လူ ၁၃ ဉီး ဖျောက်ပြသည့်ပြကွက်ကြောင့် တရားစွဲခံရသူ ဒေးဗစ်ကော့ပါးဖီး၏ စံအိမ်

လူ ၁၃ ဉီး ဖျောက်ပြသည့်ပြကွက်ကြောင့် တရားစွဲခံရသူ ဒေးဗစ်ကော့ပါးဖီး၏ စံအိမ် - Property News in Myanmar from iMyanmarHouse.com
9 May 2022 10:34 am တွင် တင်ခဲ့သည်
6017 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာကျော်မျက်လှည့်ဆရာကြီး ဒေးဗစ်ကော့ပါးဖီးနှင့် ဇနီးဖြစ်သူ Chloe Gosselin တို့သည် ဒုစရိုက်မြို့တော်ဟု နာမည်ကြီးသော အမေရိကန်ပြည်ထောင်စု၊ လာ့စ်ဗီးဂပ်စ်မှ Summerlin အိမ်ရာဝန်းအတွင်းရှိ ခေတ်ပြိုင်ဗိသုကာဟန် စံအိမ်တစ်လုံးကို ကန်ဒေါ်လာ ၁၇ ဒသမ ၅၅ သန်း သုံးစွဲကာ ဝယ်ယူခဲ့ရာ လာ့စ်ဗီးဂပ်စ်၏ ဈေးအကြီးဆုံးစံအိမ်အဖြစ် စံချိန်တင်သွားသည်။

လူနေကြမ်းခင်းဧရိယာ စုစုပေါင်း ၃၁၀၀၀ စတုရန်းပေအထိကျယ်ဝန်းသော စံအိမ်ဝန်းတွင်း အဆောက်အအုံ များကို စတီး၊ ကွန်ကရစ်တို့ဖြင့် ဆောက်လုပ်ထားပြီး ခြံဝန်းအကျယ် ၁ ဒသမ ၅၈ ဧကရှိကာ အိပ်ခန်း ၈ ခန်းနှင့် ရေချိုးခန်း ၉ ခန်း ပါဝင်သည်။

ပင်မစံအိမ်၏ အကျယ်အဝန်းမှာ စတုရန်းပေ ၁၈၆၀၀ ရှိပြီး ဝိုင်သိုလှောင်ခန်း၊ ရုပ်ရှင်ရုံ၊ Spa ၊ ရှေးဟောင်းပစ္စည်းများ ပြသထားသောအခန်း ၃ ခန်း၊ ဂေါက်ကွင်းတုတစ်ခု၊ အရက်ဘားနှင့် Dance floor တို့ ပါဝင်သော နိုက်ကလပ်တစ်ခုတို့ ပါဝင်သည်။

၄ ထပ်ဆောက်လုပ်ထားသော စံအိမ်တွင် အမိုးအပေါ်ထပ်၊ အိမ်တွင်း Zen ဥယျာဉ် ၁ ခု၊ စတုရန်းပေ ၆၁၇၇ ကျယ်ဝန်းသော မြေအောက်သိုလှောင်ခန်းတို့လည်း ထည့်သွင်းထားသည်။

ဧည့်သည်တည်းခိုဆောင်များလည်း ပါဝင်သည့်အပြင် မြေယာအလှပြုပြင်ထားသည့် ခြံဝန်းအတွင်း မျက်နှာစာ ၄ ဘက်ပါ ကြီးမားကျယ်ဝန်းလှသော ရေကူးကန်ကြီးတစ်ခုလည်း ရှိသည်။

ဒေးဗစ်ကော့ပါးဖီးတို့ စုံတွဲသည် ယခုစံအိမ်ကြီးကို ကျန်းမာရေးအကြီးအကဲ Kevin Hooks ထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

Kevin Hooks သည် ယခုစံအိမ်တည်ရှိရာ ခြံဝန်းကို ၂၀၀၅ ခုနှစ်တွင် ကန်ဒေါ်လာ ၂ ဒသမ ၅၇၅ သန်းဖြင့် ဝယ်ယူခဲ့ပြီးနောက် စံအိမ်ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကာ ၂၀၁၁ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။

ဒေးဗစ်ကော့ပါးဖီးနှင့် Kevin Hooks တို့၏ အိမ်ခြံမြေအရောင်းအဝယ်တွင် Berkshire Hathaway အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Ivan Sher က ရောင်းသူ ဝယ်သူ ၂ ဘက်လုံးကို ကိုယ်စားပြုခဲ့သည်။

MGM Grand Hotel and Casino မှ စံအိမ်မှာ နာရီဝက် မော်တော်ကားခရီးသာ ကွာဝေးသည်။

ဒေးဗစ်ကော့ပါးဖီးသည် ၂၀၁၆ ခုနှစ်အတွင်း ဝင်ငွေ ကန်ဒေါ်လာ ၆၄ သန်းဖြင့် ဖော့ဘ်မဂ္ဂဇင်းကြီး၏ အနုပညာကြေး အမြင့်ဆုံး အကျော်အမော်များစာရင်းတွင် နံပါတ် ၂၀ နေရာ၌ ဖော်ပြခံရသည်။

ဒေးဗစ်ကော့ပါးဖီးသည် နယူးယောက်မြို့၊ မန်ဟက်တန်အရပ်တွင် Penthouse ခန်း ၁ ခန်း၊ ဘဟားမားကျွန်းစုများမှ Musha Cay အမည်ရှိ ဧကပေါင်း ၇၀၀ ကျယ်ဝန်းသော ကျွန်းတစ်ကျွန်းလည်း ပိုင်ဆိုင်ထားသေးသည်။

သူ၏ ထင်ရှားသော မျက်လှည့်ပြကွက်များတွင် နယူးယောက်မြို့မှ လေဘာတီရုပ်တုကြီးကို ပျောက်ကွယ်သွားအောင် ဖျောက်ပြခြင်း၊ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုရှိ Alcatraz အကျဉ်းထောင်ကြီးမှ လွတ်မြောက်အောင် ထွက်ပြေးပြခြင်း၊ လေပေါ်တွင် ပျံဝဲပြခြင်း အစရှိသည်တို့ အပါအဝင် ဖြစ်သည်။

(ဒေးဗစ်ကော့ပါးဖီး ဘာလဲ)

အမည်ရင်းမှာ ဒေးဗစ် ဆက်သ် ကော့ထ်ကင်း (မွေး-၁၉၅၆) ဖြစ်ပြီး ဒေးဗစ်ကော့ပါးဖီးဟုသာ လူသိများသည်။

အမေရိကန်လူမျိုး မျက်လှည့်ဆရာဖြစ်ပြီး ဖော့ဘ်မဂ္ဂဇင်းကြီး၏ ဖော်ပြချက်အရ သမိုင်းတစ်လျှောက် စီးပွားရေးအရ အောင်မြင်မှုအရဆုံး မျက်လှည့်ဆရာဖြစ်သည်ဟု ဆိုသည်။

သူ၏ မျက်လှည့်လောက ဖြတ်သန်းမှု နှစ်ပေါင်း ၄၀ ကျော်အတွင်း ဂင်းနက်စ်ကမ္ဘာ့စံချိန် ၁၁ ခု ရရှိခဲ့သည်။

Hollywood Walk of Fame တွင် အမည်ဖော်ပြခံရသည့်အပြင် ပြင်သစ်အစိုးရ၏ သူရဲကောင်းဘွဲ့လည်း ရရှိခဲ့သူ ဖြစ်သည်။ အမေရိကန် Library of Congress က သက်ရှိထင်ရှား ဂန္ထဝင်ပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံရသည်။

၂၀၀၆ ခုနှစ်အထိ အချက်အလက်များအရ သူ၏ မျက်လှည့်ပြပွဲများအတွက် လက်မှတ်စောင်ရေ ၃၃ သန်းအထိ ရောင်းချခဲ့ရကာ ဝင်ငွေ ကန်ဒေါ်လာ ၄ ဘီလီယံကျော်ရှိခဲ့ရာ သမိုင်းတစ်လျှောက် မည်သည့်ဖျော်ဖြေရေးသမား ထက်မဆို အပြတ်အသတ်သာလွန်သည့် ကိန်းဂဏန်းလည်း ဖြစ်သည်။

ဒေးဗစ်ကော့ပါးဖီးသည် အသက် ၁၀ နှစ်သား အရွယ်ကတည်းက မျက်လှည့်ပညာ စတင်လေ့ကျင့်ခဲ့ပြီး အသက် ၁၂ နှစ်အရွယ်တွင် အမေရိကန်မျက်လှည့်ပညာရှင်များအသင်းသို့ ဝင်ရောက်ခွင့်ရခဲ့ရာ အသက်အငယ်ဆုံး အသင်းသား ဖြစ်လာသည်။

(ဒေးဗစ်ကော့ပါးဖီး အချစ်ရေး)

၁၉၉၃ ခုနှစ်တွင် ဒေးဗစ်ကော့ပါးဖီးသည် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တွင် မျက်လှည့်စင်မြင့်တင်ဆက်ပွဲပြုလုပ်စဉ် စိတ်ဖတ်သည့်ပြကွက်နှင့် လေပေါ်တွင် ပျံဝဲသည့်ပြကွက်များအတွက် ကူညီပေးရန် ပရိသတ်ထဲမှ တစ်ဦးကို စင်ပေါ်သို့ ခေါ်ယူခဲ့ရာ ကမ္ဘာကျော် ဂျာမန်မော်ဒယ် ကလော်ဒီရာ ရှစ်ဖာ ဖြစ်နေသည်။

၁၉၉၄ ခုနှစ်၊ ဇန်နဝါရီလတွင် ၎င်းတို့နှစ်ဦး စေ့စပ်ခဲ့ကြသည်။ ယင်းသို့ စေ့စပ်ထားပြီး ၆ နှစ်နီးပါးအကြာ ၁၉၉၉ ခုနှစ်၊ စက်တင်ဘာလတွင်မူ လမ်းခွဲခဲ့ကြသည်။

ထိုနောက်ပိုင်း ၎င်းအောက် များစွာငယ်ရွယ်သည့် ပြင်သစ်ဖက်ရှင်မော်ဒယ် Chloe Gosselin နှင့် ချစ်ကြိုက်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် သမီးကလေး Sky ကို မွေးဖွားသည်။ ၎င်းတို့နှစ်ဦး၏ အချစ်ရေးကို လူသိရှင်ကြား ထုတ်ဖော်ခဲ့ခြင်းမရှိဘဲ ၂၀၁၁ ခုနှစ်၊ သြဂုတ်လအတွင်း နယူ

းယောက်ပို့စ်သတင်းဌာနမှ ရေးသားမှသာလျှင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

(တရားစွဲခံရသော မျက်လှည့်ပြကွက်)

ဒေးဗစ်ကော့ပါးဖီးသည် ၂၀၁၃ ခုနှစ်အတွင်း 'Lucky 13' (ကံကောင်းသူ ၁၃ ဦး) အမည်ရှိ နာမည်ကြီး ပြကွက်ကို အမေရိကန်ပြည်ထောင်စု၊ လာ့စ်ဗီးဂပ်မြို့တွင် ပြသခဲ့မှုနှင့် စပ်လျဉ်းပြီး တရားစွဲခံရမှု ဖြစ်ပေါ်ခဲ့သည်။

သူ၏ ပြကွက်ပြသပုံမှာ ပရိသတ်ထဲမှ ကျပန်း လူ ၁၃ ဦးရွေးချယ်လိုက်ပြီး စင်မြင့်ပေါ်သို့ ခေါ်ယူလိုက်သည်။ အဆိုပါ ၁၃ ဦးကို စင်မြင့်ပေါ်မှ ပျောက်ကွယ်သွားအောင်ပြုလုပ်ပြီး ပရိသတ်နောက်ဘက်တွင် ပြန်လည်ပေါ်ထွက်လာစေပုံ ပြကွက်ဖြစ်သည်။

ဒေးဗစ်ကော့ပါးဖီးသည် အဆိုပါပြကွက်ကို ယခင်က အကြိမ်ရေ ထောင်ချီကာ ပြသခဲ့ပြီးဖြစ်ကာ ပြဿနာ တစုံတရာ မပေါ်ပေါက်ခဲ့။ ၂၀၁၃ ခုနှစ်က ပြသစဉ်တွင်မူ ပရိသတ်ထဲမှ ရွေးချယ်ခံရသူ အသက် ၅၈ နှစ်အရွယ်ရှိ Gavin Cox ဆိုသူ ဗြိတိန် ကမ္ဘာလှည့်ခရီးသည်မှာ အဆိုပါပြကွက်တွင် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ဒေးဗစ်ကော့ပါးဖီးက တစုံတရာ တာဝန်ယူခြင်း မရှိဘဲ မျက်ကွယ်ပြုခဲ့ကြောင်း တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

တရားရုံးတွင် တရားသူကြီးက ဒေးဗစ်ကော့ပါးဖီးအား အဆိုပါ ပြကွက်အား ပြသပုံနှင့် လျှို့ဝှက်ချက်တို့ကို အသေးစိတ်မေးမြန်းခဲ့ရာ ဒေးဗစ်ကော့ပါးဖီးက ယခုပြကွက်၏ လျှီု့ဝှက်ချက်ကို ဖော်ထုတ်လျှင် မိမိအတွက် ဝင်ငွေထိခိုက်နိုင်ကြောင်း ချေပခုခံခဲ့သည်။

သို့သော် ထိုစဉ်က ထိခိုက်ဒဏ်ရာရခဲ့သူမှာ ဦးနှောက်ထိခိုက်မှုအထိ ဖြစ်ခဲ့ရကာ ဆေးဖိုး ကန်ဒေါ်လာ ၄၀၀၀၀၀ အထိ ကုန်ကျခဲ့ရသဖြင့် ထိခိုက်နစ်နာသူ၏ အဖြစ်အပျက်အစုံကို သိနိုင်ရန် သူ၏ ပြသလုပ်ဆောင်ပုံ အသေးစိတ်ကို တင်ပြရန် တရားရုံးက အမိန့်ထုတ်ခဲ့သည်။

ထိုအခါ ဒေးဗစ်ကော့ပါးဖီး၏ မန်နေဂျာက ရှင်းပြသည်မှာ စင်မြင့်ပေါ်တွင် ရွေးချယ်ခံရသူ ၁၃ ဦးရှေ့တွင် လိုက်ကာတစ်ခု ကျလာသည်နှင့် တပြိုင်နက် လျှို့ဝှက်ဥမင်လမ်းမှတဆင့် မျက်လှည့်ပြသခဲ့ရာ Las Vegas MGM အဆောက်အအုံကြီးကို ပတ်ထွက်ကာ အဆောက်အအုံနောက်ဘက်မှတဆင့် ပြန်ဝင်စေခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Inside David Copperfield's New $17.55 Million Mansion in Las Vegas

[Zawgyi]

လူ ၁၃ ၪီး ေဖ်ာက္ျပသည့္ျပကြက္ေၾကာင့္ တရားစြဲခံရသူ ေဒးဗစ္ေကာ့ပါးဖီး၏ စံအိမ္

ကမၻာေက်ာ္မ်က္လွည့္ဆရာၾကီး ေဒးဗစ္ေကာ့ပါးဖီးႏွင့္ ဇနီးျဖစ္သူ Chloe Gosselin တို႔သည္ ဒုစရိုက္ျမိဳ႕ေတာ္ဟု နာမည္ၾကီးေသာ အေမရိကန္ျပည္ေထာင္စု၊ လာ့စ္ဗီးဂပ္စ္မွ Summerlin အိမ္ရာဝန္းအတြင္းရွိ ေခတ္ျပိဳင္ဗိသုကာဟန္ စံအိမ္တစ္လံုးကို ကန္ေဒၚလာ ၁၇ ဒသမ ၅၅ သန္း သံုးစြဲကာ ဝယ္ယူခဲ့ရာ လာ့စ္ဗီးဂပ္စ္၏ ေစ်းအၾကီးဆံုးစံအိမ္အျဖစ္ စံခ်ိန္တင္သြားသည္။

လူေနၾကမ္းခင္းဧရိယာ စုစုေပါင္း ၃၁၀၀၀ စတုရန္းေပအထိက်ယ္ဝန္းေသာ စံအိမ္ဝန္းတြင္း အေဆာက္အအံု မ်ားကို စတီး၊ ကြန္ကရစ္တို႔ျဖင့္ ေဆာက္လုပ္ထားျပီး ျခံဝန္းအက်ယ္ ၁ ဒသမ ၅၈ ဧကရွိကာ အိပ္ခန္း ၈ ခန္းႏွင့္ ေရခ်ဳိးခန္း ၉ ခန္း ပါဝင္သည္။

ပင္မစံအိမ္၏ အက်ယ္အဝန္းမွာ စတုရန္းေပ ၁၈၆၀၀ ရွိျပီး ဝိုင္သိုေလွာင္ခန္း၊ ရုပ္ရွင္ရံု၊ Spa ၊ ေရွးေဟာင္းပစၥည္းမ်ား ျပသထားေသာအခန္း ၃ ခန္း၊ ေဂါက္ကြင္းတုတစ္ခု၊ အရက္ဘားႏွင့္ Dance floor တို႔ ပါဝင္ေသာ ႏိုက္ကလပ္တစ္ခုတို႔ ပါဝင္သည္။

၄ ထပ္ေဆာက္လုပ္ထားေသာ စံအိမ္တြင္ အမိုးအေပၚထပ္၊ အိမ္တြင္း Zen ဥယ်ာဥ္ ၁ ခု၊ စတုရန္းေပ ၆၁၇၇ က်ယ္ဝန္းေသာ ေျမေအာက္သိုေလွာင္ခန္းတို႔လည္း ထည့္သြင္းထားသည္။

ဧည့္သည္တည္းခိုေဆာင္မ်ားလည္း ပါဝင္သည့္အျပင္ ေျမယာအလွျပဳျပင္ထားသည့္ ျခံဝန္းအတြင္း မ်က္ႏွာစာ ၄ ဘက္ပါ ၾကီးမားက်ယ္ဝန္းလွေသာ ေရကူးကန္ၾကီးတစ္ခုလည္း ရွိသည္။

ေဒးဗစ္ေကာ့ပါးဖီးတို႔ စံုတြဲသည္ ယခုစံအိမ္ၾကီးကို က်န္းမာေရးအၾကီးအကဲ Kevin Hooks ထံမွ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

Kevin Hooks သည္ ယခုစံအိမ္တည္ရွိရာ ျခံဝန္းကို ၂၀၀၅ ခုႏွစ္တြင္ ကန္ေဒၚလာ ၂ ဒသမ ၅၇၅ သန္းျဖင့္ ဝယ္ယူခဲ့ျပီးေနာက္ စံအိမ္ေဆာက္လုပ္ခဲ့ျခင္း ျဖစ္ကာ ၂၀၁၁ ခုႏွစ္တြင္ ေဆာက္လုပ္ျပီးစီးခဲ့သည္။

ေဒးဗစ္ေကာ့ပါးဖီးႏွင့္ Kevin Hooks တို႔၏ အိမ္ျခံေျမအေရာင္းအဝယ္တြင္ Berkshire Hathaway အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Ivan Sher က ေရာင္းသူ ဝယ္သူ ၂ ဘက္လံုးကို ကိုယ္စားျပဳခဲ့သည္။

MGM Grand Hotel and Casino မွ စံအိမ္မွာ နာရီဝက္ ေမာ္ေတာ္ကားခရီးသာ ကြာေဝးသည္။

ေဒးဗစ္ေကာ့ပါးဖီးသည္ ၂၀၁၆ ခုႏွစ္အတြင္း ဝင္ေငြ ကန္ေဒၚလာ ၆၄ သန္းျဖင့္ ေဖာ့ဘ္မဂၢဇင္းၾကီး၏ အႏုပညာေၾကး အျမင့္ဆံုး အေက်ာ္အေမာ္မ်ားစာရင္းတြင္ နံပါတ္ ၂၀ ေနရာ၌ ေဖာ္ျပခံရသည္။

ေဒးဗစ္ေကာ့ပါးဖီးသည္ နယူးေယာက္ျမိဳ႕၊ မန္ဟက္တန္အရပ္တြင္ Penthouse ခန္း ၁ ခန္း၊ ဘဟားမားကၽြန္းစုမ်ားမွ Musha Cay အမည္ရွိ ဧကေပါင္း ၇၀၀ က်ယ္ဝန္းေသာ ကၽြန္းတစ္ကၽြန္းလည္း ပိုင္ဆိုင္ထားေသးသည္။

သူ၏ ထင္ရွားေသာ မ်က္လွည့္ျပကြက္မ်ားတြင္ နယူးေယာက္ျမိဳ႕မွ ေလဘာတီရုပ္တုၾကီးကို ေပ်ာက္ကြယ္သြားေအာင္ ေဖ်ာက္ျပျခင္း၊ ကယ္လီဖိုးနီးယားျပည္နယ္ ဆန္ဖရန္စစၥကိုရွိ Alcatraz အက်ဥ္းေထာင္ၾကီးမွ လြတ္ေျမာက္ေအာင္ ထြက္ေျပးျပျခင္း၊ ေလေပၚတြင္ ပ်ံဝဲျပျခင္း အစရွိသည္တို႔ အပါအဝင္ ျဖစ္သည္။

(ေဒးဗစ္ေကာ့ပါးဖီး ဘာလဲ)

အမည္ရင္းမွာ ေဒးဗစ္ ဆက္သ္ ေကာ့ထ္ကင္း (ေမြး-၁၉၅၆) ျဖစ္ျပီး ေဒးဗစ္ေကာ့ပါးဖီးဟုသာ လူသိမ်ားသည္။

အေမရိကန္လူမ်ဳိး မ်က္လွည့္ဆရာျဖစ္ျပီး ေဖာ့ဘ္မဂၢဇင္းၾကီး၏ ေဖာ္ျပခ်က္အရ သမိုင္းတစ္ေလွ်ာက္ စီးပြားေရးအရ ေအာင္ျမင္မႈအရဆံုး မ်က္လွည့္ဆရာျဖစ္သည္ဟု ဆိုသည္။

သူ၏ မ်က္လွည့္ေလာက ျဖတ္သန္းမႈ ႏွစ္ေပါင္း ၄၀ ေက်ာ္အတြင္း ဂင္းနက္စ္ကမၻာ့စံခ်ိန္ ၁၁ ခု ရရွိခဲ့သည္။

Hollywood Walk of Fame တြင္ အမည္ေဖာ္ျပခံရသည့္အျပင္ ျပင္သစ္အစိုးရ၏ သူရဲေကာင္းဘြဲ႔လည္း ရရွိခဲ့သူ ျဖစ္သည္။ အေမရိကန္ Library of Congress က သက္ရွိထင္ရွား ဂႏၳဝင္ပုဂၢိဳလ္တစ္ဦးအျဖစ္ သတ္မွတ္ျခင္း ခံရသည္။

၂၀၀၆ ခုႏွစ္အထိ အခ်က္အလက္မ်ားအရ သူ၏ မ်က္လွည့္ျပပြဲမ်ားအတြက္ လက္မွတ္ေစာင္ေရ ၃၃ သန္းအထိ ေရာင္းခ်ခဲ့ရကာ ဝင္ေငြ ကန္ေဒၚလာ ၄ ဘီလီယံေက်ာ္ရွိခဲ့ရာ သမိုင္းတစ္ေလွ်ာက္ မည္သည့္ေဖ်ာ္ေျဖေရးသမား ထက္မဆို အျပတ္အသတ္သာလြန္သည့္ ကိန္းဂဏန္းလည္း ျဖစ္သည္။

ေဒးဗစ္ေကာ့ပါးဖီးသည္ အသက္ ၁၀ ႏွစ္သား အရြယ္ကတည္းက မ်က္လွည့္ပညာ စတင္ေလ့က်င့္ခဲ့ျပီး အသက္ ၁၂ ႏွစ္အရြယ္တြင္ အေမရိကန္မ်က္လွည့္ပညာရွင္မ်ားအသင္းသို႔ ဝင္ေရာက္ခြင့္ရခဲ့ရာ အသက္အငယ္ဆံုး အသင္းသား ျဖစ္လာသည္။

(ေဒးဗစ္ေကာ့ပါးဖီး အခ်စ္ေရး)

၁၉၉၃ ခုႏွစ္တြင္ ေဒးဗစ္ေကာ့ပါးဖီးသည္ ဂ်ာမနီႏိုင္ငံ၊ ဘာလင္ျမိဳ႕တြင္ မ်က္လွည့္စင္ျမင့္တင္ဆက္ပြဲျပဳလုပ္စဥ္ စိတ္ဖတ္သည့္ျပကြက္ႏွင့္ ေလေပၚတြင္ ပ်ံဝဲသည့္ျပကြက္မ်ားအတြက္ ကူညီေပးရန္ ပရိသတ္ထဲမွ တစ္ဦးကို စင္ေပၚသို႔ ေခၚယူခဲ့ရာ ကမၻာေက်ာ္ ဂ်ာမန္ေမာ္ဒယ္ ကေလာ္ဒီရာ ရွစ္ဖာ ျဖစ္ေနသည္။

၁၉၉၄ ခုႏွစ္၊ ဇန္နဝါရီလတြင္ ၎တို႔ႏွစ္ဦး ေစ့စပ္ခဲ့ၾကသည္။ ယင္းသို႔ ေစ့စပ္ထားျပီး ၆ ႏွစ္နီးပါးအၾကာ ၁၉၉၉ ခုႏွစ္၊ စက္တင္ဘာလတြင္မူ လမ္းခြဲခဲ့ၾကသည္။

ထိုေနာက္ပိုင္း ၎ေအာက္ မ်ားစြာငယ္ရြယ္သည့္ ျပင္သစ္ဖက္ရွင္ေမာ္ဒယ္ Chloe Gosselin ႏွင့္ ခ်စ္ၾကိဳက္ခဲ့ျပီး ၂၀၁၀ ျပည့္ႏွစ္၊ ေဖေဖာ္ဝါရီလတြင္ သမီးကေလး Sky ကို ေမြးဖြားသည္။ ၎တို႔ႏွစ္ဦး၏ အခ်စ္ေရးကို လူသိရွင္ၾကား ထုတ္ေဖာ္ခဲ့ျခင္းမရွိဘဲ ၂၀၁၁ ခုႏွစ္၊ ၾသဂုတ္လအတြင္း နယူးေယာက္ပို႔စ္သတင္းဌာနမွ ေရးသားမွသာလွ်င္ ေပၚေပါက္လာခဲ့ျခင္း ျဖစ္သည္။

(တရားစြဲခံရေသာ မ်က္လွည့္ျပကြက္)

ေဒးဗစ္ေကာ့ပါးဖီးသည္ ၂၀၁၃ ခုႏွစ္အတြင္း 'Lucky 13' (ကံေကာင္းသူ ၁၃ ဦး) အမည္ရွိ နာမည္ၾကီး ျပကြက္ကို အေမရိကန္ျပည္ေထာင္စု၊ လာ့စ္ဗီးဂပ္ျမိဳ႕တြင္ ျပသခဲ့မႈႏွင့္ စပ္လ်ဥ္းျပီး တရားစြဲခံရမႈ ျဖစ္ေပၚခဲ့သည္။

သူ၏ ျပကြက္ျပသပံုမွာ ပရိသတ္ထဲမွ က်ပန္း လူ ၁၃ ဦးေရြးခ်ယ္လိုက္ျပီး စင္ျမင့္ေပၚသို႔ ေခၚယူလိုက္သည္။ အဆိုပါ ၁၃ ဦးကို စင္ျမင့္ေပၚမွ ေပ်ာက္ကြယ္သြားေအာင္ျပဳလုပ္ျပီး ပရိသတ္ေနာက္ဘက္တြင္ ျပန္လည္ေပၚထြက္လာေစပံု ျပကြက္ျဖစ္သည္။

ေဒးဗစ္ေကာ့ပါးဖီးသည္ အဆိုပါျပကြက္ကို ယခင္က အၾကိမ္ေရ ေထာင္ခ်ီကာ ျပသခဲ့ျပီးျဖစ္ကာ ျပႆနာ တစံုတရာ မေပၚေပါက္ခဲ့။ ၂၀၁၃ ခုႏွစ္က ျပသစဥ္တြင္မူ ပရိသတ္ထဲမွ ေရြးခ်ယ္ခံရသူ အသက္ ၅၈ ႏွစ္အရြယ္ရွိ Gavin Cox ဆိုသူ ျဗိတိန္ ကမၻာလွည့္ခရီးသည္မွာ အဆိုပါျပကြက္တြင္ ထိခိုက္ဒဏ္ရာရခဲ့ေၾကာင္း၊ ေဒးဗစ္ေကာ့ပါးဖီးက တစံုတရာ တာဝန္ယူျခင္း မရွိဘဲ မ်က္ကြယ္ျပဳခဲ့ေၾကာင္း တရားစြဲဆိုခဲ့ျခင္း ျဖစ္သည္။

တရားရံုးတြင္ တရားသူၾကီးက ေဒးဗစ္ေကာ့ပါးဖီးအား အဆိုပါ ျပကြက္အား ျပသပံုႏွင့္ လွ်ိဳ႕ဝွက္ခ်က္တို႔ကို အေသးစိတ္ေမးျမန္းခဲ့ရာ ေဒးဗစ္ေကာ့ပါးဖီးက ယခုျပကြက္၏ လွ်ီဳ႕ဝွက္ခ်က္ကို ေဖာ္ထုတ္လွ်င္ မိမိအတြက္ ဝင္ေငြထိခိုက္ႏိုင္ေၾကာင္း ေခ်ပခုခံခဲ့သည္။

သို႔ေသာ္ ထိုစဥ္က ထိခိုက္ဒဏ္ရာရခဲ့သူမွာ ဦးေႏွာက္ထိခိုက္မႈအထိ ျဖစ္ခဲ့ရကာ ေဆးဖိုး ကန္ေဒၚလာ ၄၀၀၀၀၀ အထိ ကုန္က်ခဲ့ရသျဖင့္ ထိခိုက္နစ္နာသူ၏ အျဖစ္အပ်က္အစံုကို သိႏိုင္ရန္ သူ၏ ျပသလုပ္ေဆာင္ပံု အေသးစိတ္ကို တင္ျပရန္ တရားရံုးက အမိန္႔ထုတ္ခဲ့သည္။

ထိုအခါ ေဒးဗစ္ေကာ့ပါးဖီး၏ မန္ေနဂ်ာက ရွင္းျပသည္မွာ စင္ျမင့္ေပၚတြင္ ေရြးခ်ယ္ခံရသူ ၁၃ ဦးေရွ႕တြင္ လိုက္ကာတစ္ခု က်လာသည္ႏွင့္ တျပိဳင္နက္ လွ်ိဳ႕ဝွက္ဥမင္လမ္းမွတဆင့္ မ်က္လွည့္ျပသခဲ့ရာ Las Vegas MGM အေဆာက္အအံုၾကီးကို ပတ္ထြက္ကာ အေဆာက္အအံုေနာက္ဘက္မွတဆင့္ ျပန္ဝင္ေစခဲ့ျခင္းျဖစ္ေၾကာင္း ရွင္းျပခဲ့သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Inside David Copperfield's New $17.55 Million Mansion in Las Vegas

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
Aung Theikdi Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service