်ပြသေးခြင်းမရှိဘဲ Celebrity A ဟုသာ ရည်ညွှန်းခဲ့သည်။

အမှုတွင် ဖော်ပြချက်အရ အမည်မဖော်သည့် အဆိုပါမိန်းကလေးသည် ဆေးခတ်ခံရပြီးနောက် Puff Daddy ၏ နေအိမ်တွင် Jay-Z နှင့် Puff Daddy တို့ နှစ်ဦးလုံး၏ မုဒိမ်းကျင့်ခြင်းခံခဲ့ရကြောင်း၊ ၂၀၀၀ ပြည့်နှစ် MTV ဂီတဆုပေးပွဲအပြီးတွင် Puff Daddy ၏ နေအိမ်၌ ကျင်းပခဲ့သော ပါတီပွဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

မိန်းကလေး၏ ပြောပြချက်အရ ပါတီပွဲတွင် ဖျော်ရည်တစ်ခုသောက်လိုက်ပြီးနောက် မူးဝေသွားခဲ့ကြောင်း၊ Puff Daddy နှင့် Jay-Z တို့က ဝိုင်းဝန်းမုဒိမ်းကျင့်ခဲ့ကြကြောင်း၊ Puff Daddy က မုဒိမ်းကျင့်ချိန်တွင် ၎င်း၏ လည်ပင်းကို ထိုးနှက်က ထွက်ပြေးခဲ့ပြီး ဓာတ်ဆီဆိုင်တစ်ခုသို့ ရောက်ရှိခဲ့ကြောင်း၊ ဓာတ်ဆီဆိုင်တွင် ဖခင်ဖြစ်သူကို ဆက်သွယ်ခေါ်ယူကာ ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

Puff Daddy သည် နေအိမ်ကို ရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေခြင်းခံခဲ့ရပြီးနောက် ယခုနှစ် စက်တင်ဘာလထဲတွင် ကန်ဒေါ်လာ ၆၁ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့သည်။

(မုဒိမ်းမှုဖြစ်ပွားခဲ့သည်ဟု စွပ်စွဲခြင်းခံထားရသော Puff Daddy ၏ လော့စ်အိန်ဂျလိ စံအိမ်မှာ ယခုအခါ ကန်ဒေါ်လာ ၆၁ သန်းဈေးခေါ်ကာ အရောင်းဈေးကွက်တွင် ရောက်ရှိနေသည်။ ဓာတ်ပုံ-Page Six)

(စံအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၁၃၀၀၀ ရှိသည်။ ဓာတ်ပုံ-Page Six)

(လော့စ်အိန်ဂျလိတွင် Platinum Triangle ဟု လူသိများသောနေရာတွင် တည်ရှိသည်။ ဓာတ်ပုံ-Page Six)

(Puff Daddy ၏ အိမ်နီးချင်းအနေဖြင့် ကိုင်လီ ဂျင်းနာ၏ နေအိမ်ရှိနေသည်။ ဓာတ်ပုံ-Page Six)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Jay-Z on trial: Beyoncé's husband raped a 13-year-old girl at Puff Daddy's house (CNN)

Photo Credit-Page Six, Eric Thayer/ AP, KCAL/ KCBS

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
CarsDB
Aung Theikdi Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service