ဆင်တုံးမနွယ် ကျန်းမာစေသလား

ဆင်တုံးမနွယ် ကျန်းမာစေသလား - Property Knowledge in Myanmar from iMyanmarHouse.com
26 Sep 2022 10:40 am တွင် တင်ခဲ့သည်
4342 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Zawgyi]

အသက်ကြီးရင် ဆင်စီးပါဆိုတဲ့ စကားပုံလေအတိုင်း အသက်ကြီးလာရင် ဆင်တုံးမနွယ် သုံးဆောင်ပေးတာက ကျန်းမာစေနိုင်တယ်လို့ အားလုံးလိုလို သိထားပြီး ဖြစ်မှာပါ။ ဒီတစ်ခေါက်တော့ ဆေးဖက်ဝင်တယ်ဆိုပြီး သုံးဆောင်နေကြတဲ့ ဆင်တုံးမနွယ်က ကျန်းမာရေးအတွက် ဘယ်လို ထောက်ကူပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

ဆင်တုံးမနွယ် ဆိုတာ

ဆင်တုံးမနွယ်ဆိုတာ နွယ်ပင် တစ်မျိုးပါ။ အရွက်လေးတွေက ကွမ်းရွက်နဲ့ ခပ်ဆင်ဆင်တူပြီး ကွမ်းရွက်ထက်တော့ မာပါတယ်။ အရိုးတံမှာ ဆူးလေးတွေပါပြီး အရိုးတံကို ဆေးဝါးအဖြစ် အသုံးပြုကြပါတယ်။

ဆင်တုံးမနွယ်မှာ ဘာတွေပါလဲ

ဆင်တုံးမနွယ်ရဲ့ ပင်စည်ကိုရော အရွက်တွေကိုပါ ဆေးဝါးဖော်စပ်ဖို့ အသုံးပြုလို့ ရပါတယ်။ အာဟာရတန်ဖိုးအနေနဲ့ ဆင်တုံးမနွယ်မှာ

- alkaloids

- glycosides

- steroidsနဲ့

- အခြား အကျိုးပြု ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။

ဘယ်လို စားသုံးမလဲ။

ဆင်တုံးမနွယ်ကို အမှုန့်ကြိတ်ပြီး စားသုံးကြသလို ပင်စည်ကို ထုပြီး ရေနွေးစိမ်သောက်တာ၊ ပျားရည်နဲ့ စိမ်ပြီး သုံးဆောင်တာမျိုးလည်း ရှိပါတယ်။ အရွက်နဲ့ ရိုးတံကို ကြိတ်ထားတဲ့အနှစ်ကို အရေပြားပေါ်မှာ တိုက်ရိုက်အသုံးပြုတာမျိုးလည်း ရှိပါတယ်။

ဆင်တုံးမနွယ် ကျန်းမာစေသလား

ဆင်တုံးမနွယ် ကျန်းမာစေသလား ဆိုတော့ ကျန်းမာစေပါတယ်။ ဘယ်လိုမျိုး ကျန်းမာစေသလဲဆိုတာကိုတော့ အတူတူ ဆက်ကြည့်လိုက်ရအောင်လား။

သွေးတွင်းသကြားဓာတ် ထိန်းညှိပေးတယ်

ဆင်တုံးမနွယ်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး အင်ဆူလင် ထွက်ရှိမှုကို တိုးစေနိုင်ပါတယ်။ ဆီးချိုရှိသူတွေမှာလည်း ဆီးချိုကြောင့် ခံစားရနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ကိုယ်ခံအား တက်စေတယ်

ဆင်တုံးမနွယ်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ကိုယ်ခံအား တက်စေဖို့ ထောက်ကူပေးပါတယ်။ အသည်းကျန်းမာစေသလို၊ နှလုံးရောဂါတွေ နဲ့ ဆီးလမ်းကြောင်း ပိုးဝင်တာကိုလည်း သက်သာစေနိုင်ပါတယ်။

အစာကြေစေတယ်

အစာကြေချက်မှု ကောင်းစေပြီး အစာမကြေတာ၊ ဝမ်းပျက်တာ၊ လေထိုးလေအောင့်၊ အစာအိမ်အချဉ်ပေါက်တာ၊ အော့အန်တာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

စိတ်ဖိစီးမှု ပြေလျော့စေတယ်

ဆင်တုံးမနွယ်က စိတ်ဖိစီးမှုကို ပြေလျော့စေပြီး စိတ်ကို တည်ငြိမ်စေနိုင်ပါတယ်။ မှတ်ဉာဏ်ကောင်းစေပြီး သိမြင်မှုစွမ်းရည် တိုးတက်စေနိုင်ပါတယ်။

အဆစ်ရောင်တာကို သက်သာစေနိုင်တယ်

အရောင်ကျစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် အဆစ်ရောင်တာ၊ ဂေါက်ရောဂါ ရှိသူတွေအနေနဲ့ အဆစ်တွေ နာကျင်ကိုက်ခဲတာ သက်သာစေဖို့ ဆင်တုံးမနွယ် စားပေးလို့ ရပါတယ်။

အမြင်အာရုံ ကျန်းမာစေတယ်

ဆင်တုံးမနွယ်ရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင် တစ်ခုကတော့ မျက်စိကို ကျန်းမာစေပြီး အမြင်အာရုံ ကောင်းစေတာပါ။ ဆင်တုံးမနွယ်ကို စားပေးလို့ရသလို အရွက်ကို ရေနွေးဖျောပြီး မျက်လုံးပေါ်မှာ ကပ်ပေးလို့လည်း ရပါတယ်။

အသက်ရှူလမ်းကြောင်း ကျန်းမာစေတယ်

လေပြွန်ရောင်တာတွေကို သက်သာစေနိုင်သလို ပန်းနာရင်ကြပ် သက်သာစေနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်း တလျှောက်က ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။

အသားအရေ ကျန်းမာစေတယ်

ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တာကြောင့် ဆင်တုံးမနွယ်က အသားအရေကို ကျန်းမာစေပြီး အရွယ်တင်နုပျိုစေနိုင်ပါတယ်။ သွေးစီးဆင်းမှု ကောင်းစေပြီး ကြည်လင်စိုပြေတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေမှာပါ။

ဘေးထွက်ဆိုးကျိုး

ဆင်တုံးမနွယ်က ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမား မရှိပါဘူး။

သတိထားရမယ့် အချက်တွေ

ဆီးချိုရှိသူတွေအနေနဲ့တော့ ဆီးချိုဆေးနဲ့ အတူ တွဲသောက်တာမျိုး မလုပ်သင့်ပါဘူး။ သွေးတွင်းသကြားဓာတ် အလွန်အကျွံ ကျဆင်းသွားနိုင်လို့ပါ။

ကိုယ်ခံအားကို လှုံ့ဆော်ပေးတာကြောင့် autoimmune diseases ရှိသူတွေမှာ ရောဂါလက္ခဏာ ပိုဆိုးသွားစေနိုင်ပါတယ်။

ရောဂါအခံရှိတဲ့သူတွေ၊ ဆေးသောက်နေတဲ့သူတွေရှိရင် ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။ သာမန်လူတွေအနေနဲ့လည်း အလွန်အကျွံမှီဝဲတာမျိုးကို ရှောင်သင့်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

[Zawgyi]



ဆင်တုံးမနွယ် ဆိုတာ




- alkaloids

- glycosides

- steroidsနဲ့


ဘယ်လို စားသုံးမလဲ။






ကိုယ်ခံအား တက်စေတယ်


အစာကြေစေတယ်










အသားအရေ ကျန်းမာစေတယ်


ဘေးထွက်ဆိုးကျိုး


သတိထားရမယ့် အချက်တွေ







Credit: hellosayarwon

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service