တစ်ဖက်သားကို အလေးထားကြတယ်

တစ်ဖက်သားကို အလေးထားကြတယ် - Property Knowledge in Myanmar from iMyanmarHouse.com
18 Oct 2022 12:23 pm တွင် တင်ခဲ့သည်
640 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

လူဆိုတာ သက်ရှိထဲမှာ အသိဉာဏ်အကြွယ်ဝဆုံးသူတွေအဖြစ် လက်ခံထားကြတယ်။ဒါပေမဲ့ အဲဒီလူတွေဟာပဲ လူနဲ့မတန်အောင် မသိလိုက်ပဲလည်းလုပ်တတ်တယ်၊သိသိကြီးနဲ့လည်း မလုပ်သင့်တာတွေကို လုပ်ရက်ကြတာတွေ လည်းရှိပါတယ်။

အခုဟာကတော့ ဒီနိုင်ငံမှာတော့ မဟုတ်ပါဘူး နိုင်ငံခြားမှာ လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်လေးတွေထဲက မှတ်သားစရာကောင်းတဲ့ အဖြစ်လေးတွေကို ပြန်လည်မျှဝေဖို့ပါပဲ။

တစ်ခုကတော့ လူတစ်ဦးတစ်ယောက်ရဲ့ထားသင့်တဲ့ စိတ်သဘောထားလေးကို မီးမောင်းထိုးပြထားတဲ့ ဖြစ်ရပ်ပေါ့။ဝတ္ထုတိုလေးတစ်ပုဒ်လို့ သတ်မှတ်ရင်လည်း ရပါတယ်။

ဒီဝတ္ထုလေးက ဂျာမဏီမှာ ဂျာမန်အဖိုးအိုပိုင်အိမ်တစ်လုံးကို စာရေးဆရာတစ်ယောက်က ငှားနေပါသတဲ့။ တစ်ရက်မှာ အဲဒီစာရေးဆရာက အိမ်ပိုင် ပရိဘောဂတစ်ခုဖြစ်တဲ့ ဖန်ခွက်တစ်ခုကို မတော်တဆတိုက်မိလို့ ဖန်ခွက်ဟာ ကွဲသွားပါသတဲ့။

ဒါကို စာရေးဆရာက အိမ်ပိုင်ရှင်ဂျာမန်အဖိုးကြီးကို ချက်ချင်းအကြောင်းကြားတော့ အဖိုးအိုက “မတော်တဆ ဖြစ်၍ ..ကိစ္စမရှိပါကြောင်း ၊အဲဒီဖန်ခွက်မျိုးက ဈေးမကြီးပါကြောင်း၊မနက်ဖြန် ဖန်ခွက်အသစ်တစ်လုံး ပို့ပေးပါမယ့် အကြောင်း”ပြောပါတယ်တဲ့။

နောက်တစ်နေ့ အဖိုးအိုက ဖန်ခွက်အသစ်တစ်လုံး လာပေးပါတယ်တဲ့။ပေးရင်နဲ့..ကွဲသွားတဲ့ဖန်ခွက်ကွဲစတွေရော လို့ မေးပါတယ်။လှည်းကျင်းပြီး အမှိုက်ပုံးထဲပစ်လိုက်ကြောင်း စာရေးဆရာကပြောတော့…အဘိုးအိုဟာ တံခါးကိုအလျင်အမြန်ဖွင့်ပြီး အမှိုက်အိတ်ကို သွားယူပါတယ်တဲ့။ပြီးတော့ စာရေးဆရာဘက်လှည့်ပြီး..ခင်ဗျားကို အိမ်မငှားနိုင်တော့ကြောင်း၊ နက်ဖြန်ကစပြီး အိမ်ပြောင်းဖို့အကြောင်း ပြောလိုက်ပါတယ်တဲ့။

အဲလိုပြောနေရင်းနဲ့ အဘိုးအိုဟာ ဘောလ်ပင်၊ တံမြက်စည်း၊ ညှပ်နဲ့ အမှိုက်အိတ်တို့ကို ယူပြီး စာရေးဆရာလုပ်ထားတဲ့ အမှိုက်အိတ်ကိုဖွင့်ပြီး သွန်ချလိုက်ပါတယ်တဲ့။

ပြီးတော့ အမှိုက်အမျိုးအစားကို အသေးစိတ်ခွဲပြီး သက်ဆိုင်ရာအိတ်အလိုက်ထည့်ပါတယ်တဲ့။ဖန်ခွက်ကွဲစပါတဲ့ အိတ်အပေါ်မှာ.. “သတိ..ဖန်ခွက်ကွဲစပါသည်”..လို့ဆိုတဲ့စာကို ရေးလိုက်ပါတယ်တဲ့။ ကျန်တဲ့အိတ်တွေရဲ့ အပေါ်မှာတော့.. “ဘေးကင်းသည်” လို့ရေးလိုက်ပါတယ်တဲ့။

မောင်းထုတ်ခံလိုက်ရတဲ့ စာရေးဆရာက အဖိုးအိုလုပ်နေတာကိုကြည့်ရင်း နားမလည်နိုင်စွာနဲ့ “ဘာဖြစ်လို့လဲ၊ ကျွန်တော် ဖန်ခွက်ခွဲလိုက်မိလို့လားလို့” မေးလိုက်ပါတယ်။

အဘိုးအိုက ခေါင်းခါပြရင်း ပြောလိုက်တာက “မဟုတ်ပါဘူး… ခင်ဗျားရဲ့ရင်ထဲမှာ တခြားလူမရှိလို့”လို့ ဆိုပါသတဲ့။

အဘိုးအိုလုပ်နေတာတွေနဲ့ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် စာရေးဆရာဟာ သူ့အမှားကိုသိသွားပြီး မျက်နှာထူပူသွားပါတယ်တဲ့။

အဖိုးအိုရဲ့ရင်ထဲမှာ “ခွင့်လွှတ်သင့်တာကို ခွင့်လွှတ်၊ အလေးနက်ထားသင့်တာကို အလေးနက်ထားတာဟာ” သူ့ရင်ထဲမှာ တခြားသူကိုထည့်ထားလို့ဖြစ်ပါတယ်တဲ့။

ဘောလ်ပင်ချင်းအတူတူပါပဲ အမှိုက်အိတ်တွေအပေါ်မှာ အဖိုးအို ရေးလိုက်တဲ့ စကားလုံးတွေက မများသလို လက်ရေးလည်း မလှပါဘူးတဲ့။ဒါပေမဲ့ စာရေးဆရာ စာရွက်ပေါ် ရေးလိုက်တဲ့ လှပတဲ့စကားလုံးတွေထက် ပိုတောက်ပလင်းလက်နေတဲ့အပြင် လှပနွေးထွေးမှုတွေ ပါနေခဲ့ပါတယ်တဲ့။

ဒီဝတ္ထုလေးက #SoeHein_StartUp_Coach #SMEBi #MBA #University ရဲ့ ဆောင်းပါးလေးထဲက ဝတ္ထုလေးပါ ။ တစ်ဖက်သားကို အလေးထားကြတဲ့အကြောင်းလေးက နှလုံးသားကို စိမ့်ဝင်စေတာမို့ ကောင်းတာလေးကို ပြန်မျှဝေလိုက်ရတာပါ။

နောက်တစ်ခုရှိပါသေးတယ်။ဒါကတော့လူ ချင်းမဟုတ်ပါဘူး။လူက တိရစ္ဆာန်လေးတွေအပေါ် အလေးထားကြတဲ့ အကြောင်းပါပဲ။ဂျပန်မှာပါတဲ့။

ဂျပန်နိုင်ငံရဲ့ ရထားလမ်းအချို့မှာ လိပ်လေးတွေ ဖြတ်သန်းသွားလို့ရအောင် လိပ်သွားလမ်းလေးတွေ လုပ်ပေးထားတာ ရှိပါတယ်တဲ့။

သဘာဝအလျောက် ပေါက်ဖွားလာတဲ့ လိပ်ကလေးတွေဟာ တစ်နေရာနဲ့ တစ်နေရာ ရွှေ့ပြောင်းသွားလာ တဲ့အခါ သူတို့သွားမဲ့ လမ်းမှာ ရထားလမ်းခံနေတာကြောင့် လမ်းအကူးတဲ့အခါမှာ သံလမ်းချိတ်ဆက် ဂျွိုင့်တွေအကြား ကျကုန်ပါတယ်တဲ့။ကြိုးစားပြန်တက်ပြီး ဖြတ်ကျော်တဲ့အခါမှာ ရထားလာနေတာနဲ့ ကြုံရင် လိပ်ကလေးတွေဟာ အဖြစ်ဆိုးတွေကြုံရပါတယ်တဲ့။

အဲဒီလိုမကြုံရတော့အောင် ကို‌ဘေးက West JR နဲ့ Suma ရေဥယျာဉ်တို့‌ပူးပေါင်းပြီး (၂၀၁၅) ခုနှစ်တုန်းက သုတေသနတစ်ခုလုပ်ခဲ့ပါတယ်တဲ့။

အဲဒီသုတေသန ရလဒ်တွေအရ လိပ်တွေ ဖြတ်ကူးတတ်တဲ့ ဇုန်တွေနားက ရထားလမ်းတွေမှာ လိပ်ကူးလမ်း လေးတွေကို ထည့်သွင်း ဖန်တီးပေးလိုက်တာပါပဲတဲ့။

ဒီလိုရထားလမ်းတွေမှာ လိပ်လေးတွေ ဖြတ်သွားလို့ရအောင် လုပ်ပေးလိုက်တဲ့အတွက် လိပ်လေးတွေရဲ့ အသက်အန္တရာယ်ကင်းသွားပါတယ်တဲ့။ လိပ်သွားလမ်းမဖော်ခင်က ရထားလမ်းကို လိပ်ကလေးတွေဖြတ်တာနဲ့ ရထားလာတာတိုက်ဆိုင်သည့် အခါ ရထားလမ်းချော်မှုများဖြစ်ပြီး လူတွေပါ အသက်အန္တရာယ်ရှိခဲ့ပါတယ်တဲ့။

ရထားလမ်းတွေအောက်ကနေ လိပ်သွားလမ်းလေးတွေ မရှိခင်က ကျိုတိုနဲ့ နာရ ဘူတာတွေအကြား လိပ်လေးတွေကြောင့် ရထားမတော်တဆဖြစ်မှုဟာ (၂၀၀၂) ခုနှစ်ကနေပြီး (၂၀၁၄) ခုနှစ်အကြား (၁၃) ကြိမ်တောင် ရှိခဲ့တာပါတဲ့။

တိရစ္ဆာန်ပဲကွာ ဘာအလေးထားစရာလည်းလို့ စဉ်းစားလို့ လုပ်ချင် လုပ်နိုင်သော်လည်း တစ်ဖက်သားကို အလေးထားကြတဲ့သူတွေကတော့ ရှေ့ကဖော်ပြတဲ့ဖြစ်ရပ်ကလေးတွေက လူ့အသိစိတ်လေးတွေကို မီးမောင်းထိုးပြနေပါကြောင်း ဖတ်မိနှစ်သက်မိ၍ မျှဝေလိုက်ရပါကြောင်းဗျာ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

 

တစ္ဖက္သားကို အေလးထားၾကတယ္

 

လူဆိုတာ သက္ရွိထဲမွာ အသိဉာဏ္အၾကြယ္ဝဆုံးသူေတြအျဖစ္ လက္ခံထားၾကတယ္။ဒါေပမဲ့ အဲဒီလူေတြဟာပဲ လူနဲ႔မတန္ေအာင္ မသိလိုက္ပဲလည္းလုပ္တတ္တယ္၊သိသိႀကီးနဲ႔လည္း မလုပ္သင့္တာေတြကို လုပ္ရက္ၾကတာေတြ လည္းရွိပါတယ္။

အခုဟာကေတာ့ ဒီႏိုင္ငံမွာေတာ့ မဟုတ္ပါဘူး ႏိုင္ငံျခားမွာ လုပ္ေဆာင္ခဲ့တဲ့ လုပ္ရပ္ေလးေတြထဲက မွတ္သားစရာေကာင္းတဲ့ အျဖစ္ေလးေတြကို ျပန္လည္မွ်ေဝဖို႔ပါပဲ။

တစ္ခုကေတာ့ လူတစ္ဦးတစ္ေယာက္ရဲ႕ထားသင့္တဲ့ စိတ္သေဘာထားေလးကို မီးေမာင္းထိုးျပထားတဲ့ ျဖစ္ရပ္ေပါ့။ဝတၳဳတိုေလးတစ္ပုဒ္လို႔ သတ္မွတ္ရင္လည္း ရပါတယ္။

ဒီဝတၳဳေလးက ဂ်ာမဏီမွာ ဂ်ာမန္အဖိုးအိုပိုင္အိမ္တစ္လုံးကို စာေရးဆရာတစ္ေယာက္က ငွားေနပါသတဲ့။ တစ္ရက္မွာ အဲဒီစာေရးဆရာက အိမ္ပိုင္ ပရိေဘာဂတစ္ခုျဖစ္တဲ့ ဖန္ခြက္တစ္ခုကို မေတာ္တဆတိုက္မိလို႔ ဖန္ခြက္ဟာ ကြဲသြားပါသတဲ့။

ဒါကို စာေရးဆရာက အိမ္ပိုင္ရွင္ဂ်ာမန္အဖိုးႀကီးကို ခ်က္ခ်င္းအေၾကာင္းၾကားေတာ့ အဖိုးအိုက “မေတာ္တဆ ျဖစ္၍ ..ကိစၥမရွိပါေၾကာင္း ၊အဲဒီဖန္ခြက္မ်ိဳးက ေစ်းမႀကီးပါေၾကာင္း၊မနက္ျဖန္ ဖန္ခြက္အသစ္တစ္လုံး ပို႔ေပးပါမယ့္ အေၾကာင္း”ေျပာပါတယ္တဲ့။

ေနာက္တစ္ေန႔ အဖိုးအိုက ဖန္ခြက္အသစ္တစ္လုံး လာေပးပါတယ္တဲ့။ေပးရင္နဲ႔..ကြဲသြားတဲ့ဖန္ခြက္ကြဲစေတြေရာ လို႔ ေမးပါတယ္။လွည္းက်င္းၿပီး အမႈိက္ပုံးထဲပစ္လိုက္ေၾကာင္း စာေရးဆရာကေျပာေတာ့…အဘိုးအိုဟာ တံခါးကိုအလ်င္အျမန္ဖြင့္ၿပီး အမႈိက္အိတ္ကို သြားယူပါတယ္တဲ့။ၿပီးေတာ့ စာေရးဆရာဘက္လွည့္ၿပီး..ခင္ဗ်ားကို အိမ္မငွားႏိုင္ေတာ့ေၾကာင္း၊ နက္ျဖန္ကစၿပီး အိမ္ေျပာင္းဖို႔အေၾကာင္း ေျပာလိုက္ပါတယ္တဲ့။

အဲလိုေျပာေနရင္းနဲ႔ အဘိုးအိုဟာ ေဘာလ္ပင္၊ တံျမက္စည္း၊ ညႇပ္နဲ႔ အမႈိက္အိတ္တို႔ကို ယူၿပီး စာေရးဆရာလုပ္ထားတဲ့ အမႈိက္အိတ္ကိုဖြင့္ၿပီး သြန္ခ်လိုက္ပါတယ္တဲ့။

ၿပီးေတာ့ အမႈိက္အမ်ိဳးအစားကို အေသးစိတ္ခြဲၿပီး သက္ဆိုင္ရာအိတ္အလိုက္ထည့္ပါတယ္တဲ့။ဖန္ခြက္ကြဲစပါတဲ့ အိတ္အေပၚမွာ.. “သတိ..ဖန္ခြက္ကြဲစပါသည္”..လို႔ဆိုတဲ့စာကို ေရးလိုက္ပါတယ္တဲ့။ က်န္တဲ့အိတ္ေတြရဲ႕ အေပၚမွာေတာ့.. “ေဘးကင္းသည္” လို႔ေရးလိုက္ပါတယ္တဲ့။

ေမာင္းထုတ္ခံလိုက္ရတဲ့ စာေရးဆရာက အဖိုးအိုလုပ္ေနတာကိုၾကည့္ရင္း နားမလည္ႏိုင္စြာနဲ႔ “ဘာျဖစ္လို႔လဲ၊ ကၽြန္ေတာ္ ဖန္ခြက္ခဲြလိုက္မိလို႔လားလို႔” ေမးလိုက္ပါတယ္။

အဘိုးအိုက ေခါင္းခါျပရင္း ေျပာလိုက္တာက “မဟုတ္ပါဘူး… ခင္ဗ်ားရဲ႕ရင္ထဲမွာ တျခားလူမရွိလို႔”လို႔ ဆိုပါသတဲ့။

အဘိုးအိုလုပ္ေနတာေတြနဲ႔ေျပာလုိက္တဲ့စကားတစ္ခြန္းေၾကာင့္ စာေရးဆရာဟာ သူ႔အမွားကိုသိသြားၿပီး မ်က္ႏွာထူပူသြားပါတယ္တဲ့။

အဖိုးအိုရဲ႕ရင္ထဲမွာ “ခြင့္လႊတ္သင့္တာကို ခြင့္လႊတ္၊ အေလးနက္ထားသင့္တာကို အေလးနက္ထားတာဟာ” သူ႔ရင္ထဲမွာ တျခားသူကိုထည့္ထားလို႔ျဖစ္ပါတယ္တဲ့။

ေဘာလ္ပင္ခ်င္းအတူတူပါပဲ အမႈိက္အိတ္ေတြအေပၚမွာ အဖိုးအို ေရးလိုက္တဲ့ စကားလုံးေတြက မမ်ားသလို လက္ေရးလည္း မလွပါဘူးတဲ့။ဒါေပမဲ့ စာေရးဆရာ စာ႐ြက္ေပၚ ေရးလိုက္တဲ့ လွပတဲ့စကားလုံးေတြထက္ ပိုေတာက္ပလင္းလက္ေနတဲ့အျပင္ လွပေႏြးေထြးမႈေတြ ပါေနခဲ့ပါတယ္တဲ့။

ဒီဝတၳဳေလးက #SoeHein_StartUp_Coach #SMEBi #MBA #University ရဲ႕ ေဆာင္းပါးေလးထဲက ဝတၳဳေလးပါ ။ တစ္ဖက္သားကို အေလးထားၾကတဲ့အေၾကာင္းေလးက ႏွလုံးသားကို စိမ့္ဝင္ေစတာမို႔ ေကာင္းတာေလးကို ျပန္မွ်ေဝလိုက္ရတာပါ။

ေနာက္တစ္ခုရွိပါေသးတယ္။ဒါကေတာ့လူ ခ်င္းမဟုတ္ပါဘူး။လူက တိရစၦာန္ေလးေတြအေပၚ အေလးထားၾကတဲ့ အေၾကာင္းပါပဲ။ဂ်ပန္မွာပါတဲ့။

ဂ်ပန္ႏိုင္ငံရဲ႕ ရထားလမ္းအခ်ိဳ႕မွာ လိပ္ေလးေတြ ျဖတ္သန္းသြားလို႔ရေအာင္ လိပ္သြားလမ္းေလးေတြ လုပ္ေပးထားတာ ရွိပါတယ္တဲ့။

သဘာဝအေလ်ာက္ ေပါက္ဖြားလာတဲ့ လိပ္ကေလးေတြဟာ တစ္ေနရာနဲ႔ တစ္ေနရာ ေ႐ႊ႕ေျပာင္းသြားလာ တဲ့အခါ သူတို႔သြားမဲ့ လမ္းမွာ ရထားလမ္းခံေနတာေၾကာင့္ လမ္းအကူးတဲ့အခါမွာ သံလမ္းခ်ိတ္ဆက္ ဂြၽိဳင့္ေတြအၾကား က်ကုန္ပါတယ္တဲ့။ႀကိဳးစားျပန္တက္ၿပီး ျဖတ္ေက်ာ္တဲ့အခါမွာ ရထားလာေနတာနဲ႔ ႀကဳံရင္ လိပ္ကေလးေတြဟာ အျဖစ္ဆိုးေတြႀကဳံရပါတယ္တဲ့။

အဲဒီလိုမႀကဳံရေတာ့ေအာင္ ကို‌ေဘးက West JR နဲ႔ Suma ေရဥယ်ာဥ္တို႔‌ပူးေပါင္းၿပီး (၂၀၁၅) ခုႏွစ္တုန္းက သုေတသနတစ္ခုလုပ္ခဲ့ပါတယ္တဲ့။

အဲဒီသုေတသန ရလဒ္ေတြအရ လိပ္ေတြ ျဖတ္ကူးတတ္တဲ့ ဇုန္ေတြနားက ရထားလမ္းေတြမွာ လိပ္ကူးလမ္း ေလးေတြကို ထည့္သြင္း ဖန္တီးေပးလိုက္တာပါပဲတဲ့။

ဒီလိုရထားလမ္းေတြမွာ လိပ္ေလးေတြ ျဖတ္သြားလို႔ရေအာင္ လုပ္ေပးလိုက္တဲ့အတြက္ လိပ္ေလးေတြရဲ႕ အသက္အႏၱရာယ္ကင္းသြားပါတယ္တဲ့။ လိပ္သြားလမ္းမေဖာ္ခင္က ရထားလမ္းကို လိပ္ကေလးေတြျဖတ္တာနဲ႔ ရထားလာတာတိုက္ဆိုင္သည့္ အခါ ရထားလမ္းေခ်ာ္မႈမ်ားျဖစ္ၿပီး လူေတြပါ အသက္အႏၱရာယ္ရွိခဲ့ပါတယ္တဲ့။

ရထားလမ္းေတြေအာက္ကေန လိပ္သြားလမ္းေလးေတြ မရွိခင္က က်ိဳတိုနဲ႔ နာရ ဘူတာေတြအၾကား လိပ္ေလးေတြေၾကာင့္ ရထားမေတာ္တဆျဖစ္မႈဟာ (၂၀၀၂) ခုႏွစ္ကေနၿပီး (၂၀၁၄) ခုႏွစ္အၾကား (၁၃) ႀကိမ္ေတာင္ ရွိခဲ့တာပါတဲ့။

တိရစၦာန္ပဲကြာ ဘာအေလးထားစရာလည္းလို႔ စဥ္းစားလို႔ လုပ္ခ်င္ လုပ္ႏိုင္ေသာ္လည္း တစ္ဖက္သားကို အေလးထားၾကတဲ့သူေတြကေတာ့ ေရွ႕ကေဖာ္ျပတဲ့ျဖစ္ရပ္ကေလးေတြက လ႔ူအသိစိတ္ေလးေတြကို မီးေမာင္းထိုးျပေနပါေၾကာင္း ဖတ္မိႏွစ္သက္မိ၍ မွ်ေဝလိုက္ရပါေၾကာင္းဗ်ာ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service