အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂမ်မြို့မှ ၁၀ လုံးတန်း နေအိမ်တစ်တန်းလုံးကို ပေါင် ၁ သန်းကျော်မျှဖြင့် ရောင်းမည်
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂမ်မြို့မှ ၁၀ လုံးတန်း နေအိမ်တစ်တန်းလုံးကို ပေါင် ၁ သန်းကျော်မျှဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
8 Nov 2022 9:42 am တွင် တင်ခဲ့သည်
591 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂမ်မြို့ရှိ နေအိမ်တန်းတစ်ခုလုံးကို လန်ဒန်ရှိ အိမ်တစ်လုံးစာ ဈေးနှုန်းမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်းတစ်ခု ပေါ်ပေါက်လာသည်။
ဘာမင်ဂမ်မြို့၊ Erdington အရပ်၊ Church လမ်းရှိ အိမ်အမှတ် ၁ မှ ၁၀ အထိ ၁၀ လုံးကို အိမ်ခြံမြေ ဝက်ဘ်ဆိုက်တစ်ခုဖြစ်သော Zoopla မှတဆင့် အရောင်းဈေးကွက်တင်လာသည်။
(နေအိမ် ၁၀ လုံးကို စုစုပေါင်းတန်ဖိုး ပေါင် ၁ ဒသမ ၆ သန်းမျှဖြင့် ရောင်းချမည်။ ဓာတ်ပုံ Credit: Knight Frank /Zoopla)
(နေအိမ်များ၏ အကျယ်အဝန်းမှာ စတုရန်းပေ ၃၁၅ ရှိသည်။ ဓာတ်ပုံ Credit: Knight Frank /Zoopla)
အဆိုပါအိမ်များသည် ရှေးယခင်က ချို့တဲ့သူများ၊ အထူးသဖြင့် သက်ကြီးရွယ်အိုများ အခမဲ့နေထိုင်နိုင်ရန် အလှူငွေဖြင့် ဆောက်လုပ်ထားသော နေအိမ်များ ဖြစ်သည်။
၃၁၅ စတုရန်းပေကျယ်ဝန်းသော နေအိမ် ၁၀ လုံးကို ပေါင် ၁,၆၀၀,၀၀၀ ဈေးခေါ်ထားသည်။
နေအိမ်တိုင်းတွင် ပေါင်းမိုးပါဆင်ဝင်၊ ဧည့်ခန်း၊ အိပ်ခန်း၊ မီးဖိုဆောင်နှင့် ရေချိုးခန်းတို့ ပါဝင်သည်။
ဘာမင်ဂမ်မြို့လယ်မှ အရှေ့မြောက်ဘက် ၄ မိုင်အကွာ၊ လန်ဒန်မှ ၁၁၇ မိုင်အကွာတွင် တည်ရှိသည်။
အရောင်းကြော်ငြာတွင်ဖော်ပြချက်အရ “နေအိမ် ၁၀ လုံးပါဝင်ပြီး အများပြည်သူသုံး ပန်းဥယျာဉ်များအတွင်းတည်ရှိကာ ၁၉၃၀ ပြည့်နှစ် ဝန်းကျင်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်”ဟု ဖော်ပြထားသည်။
အမျိုးသားစာရင်းအင်းရုံးနှင့် gov.uk တို့မှ ဖော်ပြထားသောအချက်အလက်များကို သုံးသပ်ချက်အရ ဝေလပြည်နယ်နှင့် စကော့တလန်တို့တွင် ပျှမ်းမျှအိမ်ခြံမြေဈေးနှုန်း ၁၆ ရာခိုင်နှုန်း မြင့်တက်နေပြီး အင်္ဂလန်တွင် ၁၂ ရာခိုင်နှုန်းနီးပါး ဈေးတက်နေသည်ကို တွေ့ရှိရသည်။
၂၀၂၂ ခုနှစ်၊ မတ်လ အချက်အလက်များအရ လန်ဒန်တွင် လုံးချင်းအိမ်တစ်လုံး၏ ပျှမ်းမျှခေါ်ဈေးမှာ ပေါင် ၁၀၆၉၉၈၁ ဖြစ်သည်။
အိပ်ခန်းအပိုများနှင့် ကလေးများအတွက် နေရာပိုများရှိလျှင် ပျှမ်းမျှပေါက်ဈေးထက် များစွာဈေးကြီးနိုင်သည်။
ဒေါ်လာ ၁ သန်းဖြင့် လန်ဒန်မြို့တွင် ဝယ်ယူရရှိမည့်အိမ်နှင့် အခြားနေရာများတွင် ဝယ်ယူနိုင်သည့်အိမ်တို့မှာ အလွန်ကွာခြားလှသည်။
ဥပမာအားဖြင့် စကော့တလန်နိုင်ငံ၊ Rothes တွင် အိပ်ခန်း ၁၁ ခန်းပါနေအိမ်ကို ပေါင် ၁ ဒသမ ၁ သန်းဖြင့် ဝယ်ယူနိုင်သော်လည်း ထိုငွေပမာဏဖြင့် လန်ဒန်မြို့၊ Kensington အရပ်တွင် အိပ်ခန်း ၁ ခန်းပါ တိုက်ခန်းသာ ရရှိမည် ဖြစ်သည်။
လန်ဒန်မြို့၊ St Johns Wood ရှိ အိပ်ခန်း ၁ ခန်းသာပါသော လူနေခန်းဆိုလျှင်လည်း အကျယ်အဝန်း ၇၁ မီတာကျော်သာရှိသော်လည်း ဈေးနှုန်းမှာ ပေါင် ၁ ဒသမ ၀၉၅ သန်းအထိ ပေါက်ဈေးရှိသည်။
နှိုင်းယှဉ်ကြည့်မည်ဆိုပါက စကော့တလန်နိုင်ငံ၊ အဘာဒင်းမြို့မှ ၄၃၂ စတုရန်းမီတာ ကျယ်ဝန်းပြီး အိပ်ခန်း ၈ ခန်း၊ အခြားအခန်း ၇ ခန်း၊ ရေချိုးခန်း ၃ ခန်းပါသော လုံးချင်းအိမ်ကို အဆိုပါဈေးနှုန်းမျှဖြင့် ဝယ်ယူရရှိနိုင်သည်။
(နေအိမ်တိုင်းတွင် အမိုးပါဆင်ဝင်၊ ဧည့်ခန်း၊ အိပ်ခန်း နားနေခန်းနှင့် မီးဖိုဆောင်ပေါင်းစပ်ထားသော အခန်း၊ မီးဖိုဆောင်နှင့် ရေချိုးခန်းများ ပါဝင်သည်။ ဓာတ်ပုံ- Credit: Knight Frank /Zoopla)
(နေအိမ် ၁၀ လုံးတန်းတစ်ခုလုံးကို ပေါင် ၁ သန်းကျော်မျှဖြင့် ရောင်းချမည်ဖြစ်သည်။ ဓာတ်ပုံ Credit: Knight Frank /Zoopla)
(ဘာမင်ဂမ်မြို့၊ A38 အဝေးပြေးလမ်းမကြီးနှင့် နီးကပ်စွာ တည်ရှိသည်။ ဓာတ်ပုံ Credit: Knight Frank /Zoopla)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: You could buy an entire row of houses in UK city for price of a London family home (thesun)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Shwe Wutt Hmone
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service