ကြက်မောက်သီး၏ ကျန်းမာရေးအကျိုးအမြတ်များနှင့် ၎င်းအား စားသုံးပုံ

ကြက်မောက်သီး၏ ကျန်းမာရေးအကျိုးအမြတ်များနှင့် ၎င်းအား စားသုံးပုံ - Property Knowledge in Myanmar from iMyanmarHouse.com
15 Jul 2022 12:16 pm တွင် တင်ခဲ့သည်
965 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

5 လုံးမှ 6 လုံး စားသုံးပေးရုံဖြင့် တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်စီပမာဏရဲ့ ၅၀ ရာခိုင်နှုန်းရရှိစေတဲ့ ကြက်မောက်သီးဆိုတာ အရှေ့တောင်အာရှဒေသထွက် သစ်သီးတစ်မျိုးဖြစ်ပါတယ်။

ကြက်မောက်ပင်ကို အင်္ဂလိပ်လို rambutan လို့ ခေါ်ပြီး သိပ္ပံနည်းကျအမျိုးအစားခွဲနည်းစနစ်အရအမည်ကတော့ Nephelium lappaceum ဖြစ်ပါတယ်။

အမြင့်ပေ ၈၀ (၂၇ မီတာ) အထိ ရောက်ရှိနိုင်တဲ့ သစ်ပင်တစ်ပင်မှာ သီးပြီးတော့ မလေးရှားနဲ့ အင်ဒိုနီးရှားလိုမျိုး အပူပိုင်းဥတုရာသီတွေမှာ အကောင်းဆုံး ရှင်သန်ပါတယ်။

လိုင်ချီးသီးနဲ့ ဆက်နွှယ်မှုရှိပြီး အခွံနွှာလိုက်တဲ့အခါမှာ အသွင်အားဖြင့်လည်း ဆင်တူပါတယ်။ သူ့ရဲ့ အလင်းဖောက်ပြီး အရည်လည်တဲ့ အဖြူရောင်အသားမှာ ချိုမြမွတ်ညက်တဲ့အရသာရှိကာ အလယ်မှာ အစေ့ပါဝင်ပါတယ်။

ကြက်မောက်သီးဆိုတာ အလွန်အာဟာရရှိပြီး ကိုယ်အလေးချိန်လျော့ကျစေခြင်းနှင့် အစာချေအားပိုမိုကောင်းမွန်စေခြင်းမှသည် ရောဂါကူးစက်မှုများအား ခုခံအားတိုးစေခြင်းအထိ ကျန်းမာရေးအကျိုးအမြတ်တွေ ပေးစွမ်းနိုင်ပါတယ်။

သူ့မှာ ပေါကြွယ်ဝစွာ ပါဝင်တဲ့ဗီတာမင်တွေ၊ သတ္တုဓာတ်တွေနဲ့ အကျိုးပြုအပင်ဒြပ်ပေါင်းတွေကြောင့် ရရှိနိုင်တဲ့ ကြက်မောက်သီးရဲ့ အဓိကကျန်းမာရေးအကျိုးအမြတ်တွေနဲ့ ၎င်းကို ဘယ်လိုစားသုံးရမယ်ဆိုတာကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်။

- အမျှင်ပါဝင်မှုကြောင့် ကောင်းမွန်သော အစာချေခြင်းကို ဖြစ်စေနိုင်ပါတယ်။

- ကယ်လိုရီပါဝင်မှုနည်းပါးပြီး ရေနဲ့ အမျှင်ပါဝင်မှုများတာကြောင့် အဆာကြာကြာခံစေပြီးတော့ ကိုယ်အလေးချိန်တက်ခြင်းအား တားဆီးပေးကာ ရေရှည်မှာ ကိုယ်အလေးချိန်ကျဆင်းစေဖို့အတွက် ကူညီအားပေးပါတယ်။

- ရောဂါကူးစက်မှုအား တွန်းလှန်တိုက်ထုတ်ဖို့ ခန္ဓာကိုယ်မှလိုအပ်တဲ့ သွေးဖြူဥဆဲလ်တွေထုတ်လုပ်မှုကို အားပေးတဲ့ ဗီတာမင်စီကြွယ်ဝတာကြောင့် ခုခံအားစနစ်ကို အားကောင်းစေကာ ရောဂါကူးစက်မှုကို တွန်းလှန်တိုက်ထုတ်ရာမှာ ကူညီပေးနိုင်ပါတယ်။

- ကြက်မောက်သီးရဲ့ အစေ့နဲ့ အခွံတွေကို တိရစ္ဆာန်တွေနဲ့စမ်းသပ်လေ့လာမှုအနည်းငယ်အရ တွေ့ရှိထားတဲ့ အခြားဖြစ်နိုင်ခြေရှိတဲ့ ကျန်းမာရေးအကျိုးအမြတ်လေးတွေကတော့ ကင်ဆာဖြစ်နိုင်ခြေလျော့နည်းခြင်း၊ နှလုံးရောဂါကာကွယ်နိုင်ခြင်း၊ ဆီးချိုရောဂါကာကွယ်နိုင်ခြင်း တို့ပဲဖြစ်ပါတယ်။ အစေ့အခွံတွေကိုတော့ လူတွေက မစားသုံးကြတာကြောင့် လူတွေမှာ စမ်းသပ်ဖို့တော့ လိုပါသေးတယ်။

ကြက်မောက်သီးကို ဘယ်လိုစားသုံးမလဲ?

မစားသုံးခင်မှာ အခွံကို ခွာသင့်တာတော့ အားလုံးသိပြီးဖြစ်မှာပါ။ ချိုမြ အလင်းဖောက် မွတ်ညက်နေတဲ့ အသားရဲ့ အလယ်မှာ အစေ့ကြီးတစ်စေ့ ပါဝင်ပါတယ်။ ယေဘုယျအားဖြင့် စားလို့မရဘူးလို့ ယူဆကြပါတယ်။

ကြက်မောက်သီးကို လတ်လတ်ဆတ်ဆတ်အနေဖြင့် ဝယ်ယူစားသုံးနိုင်သလို ကြည်ရှည်ခံအောင် ဆေးရည်စိမ်ထားတဲ့အသီးအနေနဲ့ရော သစ်သီးဖျော်ရည်နဲ့ ယိုတို့အဖြစ်နဲ့ပါ စည်သွပ်ဘူးအတွင်း ထည့်သွင်းထားတဲ့အနေအထားနဲ့လည်း ဝယ်ယူရရှိနိုင်ပါတယ်။

ကြက်မောက်သီးမှည့်တာသေချာစေဖို့အတွက်ဆို သူ့အမွေးတွေရဲ့ အရောင်ကို ကြည့်ပါ။ ပိုနီလေ ပိုမှည့်လေပါပဲ။

ကြက်မောက်သီးရဲ့အသားကို အသုပ်တွေနဲ့ ဟင်းလျာတွေကနေ ပူတင်းနဲ့ ရေခဲမုန့်တို့အထိ စားသောက်ဖွယ်ရာအစုံအလင်မှာ အချိုအနံ့အရသာတစ်ခုအဖြစ် ဖြည့်စွက်နိုင်ကြောင်း တင်ပြလိုက်ရပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Rambutan: A Tasty Fruit With Health Benefits (healthline.com)

 

 

[Zawgyi]

ၾကက္ေမာက္သီး၏ က်န္းမာေရးအက်ိဳးအျမတ္မ်ားႏွင့္ ၎အား စားသုံးပုံ

 

5 လုံးမွ 6 လုံး စားသုံးေပး႐ုံျဖင့္ တစ္ေန႔တာလိုအပ္တဲ့ ဗီတာမင္စီပမာဏရဲ႕ ၅၀ ရာခိုင္ႏႈန္းရ႐ွိေစတဲ့ ၾကက္ေမာက္သီးဆိုတာ အေ႐ွ႕ေတာင္အာ႐ွေဒသထြက္ သစ္သီးတစ္မ်ိဳးျဖစ္ပါတယ္။

ၾကက္ေမာက္ပင္ကို အဂၤလိပ္လို rambutan လို႔ ေခၚၿပီး သိပၸံနည္းက်အမ်ိဳးအစားခြဲနည္းစနစ္အရအမည္ကေတာ့ Nephelium lappaceum ျဖစ္ပါတယ္။

အျမင့္ေပ ၈၀ (၂၇ မီတာ) အထိ ေရာက္႐ွိႏိုင္တဲ့ သစ္ပင္တစ္ပင္မွာ သီးၿပီးေတာ့ မေလး႐ွားနဲ႔ အင္ဒိုနီး႐ွားလိုမ်ိဳး အပူပိုင္းဥတုရာသီေတြမွာ အေကာင္းဆုံး ႐ွင္သန္ပါတယ္။

လိုင္ခ်ီးသီးနဲ႔ ဆက္ႏႊယ္မႈ႐ွိၿပီး အခြံႏႊာလိုက္တဲ့အခါမွာ အသြင္အားျဖင့္လည္း ဆင္တူပါတယ္။ သူ႕ရဲ႕ အလင္းေဖာက္ၿပီး အရည္လည္တဲ့ အျဖဴေရာင္အသားမွာ ခ်ိဳျမမြတ္ညက္တဲ့အရသာ႐ွိကာ အလယ္မွာ အေစ့ပါဝင္ပါတယ္။

ၾကက္ေမာက္သီးဆိုတာ အလြန္အာဟာရ႐ွိၿပီး ကိုယ္အေလးခ်ိန္ေလ်ာ့က်ေစျခင္းႏွင့္ အစာေခ်အားပိုမိုေကာင္းမြန္ေစျခင္းမွသည္ ေရာဂါကူးစက္မႈမ်ားအား ခုခံအားတိုးေစျခင္းအထိ က်န္းမာေရးအက်ိဳးအျမတ္ေတြ ေပးစြမ္းႏိုင္ပါတယ္။

သူ႕မွာ ေပါႂကြယ္ဝစြာ ပါဝင္တဲ့ဗီတာမင္ေတြ၊ သတၱဳဓာတ္ေတြနဲ႔ အက်ိဳးျပဳအပင္ျဒပ္ေပါင္းေတြေၾကာင့္ ရ႐ွိႏိုင္တဲ့ ၾကက္ေမာက္သီးရဲ႕ အဓိကက်န္းမာေရးအက်ိဳးအျမတ္ေတြနဲ႔ ၎ကို ဘယ္လိုစားသုံးရမယ္ဆိုတာကို ေအာက္ပါအတိုင္း ေဖာ္ျပေပးလိုက္ပါတယ္။

- အမွ်င္ပါဝင္မႈေၾကာင့္ ေကာင္းမြန္ေသာ အစာေခ်ျခင္းကို ျဖစ္ေစႏိုင္ပါတယ္။

- ကယ္လိုရီပါဝင္မႈနည္းပါးၿပီး ေရနဲ႔ အမွ်င္ပါဝင္မႈမ်ားတာေၾကာင့္ အဆာၾကာၾကာခံေစၿပီးေတာ့ ကိုယ္အေလးခ်ိန္တက္ျခင္းအား တားဆီးေပးကာ ေရ႐ွည္မွာ ကိုယ္အေလးခ်ိန္က်ဆင္းေစဖို႔အတြက္ ကူညီအားေပးပါတယ္။

- ေရာဂါကူးစက္မႈအား တြန္းလွန္တိုက္ထုတ္ဖို႔ ခႏၶာကိုယ္မွလိုအပ္တဲ့ ေသြးျဖဴဥဆဲလ္ေတြထုတ္လုပ္မႈကို အားေပးတဲ့ ဗီတာမင္စီႂကြယ္ဝတာေၾကာင့္ ခုခံအားစနစ္ကို အားေကာင္းေစကာ ေရာဂါကူးစက္မႈကို တြန္းလွန္တိုက္ထုတ္ရာမွာ ကူညီေပးႏိုင္ပါတယ္။

- ၾကက္ေမာက္သီးရဲ႕ အေစ့နဲ႔ အခြံေတြကို တိရစၧာန္ေတြနဲ႔စမ္းသပ္ေလ့လာမႈအနည္းငယ္အရ ေတြ႕႐ွိထားတဲ့ အျခားျဖစ္ႏိုင္ေျခ႐ွိတဲ့ က်န္းမာေရးအက်ိဳးအျမတ္ေလးေတြကေတာ့ ကင္ဆာျဖစ္ႏိုင္ေျခေလ်ာ့နည္းျခင္း၊ ႏွလုံးေရာဂါကာကြယ္ႏိုင္ျခင္း၊ ဆီးခ်ိဳေရာဂါကာကြယ္ႏိုင္ျခင္း တို႔ပဲျဖစ္ပါတယ္။ အေစ့အခြံေတြကိုေတာ့ လူေတြက မစားသုံးၾကတာေၾကာင့္ လူေတြမွာ စမ္းသပ္ဖို႔ေတာ့ လိုပါေသးတယ္။

ၾကက္ေမာက္သီးကို ဘယ္လိုစားသုံးမလဲ?

မစားသုံးခင္မွာ အခြံကို ခြာသင့္တာေတာ့ အားလုံးသိၿပီးျဖစ္မွာပါ။ ခ်ိဳျမ အလင္းေဖာက္ မြတ္ညက္ေနတဲ့ အသားရဲ႕ အလယ္မွာ အေစ့ႀကီးတစ္ေစ့ ပါဝင္ပါတယ္။ ေယဘုယ်အားျဖင့္ စားလို႔မရဘူးလို႔ ယူဆၾကပါတယ္။

ၾကက္ေမာက္သီးကို လတ္လတ္ဆတ္ဆတ္အေနျဖင့္ ဝယ္ယူစားသုံးႏိုင္သလို ၾကည္႐ွည္ခံေအာင္ ေဆးရည္စိမ္ထားတဲ့အသီးအေနနဲ႔ေရာ သစ္သီးေဖ်ာ္ရည္နဲ႔ ယိုတို႔အျဖစ္နဲ႔ပါ စည္သြပ္ဘူးအတြင္း ထည့္သြင္းထားတဲ့အေနအထားနဲ႔လည္း ဝယ္ယူရ႐ွိႏိုင္ပါတယ္။

ၾကက္ေမာက္သီးမွည့္တာေသခ်ာေစဖို႔အတြက္ဆို သူ႕အေမြးေတြရဲ႕ အေရာင္ကို ၾကည့္ပါ။ ပိုနီေလ ပိုမွည့္ေလပါပဲ။

ၾကက္ေမာက္သီးရဲ႕အသားကို အသုပ္ေတြနဲ႔ ဟင္းလ်ာေတြကေန ပူတင္းနဲ႔ ေရခဲမုန္႔တို႔အထိ စားေသာက္ဖြယ္ရာအစုံအလင္မွာ အခ်ိဳအနံ႔အရသာတစ္ခုအျဖစ္ ျဖည့္စြက္ႏိုင္ေၾကာင္း တင္ျပလိုက္ရပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Rambutan: A Tasty Fruit With Health Benefits (healthline.com)

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service