မကောင်းမြင်ခြင်းအား ဖယ်ရှားခြင်းဖြင့် စိတ်ဖိစီးမှုကို လျော့နည်းစေရအောင်

မကောင်းမြင်ခြင်းအား ဖယ်ရှားခြင်းဖြင့် စိတ်ဖိစီးမှုကို လျော့နည်းစေရအောင် - Property Knowledge in Myanmar from iMyanmarHouse.com
6 May 2022 10:48 am တွင် တင်ခဲ့သည်
735 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

စိတ်ဖိစီးမှုလျော့နည်းစေဖို့ တစ်ကိုယ်တည်း အပျက်သဘော (မကောင်းသည့်ဘက်မှ) ပြောဆိုခြင်းအား ရပ်တန့်ကာ အပြုသဘော (ကောင်းသည့်ဘက်မှ) တွေးခေါ်စဉ်းစားဖို့ အရေးကြီးလှပါတယ်။

ကောင်းတဲ့ဘက်မှ စဉ်းစားတွေးခေါ်ခြင်းဟာ စိတ်ဖိစီးမှုအား ကိုင်တွယ်စီမံခန့်ခွဲဖြေရှင်းရာတွင် ကူညီပေးပြီး သင့်ကျန်းမာရေးကိုပါ တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ မကောင်းတဲ့ဘက်မှ ကိုယ့်ကိုယ်ကိုယ်ပြောဆိုတတ်မှုကို ချိုးနှိမ်ဖယ်ရှားပစ်ဖို့ရာ လေ့ကျင့်လို့ရပါတယ်။

သင့်ခွက်ဟာ တစ်ဝက်လျော့နေတာလား တစ်ဝက်တိတိအပြည့်ရှိတာလား? အကောင်းမြင်ခြင်းနဲ့ပတ်သက်လို့ ဒီအိုဟောင်းနေတဲ့ မေးခွန်းကို သင်ဖြေလိုက်တဲ့အဖြေဟာ သင့်ဘဝရဲ့ အလားအလာ၊ သင့်ကိုယ်သင်ရှေးရှုတဲ့ သင့်သဘောထားနဲ့ သင်က အကောင်းမြင်ဝါဒီလား အဆိုးမြင်ဝါဒီလားဆိုတာတွေကို ထင်ဟပ်စေကောင်းစေနိုင်သလို သင့်ကျန်းမာရေးအပေါ်မှာပါ သက်ရောက်မှုရှိကောင်းရှိနိုင်ပါသေးတယ်။

မကောင်းသည့်ဘက်မှ စဉ်းစားတွေးခေါ်ခြင်း (သို့) မကောင်းမြင်ခြင်းအား ရှာဖွေဖော်ထုတ်ခြင်း

သင့်ကိုယ်သင်ပြောကြားနေမှုတစ်ခုဟာ အပြုသဘောဆောင်လား အပျက်သဘောဆောင်သလားဆိုတာကို မသေချာဖြစ်နေပါသလား။ အတွေ့ရများတဲ့၊ ဖြစ်တတ်တဲ့ မကောင်းတဲ့ဘက်မှ ကိုယ့်ကိုယ်ကိုယ်ပြောကြားမှုပုံစံတွေကတော့ -

- ကွက်မြင်ခြင်း (အခြေအနေ၊ အခြင်းအရာတစ်ရပ်၏ ကောင်းကွက်များအတွက် ဝမ်းသာရမည့်အစား မကောင်းကွက်တစ်ကွက်ရှိလျှင် ထိုတစ်ကွက်ကိုသာ အာရုံရောက်ကွက်မြင်ခြင်း)

- ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ခြင်း (မကောင်းတာတစ်ခုခုဖြစ်သည့်အခါ မိမိကြောင့်ဟုယူဆလျက် အလိုအလျောက် မိမိဘက်ကို အပြစ်တင်ခြင်း)

- ဆိုးဆိုးရွားရွားကြုံရမည်ဟု ခြေခြေမြစ်မြစ်မရှိဘဲ မှန်းဆထင်မြင်ခြင်း

- သူတစ်ပါးအား အပြစ်ပုံချခြင်း (သင့်တွင် ဖြစ်ပျက်သည့်ကိစ္စအတွက် အခြားသူတစ်ယောက်ယောက်ကြောင့်ဟု အပြစ်တင်ခြင်း၊ သင့်အတွေးအခေါ်များနှင့် ခံစားချက်များအတွက် သင့်တွင်သာ တာဝန်ရှိခြင်းကို မျက်ကွယ်ပြုထားခြင်း)

- သင်ထင်သည့်အရာများအား လုပ်ဆောင်လိုက်သင့်သည်ဟု တွေးပြီး မလုပ်ဆောင်လိုက်မိသည့်အတွက် သင့်ကိုယ်သင်အပြစ်တင်ခြင်း

- ပုံကြီးချဲ့ခြင်း/ဇာချဲ့ခြင်း (ပြဿနာသေးသေးမွှားမွှားများအား အကြီးကြီးချဲ့ခြင်း)

- မတရားပြီးပြည့်စုံချင်ခြင်း (မဖြစ်နိုင်သော စံချိန်စံညွှန်းများအား လက်ကိုင်ပြုလျက် ပိုမိုပြီးပြည့်စုံအောင် ကြိုးစားခြင်းသည် သင့်ကိုယ်သင် အပျက်ဘက်ရောက်အောင် တွန်းပို့ခြင်းပင်ဖြစ်သည်)

- အစွန်းရောက်ခြင်း (ကိစ္စများတွင် ကောင်းခြင်းနှင့် ဆိုးခြင်းနှစ်ခုသာ ရှိသည်ဟုမြင်ပြီး အလယ်အလတ်ကြားအခြေအနေရှိသည်ဟု မမြင်ခြင်း)

‘ကောင်းသည့်ဘက်မှ တွေးခေါ်စဉ်းစားရန် အာရုံစိုက်ခြင်း’

မကောင်းတဲ့ဘက်ကနေ စဉ်းစားတွေးခေါ်နေမှုတွေကို ကောင်းတဲ့ဘက်ကနေ စဉ်းစားတွေးခေါ်မှုအဖြစ် ပြောင်းလဲဖို့ရာ သင့်အနေနဲ့ လေ့လာသင်ယူနိုင်ပါတယ်နော်။ လုပ်ငန်းစဉ်က ရိုးရှင်းပေမဲ့ အလေ့အကျင့်လုပ်ပေးဖို့နဲ့ အချိန်တစ်ခုယူဖို့တော့ လိုပါတယ်။ ဘာလို့လဲဆိုတော့ သင်က အလေ့အထသစ်တစ်ခုကို မွေးမြူးမှာဖြစ်တာကိုး။ အကောင်းမြင်သဘောထားနဲ့ ပိုပြီးတော့ စဉ်းစားတွေးခေါ်ပြုမူနိုင်ဖို့အတွက် နည်းလမ်းအချို့ကို အောက်ပါအတိုင်းဖော်ပြပေးလိုက်ပါတယ်။

- ပြောင်းလဲရမည့် ကဏ္ဍများအား ရှာဖွေဖော်ထုတ်ပါ။ အလုပ်၊ ရုံးသွားရုံးပြန်၊ ဆက်ဆံရေး စသဖြင့် မကောင်းသည့်ဘက်မှ သင်တွေးတောလေ့ရှိသော ကဏ္ဍများအား ရှာဖွေဖော်ထုတ်၍ ကောင်းသည့်က်မှ တွေးမြင်ကြည့်ပါ။

- သင့်ကိုယ်သင်စစ်ဆေးပါ။ တစ်နေ့တာအတွင်း အခါအားလျော်စွာ သင်တွေးတောနေသည်နှင့်ပတ်သက်၍ အချိန်ခဏပေးကာ အကဲဖြတ်စစ်ဆေးပါ။ သင့်အတွေးတွေက မကောင်းသည့်ဘက်ရောက်နေပါက ကောင်းသည့်ဘက်သို့လှည့်ရန် နည်းလမ်းရှာကြိုးစားပါ။

- ပျော်ပျော်နေပါ။ ပြုံးရန် ရယ်ရန် သင့်ကိုယ်သင် အခွင့်ပေးပါ၊ ခွင့်ပြုပါ၊ အထူးသဖြင့် အခက်ကြုံနေရချိန်များတွင် ဖြစ်ပါသည်။ နေ့စဉ်ကြုံဆုံရသည်များမှ ရယ်ရွှင်ဖွယ်ရာကို ရှာဖွေပါ။ ဘဝမှာ ရယ်မောနိုင်သောအခါ စိတ်ဖိစီးမှုနည်းမည်ဖြစ်သည်။

- ကျန်းမာသော ဘဝနေထိုင်မှုပုံစံတစ်ခုကို လုပ်ယူနေထိုင်ပါ။ ဥပမာ - ကိုယ်လက်လေ့ကျင့်ခန်း နေ့စဉ်မဟုတ်တောင် ရက်ခြားပုံမှန်လေ့ကျင့်ခြင်းနှင့် အာဟာရပြည့်ဝသော အစားအစာအား မှီဝဲစားသုံးခြင်းတို့သည် စိတ်ခံစားမှုအခြေအနေအား အကောင်းဘက်မှ သက်ရောက်နိုင်ပြီး စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပါသည်။

- အကောင်းဘက်မှမြင်တတ်သောသူများနှင့်သာ အဓိကပတ်သက်နေထိုင်ပေါင်းသင်းပါ။ သင့်ဘဝထဲမှလူများအား သင့်ကို အကူအညီဖြစ်စေသည့် အကြံဉာဏ်ပေးနိုင်သော၊ အပြန်အလှန်အကျိုးပြုနိုင်သော၊ အကောင်းမြင်တတ်သောသူများ ဖြစ်ပါစေ။ အဆိုးမြင် (သို့) မကောင်းမြင်တတ်သူများသည် သင့်အား စိတ်ဖိစီးမှုအဆင့်တိုးပွားစေနိုင်ကာ (စိတ်ဖိစီးမှုအား ကောင်းမွန်သော နည်းလမ်းများဖြင့် စီမံခန့်ခွဲရန်) သင့်လုပ်နိုင်စွမ်းနှင့်ပတ်သက်၍ သင့်အား သံသယဖြစ်စေနိုင်ပါသည်။

- အကောင်းဘက်မှ ကိုယ့်ကိုယ်ကိုယ်ပြောကြားခြင်းအား လေ့ကျင့်ပါ။ သင့်အနေနှင့် အခြားသူအား ပြောဖြစ်မည်မဟုတ်သည်များကို သင့်ကိုယ်သင်လည်း မပြောပါနှင့်။ သင့်ကိုယ်သင် နူးညံ့စွာဆက်ဆံပြီး အားပေးပါ။ အကယ်၍ မကောင်းသည့်ဘက်မှအတွေးတစ်ခုခု စိတ်ထဲရောက်လာလျှင် ယုတ္တိရှိရှိ အကျိုးသင့်အကြောင်းသင့် ချင့်တွက်ကာ သင်နှင့်ပတ်သက်၍ ကောင်းသည့်သင့်လျော်သည့်အရာအား ခံယူတုံ့ပြန်ပါ။ သင့်ဘဝမှာ ကျေးဇူးတင်သောအရာများအကြောင်း စဉ်းစားပါ။

‘မကောင်းသည့်ဘက်မှ/အပျက်သဘောဆောင်သော/အပြုသဘောမဆောင်သည့် ကိုယ့်ကိုယ်ကိုယ်ပြောကြားမှုအား အကောင်းဘက်မှတွေးသည့်/အပြုသဘောဆောင်သော စဉ်းစားတွေးခေါ်မှုအဖြစ်သို့ သွတ်သွင်းသည့် ဥပမာများ’

- "ငါ ဒါကို အရင်က တစ်ခါမှ မလုပ်ဖူးဘူး" အစား "ဒါဟာ အသစ်လေ့လာသင်ယူဖို့ အခွင့်အလမ်းတစ်ခုပဲ" လို့ တွေးပါ။

- "သိပ်ကို ရှုပ်ထွေးလွန်းတယ်" အစား "'မတူခြားနားတဲ့ရှုထောင့်ကနေ ကိုင်တွယ်ဖြေရှင်းမယ်" လို့ တွေးပါ

- "ငါ့မှာ လိုအပ်တာတွေ မရှိဘူး" အစား "လိုအပ်မှုဆိုတာ တီထွင်မှုရဲ့မိခင်" လို့ တွေးပါ။

- "ငါ ဒါကိုပြီးအောင်လုပ်ဖို့ သိပ်ပျင်းတာပဲ" အစား "ငါ ဒါကို ငါလုပ်ရမယ့်စာရင်းထဲ မထည့်နိုင်ဘူး၊ ဒါပေမဲ့ ဦးစားပေးလုပ်ရမယ့်အရာအချို့ကို ပြန်လည်စစ်ဆေးလိုက်လို့ရတယ်" လို့ တွေးပါ။

- "ဒါအတွက် အလုပ်ဖြစ်မယ့်နည်းလမ်းမရှိဘူး" အစား "ငါ ဒါကို အလုပ်ဖြစ်အောင် ကြိုးစားလို့ရတယ်" လို့ တွေးပါ။

- "ဘယ်သူကမှ ငါနဲ့ ပြောဆိုဆက်ဆံမှုမလုပ်ချင်ကြဘူး" အစား "ပြောဆိုဆက်ဆံဖို့ လမ်းကြောင်းတွေ ဖွင့်လို့ရမရ ငါကြည့်မယ်" လို့ တွေးပါ။

- "ငါဒါကို ဘယ်လိုမှပိုကောင်းအောင် လုပ်နိုင်မှာ မဟုတ်တော့ဘူး" အစား "ငါနောက်ထပ်ကြိုးစားကြည့်လိုက်ဦးမယ်" လို့ တွေးပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 Ref: Positive thinking: Stop negative self-talk to reduce stress (mayoclinic)

 

 

[Zawgyi]

မေကာင္းျမင္ျခင္းအား ဖယ္႐ွားျခင္းျဖင့္ စိတ္ဖိစီးမႈကို ေလ်ာ့နည္းေစရေအာင္

စိတ္ဖိစီးမႈေလ်ာ့နည္းေစဖို႔ တစ္ကိုယ္တည္း အပ်က္သေဘာ (မေကာင္းသည့္ဘက္မွ) ေျပာဆိုျခင္းအား ရပ္တန္႔ကာ အျပဳသေဘာ (ေကာင္းသည့္ဘက္မွ) ေတြးေခၚစဥ္းစားဖို႔ အေရးႀကီးလွပါတယ္။

ေကာင္းတဲ့ဘက္မွ စဥ္းစားေတြးေခၚျခင္းဟာ စိတ္ဖိစီးမႈအား ကိုင္တြယ္စီမံခန္႔ခြဲေျဖ႐ွင္းရာတြင္ ကူညီေပးၿပီး သင့္က်န္းမာေရးကိုပါ တိုးတက္ေကာင္းမြန္ေစႏိုင္ပါတယ္။ မေကာင္းတဲ့ဘက္မွ ကိုယ့္ကိုယ္ကိုယ္ေျပာဆိုတတ္မႈကို ခ်ိဳးႏွိမ္ဖယ္႐ွားပစ္ဖို႔ရာ ေလ့က်င့္လို႔ရပါတယ္။

သင့္ခြက္ဟာ တစ္ဝက္ေလ်ာ့ေနတာလား တစ္ဝက္တိတိအျပည့္႐ွိတာလား? အေကာင္းျမင္ျခင္းနဲ႔ပတ္သက္လို႔ ဒီအိုေဟာင္းေနတဲ့ ေမးခြန္းကို သင္ေျဖလိုက္တဲ့အေျဖဟာ သင့္ဘဝရဲ႕ အလားအလာ၊ သင့္ကိုယ္သင္ေ႐ွး႐ႈတဲ့ သင့္သေဘာထားနဲ႔ သင္က အေကာင္းျမင္ဝါဒီလား အဆိုးျမင္ဝါဒီလားဆိုတာေတြကို ထင္ဟပ္ေစေကာင္းေစႏိုင္သလို သင့္က်န္းမာေရးအေပၚမွာပါ သက္ေရာက္မႈ႐ွိေကာင္း႐ွိႏိုင္ပါေသးတယ္။

မေကာင္းသည့္ဘက္မွ စဥ္းစားေတြးေခၚျခင္း (သို႔) မေကာင္းျမင္ျခင္းအား ႐ွာေဖြေဖာ္ထုတ္ျခင္း

သင့္ကိုယ္သင္ေျပာၾကားေနမႈတစ္ခုဟာ အျပဳသေဘာေဆာင္လား အပ်က္သေဘာေဆာင္သလားဆိုတာကို မေသခ်ာျဖစ္ေနပါသလား။ အေတြ႕ရမ်ားတဲ့၊ ျဖစ္တတ္တဲ့ မေကာင္းတဲ့ဘက္မွ ကိုယ့္ကိုယ္ကိုယ္ေျပာၾကားမႈပုံစံေတြကေတာ့ -

- ကြက္ျမင္ျခင္း (အေျခအေန၊ အျခင္းအရာတစ္ရပ္၏ ေကာင္းကြက္မ်ားအတြက္ ဝမ္းသာရမည့္အစား မေကာင္းကြက္တစ္ကြက္႐ွိလွ်င္ ထိုတစ္ကြက္ကိုသာ အာ႐ုံေရာက္ကြက္ျမင္ျခင္း)

- ကိုယ့္ကိုယ္ကိုယ္အျပစ္တင္ျခင္း (မေကာင္းတာတစ္ခုခုျဖစ္သည့္အခါ မိမိေၾကာင့္ဟုယူဆလ်က္ အလိုအေလ်ာက္ မိမိဘက္ကို အျပစ္တင္ျခင္း)

- ဆိုးဆိုး႐ြား႐ြားၾကဳံရမည္ဟု ေျခေျချမစ္ျမစ္မ႐ွိဘဲ မွန္းဆထင္ျမင္ျခင္း

- သူတစ္ပါးအား အျပစ္ပုံခ်ျခင္း (သင့္တြင္ ျဖစ္ပ်က္သည့္ကိစၥအတြက္ အျခားသူတစ္ေယာက္ေယာက္ေၾကာင့္ဟု အျပစ္တင္ျခင္း၊ သင့္အေတြးအေခၚမ်ားႏွင့္ ခံစားခ်က္မ်ားအတြက္ သင့္တြင္သာ တာဝန္႐ွိျခင္းကို မ်က္ကြယ္ျပဳထားျခင္း)

- သင္ထင္သည့္အရာမ်ားအား လုပ္ေဆာင္လိုက္သင့္သည္ဟု ေတြးၿပီး မလုပ္ေဆာင္လိုက္မိသည့္အတြက္ သင့္ကိုယ္သင္အျပစ္တင္ျခင္း

- ပုံႀကီးခ်ဲ႕ျခင္း/ဇာခ်ဲ႕ျခင္း (ျပႆနာေသးေသးမႊားမႊားမ်ားအား အႀကီးႀကီးခ်ဲ႕ျခင္း)

- မတရားၿပီးျပည့္စုံခ်င္ျခင္း (မျဖစ္ႏိုင္ေသာ စံခ်ိန္စံၫႊန္းမ်ားအား လက္ကိုင္ျပဳလ်က္ ပိုမိုၿပီးျပည့္စုံေအာင္ ႀကိဳးစားျခင္းသည္ သင့္ကိုယ္သင္ အပ်က္ဘက္ေရာက္ေအာင္ တြန္းပို႔ျခင္းပင္ျဖစ္သည္)

- အစြန္းေရာက္ျခင္း (ကိစၥမ်ားတြင္ ေကာင္းျခင္းႏွင့္ ဆိုးျခင္းႏွစ္ခုသာ ႐ွိသည္ဟုျမင္ၿပီး အလယ္အလတ္ၾကားအေျခအေန႐ွိသည္ဟု မျမင္ျခင္း)

‘ေကာင္းသည့္ဘက္မွ ေတြးေခၚစဥ္းစားရန္ အာ႐ုံစိုက္ျခင္း’

မေကာင္းတဲ့ဘက္ကေန စဥ္းစားေတြးေခၚေနမႈေတြကို ေကာင္းတဲ့ဘက္ကေန စဥ္းစားေတြးေခၚမႈအျဖစ္ ေျပာင္းလဲဖို႔ရာ သင့္အေနနဲ႔ ေလ့လာသင္ယူႏိုင္ပါတယ္ေနာ္။ လုပ္ငန္းစဥ္က ႐ိုး႐ွင္းေပမဲ့ အေလ့အက်င့္လုပ္ေပးဖို႔နဲ႔ အခ်ိန္တစ္ခုယူဖို႔ေတာ့ လိုပါတယ္။ ဘာလို႔လဲဆိုေတာ့ သင္က အေလ့အထသစ္တစ္ခုကို ေမြးျမဴးမွာျဖစ္တာကိုး။ အေကာင္းျမင္သေဘာထားနဲ႔ ပိုၿပီးေတာ့ စဥ္းစားေတြးေခၚျပဳမူႏိုင္ဖို႔အတြက္ နည္းလမ္းအခ်ိဳ႕ကို ေအာက္ပါအတိုင္းေဖာ္ျပေပးလိုက္ပါတယ္။

- ေျပာင္းလဲရမည့္ က႑မ်ားအား ႐ွာေဖြေဖာ္ထုတ္ပါ။ အလုပ္၊ ႐ုံးသြား႐ုံးျပန္၊ ဆက္ဆံေရး စသျဖင့္ မေကာင္းသည့္ဘက္မွ သင္ေတြးေတာေလ့႐ွိေသာ က႑မ်ားအား ႐ွာေဖြေဖာ္ထုတ္၍ ေကာင္းသည့္က္မွ ေတြးျမင္ၾကည့္ပါ။

- သင့္ကိုယ္သင္စစ္ေဆးပါ။ တစ္ေန႔တာအတြင္း အခါအားေလ်ာ္စြာ သင္ေတြးေတာေနသည္ႏွင့္ပတ္သက္၍ အခ်ိန္ခဏေပးကာ အကဲျဖတ္စစ္ေဆးပါ။ သင့္အေတြးေတြက မေကာင္းသည့္ဘက္ေရာက္ေနပါက ေကာင္းသည့္ဘက္သို႔လွည့္ရန္ နည္းလမ္း႐ွာႀကိဳးစားပါ။

- ေပ်ာ္ေပ်ာ္ေနပါ။ ျပဳံးရန္ ရယ္ရန္ သင့္ကိုယ္သင္ အခြင့္ေပးပါ၊ ခြင့္ျပဳပါ၊ အထူးသျဖင့္ အခက္ၾကဳံေနရခ်ိန္မ်ားတြင္ ျဖစ္ပါသည္။ ေန႔စဥ္ၾကဳံဆုံရသည္မ်ားမွ ရယ္႐ႊင္ဖြယ္ရာကို ႐ွာေဖြပါ။ ဘဝမွာ ရယ္ေမာႏိုင္ေသာအခါ စိတ္ဖိစီးမႈနည္းမည္ျဖစ္သည္။

- က်န္းမာေသာ ဘဝေနထိုင္မႈပုံစံတစ္ခုကို လုပ္ယူေနထိုင္ပါ။ ဥပမာ - ကိုယ္လက္ေလ့က်င့္ခန္း ေန႔စဥ္မဟုတ္ေတာင္ ရက္ျခားပုံမွန္ေလ့က်င့္ျခင္းႏွင့္ အာဟာရျပည့္ဝေသာ အစားအစာအား မွီဝဲစားသုံးျခင္းတို႔သည္ စိတ္ခံစားမႈအေျခအေနအား အေကာင္းဘက္မွ သက္ေရာက္ႏိုင္ၿပီး စိတ္ဖိစီးမႈကို ေလ်ာ့က်ေစႏိုင္ပါသည္။

- အေကာင္းဘက္မွျမင္တတ္ေသာသူမ်ားႏွင့္သာ အဓိကပတ္သက္ေနထိုင္ေပါင္းသင္းပါ။ သင့္ဘဝထဲမွလူမ်ားအား သင့္ကို အကူအညီျဖစ္ေစသည့္ အၾကံဉာဏ္ေပးႏိုင္ေသာ၊ အျပန္အလွန္အက်ိဳးျပဳႏိုင္ေသာ၊ အေကာင္းျမင္တတ္ေသာသူမ်ား ျဖစ္ပါေစ။ အဆိုးျမင္ (သို႔) မေကာင္းျမင္တတ္သူမ်ားသည္ သင့္အား စိတ္ဖိစီးမႈအဆင့္တိုးပြားေစႏိုင္ကာ (စိတ္ဖိစီးမႈအား ေကာင္းမြန္ေသာ နည္းလမ္းမ်ားျဖင့္ စီမံခန္႔ခြဲရန္) သင့္လုပ္ႏိုင္စြမ္းႏွင့္ပတ္သက္၍ သင့္အား သံသယျဖစ္ေစႏိုင္ပါသည္။

- အေကာင္းဘက္မွ ကိုယ့္ကိုယ္ကိုယ္ေျပာၾကားျခင္းအား ေလ့က်င့္ပါ။ သင့္အေနႏွင့္ အျခားသူအား ေျပာျဖစ္မည္မဟုတ္သည္မ်ားကို သင့္ကိုယ္သင္လည္း မေျပာပါႏွင့္။ သင့္ကိုယ္သင္ ႏူးညံ့စြာဆက္ဆံၿပီး အားေပးပါ။ အကယ္၍ မေကာင္းသည့္ဘက္မွအေတြးတစ္ခုခု စိတ္ထဲေရာက္လာလွ်င္ ယုတၱိ႐ွိ႐ွိ အက်ိဳးသင့္အေၾကာင္းသင့္ ခ်င့္တြက္ကာ သင္ႏွင့္ပတ္သက္၍ ေကာင္းသည့္သင့္ေလ်ာ္သည့္အရာအား ခံယူတုံ႔ျပန္ပါ။ သင့္ဘဝမွာ ေက်းဇူးတင္ေသာအရာမ်ားအေၾကာင္း စဥ္းစားပါ။

‘မေကာင္းသည့္ဘက္မွ/အပ်က္သေဘာေဆာင္ေသာ/အျပဳသေဘာမေဆာင္သည့္ ကိုယ့္ကိုယ္ကိုယ္ေျပာၾကားမႈအား အေကာင္းဘက္မွေတြးသည့္/အျပဳသေဘာေဆာင္ေသာ စဥ္းစားေတြးေခၚမႈအျဖစ္သို႔ သြတ္သြင္းသည့္ ဥပမာမ်ား’

- "ငါ ဒါကို အရင္က တစ္ခါမွ မလုပ္ဖူးဘူး" အစား "ဒါဟာ အသစ္ေလ့လာသင္ယူဖို႔ အခြင့္အလမ္းတစ္ခုပဲ" လို႔ ေတြးပါ။

- "သိပ္ကို ႐ႈပ္ေထြးလြန္းတယ္" အစား "'မတူျခားနားတဲ့႐ႈေထာင့္ကေန ကိုင္တြယ္ေျဖ႐ွင္းမယ္" လို႔ ေတြးပါ

- "ငါ့မွာ လိုအပ္တာေတြ မ႐ွိဘူး" အစား "လိုအပ္မႈဆိုတာ တီထြင္မႈရဲ႕မိခင္" လို႔ ေတြးပါ။

- "ငါ ဒါကိုၿပီးေအာင္လုပ္ဖို႔ သိပ္ပ်င္းတာပဲ" အစား "ငါ ဒါကို ငါလုပ္ရမယ့္စာရင္းထဲ မထည့္ႏိုင္ဘူး၊ ဒါေပမဲ့ ဦးစားေပးလုပ္ရမယ့္အရာအခ်ိဳ႕ကို ျပန္လည္စစ္ေဆးလိုက္လို႔ရတယ္" လို႔ ေတြးပါ။

- "ဒါအတြက္ အလုပ္ျဖစ္မယ့္နည္းလမ္းမ႐ွိဘူး" အစား "ငါ ဒါကို အလုပ္ျဖစ္ေအာင္ ႀကိဳးစားလို႔ရတယ္" လို႔ ေတြးပါ။

- "ဘယ္သူကမွ ငါနဲ႔ ေျပာဆိုဆက္ဆံမႈမလုပ္ခ်င္ၾကဘူး" အစား "ေျပာဆိုဆက္ဆံဖို႔ လမ္းေၾကာင္းေတြ ဖြင့္လို႔ရမရ ငါၾကည့္မယ္" လို႔ ေတြးပါ။

- "ငါဒါကို ဘယ္လိုမွပိုေကာင္းေအာင္ လုပ္ႏိုင္မွာ မဟုတ္ေတာ့ဘူး" အစား "ငါေနာက္ထပ္ႀကိဳးစားၾကည့္လိုက္ဦးမယ္" လို႔ ေတြးပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Positive thinking: Stop negative self-talk to reduce stress (mayoclinic)

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service