ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်

ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
25 Apr 2024 10:47 am တွင် တင်ခဲ့သည်
828 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အကယ်၍ သင့်တွင် ပေါင် ၃၆၃ သန်း (ကန်ဒေါ်လာ ၄၄၉ သန်း) ရှိသည်ဆိုပါက ပြင်သစ်နိုင်ငံမှ ရဲတိုက်ကြီး တစ်လုံးက သင့်အတွက် စောင့်ကြိုနေပါသည်။

ကမ္ဘာ့ဈေးအကြီးဆုံးစံအိမ်ဟု မှတ်တမ်းဝင်ဖွယ်ရှိသော Chateau d’ Armainvilliers ရဲတိုက်ကြီးမှာ ကမ္ဘာ့စံချိန်တင်ဈေးနှုန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

ကြီးမားကျယ်ပြောလှသော အဆိုပါစံအိမ်ကြီးမှာ ပြင်သစ်နိုင်ငံမြောက်ပိုင်း Seine-et-Marne နယ်မြေတွင် တည်ရှိပြီး ပဲရစ်မြို့လယ်မှ ၂၅ မိုင်ခန့်အကွာတွင် ရှိသည်။

ကန်ဒေါ်လာ ၄၄၉ သန်း ဖြင့် ဝယ်ယူလျှင် မည်သည့်အရာများ ရရှိမည်နည်း။

အခန်းပေါင်း ၁၀၀ ပါဝင်ကာ ကြမ်းခင်းဧရိယာ စတုရန်းမီတာ ၂၅၀၀ ကျယ်ဝန်းသော ရဲတိုက်ကြီး၊ မြေအကျယ် ၁၀၀၀ ဟက်တာ (၂၄၇၁ ဧက) နှင့် ကြီးမားကျယ်ပြောသော ကိုယ်ပိုင်ရေကန်ကြီးတစ်ခု ပိုင်ဆိုင်ရမည် ဖြစ်သည်။

၁၂ ရာစု ရဲတိုက်ကြီး၏ ဖောင်ဒေးရှင်းများပေါ်တွင် ဆောက်လုပ်ထားခြင်းဖြစ်ကာ ၁၉ ရာစုကုန်ပိုင်းတွင် Rothschild ဘဏ်ကြီးက ဝယ်ယူခဲ့သည်။ ၁၉၈၀ ပြည့်လွန်ကာလများတွင် မော်ရိုကိုဘုရင် Hassan II က ဝယ်ယူခဲ့သည်။

မော်ရိုကိုဘုရင် ဝယ်ယူပြီးနောက်ပိုင်း ပြုပြင်မွမ်းမံမှု အများအပြား ပြုလုပ်ခဲ့ရာ တူရကီရေစိမ်ကန် ပါသော Spa၊ အလှပြင်နှင့် ဆံသဆိုင်အပြင် ပစ္စည်းကိရိယာ အစုံအလင်ပါဝင်သော ဆေးခန်းနှင့် သွားဆေးခန်းတို့ ထည့်သွင်း ခဲ့သည်။

ရဲတိုက်ကြီးအတွင်း မော်ရိုကိုလက်ရာ ရောင်စုံမှန်စီလက်ရာများ၊ နံရံကြွေပြားများကို တွေ့ရမည်ဖြစ်ပြီး မြင်းအကောင်ရေ ၅၀ ဆန့် ကြီးမားသော မြင်းဇောင်းတစ်ခုလည်း ရှိသည်။

(လှပသော Chateau d’ Armainvilliers ရဲတိုက်ကြီးကို တချိန်က မော်ရိုကိုဘုရင်တစ်ပါး ပိုင်ဆိုင်ခဲ့သည်။ ဓာတ်ပုံ-Alamy)

မော်ရိုကိုဘုရင်က မြေအောက်ခန်းကြီးတစ်ခုလည်း ထည့်သွင်းခဲ့ပြီး များပြားသော ဥမင်လှိုဏ်ခေါင်းများ၊ မီးဖိုဆောင်များ၊ အအေးခန်းများ၊ ပစ္စည်းထားသိုရန် နေရာများနှင့် ဝန်ထမ်းနေထိုင်ရန် နေရာများ ပါဝင်သည်။

မော်ရိုကိုဘုရင်က အဆိုပါရဲတိုက်ကြီးကို ၂၀၀၈ ခုနှစ်အတွင်း အရှေ့အလယ်ပိုင်းမှ အမည်မဖော်သော ဝယ်လက်တစ်ဦးထံ ယူရို သန်း ၂၀၀ ဖြင့် ရောင်းချခဲ့ပြီး ထိုသူက ယခုအခါ အရောင်းဈေးကွက် ပြန်တင်လာခြင်း ဖြစ်သည်။

“ဒါဟာ ပြင်သစ်မှာ ဈေးအကြီးဆုံး ရဲတိုက်ပါပဲ။ တကမ္ဘာလုံးအတိုင်းအတာမှာတောင် ဈေးအကြီးဆုံး ဖြစ်နိုင်ပါတယ်။ ဒေါ်လာ ၄၄၉ သန်းဆိုတဲ့ ဈေးနှုန်းက အဆောက်အအုံနဲ့တင် တန်နေပါပြီ။ ခြံအကျယ် ဧက ၂၀၀၀ ကျော်မှာလည်း တိုးချဲ့ဆောက်လုပ်မှု အများကြီး ပြုလုပ်နိုင်ပါတယ်”ဟု အိမ်ခြံမြေ အကြံပေးပုဂ္ဂိုလ် တစ်ဦးဖြစ်သူ Ignace Meuwissen က Paris Match မဂ္ဂဇင်းသို့ ပြောသည်။

“ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ အဲဒီမြေပေါ်မှာ တိုက်ခန်းတွေ ထောင်နဲ့ချီပြီး ဆောက်လုပ်နိုင်ပါတယ်။”

ပြင်သစ်အိမ်ခြံမြေ ကျွမ်းကျင်ပုဂ္ဂိုလ်တို့ကမူ ခေါ်ဈေးမှာ များပြားနေကြောင်း ပြောသည်။

ပြင်သစ်အိမ်ခြံမြေသတင်းဌာနဖြစ်သော Le Figaro Immobilier အိမ်ခြံမြေအကျိုးဆောင်တို့က ပြောသည်မှာ ယခုဈေးနှုန်းဖြင့် ရောင်းထွက်မည်ဟု မထင်ကြောင်း ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: World’s most expensive house goes on sale for eye-watering sum (metro)

Photo Credit: alamy

[Zawgyi]

ျပင္သစ္ႏိုင္ငံတြင္ တခ်ိန္က ေမာ္ရိုကိုဘုရင္ပိုင္ဆိုင္ခဲ့ဖူးေသာ အခန္းေပါင္း ၁၀၀ ပါဝင္ကာ ေျမအက်ယ္ ဧကေပါင္း ၂၄၀၀ ေက်ာ္ရွိျပီး ေျမေအာက္ဥမင္လိႈင္ေခါင္းမ်ား ပါဝင္သည့္ ကမၻာ့ေစ်းအၾကီးဆံုး စံအိမ္ ကန္ေဒၚလာ ၄၄၉ သန္းျဖင့္ ေရာင္းမည္

အကယ္၍ သင့္တြင္ ေပါင္ ၃၆၃ သန္း (ကန္ေဒၚလာ ၄၄၉ သန္း) ရွိသည္ဆိုပါက ျပင္သစ္ႏိုင္ငံမွ ရဲတိုက္ၾကီး တစ္လံုးက သင့္အတြက္ ေစာင့္ၾကိဳေနပါသည္။

ကမၻာ့ေစ်းအၾကီးဆံုးစံအိမ္ဟု မွတ္တမ္းဝင္ဖြယ္ရွိေသာ Chateau d’ Armainvilliers ရဲတိုက္ၾကီးမွာ ကမၻာ့စံခ်ိန္တင္ေစ်းႏႈန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာသည္။

ၾကီးမားက်ယ္ေျပာလွေသာ အဆိုပါစံအိမ္ၾကီးမွာ ျပင္သစ္ႏိုင္ငံေျမာက္ပိုင္း Seine-et-Marne နယ္ေျမတြင္ တည္ရွိျပီး ပဲရစ္ျမိဳ႕လယ္မွ ၂၅ မိုင္ခန္႔အကြာတြင္ ရွိသည္။

ကန္ေဒၚလာ ၄၄၉ သန္း ျဖင့္ ဝယ္ယူလွ်င္ မည္သည့္အရာမ်ား ရရွိမည္နည္း။

အခန္းေပါင္း ၁၀၀ ပါဝင္ကာ ၾကမ္းခင္းဧရိယာ စတုရန္းမီတာ ၂၅၀၀ က်ယ္ဝန္းေသာ ရဲတိုက္ၾကီး၊ ေျမအက်ယ္ ၁၀၀၀ ဟက္တာ (၂၄၇၁ ဧက) ႏွင့္ ၾကီးမားက်ယ္ေျပာေသာ ကိုယ္ပိုင္ေရကန္ၾကီးတစ္ခု ပိုင္ဆိုင္ရမည္ ျဖစ္သည္။

၁၂ ရာစု ရဲတိုက္ၾကီး၏ ေဖာင္ေဒးရွင္းမ်ားေပၚတြင္ ေဆာက္လုပ္ထားျခင္းျဖစ္ကာ ၁၉ ရာစုကုန္ပိုင္းတြင္ Rothschild ဘဏ္ၾကီးက ဝယ္ယူခဲ့သည္။ ၁၉၈၀ ျပည့္လြန္ကာလမ်ားတြင္ ေမာ္ရိုကိုဘုရင္ Hassan II က ဝယ္ယူခဲ့သည္။

ေမာ္ရိုကိုဘုရင္ ဝယ္ယူျပီးေနာက္ပိုင္း ျပဳျပင္မြမ္းမံမႈ အမ်ားအျပား ျပဳလုပ္ခဲ့ရာ တူရကီေရစိမ္ကန္ ပါေသာ Spa၊ အလွျပင္ႏွင့္ ဆံသဆိုင္အျပင္ ပစၥည္းကိရိယာ အစံုအလင္ပါဝင္ေသာ ေဆးခန္းႏွင့္ သြားေဆးခန္းတို႔ ထည့္သြင္း ခဲ့သည္။

ရဲတုိက္ၾကီးအတြင္း ေမာ္ရိုကုိလက္ရာ ေရာင္စံုမွန္စီလက္ရာမ်ား၊ နံရံေၾကြျပားမ်ားကို ေတြ႔ရမည္ျဖစ္ျပီး ျမင္းအေကာင္ေရ ၅၀ ဆန္႔ ၾကီးမားေသာ ျမင္းေဇာင္းတစ္ခုလည္း ရွိသည္။

(လွပေသာ Chateau d’ Armainvilliers ရဲတိုက္ၾကီးကို တခ်ိန္က ေမာ္ရိုကိုဘုရင္တစ္ပါး ပိုင္ဆိုင္ခဲ့သည္။ ဓာတ္ပံု-Alamy)

ေမာ္ရိုကုိဘုရင္က ေျမေအာက္ခန္းၾကီးတစ္ခုလည္း ထည့္သြင္းခဲ့ျပီး မ်ားျပားေသာ ဥမင္လိႈဏ္ေခါင္းမ်ား၊ မီးဖိုေဆာင္မ်ား၊ အေအးခန္းမ်ား၊ ပစၥည္းထားသိုရန္ ေနရာမ်ားႏွင့္ ဝန္ထမ္းေနထိုင္ရန္ ေနရာမ်ား ပါဝင္သည္။

ေမာ္ရိုကိုဘုရင္က အဆုိပါရဲတုိက္ၾကီးကို ၂၀၀၈ ခုႏွစ္အတြင္း အေရွ႕အလယ္ပိုင္းမွ အမည္မေဖာ္ေသာ ဝယ္လက္တစ္ဦးထံ ယူရို သန္း ၂၀၀ ျဖင့္ ေရာင္းခ်ခဲ့ျပီး ထိုသူက ယခုအခါ အေရာင္းေစ်းကြက္ ျပန္တင္လာျခင္း ျဖစ္သည္။

“ဒါဟာ ျပင္သစ္မွာ ေစ်းအၾကီးဆံုး ရဲတုိက္ပါပဲ။ တကမၻာလံုးအတုိင္းအတာမွာေတာင္ ေစ်းအၾကီးဆံုး ျဖစ္ႏိုင္ပါတယ္။ ေဒၚလာ ၄၄၉ သန္းဆိုတဲ့ ေစ်းႏႈန္းက အေဆာက္အအံုနဲ႔တင္ တန္ေနပါျပီ။ ျခံအက်ယ္ ဧက ၂၀၀၀ ေက်ာ္မွာလည္း တိုးခ်ဲ႕ေဆာက္လုပ္မႈ အမ်ားၾကီး ျပဳလုပ္ႏိုင္ပါတယ္”ဟု အိမ္ျခံေျမ အၾကံေပးပုဂၢိဳလ္ တစ္ဦးျဖစ္သူ Ignace Meuwissen က Paris Match မဂၢဇင္းသို႔ ေျပာသည္။

“ရင္းႏွီးျမွဳပ္ႏွံသူေတြအေနနဲ႔ အဲဒီေျမေပၚမွာ တိုက္ခန္းေတြ ေထာင္နဲ႔ခ်ီျပီး ေဆာက္လုပ္ႏိုင္ပါတယ္။”

ျပင္သစ္အိမ္ျခံေျမ ကၽြမ္းက်င္ပုဂၢိဳလ္တို႔ကမူ ေခၚေစ်းမွာ မ်ားျပားေနေၾကာင္း ေျပာသည္။

ျပင္သစ္အိမ္ျခံေျမသတင္းဌာနျဖစ္ေသာ Le Figaro Immobilier အိမ္ျခံေျမအက်ိဳးေဆာင္တုိ႔က ေျပာသည္မွာ ယခုေစ်းႏႈန္းျဖင့္ ေရာင္းထြက္မည္ဟု မထင္ေၾကာင္း ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: World’s most expensive house goes on sale for eye-watering sum (metro)

Photo Credit: alamy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
Shwe Wutt Hmone
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service