မမြင်နိုင်သော ကံကြမ္မာ
မမြင်နိုင်သော ကံကြမ္မာ - Property Knowledge in Myanmar from iMyanmarHouse.com
17 Oct 2022 11:47 am တွင် တင်ခဲ့သည်
732 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
မရည်ရွယ်သော်လည်း ဖြစ်လာတတ်သည့် ကိစ္စများက ဖြတ်သန်းရာဘဝတွင် လူတိုင်းတွေ့ကြရသည်။
ကျွန်တော်အိမ်ထောင်ပြုလိုက်သည်။အဆင်သင့်မဖြစ်ကြသေး၍ ကလေးယူဖို့ကို နောက်မှဟု သဘောတူ ထားခဲ့သည်။သို့သော်လည်း တစ်ကြိမ်ဆိုမှတစ်ကြိမ်တည်းက ကလေးရဖို့ဖြစ်သွားသည်။ ဖြစ်သွားတော့လည်း ဘာဖြစ်လည်းပေါ့။လာသည့်ကလေးကို ကြည်ဖြူစွာကြိုဆိုခဲ့သည်။မနှင်ခဲ့ပါ။
သမီးလား၊သားလား သူ့မျက်နှာမမြင်ခင်ကတည်းက ဘာပဲဖြစ်ဖြစ်လက်ခံလိုက်သည်။ဗိုက်ထဲက ကလေး ကျန်းမာဖို့ ၊ဉာဏ်ရည်ဉာဏ်သွေး မချို့တည့်ဖို့ ကိုယ်ဝန်ရှိပြီဆိုတာ စသိပြီဆိုကတည်းက လိုအပ်သည့်ဆေးဝါး ဓာတ်စာများကို ကလေး၏မိခင်ကို စားစေသည်။ကိုယ်ဝန်သည်အားဆေးတို့ကိုလည်း တိုက်ကြွေးသည်။
ကိုယ်ဝန်ဆောင်မိခင်ကို ရှောင်စရာများ၊ဆောင်စရာများသိနိုင်ဖို့ ကိုယ်ဝန်သည်နှင့်ပတ်သက်သည့် စာအုပ်များကို ရှာဖွေပေးသည်။မိမိကိုယ်တိုင်လည်းဖတ်ပြသည်။သူကိုယ်တိုင်လည်း ဖတ်စေသည်။
ကိုယ်ဝန်သုံးလနောက်ပိုင်းမှ မွေးဖွားဖို့ OG ရှာပြီး ဗိုက်ကိုအပ်လိုက်သည်။စစ်ဆေးမှုများအရ သမီးကလေးဟု သိရသည်။လိုချင်သည်က သားဖြစ်သည်။လိုချင်တာမဟုတ်သော်လည်း သမီးဆိုတော့လည်း သမီးပေါ့ ။ မိမိရင်သွေးပဲဖြစ်၍ချစ်သည်။ပထဦးဆုံး ကိုယ်ဝန်ဆောင်ခြင်းဖြစ်၍ လုပ်ဆောင်ဖွယ်တွေကများသည်။
ရှောင်ရ ဆောင်ရမည့်စားစရာများ၊အနေအထိုင်မှန်ကန်ဖို့ ၊ကိုယ်ဝန်ဆောင်ထားစဉ် နေမကောင်း မဖြစ်အောင် ဂရုစိုက်ရသည်။ကိုယ်ဝန်နုစဉ် နေမကောင်းဖြစ်ပါက အကိုက်အခဲပျောက်ဆေးတို့ကို တိုက်ရမှာ စိုးရိမ်သည်။
ဇနီးသည်၏ ကိုယ်ဝန်ဆောင်ကာလတစ်လျှောက် ဗိုက်အကြောများ မပြတ်အောင်နှင့် ကလေးမွေးလျှင် မွေးဖွားရလွယ်ကူအောင် အင်္ဂုလိမာလသုတ်ကိုရွတ်ဆိုရင်း ဆီတို့ကို လိမ်းပေးရသည်။
ထို့သို့အစစ ဂရုတစိုက်ပြင်ဆင်ခဲ့ကြပါသည်။တော်ပါသေးသည် ကိုယ်ဝန်ဆောင်စဉ်ကာလ အဖျားအနာတို့ မရှိခဲ့။ကလေးလည်း ချောချောမောမော မွေးဖွားခဲ့သည်။ကလေးယူဖို့ မရည်ရွယ်ခဲ့သေးသော်လည်း မမြင်ရသောကံကြမ္မာကပေးလိုက်တော့လည်း ကျွန်တော်တို့ကြည်ဖြူလှိုက်လဲစွာလက်ခံခဲ့သည်။စွန်းပစ်ဖို့ မကြိုးစာခဲ့ပါ။
သမီးလေးမွေးလာတော့ သားလေးလိုချင်သောကျွန်တော် သမီးလေးကိုချစ်မဝခဲ့ပါ။ သမီးလေး သုံးလေးနှစ် ရောက်လာသောအခါ အဖော်မဲ့စွာကစားနေရသည်ကို စိတ်မကောင်းဖြစ်ခဲ့ရသည်။ပန်းခြံတို့တွင် သွားရောက်ကစားသည့်အခါ အပေါင်းအသင်းမင်နေသည်ကိုတွေ့ရသည်။
ကောင်းကောင်းဆိုးဆိုး မောင်နှမသားချင်းများခြင်းကလည်း အားတစ်ခုဟုယူဆမိသည်။အရွယ်ရောက်လို့ တိုင်ပင်ဖော်တိုင်ပင်ဖက်ရှိမှကောင်းမည်။ထို့ကြောင့် နောက်တစ်ယောက်ယူဖို့ ပြင်ဆင်ခဲ့ကြသည်။
မခေါ်တုန်းက ရောက်လာသည်။တယုတယနှင့် ကောင်းကောင်းခေါ်ပါသော်လည်း ရောက်မလာသည့် ကိစ္စတို့ကိုလည်းကြုံရပါသည်။
နှစ်တစ်ဝက်လောက်ကြာမှ ရောက်လာသည့် အရိပ်အရောင်တို့ကိုတွေ့ရသည်။စစ်ဆေးမှုတို့လုပ်ကြည့်ရာ ကိုယ်ဝန်ရှိခြင်းလက္ခဏာတို့ပြသည်။ပျော်ရွှင်ခဲ့ရသည်။ကောင်းစွာကြိုဆိုခဲ့ပါသည်။
မမြင်နိုင်သည့် ကံကြမ္မာက ကျွန်တော်တို့၏ ပျော်ရွှင်မှုကို ရပ်တန့်ပစ်ခဲ့သည်။တစ်ပတ်ခန့်အကြာ ထပ်မံစစ်ဆေးမှုလုပ်ရာ ကိုယ်ဝန်မအောင်မြင်သည့် လက္ခဏာတို့ကို စစ်ဆေးမှုကိရိယာကပြသနေသည်။ ဒုတိယအကြိမ်စစ်ဆေးမှုအပြီး ထိုညနေတွင် ဇနီးဖြစ်သူ ဗိုက်တို့နာပြီး သွေးတို့ဆင်းတော့သည်။
ထိုသွေးတို့တွင် သန္ဓေသားလောင်းအပျက်အဆီးသည် ပါသွားလောက်ပြီဟုယူဆသည်။ထိုကိစ္စဖြစ်ပြီးနောက် ထပ်မံစစ်ဆေးမှုလုပ်ခဲ့ရာတွင် ကိုယ်ဝန်မရှိဟုသော လက္ခဏာသာပြပါတော့သည်။နောက်တစ်ဖန်ကြိုးစားဖို့သာ ရှိတော့သည်။
မခေါ်ခင်က အရောက်လာကြသည်။လာပါလို့ ဂရုတစိုက်ခေါ်ခဲ့ပါသော်လည်း လာဖို့ဖြစ်လာရင်းနှင့် ခရီးတို့ကြန့်ကြာခဲ့သည်။ကံကြမ္မာတွေသည် ဘယ်လိုလာမည်ဆိုသည်ကို ဘယ်သူသိနိုင်မည်နည်း။
ဘယ်လိုပဲလာလာ မေတ္တာနှင့်သာ လက်ကမ်းကြိုဆိုဖို့ ကျွန်တော်တို့ဇနီးမောင်နှံက ဆုံးဖြတ်ထားလိုက်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service