စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ

စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ - Property Knowledge in Myanmar from iMyanmarHouse.com
27 Apr 2025 12:57 pm တွင် တင်ခဲ့သည်
366 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

အပတ်စဉ်တင်ဆက်ပေးနေတဲ့ အိမ်ခြံမြေဥပဒေအမေးအဖြေကဏ္ဍလေးတစ်ဖန်ပြန်လည်ရောက်ရှိလို့လာပါပြီ။ စိတ်ဝင်စားဖွယ်ရာ အမေးအဖြေများကို ဒီတစ်ပတ်အတွက် တင်ဆက်ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

⚖️မေးခွန်း(၁) - မြေကွက် ဝယ်တော့မယ်ဆိုရင် အရောင်းမှား အဝယ်မှားမဖြစ်အောင် ဘယ်လိုဝယ်ယူရနိုင်ပါသလဲ။

လူနေထိုင်ခွင့်ရှိသော မြေအမျိုးအစားများမှာ စလစ်မြေ၊ လိုင်စင်မြေ၊ ပါမစ်မြေ၊ ဂရန်မြေ၊ မြေပိုင်မြေ၊ ဂရန်ရှိမြေပိုင်မြေ၊ ဘိုးဘွားပိုင်မြေဟူ၍ အမျိုးမျိုးရှိကြပါသည်။ မိမိဝယ်ယူသည့် မြေကွက်၏ မြေအမျိုးအစား အကြောင်းကိုသိရှိထားရန် လိုအပ်ပါသည်။ အစိုးရမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများအား လူနေထိုင်ရန်၊ စက်မှု လက်မှုလုပ်ငန်းများ ၊ အဆောက်အအုံ ဆောက်လုပ်ရန် မြေငှားဂရန်၊ လိုင်စင်မြေ၊ ပါမစ်မြေများ ချထားပေးပါသည်။

မြို့တော်နယ်နိမိတ်အတွင်း ဝယ်ယူမည်ဆိုပါက ဘိုးဘွားပိုင်မြေ ၊ မြေပိုင်မြေ၊ ဂရန်မြေများအား ဝယ်ယူ နိုင်ပြီး ဘိုးဘွားပိုင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံကျေးရွာများ အက်ဥပဒေ ပုဒ်မ - ၄ ၊ ပုဒ်မ- (၁၀) အရ ဘိုးဘွားမိဘများ လက်ထက် ဓမ္မဦးချပိုင်ဆိုင်သော လွှဲပြောင်းဆက်ခံခွင့်ရှိကာ မြေအမျိုးအစားကို ခေါ်ဆိုကာ မြေယာမှတ်တမ်းများအား စစ်ဆေးရန်လိုပါသည်။ မြေပိုင်မြေဆိုသည်မှာ မြို့တော်၏ နယ်နိမိတ်အတွင်းပင်ရှိ ကာ စနစ်တကျမြို့ကွက် ဖော်ထုတ်ထားသော မြေပိုင်ဆိုင်မှု အခွင့်အရေး အပြည့်အဝရရှိသည့် မြေကိုဆိုလို ကာ ဝယ်ယူမည်ဆိုပါက အမည်ပေါက်မှန်မမှန် စစ်‌ဆေးရပါမည်။

ဂရန်မြေဆိုသည်မှာ အစိုးရမှ စည်းကမ်းချက်များ ထုတ်ပြန်၍ နှစ်ရှည်မြေငှားစာချုပ် ဂရန်ချထားပေး သောမြေဖြစ်ပြီး ဂရန်သက်တမ်း ကျန်ရှိခြင်းရှိမရှိ နှင့် အမည်ပေါက်မှန်မမှန် စည်ပင်သာယာရေးကော်မတီ၊ မြို့ ပြနှင့် မြေစီမံခန့်ခွဲမှုဌာနတွင် စစ်ဆေးရန်လိုပါသည်။ ပါမစ်မြေဆိုသည်မှာ မြို့ကွက်များ အသစ်တိုးချဲ့သည့် အခါ အမည်ပေါက်ချထားပေးပြီး မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူ၊ မိသားစုဓာတ်ပုံ မှတ်တမ်းများ ပါရှိကာ လူနေထိုင်ခွင့်လက်မှတ် မြေချပါမစ်အား စစ်ဆေးကာ အင်ထရီဝင်ရန်လဲ လိုအပ်ပါသည်။

လိုင်စင်မြေဆိုသည်မှာ (၁)နှစ်မှ (၃)နှစ်အတွင်း ယာယီအသုံးပြုခွင့် ခွင့်ပြုပေးထားပြီး အတည်တကျ မရှိသေးသော ရပ်ကွက်/ ကျေးရွာများတွင် ချထားပေးကာ အမည်ပေါက် ကိုယ်တိုင်သာ နေထိုင်ခွင့်ရှိပါသည်။ မြေကွက်အား အမည်ပေါက်ကိုယ်တိုင် ရောင်းချခြင်း မဟုတ်ပါ ၎င်း၏ သေစာရင်း ၊ မြေခွန်ပြေစာ၊ မြေယာပိုင်ဆိုင်မှု အထောက်အထားများဖြင့် အမွေဆက်ခံသူများအား အမွေဆက်ခံကြောင်း မြွတ်ဟမှတ်ပုံတင် စာချုပ်ချုပ်ဆိုကာ အရောင်းမြေပုံထုတ်ယူ၍ တရားဝင်ရောင်းချဝယ်ယူခြင်း ပြုနိုင်ပါသည်။ အမည်ပေါက် ကိုယ် တိုင်‌ မြေကွက်အား ရောင်းချခြင်းဖြစ်လျှင်လဲ အရောင်းမြေပုံထုတ်ခိုင်းကာ စရန်ပေးစာချုပ်ချုပ်ဆိုပြီးသည့် အခါတွင်လဲ ကန့်ကွက်ရှိမရှိ သတင်းစာကြေငြာခြင်းတို့ ဆောင်ရွက်ရန်လိုပါသည်။

စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေ ပုဒ်မ - ၁၆ (ခ)အရ တန်ဖိုးငွေ (၁)သိန်းထက် အထက်ရှိသော မြေကွက် များအား လွှဲအပ်ခြင်း၊ ရောင်းချဝယ်ယူမည်ဆိုလျှင် မှတ်ပုံတင်စာချုပ်ချုပ်ဆိုသည့်အခါမှ တရားဝင်ပိုင်ဆိုင်မှု ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့် ရောင်းသူဝယ်သူ မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ချုပ်ဆိုနိုင်ရန်အတွက် (၄)လ အတွင်း ကာလတန်ဖိုးစီစစ်ရေးအဖွဲ့ထံ ရာဖြတ်တင်ကာ အခွန်ထမ်းဆောင်ရပါမည်။ အခွန်ထမ်းဆောင်ပြီး ပါက သတ်မှတ်မှတ်ပုံတင်ကြေး ပေးသွင်းကာ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် အရောင်းအဝယ် မှတ်ပုံတင် စာချုပ် ချုပ်ဆိုမှုပြုပြီး ဝယ်ယူသူ အမည်ပေါက်ပြောင်းလဲရန် မြေယာ စီမံခန့်ခွဲမှုဌာန ဆက်လက်ဆောင်ရွက် ရမည်ဖြစ်ကြောင်း ဖြေဆို ရေးသားပေးလိုက်ပါသည်။

⚖️မေးခွန်း(၂) - GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များကို သိလိုပါတယ်။

ပဋိညာဉ်စာချုပ်စာတမ်းများ ချုပ်ဆိုရန်၊ တရားရုံးတွင် တရားမမှုများအား မိမိကိုယ်စား ခုခံပြောဆိုရန် ရည်ရွယ်၍ ကိုယ်စားလှယ်ခန့်အပ် ထားရှိနိုင်ပါသည်။ တပါးသူကိစ္စရပ်များ ဆောင်ရွက်ရန် တရားဝင်ကိုယ်စား လှယ်လွှဲစာဖြင့် ခန့်အပ်ခြင်း ခံရသူ၏ ဆောင်ရွက်ချက်များနှင့် လက်မှတ်ရေးထိုးမှုများမှာ မူလပိုင်ရှင်ကိုယ်တိုင် ချုပ်ဆိုသကဲ့သို့ အကျိုးသက်ရောက်ပါသည်။ ကိုယ်စားလှယ်လွှဲစာများ ခန့်အပ်ရာတွင် စာဖြင့်ရေးသား ခန့်အပ် နိုင်သလို ကိုယ်စားလှယ်၏ အခွင့်အာဏာအား အတိအလင်းဖြစ်စေ၊ အပြုအမှုဖြင့်ဖြစ်စေ လွှဲအပ်ခြင်း ပြုနိုင်ပါသည်။

ကိုယ်စားလှယ် ခန့်အပ်သူမှဖြစ်စေ၊ လက်ခံသူမှဖြစ်စေ စိတ်ပေါ့သွပ်သူ၊ အရွယ်မရောက်သေးသူ မဖြစ် ရပါ။ကိုယ်စားလှယ်လွှဲအပ် ခန့်အပ်ရာတွင် အထွေထွေကိုယ်စားလှယ် လွှဲစာ GP (General Power) နှင့် အထူးကိုယ်စားလှယ်လွှဲစာ SP(Special Power) ဟူ၍ ခွဲခြားခန့်အပ်နိုင်ရှိပါသည်။ မူခင်း ကိစ္စရပ်များ၊ တရားမ မူများ‌ အမှုလိုက်ပါဆောင်ရွက်ရာတွင်လဲ တရားဝင်လွှဲအပ်သည့် ရှေ့နေကိုယ်စားလှယ် လွှဲစာပေးအပ်နိုင်ပါ သည်။ အထွေထွေကိုယ်စားလှယ်လွှဲစာ GP (General Power) ပေးအပ်ခြင်းဆိုသည်မှာ ပိုင်ဆိုင်မှုများအား လုံးအား အလုံးစုံ မိမိကိုယ်စားဆောင်ရွက်နိုင်ရန် အခြားလူတစ်ဦးအား လုပ်ပိုင်ခွင့်လွှဲပြောင်း ပေးအပ်ထား ခြင်းဖြစ်ပါသည်။

အထူးကိုယ်စားလွှဲစာ SP (Special Power) ဆိုသည်မှာ မိမိ၏ မရွှေ့မပြောင်းနိုင်သော ပစ္စည်းတစ်စုံ တစ်ခုအား သီးခြားဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကိုယ်စားလှယ်ခန့်အပ်ပေးထားခြင်း ဖြစ်ပါသည်။ ယခင်က မရွှေ့မပြောင်းနိုင်သော ပစ္စည်းအား လွှဲပြောင်းရောင်းချခြင်းများတွင် Sp (Special Power) အထူးကိုယ်စား လှယ်ပေးအပ်နိုင်ပြီး ယခုရောင်းခွန်ဝယ်ခွန်၊ တံဆိပ်ခေါင်းခွန် ထမ်းဆောင်ကာ မှတ်ပုံတင်စာချုပ်ချုပ်ဆိုပြီး နောက်ပိုင်းမှ Sp (Special Power) အထူးကိုယ်စားလှယ်ပေးအပ်ခွင့်ရှိမည် ဖြစ်ပါသည်။

GP / SP အား လွှဲအပ်သူကိုယ်တိုင် သက်ဆိုင်ရာ မြေစာရင်းရုံး၊ ရန်ကုန်မြို့တော်အတွင်းဆိုပါက စာချုပ် စာတမ်း မှတ်ပုံတင်ရုံးတွင် လက်မှတ်ရေးထိုး၍ လွှဲအပ်ရမည် ဖြစ်ပါသည်။ GP / SP ကိုယ်စားလှယ်မှာ လွှဲအပ်ထားသူမှ လုပ်ပိုင်ခွင့်ပြုထားသည့်အတိုင်းသာ ဆောင်ရွက်ခွင့်ရှိပါသည်။ ထို့ပြင် အကြီးအကဲ ပေးအပ်သူမှ ကိုယ်စားလှယ်လွှဲစာအား ပြန်လည်ရုတ်သိမ်းသည့်အခါ ၊ ကိုယ်စားလှယ်မှ လုပ်ငန်းအား ဆောင်ရွက်ရန် ငြင်းဆန်သည့်အခါ၊ ကိုယ်စားလှယ်လုပ်ငန်း ပြီးဆုံးသည့်အခါ၊ ကိုယ်စားလှယ်လွှဲအပ်အပ်သူ နှင့် လွှဲအပ်ခြင်းခံရသူ သေဆုံးသွားသည့်အခါ၊ စိတ်ပေါ့သွပ် / ရူးသွပ်သည့်အခါ၊ အချိန်ကာလဖြင့် ကိုယ်စားလှယ်လွှဲစာ ခန့်အပ်ထားသည့် အခါ၊ အကြွေးမဆပ်နိုင်သော အင်ဆော်လဝင်တစ်ဦးဖြစ်သည့်အခါ ကိုယ်စားလှယ်လွှဲစာ ပျက်ပြယ်ကာ ဆုံးခန်းတိုင်ပါသည်။

ကိုယ်စားလှယ်လွှဲစာအား ဖျက်သိမ်းခြင်း ဆောင်ရွက်လိုသည့်အခါတွင်လဲ စာချုပ်စာတမ်းမှတ်ပုံတင် ရုံးတွင် လွှဲအပ်သူနှင့် လွှဲအပ်ခံရသူ (၂)ဦး လက်မှတ်ရေးထိုး ဖျက်သိမ်းခြင်း ပြုနိုင်သလို လွှဲအပ်သူမှတဖက်သတ် ပြန်လည်ရုတ်သိမ်းလိုပါကလဲ သတင်းစာကြေငြာ၍ မှတ်ပုံတင်စာချုပ်စာတမ်းရုံးတွင် ကိုယ်စားလှယ်လွှဲစာ ဖျက် သိမ်းခြင်းပြုနိုင်ပါသည်။ နိုင်ငံခြားရောက်နေသူမှ ကိုယ်စားလှယ်လွှဲစာ လွှဲအပ်လိုလျှင်လဲ မိမိရောက်ရှိရာ နိုင်ငံ ၏သံရုံး (သို့) ကောင်စစ်ဝင်ရုံး၏ သက်ဆိုင်ရာ အရာရှိရှေ့မှောက်တွင် ဆောင်ရွက်နိုင်ကြောင်း ဖြေဆိုရေးသား ပေးလိုက်ပါသည်။

⚖️မေးခွန်း (၃) -စာချုပ်စာတမ်းတစ်စောင် မှတ်ပုံတင်သွင်းလျှင် မည်သည့်အချက်အလက်များ စိစစ်သနည်း။

စာချုပ်စာတမ်းမှတ်ပုံတင်ရန် လျှောက်ထားသူသည် ပုဒ်မ - ၈ အရ ပုံစံ(၁)နှင့်အတူ မှတ်ပုံတင်လိုသည့် စာချုပ်စာတမ်း မူရင်းအား တင်ပြ လျှောက်ထားရမည်။ လျှောက်ထားသူသည် မှတ်ပုံတင်စာချုပ်၏ အကြောင်း အရာနှင့် အထောက်အထားများအား ထင်ရှားစွာ ပြသရမည်ဖြစ်ပါသည်။ မှတ်ပုံတင်စာချုပ်မှာ မြန်မာစာဖြင့် ရေသားရမည်ဖြစ်ပြီး မြန်မာစာဖြင့် ရေးသားခြင်း မဟုတ်ပါက နိုတြီပဗ္ဗလစ်က မှန်ကန်ကြောင်း လက်မှတ် ရေးထိုးက ဘာသာပြန်ဆိုချက်ရှိရမည်။ စာချုပ်စာတမ်မှတ်ပုံတင်ရုံးသို့ သွားရောက်ရန် အခက်အခဲရှိသော ကျန်းမာရေး မကောင်းသူ၊ မသန်စွမ်း သူဖြစ်ပါက မှတ်ပုံတင်အရာရှိမှ ပုဒ်မ-၇ ၊ ပုဒ်မ-၈ နှင့်အညီ နေအိမ်သို့ သွားရောက်ကာ မှတ်ပုံတင်စာချုပ်ချုပ်ဆို ပေးနိုင်ပါသည်။

ပုဒ်မ - ၁၆ အရ (၁) သိန်းနှင့် တန်ဖိုးငွေ အထက်ရှိသော မရွှေ့မပြောင်းနိုင်သော ပစ္စည်းများအား ရောင်း ချခြင်း၊ ပေါင်နှံခြင်း၊ လွှဲအပ်ခြင်း၊ စွန့်လွှတ်ခြင်း၊ ကန့်သတ်ခြင်း၊ ဖျက်သိမ်းခြင်း၊ တစ်နှစ်ပြီးတစ်နှစ် တစ်နှစ်ပို၍ ငှားရမ်းခြင်း၊ တရားရုံးမှ မရွှေ့မပြောင်းနိုင်သော ပစ္စည်းအတွက် ချမှတ်သော အမိန့်၊ဒီကရီ၊ စီရင်ချက်များ၊ အပိုင် ပေးစာချုပ်များ၊ ကိတ္ထိမသားမွေးစားခြင်းစာချုပ်များမှာ မဖြစ်မနေမှတ်ပုံတင်ရမည့် စာချုပ်စာတမ်းအမျိုးအစား ထဲတွင်ပါဝင်ပါသည်။ တန်ဖိုးငွေ (၁)သိန်းအောက် မရွှေ့မပြောင်းနိုင်သောပစ္စည်းများ ၎င်းနှင့်သက်ဆိုင်သည့် ရောင်းချခြင်း၊ ကန့်သတ်ခြင်း၊စွန့်လွှတ်ခြင်း၊ ပေါင်နှံခြင်း၊ တစ်နှစ်ထက်မပိုသော ငှားရမ်းခြင်းစာချုပ်များ၊ သေတမ်းစာများ၊ မိသားစုစီမံစာချုပ်များ၊ အနုညာတခုံလူကြီးများ၏ ဆုံးဖြတ်ချက်များမှာ ပုဒ်မ-၁၇ အရ မှတ်ပုံတင်လိုက တင် လိုသော စာချုပ်စာတမ်းအမျိုးအစားများထဲတွင် ပါဝင်ပါသည်။ အောက်ဖော်ပြပါ စာချုပ်စာတမ်းများအား ပုဒ်မ- ၇၀ အရ မှတ်ပုံတင်ပြီးဖြစ်သည်ဟု မှတ်ယူနိုင်ပါသည်။

- မြေခွန်နှုန်း အရာရှိမှ မှန်ကန်ကြောင်း သက်သေခံလက်မှတ် ရေးထိုးထားသောစာချုပ်စာတမ်းများ၊

- မြေတိုင်းအရာရှိမှ မှန်ကန်ကြောင်း လက်မှတ်ရေးထိုးထားသော စာချုပ်စာတမ်းမြေပုံများ၊ တည်ဆဲဥပဒေအရ အခွန်ရုံးသို့ ပေးပို့ရသော ကျေးရွာစာရင်းနှင့် သက်ဆိုင်သော စာချုပ်စာတမ်းများ၊

- အစိုးရသို့ မြေပေါ်၊ မြေအောက် အကျိုးစီးပွားအလိုငှာ လွှဲပြောင်းပေးအပ်ရသော စာချုပ်စာတမ်းများဖြစ်ပါသည်။

မရွှေ့မပြောင်းနိုင်သော ပစ္စည်းအား လွှဲပြောင်းခြင်းများတွင် (၁)နှစ် အတွင်း ထုတ်ယူထားသော သက်သေခံ မြေပုံ/မြေရာဇဝင်နှင့် မြေငှားဂရန်၊ မှတ်ပုံတင်စာချုပ် အဆက်အစပ်များ၊ အရပ်ကတိစာချုပ်၊ ရောင်းသူ ဝယ်သူ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ သတင်းစာကြေငြာ တင်ပြပေးရပါမည်။ မရွှေ့မပြောင်းနိုင်သော ပစ္စည်း များအား မှတ်ပုံတင် စာချုပ်ချုပ်ဆိုသည်အခါ အမျိုးအစား၊ ပုံသာန်အရွယ်အစား၊ တည်နေရာကို တိကျစွာ ဖော်ပြသော စာချုပ်ဖြစ်ရမည်။

အရပ်ကတိစာချုပ်ချုပ်ဆိုပြီး ရက်ပေါင်း - ၁၂၀ အတွင်း စာချုပ်စာတမ်း မှတ်ပုံတင်ဥပဒေပုဒ်မ -၂၁ အရ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုရန် လိုပါသည်။ သက်ဆိုင်ရာ အခွန်ရုံးမှ ထုတ်ပေးသော စာချုပ်ခေါင်းပေါ်တွင် အရောင်းအဝယ်စာချုပ် ရိုက်နှက်ကာ မှတ်ပုံတင်ရုံးသတ်မှတ်သည့် ဝန်ဆောင်ခအားလဲ ပေးသွင်းပြီး မှတ်ပုံတင်ရုံး၌ မှတ်ပုံတင် အရောင်းအဝယ် စာချုပ် ချုပ်ဆိုရန် လိုပါသည်။ ပုဒ်မ- ၃၂ (ဃ) အရ မှတ်ပုံတင်စာချုပ်ချုပ်ဆိုသူများသည် တံဆိပ်ခေါင်းခွန် ဥပ ဒေနှင့် တည်ဆဲ ဥပဒေပါအခွန်အခများကို ပြည့်စုံစွာ ထမ်းဆောင်နိုင်ရမည်။

မှတ်ပုံတင်ပြီးသော စာချုပ်စာတမ်းနှင့် စပ်လျဉ်း၍ မိတ္တူမှန်ကူးယူခွင့်ရှိပြီး လိုအပ်လျှင် မှတ်ပုံ တင်ဦးစီးဌာနမှ တရားရုံး၊ သက်ဆိုင်ရာဌာနသို့ သက်သေ ခံမိတ္တူမှန် စာရွက်စာတမ်းများ ထုတ်ပေးခြင်း၊ သက်သေခံခြင်းတို့ ဆောင်ရွက်ပေးပါသည်။ စာချုပ်စာတမ်း မှတ်ပုံတင်ပြီး (၂၄)လအတွင်း ပြန်လည်ရွေးယူခြင်း မရှိလျှင် ပုဒ်မ- ၇၉ အရ မှတ်ပုံတင်ရုံးမှ တိုင်းဒေသကြီး/ ပြည်နယ် မှတ်ပုံတင်ရုံးအရာရှိ၏ ခွင့်ပြုချက်ဖြင့် စာချုပ်စာတမ်းများ ဖျက်ဆီးခြင်းလဲ ပြုနိုင်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ဖြေဆိုပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည တိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
MIngalardon Garden City
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service