ဘောလိဝုဒ်ကြယ်ပွင့် ရှာရွတ်ခန် နေထိုင်သော မာန်နတ်အမည်ရှိ စံအိမ်ကြီး
ဘောလိဝုဒ်ကြယ်ပွင့် ရှာရွတ်ခန် နေထိုင်သော မာန်နတ်အမည်ရှိ စံအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
11 Mar 2022 10:28 am တွင် တင်ခဲ့သည်
3975 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
မာန်နတ်ဟူသည် အဘယ်နည်း။ အိန္ဒိယ၏ ချစ်ခင်မှုအခံရဆုံး ထိပ်တန်းကြယ်ပွင့် ရှာရွတ်ခန်၏ မွမ်ဘိုင်းမြို့တွင် တည်ရှိသော စံအိမ်တန်ကြေး မည်မျှရှိသနည်း။
မာန်နတ်ဟူသည်မှာ မွမ်ဘိုင်းမြို့တွင်တည်ရှိသော ရှာရွတ်ခန်၏ စံအိမ်အမည် ဖြစ်သည်။
၆ ထပ်အဆောက်အအုံဖြစ်သော ရှာရွတ်ခန်၏ မာန်နတ်စံအိမ်ကြီး တန်ဖိုးကိုသိရလျှင် အံ့အားသင့်ဖွယ်ရှိသည်။
မာန်နတ်၏ တန်ကြေးမှာ ရူးပီးငွေ သန်း ၂၀၀၀ ခန့် တန်ကြေးရှိသည်ဟု ဆိုသည်။
မာန်နတ်၏ ဝယ်ယူခဲ့သည့်စံအိမ်များထဲတွင် ဈေးအကြီးဆုံးဖြစ်ကြောင်း ရှာရွတ်ခန် ကိုယ်တိုင်လည်း ပြောဖူးသည်။
မွမ်ဘိုင်းမြို့၊ ဘန်ဒြာ ဝက်စ်အရပ်တွင် တည်ရှိသည့် မာန်နတ်စံအိမ်ကြီးသည် ရှေးဟောင်းအမွေအနှစ် အဆောက်အအုံကြီးတစ်ခုဖြစ်ကာ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လေ့လာလေ့ရှိသည့်နေရာလည်း ဖြစ်သည်။
ဘောလိဝုဒ်ရုပ်ရှင်ပရိသတ် ရာပေါင်းများစွာကလည်း ၎င်းတို့ချစ်ခင်သော ထိပ်တန်းကြယ်ပွင့်၏ အရိပ်အယောင် မြင်ရနိုး မျှော်လင့်ကာ မာန်နတ်စံအိမ်ရှေ့သို့ လာရောက်ကြသူများ နေ့စဉ်ရှိသည်။
SRK ဟုလည်း လူသိများသော ရှာရွတ်ခန်၏ မာန်နတ်စံအိမ်ကြီးသည် အတွင်းပိုင်းတွင် ခမ်းနားစွာ မွမ်းမံထားသည့်အပြင် စံအိမ်ရှေ့တွင်လည်း စိမ်းလန်းသာယာသော ပန်းဥယျာဉ်ကို တွေ့ရသည်။
နီယိုး ကလပ်စစ်ကယ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး အတွင်းပိုင်းမွမ်းမံမှုများမှာမူ အလွန် မော်ဒန်ဆန်ကာ စတိုင်ကျလှသည်။ ကမ္ဘာတစ်ဝန်းမှရရှိသော ရှားပါးပစ္စည်းများ၊ အနုပညာလက်ရာများဖြင့် အလှဆင်ထားသည်ကိုလည်း တွေ့ရသည်။
စံအိမ်နောက်ဘက်တွင် ခမ်းနားသည့် နားနေဆောင်တစ်ခု တည်ရှိသည်။ စံအိမ်အတွင်း ကျယ်ပြောသည့် မီးဖိုဆောင်၊ ရှာရွတ်ခန်၏ ရုံးခန်း၊ စတူဒီယိုနှင့် အားကစားလေ့ကျင့်ခန်းမတို့ ပါဝင်သည်။
စံအိမ်အတွင်း ဓာတ်လှေကားများ တပ်ဆင်ထားပြီး ဧည့်ခန်း ၂ ခုတွင် ပန်းချီကျော် M.F Hussain ၏ ပန်းချီကားများ၊ ရှေးဟောင်းပစ္စည်းများ၊ အခြားသော အနုပညာပစ္စည်းများဖြင့် အလှဆင်ထားသည်။
စံအိမ်၏ အထပ်တစ်ထပ်လုံးကို ကလေးများအတွက်ကစားကွင်း၊ စာကြည့်ခန်း၊ သီးသန့်အရက်ဘား အစရှိသည့် အပန်းဖြေနေရာအဖြစ် အသုံးပြုထားသည်။
၂၀၂၀ ပြည့်နှစ်၊ မတ်လအတွင်း ကိုရိုနာဗိုင်းရပ်စ် လော့ဒေါင်းချမှတ်ထားစဉ်က ရှာရွတ်ခန်သည် နေအိမ်တွင် နေထိုင်ရင်း သီချင်းတစ်ပုဒ်အသံသွင်းကာ လူမှုကွန်ရက်တွင် လွှင့်တင်ခဲ့သည်။
အဆိုပါသီချင်းဗွီဒီယိုမှာ များစွာပျံ့နှံ့ခဲ့ပြီး ကြည့်ရှုမှုအကြိမ်ရေ ၇ သန်းကျော်အထိ ရှိခဲ့သည်။
ထိုဗွီဒီယိုကို ရှာရွတ်ခန်က စိတ္တဇပန်းချီကား၊ သစ်ပရိဘောဂများနှင့် မိသားစုပုံတူတစ်ခု ချိတ်ဆွဲထားသော သူ၏ စာကြည့်ခန်းအတွင်း ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။
(ရှာရွတ်ခန် ဘာလဲ)
ရှာရွတ်ခန် (မွေး ၁၉၆၅) ကို SRK ဟုလည်း လူသိများသည်။
သတင်းမီဒီယာများတွင်မူ ရှာရွတ်ခန်ကို ဘောလိဝုဒ်၏ ဘားရှားဟု ခေါ်ဝေါ်ရည်ညွှန်းကြသည်။
၁၉၉၉ ခုနှစ်က ရုံတင်ခဲ့သော သူ၏ရုပ်ရှင် ဘားရှားကို ရည်ညွှန်းခေါ်ဝေါ်ခြင်းဖြစ်ပြီး ဘောလိဝုဒ်၏ ဘုရင်ဟု ဆိုလိုသည်။
ရှာရွတ်ခန်သည် ရုပ်ရှင်ဇာတ်ကားပေါင်း ၈၀ ကျော်တွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဆုပေါင်းများစွာ ချီးမြှင့်ခံထားရရာ Filmfare Award ၁၄ ကြိမ်ရရှိထားမှုလည်း ပါဝင်သည်။
အိန္ဒိယအစိုးရက ရှာရွတ်ခန်ကို Padma Shri ဘွဲ့ ချီးမြှင့်ခဲ့သည်။ Padma Shri ဘွဲ့ကို အိန္ဒိယ ပြည်ထောင်စုနေ့ တွင် နှစ်စဉ်ချီးမြှင့်လေ့ရှိပြီး အများပြည်သူအားချီးမြှင့်သည့် ဘွဲ့များတွင် တစ်ခုအပါအဝင်ဖြစ်သည်။
ပြင်သစ်အစိုးရကလည်း ရှာရွတ်ခန်ကို Legion of Honour ဆု ချီးမြှင့်ထားသည်။ စစ်ဘက်နှင့် အရပ်ဘက် ၂ ခုလုံးကို ပေးအပ်လေ့ရှိသည့် အမြင့်မားဆုံးဆုလည်း ဖြစ်သည်။
ပရိသတ်အင်အားနှင့် ဝင်ငွေပမာဏတို့အရဆိုလျှင် ရှာရွတ်ခန်ကို ကမ္ဘာပေါ်တွင် အအောင်မြင်ဆုံး ရုပ်ရှင်ကြယ်ပွင့်များ၌ တစ်ဦးအပါအဝင်ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။
(ဆက်စပ်သတင်း)
ရှာရွတ်ခန်၏ စံအိမ်အကြောင်း ဖတ်ရှုရမှုအပေါ် ကျေနပ်နှစ်သက်မည်ဟု iMyanmarHouse.com မှ မျှော်လင့်ပါသည်။ ဖတ်ရှုပြီးနောက် သင်၏ ထင်မြင်ယူဆချက်များကိုလည်း ကွန်မန့်တွင် ဝေမျှပေးခဲ့ပါဦးနော်။ ရှာရွတ်ခန်၏ စံအိမ်အကြောင်းကဲ့သို့ အခြားသော အကျော်အမော်များ၏ စံအိမ်များအကြောင်းကိုလည်း iMyanmarHose.com ၏ သတင်းစာမျက်နှာ https://www.iMyanmarHouse.com/news တွင် ဖတ်ရှုနိုင်ပါသည်။
နောက်ဆုံးအချက်ကား အခြားမည်သည့် အကျော်အမော်၏ စံအိမ်အကြောင်း iMyanmarHouse.com မှာ ဖတ်ရှုလိုပါသလဲ။ ဖတ်ချင်သည့် အကျော်အမော်၏ အမည်ကို ကွန်မန့်မှာ ရေးသားပေးခဲ့ကြပါဦး။
အဆုံးအထိ ဖတ်ရှုပေးသည့်အတွက် ကျေးဇူးတင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Mannat: A peek into Shahrukh Khan’s house and its valuation (housing)
[Zawgyi]
(ရှာရွတ်ခန် ဘာလဲ)
(ဆက်စပ်သတင်း)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
CarsDB
Aung Theikdi Villa
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service