လနုစဉ်အပါအဝင် ကိုယ်ဝန်ဆောင်ကာလ အုန်းရေနုနုသောက်သုံးခြင်း၏ အကျိုးကျေးဇူးများ

လနုစဉ်အပါအဝင် ကိုယ်ဝန်ဆောင်ကာလ အုန်းရေနုနုသောက်သုံးခြင်း၏ အကျိုးကျေးဇူးများ - Property Knowledge in Myanmar from iMyanmarHouse.com
15 Mar 2022 11:35 am တွင် တင်ခဲ့သည်
3667 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

အမျိုးသမီးတွေရဲ့ ခန်းမှန်းခြေ ရာခိုင်နှုန်း ၇၀ ကနေ ၉၀ ဟာ သူတို့ရဲ့ကိုယ်ဝန်ဆောင်ပထမသုံးလ (တစ်နည်း ကိုယ်ဝန်အပတ် ၁၂ ပတ်အထိ) မှာ morning sickness (ကိုယ်ဝန်ဆောင်စတွင် ခံစားရလေ့ရှိသော ပျို့အန်လိုမှု) ကို ခံစားကြရပါတယ်။ ကိုယ်ဝန်ဆောင်ဟော်မုန်းတွေရဲ့ ကြီးစိုးလွှမ်းမိုးမှုကြောင့် အစာအိမ်နဲ့သက်ဆိုင်တဲ့ ကြွက်သားတွေရဲ့ လှုပ်ရှားနိုင်စွမ်းနှေးကွေးလာခြင်းက gastric mucosa (အစာအိမ်၏ချွဲမြှေးအလွှာ) ကို ဆွပေးတဲ့၊ မအီမသာဖြစ်စေတဲ့ ‘အစာအိမ်ထဲက အက်စစ်’ ပမာဏကို တိုးပွားစေတဲ့အတွက် morning sickness ခံစားရခြင်းပဲဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ မအီမသာပျို့ချင်အန်ချင်ခြင်း၊ အန်ခြင်း၊ လေပွခြင်း၊ မကြာခဏ လေတက်ခြင်း၊ ချဉ်သောအရသာ၊ ခါးသက်ခြင်း၊ အစာစားချင်စိတ်မရှိခြင်းနဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ် အစရှိတဲ့ မရှိမဖြစ်သတ္တုဓာတ်အချို့နဲ့ အရည်ဆုံးရှုံးခြင်းဖြစ်စေတဲ့ စိတ်ပန်းလူပန်း၊ မသက်မသာဖြစ်ခြင်းတို့ကို ခံစားရပါတယ်။

ကျန်းမာရေးဆိုင်ရာ နိုင်ငံတကာဂျာနယ်တစ်စောင်ဖြစ်တဲ့ Indian Journal of Public Health Research and Development မှာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလက ဖော်ပြခဲ့တဲ့ သုတေသနတစ်ခုမှာ မအီမသာပျို့ချင်အန်ချင်ခြင်းနဲ့ အန်ခြင်းတို့ ခံစားရတဲ့ ၁၂ ပတ်အောက် ကိုယ်ဝန်သက်တမ်းရှိ ကိုယ်ဝန်ဆောင်အမျိုးသမီး ၇၄ ဦးကို အုပ်စုနှစ်စုခွဲပြီး လေ့လာခဲ့ပါတယ်။ အုပ်စု (က) ကို အုန်းရေနုနု ၃၀၀ မီလီလီတာ သီတင်းတစ်ပတ်ကြာ နေ့စဉ်တိုက်ကျွေးပြီး အုပ်စု (ခ) ကိုတော့ သကြားစွက်ထားတဲ့ mineral water (သတ္တုဆားပျော်ဝင်နေသည့် စမ်းရေ) ၃၀၀ မီလီလီတာ တိုက်ကျွေးခဲ့တာဖြစ်ပါတယ်။

စမ်းသပ်ကာလသီတင်းပတ်တစ်ပတ်ကုန်ဆုံးပြီးနောက်မှာတော့ အုန်းရေနုနုသောက်သုံးခဲ့ကြရတဲ့ အုပ်စု (က) မှ ကိုယ်ဝန်ဆောင်တွေက mineral water သာ သောက်သုံးခဲ့ရတဲ့ အုပ်စု (ခ) မှ ကိုယ်ဝန်ဆောင်တွေထက် morning sickness ခံစားရနှုန်း နှစ်ဆနီးပါးလျော့ပါးသက်သာကြတာကို လေ့လာတွေ့ရှိခဲ့ကြပါတယ်။

ဒါကြောင့် အဆိုပါလေ့လာမှုရဲ့ သုတေသီတွေက အုန်းရေနုနုသောက်သုံးခြင်းဟာ ကိုယ်ဝန်လရင့်စဉ်သာမက ကိုယ်ဝန်ပထမသုံးလမှာလည်းပဲ morning sickness လက္ခဏာတွေကို သိသိသာသာလျော့ပါးသက်သာစေနိုင်ကြောင်း ကောက်ချက်ချခဲ့ကြတယ်လို့ သိရပါတယ်။

တကယ်တော့ အုန်းရေနုနုကို ကိုယ်ဝန်လနုစဉ်သာမက ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်လုံး နေ့စဉ်မဟုတ်တောင် တစ်ရက်ခြားတစ်ခါ အသင့်အတင့် ပုံမှန်သောက်သုံးသွားပေးသင့်တယ်လို့ သားဖွားမီးယပ်ဆရာဝန်တွေက အကြံပြုကြပါတယ်။ ကောင်းတာတွေကို များများစားသုံးပေးရမယ်ဆိုပေမဲ့ အုန်းရေမှာက ပိုတက်ဆီယမ်လိုမျိုး အာဟာရဓာတ်တွေပါဝင်တာမို့ အလွန်အကျွံသောက်သုံးမိရင်လည်း မိခင်နဲ့ကလေးကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ တစ်နေ့လျှင် အုန်းရေကို နှစ်ခွက်စာထက်ပို၍ မသောက်သုံးသင့်ပါဘူး။

ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် အုန်းရေ၏အကျိုးကျေးဇူးများ

၁။ အုန်းရေဟာ ရေဓာတ်ဝင်ခြင်းရဲ့ ရင်းမြစ်ကောင်းတစ်ခုဖြစ်တယ်

၂။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ဆုံးရှုံးလေ့ရှိပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ ကျန်းမာရေးအတွက် အရေးပါတဲ့ လျှပ်လိုက်ရည် ခေါ် electrolyte (ပိုတက်ဆီယမ်၊ ဆိုဒီယမ်နဲ့ မဂ္ဂနီဆီယမ်) တွေ အုန်းရေမှာ ပါဝင်တယ်

၃။ အုန်းရေသောက်ခြင်းက ကိုယ်ဝန်ဆောင်ရင်ပူရင်ဆာဖြစ်ခြင်းနဲ့ acid reflux (အက်စစ်ပြန်စီးခြင်း) (လက္ခဏာများ - လေတက်ခြင်း၊ လေချဉ်တက်ခြင်း၊ အစာစားပြီးနောက် မအီမသာဖြစ်ခြင်း၊ ဝမ်းဗိုက်ဖောင်ပွခြင်း၊ ဝမ်းဗိုက်အပေါ်ပိုင်းအောင့်ခြင်းနှင့် မသက်မသာဖြစ်ခြင်း) ကို သက်သာစေနိုင်တယ်

၄။ အုန်းရေက သန္ဓေသားကြီးထွားဖွံ့ဖြိုးမှုကို အားကောင်းစေတယ်

၅။ သွေးဖိအားကို လျော့ကျစေနိုင်တယ်

၆။ အုန်းရေက (ကိုယ်ဝန်ဆောင်အမျိုးသမီးအများအပြားဖြစ်ပွားကြတဲ့) ဆီးလမ်းကြောင်းပိုးဝင်ခြင်းတွေကို တားဆီးပေးနိုင်တယ်

၇။ ပျော့ပျောင်းသော ယောဂနဲ့ အခြားကိုယ်ဝန်ဆောင်ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ပြီးနောက် သောက်စရာကောင်းတစ်ခုဖြစ်တယ်

၈။ အုန်းရေဟာ သီးစုံဖျော်ရည်အတွက် ပါဝင်ပစ္စည်းတစ်ခုအဖြစ် ကောင်းမွန်တဲ့ (အရက်မပါဝင်သော၊ သဘာဝအနံ့အရသာရှိပြီး သကြားနှင့် ကာဗွန်ပါဝင်မှုနည်းသော) အခြားရွေးချယ်စရာတစ်ခုဖြစ်တယ်

မှတ်ချက်။ ။ လတ်ဆတ်သော အုန်းရေမဟုတ်ဘဲ ကြာရှည်ခံစေရန် ဘူးသွပ်ထားသော အုန်းရေကို သောက်မည်ဆိုပါက အုန်းရေဘူးအား ဘူးပေါ်ပါညွှန်ကြားထားသောနည်းအတိုင်း စနစ်တကျသိုလှောင်ထားခြင်းရှိမရှိစစ်ဆေးကာ အုန်းရေဘူး၏ သက်တမ်းမကုန်ဆုံးမီ သောက်သုံးပါရန်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The effect of young coconut water against morning sickness among women in the first trimester of pregnancy (researchgate.net), The Benefits of Coconut Water During Pregnancy (mtauburnobgyn.com)

 

 

[Zawgyi]

လႏုစဥ္အပါအဝင္ ကိုယ္ဝန္ေဆာင္ကာလ အုန္းေရႏုႏုေသာက္သုံးျခင္း၏ အက်ိဳးေက်းဇူးမ်ား

အမ်ိဳးသမီးေတြရဲ႕ ခန္းမွန္းေျခ ရာခိုင္ႏႈန္း ၇၀ ကေန ၉၀ ဟာ သူတို႔ရဲ႕ကိုယ္ဝန္ေဆာင္ပထမသုံးလ (တစ္နည္း ကိုယ္ဝန္အပတ္ ၁၂ ပတ္အထိ) မွာ morning sickness (ကိုယ္ဝန္ေဆာင္စတြင္ ခံစားရေလ့႐ွိေသာ ပ်ိဳ႕အန္လိုမႈ) ကို ခံစားၾကရပါတယ္။ ကိုယ္ဝန္ေဆာင္ေဟာ္မုန္းေတြရဲ႕ ႀကီးစိုးလႊမ္းမိုးမႈေၾကာင့္ အစာအိမ္နဲ႔သက္ဆိုင္တဲ့ ႂကြက္သားေတြရဲ႕ လႈပ္႐ွားႏိုင္စြမ္းေႏွးေကြးလာျခင္းက gastric mucosa (အစာအိမ္၏ခြၽဲေျမႇးအလႊာ) ကို ဆြေပးတဲ့၊ မအီမသာျဖစ္ေစတဲ့ ‘အစာအိမ္ထဲက အက္စစ္’ ပမာဏကို တိုးပြားေစတဲ့အတြက္ morning sickness ခံစားရျခင္းပဲျဖစ္ပါတယ္။

ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြဟာ မအီမသာပ်ိဳ႕ခ်င္အန္ခ်င္ျခင္း၊ အန္ျခင္း၊ ေလပြျခင္း၊ မၾကာခဏ ေလတက္ျခင္း၊ ခ်ဥ္ေသာအရသာ၊ ခါးသက္ျခင္း၊ အစာစားခ်င္စိတ္မ႐ွိျခင္းနဲ႔ ဆိုဒီယမ္၊ ပိုတက္ဆီယမ္၊ ကယ္လ္ဆီယမ္နဲ႔ မဂၢနီဆီယမ္ အစ႐ွိတဲ့ မ႐ွိမျဖစ္သတၱဳဓာတ္အခ်ိဳ႕နဲ႔ အရည္ဆုံး႐ႈံးျခင္းျဖစ္ေစတဲ့ စိတ္ပန္းလူပန္း၊ မသက္မသာျဖစ္ျခင္းတို႔ကို ခံစားရပါတယ္။

က်န္းမာေရးဆိုင္ရာ ႏိုင္ငံတကာဂ်ာနယ္တစ္ေစာင္ျဖစ္တဲ့ Indian Journal of Public Health Research and Development မွာ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလက ေဖာ္ျပခဲ့တဲ့ သုေတသနတစ္ခုမွာ မအီမသာပ်ိဳ႕ခ်င္အန္ခ်င္ျခင္းနဲ႔ အန္ျခင္းတို႔ ခံစားရတဲ့ ၁၂ ပတ္ေအာက္ ကိုယ္ဝန္သက္တမ္း႐ွိ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီး ၇၄ ဦးကို အုပ္စုႏွစ္စုခြဲၿပီး ေလ့လာခဲ့ပါတယ္။ အုပ္စု (က) ကို အုန္းေရႏုႏု ၃၀၀ မီလီလီတာ သီတင္းတစ္ပတ္ၾကာ ေန႔စဥ္တိုက္ေကြၽးၿပီး အုပ္စု (ခ) ကိုေတာ့ သၾကားစြက္ထားတဲ့ mineral water (သတၱဳဆားေပ်ာ္ဝင္ေနသည့္ စမ္းေရ) ၃၀၀ မီလီလီတာ တိုက္ေကြၽးခဲ့တာျဖစ္ပါတယ္။

စမ္းသပ္ကာလသီတင္းပတ္တစ္ပတ္ကုန္ဆုံးၿပီးေနာက္မွာေတာ့ အုန္းေရႏုႏုေသာက္သုံးခဲ့ၾကရတဲ့ အုပ္စု (က) မွ ကိုယ္ဝန္ေဆာင္ေတြက mineral water သာ ေသာက္သုံးခဲ့ရတဲ့ အုပ္စု (ခ) မွ ကိုယ္ဝန္ေဆာင္ေတြထက္ morning sickness ခံစားရႏႈန္း ႏွစ္ဆနီးပါးေလ်ာ့ပါးသက္သာၾကတာကို ေလ့လာေတြ႕႐ွိခဲ့ၾကပါတယ္။

ဒါေၾကာင့္ အဆိုပါေလ့လာမႈရဲ႕ သုေတသီေတြက အုန္းေရႏုႏုေသာက္သုံးျခင္းဟာ ကိုယ္ဝန္လရင့္စဥ္သာမက ကိုယ္ဝန္ပထမသုံးလမွာလည္းပဲ morning sickness လကၡဏာေတြကို သိသိသာသာေလ်ာ့ပါးသက္သာေစႏိုင္ေၾကာင္း ေကာက္ခ်က္ခ်ခဲ့ၾကတယ္လို႔ သိရပါတယ္။

တကယ္ေတာ့ အုန္းေရႏုႏုကို ကိုယ္ဝန္လႏုစဥ္သာမက ကိုယ္ဝန္ေဆာင္ကာလတစ္ေလွ်ာက္လုံး ေန႔စဥ္မဟုတ္ေတာင္ တစ္ရက္ျခားတစ္ခါ အသင့္အတင့္ ပုံမွန္ေသာက္သုံးသြားေပးသင့္တယ္လို႔ သားဖြားမီးယပ္ဆရာဝန္ေတြက အၾကံျပဳၾကပါတယ္။ ေကာင္းတာေတြကို မ်ားမ်ားစားသုံးေပးရမယ္ဆိုေပမဲ့ အုန္းေရမွာက ပိုတက္ဆီယမ္လိုမ်ိဳး အာဟာရဓာတ္ေတြပါဝင္တာမို႔ အလြန္အကြၽံေသာက္သုံးမိရင္လည္း မိခင္နဲ႔ကေလးက်န္းမာေရးအတြက္ အႏၲရာယ္႐ွိႏိုင္ပါတယ္။ ကိုယ္ဝန္ေဆာင္စဥ္မွာ တစ္ေန႔လွ်င္ အုန္းေရကို ႏွစ္ခြက္စာထက္ပို၍ မေသာက္သုံးသင့္ပါဘူး။

ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးမ်ားအတြက္ အုန္းေရ၏အက်ိဳးေက်းဇူးမ်ား

၁။ အုန္းေရဟာ ေရဓာတ္ဝင္ျခင္းရဲ႕ ရင္းျမစ္ေကာင္းတစ္ခုျဖစ္တယ္

၂။ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြ ဆုံး႐ႈံးေလ့႐ွိၿပီး ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြရဲ႕ က်န္းမာေရးအတြက္ အေရးပါတဲ့ လွ်ပ္လိုက္ရည္ ေခၚ electrolyte (ပိုတက္ဆီယမ္၊ ဆိုဒီယမ္နဲ႔ မဂၢနီဆီယမ္) ေတြ အုန္းေရမွာ ပါဝင္တယ္

၃။ အုန္းေရေသာက္ျခင္းက ကိုယ္ဝန္ေဆာင္ရင္ပူရင္ဆာျဖစ္ျခင္းနဲ႔ acid reflux (အက္စစ္ျပန္စီးျခင္း) (လကၡဏာမ်ား - ေလတက္ျခင္း၊ ေလခ်ဥ္တက္ျခင္း၊ အစာစားၿပီးေနာက္ မအီမသာျဖစ္ျခင္း၊ ဝမ္းဗိုက္ေဖာင္ပြျခင္း၊ ဝမ္းဗိုက္အေပၚပိုင္းေအာင့္ျခင္းႏွင့္ မသက္မသာျဖစ္ျခင္း) ကို သက္သာေစႏိုင္တယ္

၄။ အုန္းေရက သေႏၶသားႀကီးထြားဖြံ႕ၿဖိဳးမႈကို အားေကာင္းေစတယ္

၅။ ေသြးဖိအားကို ေလ်ာ့က်ေစႏိုင္တယ္

၆။ အုန္းေရက (ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးအမ်ားအျပားျဖစ္ပြားၾကတဲ့) ဆီးလမ္းေၾကာင္းပိုးဝင္ျခင္းေတြကို တားဆီးေပးႏိုင္တယ္

၇။ ေပ်ာ့ေပ်ာင္းေသာ ေယာဂနဲ႔ အျခားကိုယ္ဝန္ေဆာင္ကိုယ္လက္ေလ့က်င့္ခန္းျပဳလုပ္ၿပီးေနာက္ ေသာက္စရာေကာင္းတစ္ခုျဖစ္တယ္

၈။ အုန္းေရဟာ သီးစုံေဖ်ာ္ရည္အတြက္ ပါဝင္ပစၥည္းတစ္ခုအျဖစ္ ေကာင္းမြန္တဲ့ (အရက္မပါဝင္ေသာ၊ သဘာဝအနံ႔အရသာ႐ွိၿပီး သၾကားႏွင့္ ကာဗြန္ပါဝင္မႈနည္းေသာ) အျခားေ႐ြးခ်ယ္စရာတစ္ခုျဖစ္တယ္

မွတ္ခ်က္။ ။ လတ္ဆတ္ေသာ အုန္းေရမဟုတ္ဘဲ ၾကာ႐ွည္ခံေစရန္ ဘူးသြပ္ထားေသာ အုန္းေရကို ေသာက္မည္ဆိုပါက အုန္းေရဘူးအား ဘူးေပၚပါၫႊန္ၾကားထားေသာနည္းအတိုင္း စနစ္တက်သိုေလွာင္ထားျခင္း႐ွိမ႐ွိစစ္ေဆးကာ အုန္းေရဘူး၏ သက္တမ္းမကုန္ဆုံးမီ ေသာက္သုံးပါရန္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The effect of young coconut water against morning sickness among women in the first trimester of pregnancy (researchgate.net), The Benefits of Coconut Water During Pregnancy (mtauburnobgyn.com)

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service