လယ်မြေကို ဂရန်မြေပြောင်းလို့ ရ/မရ။

လယ်မြေကို ဂရန်မြေပြောင်းလို့ ရ/မရ။ - Property Knowledge in Myanmar from iMyanmarHouse.com
20 Apr 2022 10:40 am တွင် တင်ခဲ့သည်
811 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

လယ်မြေကို ဂရန်မြေအဖြစ်လျှောက်လို့ရပါတယ်။ တိုက်ရိုက်တော့ လျှောက်ထားလို့မရပါဘူး။ ရှေးဦးစွာ လယ်မြေကို လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ်ပုံစံ (၇)လျှောက်ထားရန်အတွက် မြေပုံ/မြေရာဇဝင်လို့ခေါ်သည့် မြေစာရင်းပုံစံ-၁၀၅/၁၀၆ လျှောက်ထားရပါမည်။

မြေစာရင်းပုံစံ-၁၀၅/၁၀၆ ရရှိပြီးပါက လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ် ပုံစံ (၇) လျှောက်ထားလို့ရပါပြီ ပုံစံ(၇)စိစစ်ရာတွင် အမှန်တကယ်လယ်ယာလုပ်ကိုင်ခြင်း ရှိ/မရှိကို စိစစ်ပါတယ်။ လယ်ယာလုပ်ကိုင်သည်ဆိုလျှင် မြို့နယ်လယ်ယာမြေစီမံခန့်ခွံရေးနှင့်စာရင်းအင်းဦးစီးဌာနမှ လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ်ပုံစံ(၇)ထုတ်ပေးပါသည်။ လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ် ပုံစံ (၇) ရရှိပြီးပါက လယ်ယာမြေလုပ်ကိုင်ခွင့်ကို ရောင်းချခြင်း၊ လွှဲပြောင်းခြင်း၊ ပေးကမ်းခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း များကို တရားဝင် ဆောင်ရွက်လို့ ရသွားပါတယ်။

ထိုမှတဆင့် လယ်ယာမြေအား အခြားနည်းအသုံးပြုခွင့် လ/ယ ၃၀ ကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့်စာရင်းအင်းဦးစီးဌာနတွင် လျှောက်ထားရမှာဖြစ်ပါသည်။ အခြားနည်းအသုံးပြုခွင့်လျှောက်ထားရာတွင် သုံးစွဲလိုသည့်အကြောင်းအရင်းကို ဖော်ပြလျှောက်ထားရမှာဖြစ်ပါတယ်။

လျှောက်ထားခြင်းအမှုတွဲအား ခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့နှင့် နေပြည်တော်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့သို့ အဆင့်ဆင်တင်ပြပြီးနောက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့သို့ ဆက်လက်တင်ပြပြီးနောက် လယ်မြေတွင် အခြားနည်းသုံးစွဲခွင့်နှင့်စပ်လျဉ်း၍ ခွင့်ပြုပါက အသုံးပြုရန်ခွင့်ပြုမိန့်ပုံစံ (၁၅)ထုတ်ပေးပါသည်။ လယ်မြေအား အခြားနည်းသုံးစွဲခွင့် လ/ယ ၃၀ရရှိပြီးပါက ခွင့်ပြုသည့်နည်းလမ်းအတိုင်း (၆) လအတွင်း အသုံးပြုရမှာဖြစ်ပါတယ်။ လ/ယ ပုဒ်မ-၃၁အရ ခွင့်ပြုချက်ရရှိသည့်နေ့မှ (၆) လအတွင်း စတင်အသုံးမပြုလျှင်သော်လည်း၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းမပြီးလျှင်သော်လည်းကောင်း ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့သည် ယင်းလယ်ယာမြေကို ပြန်လည်သိမ်းယူနိုင်တယ်ပြဌာန်းထားတာပါတယ်။

ဌာနမှ စိစစ်လို့တွေ့ရှိ တယ်ဆိုလျှင် လ/ယ ၃၀ ခွင့်ပြုမိန့် ပယ်ဖျက်ပြီး စည်းကမ်းပျက်မြေကို သိမ်းယူသည်အထိ အရေးယူနိုင်ပါတယ် သတိပြုဖို့လိုပါတယ်။ ထိုသို့ အသုံးပြုပြီးနောက် ဂရန်လျှောက်ထားရန်အတွက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတွင် မြေစာရင်းပုံစံ-၁၀၅/၁၀၆ လျှောက်ထားရပါမည်။ ပုံစံ-၁၀၅/၁၀၆ ရရှိပြီးပါက သက်ဆိုင်ရာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ဂရန်လျှောက်ထားရမှာဖြစ်ပါတယ်။

လျှောက်ထားသည့် မြေဧရိယာသည် (၁) ဧကအထိဖြစ်ပါက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဆုံးဖြတ်ချက်ဖြင့် သတ်မှတ် မြေခွန်ပေးသွင်းစေပြီး ဂရန်ထုတ်ပေးနိုင်ပြီး (၁)ဧကအထက် (၅) ဧကအထိဖြစ်ပါက နေပြည်တော်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သတ်မှတ်မြေခွန်ပေးသွင်းစေပြီး ဂရန်ထုတ်ပေးပါသည်။ (၅) ဧကအထက်ဖြစ်ပါက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်) ၏မှ ဝန်ကြီးဌာနသို့ သဘောထားမှတ်ချက်တောင်းခံ၍ ဝန်ကြီးဌာန ခွင့်ပြုမိန့်ဖြင့် နေပြည်တော်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့မှ သတ်မှတ် မြေခွန်ပေးသွင်းစေပြီး ဂရန်ထုတ်ပေးပါကြောင်းသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

လယ္ေျမကို ဂရန္ေျမေျပာင္းလို႔ ရ/မရ။

 

လယ္ေျမကို ဂရန္ေျမအျဖစ္ေလွ်ာက္လို႔ရပါတယ္။ တိုက္႐ိုက္ေတာ့ ေလွ်ာက္ထားလို႔မရပါဘူး။ ေ႐ွးဦးစြာ လယ္ေျမကို လယ္ယာေျမလုပ္ကိုင္ခြင့္လက္မွတ္ပုံစံ (၇)ေလွ်ာက္ထားရန္အတြက္ ေျမပုံ/ေျမရာဇဝင္လို႔ေခၚသည့္ ေျမစာရင္းပုံစံ-၁၀၅/၁၀၆ ေလွ်ာက္ထားရပါမည္။

ေျမစာရင္းပုံစံ-၁၀၅/၁၀၆ ရ႐ွိၿပီးပါက လယ္ယာေျမလုပ္ကိုင္ခြင့္လက္မွတ္ ပုံစံ (၇) ေလွ်ာက္ထားလို႔ရပါၿပီ ပုံစံ(၇)စိစစ္ရာတြင္ အမွန္တကယ္လယ္ယာလုပ္ကိုင္ျခင္း ႐ွိ/မ႐ွိကို စိစစ္ပါတယ္။ လယ္ယာလုပ္ကိုင္သည္ဆိုလွ်င္ ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခြံေရးႏွင့္စာရင္းအင္းဦးစီးဌာနမွ လယ္ယာေျမလုပ္ကိုင္ခြင့္လက္မွတ္ပုံစံ(၇)ထုတ္ေပးပါသည္။ လယ္ယာေျမလုပ္ကိုင္ခြင့္လက္မွတ္ ပုံစံ (၇) ရ႐ွိၿပီးပါက လယ္ယာေျမလုပ္ကိုင္ခြင့္ကို ေရာင္းခ်ျခင္း၊ လႊဲေျပာင္းျခင္း၊ ေပးကမ္းျခင္း၊ ေပါင္ႏွံျခင္း၊ ငွားရမ္းျခင္း မ်ားကို တရားဝင္ ေဆာင္႐ြက္လို႔ ရသြားပါတယ္။

ထိုမွတဆင့္ လယ္ယာေျမအား အျခားနည္းအသုံးျပဳခြင့္ လ/ယ ၃၀ ကို ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခြဲ ေရးႏွင့္စာရင္းအင္းဦးစီးဌာနတြင္ ေလွ်ာက္ထားရမွာျဖစ္ပါသည္။ အျခားနည္းအသုံးျပဳခြင့္ေလွ်ာက္ထားရာတြင္ သုံးစြဲလိုသည့္အေၾကာင္းအရင္းကို ေဖာ္ျပေလွ်ာက္ထားရမွာျဖစ္ပါတယ္။

ေလွ်ာက္ထားျခင္းအမႈတြဲအား ခ႐ိုင္ လယ္ယာေျမစီမံခန္႔ခြဲေရးအဖြဲ႕ႏွင့္ ေနျပည္ေတာ္၊ တိုင္းေဒသႀကီး (သို႔မဟုတ္) ျပည္နယ္လယ္ယာေျမစီမံခန္႔ခြဲေရး အဖြဲ႕သို႔ အဆင့္ဆင္တင္ျပၿပီးေနာက္ ဗဟိုလယ္ယာေျမစီမံခန္႔ခြဲေရးအဖြဲ႕သို႔ ဆက္လက္တင္ျပၿပီးေနာက္ လယ္ေျမတြင္ အျခားနည္းသုံးစြဲခြင့္ႏွင့္စပ္လ်ဥ္း၍ ခြင့္ျပဳပါက အသုံးျပဳရန္ခြင့္ျပဳမိန္႔ပုံစံ (၁၅)ထုတ္ေပးပါသည္။ လယ္ေျမအား အျခားနည္းသုံးစြဲခြင့္ လ/ယ ၃၀ရ႐ွိၿပီးပါက ခြင့္ျပဳသည့္နည္းလမ္းအတိုင္း (၆) လအတြင္း အသုံးျပဳရမွာျဖစ္ပါတယ္။ လ/ယ ပုဒ္မ-၃၁အရ ခြင့္ျပဳခ်က္ရ႐ွိသည့္ေန႔မွ (၆) လအတြင္း စတင္အသုံးမျပဳလွ်င္ေသာ္လည္း၊ သတ္မွတ္ကာလအတြင္း လုပ္ငန္းမၿပီးလွ်င္ေသာ္လည္းေကာင္း ဗဟိုလယ္ယာေျမစီမံခန္႔ခြဲေရး အဖြဲ႕သည္ ယင္းလယ္ယာေျမကို ျပန္လည္သိမ္းယူႏိုင္တယ္ျပဌာန္းထားတာပါတယ္။

ဌာနမွ စိစစ္လို႔ေတြ႕႐ွိ တယ္ဆိုလွ်င္ လ/ယ ၃၀ ခြင့္ျပဳမိန္႔ ပယ္ဖ်က္ၿပီး စည္းကမ္းပ်က္ေျမကို သိမ္းယူသည္အထိ အေရးယူႏိုင္ပါတယ္ သတိျပဳဖို႔လိုပါတယ္။ ထိုသို႔ အသုံးျပဳၿပီးေနာက္ ဂရန္ေလွ်ာက္ထားရန္အတြက္ ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနတြင္ ေျမစာရင္းပုံစံ-၁၀၅/၁၀၆ ေလွ်ာက္ထားရပါမည္။ ပုံစံ-၁၀၅/၁၀၆ ရ႐ွိၿပီးပါက သက္ဆိုင္ရာခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနသို႔ ဂရန္ေလွ်ာက္ထားရမွာျဖစ္ပါတယ္။

ေလွ်ာက္ထားသည့္ ေျမဧရိယာသည္ (၁) ဧကအထိျဖစ္ပါက ခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၏ ဆုံးျဖတ္ခ်က္ျဖင့္ သတ္မွတ္ ေျမခြန္ေပးသြင္းေစၿပီး ဂရန္ထုတ္ေပးႏိုင္ၿပီး (၁)ဧကအထက္ (၅) ဧကအထိျဖစ္ပါက ေနျပည္ေတာ္၊ တိုင္းေဒသႀကီး (သို႔မဟုတ္) ျပည္နယ္လယ္ယာေျမစီမံခန္႔ခြဲေရးအဖြဲ႕၏ ဆုံးျဖတ္ခ်က္ျဖင့္ ခ႐ိုင္အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနမွ သတ္မွတ္ေျမခြန္ေပးသြင္းေစၿပီး ဂရန္ထုတ္ေပးပါသည္။ (၅) ဧကအထက္ျဖစ္ပါက အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန(႐ုံးခ်ဳပ္) ၏မွ ဝန္ႀကီးဌာနသို႔ သေဘာထားမွတ္ခ်က္ေတာင္းခံ၍ ဝန္ႀကီးဌာန ခြင့္ျပဳမိန္႔ျဖင့္ ေနျပည္ေတာ္၊ တိုင္းေဒသႀကီး (သို႔မဟုတ္) ျပည္နယ္လယ္ယာေျမစီမံခန္႔ခြဲေရးအဖြဲ႕မွ သတ္မွတ္ ေျမခြန္ေပးသြင္းေစၿပီး ဂရန္ထုတ္ေပးပါေၾကာင္းသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service