ကမ္ဘာကျော် ပန့်ရော့ခ်အဖွဲ့ကြီး Sex Pistols အဖွဲ့ အဆိုတော် Johnny Rotten ၏ လန်ဒန်မြို့စံအိမ် ပေါင် ၁ ဒသမ ၅၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

ကမ္ဘာကျော် ပန့်ရော့ခ်အဖွဲ့ကြီး Sex Pistols အဖွဲ့ အဆိုတော် Johnny Rotten ၏ လန်ဒန်မြို့စံအိမ် ပေါင် ၁ ဒသမ ၅၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
26 Oct 2023 10:18 am တွင် တင်ခဲ့သည်
975 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ကမ္ဘာကျော် ပန့်ရော့ခ်အဖွဲ့ကြီး Sex Pistols အဖွဲ့မှ ရှေ့ထွက်အဆိုတော် Johnny Rotten အောင်မြင်မှု အထွတ်အထိပ်သို့ ရောက်ရှိသည့်ကာလများဖြစ်သော ၁၉၇၀ ပြည့်လွန်နှောင်းပိုင်းကာလများတွင် နေထိုင်ခဲ့သည့် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ စံအိမ် ပေါင် ၁ ဒသမ ၅၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ သည်။

Sex Pistols သည် အင်္ဂလန် Punk Rock ဂီတအဖွဲ့ဖြစ်ပြီး ၁၉၇၅ ခုနှစ်တွင် လန်ဒန်မြို့၌ စတင်ဖွဲ့စည်းခဲ့သည်။

Sex Pistols အဖွဲ့ကြီးကို ရှေ့ထွက်အဆိုတော် Johnny Rotten၊ ဂစ်တာသမား Steve Jones ၊ ဘေ့စ်ဂစ်တာ သမား Glen Matlock ၊ ဒရမ်သမား Paul Cook တို့ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်းတွင် ဘေ့စ်ဂစ်တာသမား Sid Vicious က အစားထိုးဝင်ရောက်လာသည်။

Sex Pistols သည် Never Mind the Bollocks, Here’s the Sex Pistols အမည်ရှိ တေးအယ်လ်ဘမ် တစ်ခုတည်းသာ ထုတ်လုပ်ခဲ့ပြီး ဗြိတိန်၏ အရောင်းရဆုံး နံပါတ် ၁ ချိတ်ဆွဲခဲ့သည်။

မြန်မာနိုင်ငံတွင် Sex Pistols အဖွဲ့ကြီး၏ သီချင်းများကို ပြန်လည်သီဆိုမှု နည်းပါးပြီး Sex Pistols ၏ Black Leather ကို ဟယ်ရီလင်းက တဝက်အနမ်းများဟု ပြန်လည်သီဆိုထားခြင်းသာ ရှိသည်။

ပန့်ခ်ဂီတချစ်သူများအနေဖြင့် ပေါင် ၁ ဒသမ ၅၅ သန်း သုံးစွဲနိုင်မည်ဆိုပါက တခါက ပန့်ခ်ကြယ်ပွင့် Johnny Rotten နေထိုင်ခဲ့သော လန်ဒန်မှနေအိမ်ကို ဝယ်ယူပိုင်ဆိုင်ခွင့်ရမည် ဖြစ်သည်။

ယခုအခါ အဆိုပါအိမ်ကို ပြုပြင်မွမ်းမံမှုများစွာ ပြုလုပ်ထားရာ ရော့ခ်ကြယ်ပွင့်တစ်ဦး နေထိုင်ခဲ့သောအိမ်ဟု မထင်ရ။

အိပ်ခန်း ၃ ခန်းပါ အဆိုပါအိမ်မှာ ၁၉၇၀ ပြည့်လွန်နှောင်းပိုင်းကာလများက လန်ဒန်၏ အကောင်းဆုံးနေအိမ်များ တွင် ပါဝင်ခဲ့ဖူးသည်။

Johnny Rotten သည် Sex Pistols အဖွဲ့ ဖျက်သိမ်းပြီးနောက်ပိုင်း ၁၉၇၈ ခုနှစ်တွင် ချယ်လ်ဆီးအရပ်ရှိ နေအိမ် သို့ ပြောင်းရွှေ့ခဲ့သည်။

Johnny Rotten သည် Anarchy in the UK နှင့် God Save the Queen တို့ကဲ့သို့ အလွန်အောင်မြင်သော သီချင်းများဖြင့် ပန့်ခ်ရေစီး၏ ပြယုဂ်တစ်ခု ဖြစ်ခဲ့သည်။

Johnny Rotten သည် နောက်ပိုင်းတွင် Public Image Ltd အမည်ရှိ ဂီတအဖွဲ့သစ်ကို ဖွဲ့စည်းခဲ့ပြီး ချယ်လ်ဆီး အရပ်တွင် ၃ နှစ်ခန့် အခြေစိုက်ခဲ့သည်။

 

(Johnny Rotten နေထိုင်ခဲ့သော အိပ်ခန်း ၃ ခန်းပါ စံအိမ်)

 

(Johnny Rotten သည် ၁၉၇၈ ခုနှစ်တွင် ချယ်လ်ဆီးအရပ်သို့ ပြောင်းရွှေ့ခဲ့သည်။)

 

(စတုရန်းပေ ၄၀၀ ရှိသော အမိုးအပေါ်ထပ်မှတဆင့် လန်ဒန်မြို့၏ ကောင်းကင်မြင်ကွင်းကို အပြောကျယ်စွာ ရှုမြင်နိုင်သည်။)

 

 

(Johnny Rotten နေထိုင်ခဲ့စဉ်ကာလက နံရံတွင် သူ၏ ပန်းချီကားအချို့ ချိတ်ဆွဲခြင်းမျိုးကဲ့သို့ မွမ်းမံအလှဆင် မှု အနည်းငယ်သာ ပြုလုပ်ခဲ့သည်။)

 

 

ယခုအခါ အဆိုပါအိမ်ကို ခေတ်မီမွမ်းမံမှုများ ပြုလုပ်ထားပြီး ဖန်မီးဆိုင်း ပါဝင်သော ဧည့်ခန်းနှင့် သားနားသော ရေချိုးခန်းများ တွေ့ရမည် ဖြစ်သည်။

တစ်ချိန်က ရော့ခ်ကြယ်ပွင့်တစ်ဦး နေထိုင်ခဲ့ကြောင်း သဲလွန်စဟူ၍ အဆောက်အအုံရှေ့တွင် တပ်ဆင်ထား သော အပြာရောင် ဆိုင်းဘုတ်ငယ်တစ်ခုသာ ကျန်တော့သည်။

၃ ထပ် အဆောက်အအုံဖြစ်ပြီး အကျယ်အဝန်း ၁၃၆၉ စတုရန်းပေ ရှိသည်။

ပထမထပ်တွင် မီးဖိုဆောင် ၊ ညစာစားခန်းနှင့် ဧည့်ခန်းတို့ ရှိပြီး ဒုတိယထပ်တွင် ပင်မအိပ်ခန်း ၊ ဒုတိယမြောက် အိပ်ခန်းနှင့် မိသားစု ရေချိုးခန်းတို့ ရှိသည်။

တတိယထပ်တွင်မူ တတိယမြောက် အိပ်ခန်းနှင့် အမိုးပေါ်နားနေဆောင်တို့ ရှိသည်။

(အမိုးပေါ် လသာဆောင်နေရာ။)

 

(အိပ်ခန်း ၃ ခန်းအနက်မှ ၁ ခန်း။)

 

(ဖန်မီးဆိုင်းတစ်ခုဖြင့် ခေတ်မီမွမ်းမံထားသော ဧည့်ခန်း။)

 

(သားနားသော ရေချိုးခန်း။)

 

(ဝယ်လက်အနေဖြင့် ပရိဘောဂအပြည့်အစုံဖြင့် ဝယ်ယူနိုင်မည် ဖြစ်သည်။)

 

(စံအိမ်တွင်း တစ်နေရာ။)

 

(တစ်ချိန်က ရော့ခ်ကြယ်ပွင့်တစ်ဦး နေထိုင်ခဲ့ကြောင်း သဲလွန်စဟူ၍ အဆောက်အအုံရှေ့တွင် တပ်ဆင်ထား သော အပြာရောင် ဆိုင်းဘုတ်ငယ်တစ်ခုသာ ကျန်တော့သည်။)

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Sex Pistols lead singer Johnny Rotten's London home where he lived at the height of his fame in late 70s goes on the market for £1.55m (dailymail)

 

 

 

 

 

[Zawgyi]

ကမၻာေက်ာ္ ပန္႔ေရာ့ခ္အဖြဲ႔ၾကီး Sex Pistols အဖြဲ႔ အဆိုေတာ္ Johnny Rotten ၏ လန္ဒန္ျမိဳ႕စံအိမ္ ေပါင္ ၁ ဒသမ ၅၅ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာ

 

ကမၻာေက်ာ္ ပန္႔ေရာ့ခ္အဖြဲ႔ၾကီး Sex Pistols အဖြဲ႔မွ ေရွ႕ထြက္အဆိုေတာ္ Johnny Rotten ေအာင္ျမင္မႈ အထြတ္အထိပ္သို႔ ေရာက္ရွိသည့္ကာလမ်ားျဖစ္ေသာ ၁၉၇၀ ျပည့္လြန္ေႏွာင္းပိုင္းကာလမ်ားတြင္ ေနထိုင္ခဲ့သည့္ အဂၤလန္ႏိုင္ငံ၊ လန္ဒန္ျမိဳ႕ရွိ စံအိမ္ ေပါင္ ၁ ဒသမ ၅၅ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာ သည္။

Sex Pistols သည္ အဂၤလန္ Punk Rock ဂီတအဖြဲ႔ျဖစ္ျပီး ၁၉၇၅ ခုႏွစ္တြင္ လန္ဒန္ျမိဳ႕၌ စတင္ဖြဲ႔စည္းခဲ့သည္။

Sex Pistols အဖြဲ႔ၾကီးကို ေရွ႕ထြက္အဆိုေတာ္ Johnny Rotten၊ ဂစ္တာသမား Steve Jones ၊ ေဘ့စ္ဂစ္တာ သမား Glen Matlock ၊ ဒရမ္သမား Paul Cook တို႔ျဖင့္ စတင္ဖြဲ႔စည္းခဲ့ျပီး ေနာက္ပိုင္းတြင္ ေဘ့စ္ဂစ္တာသမား Sid Vicious က အစားထိုးဝင္ေရာက္လာသည္။

Sex Pistols သည္ Never Mind the Bollocks, Here’s the Sex Pistols အမည္ရွိ ေတးအယ္လ္ဘမ္ တစ္ခုတည္းသာ ထုတ္လုပ္ခဲ့ျပီး ျဗိတိန္၏ အေရာင္းရဆံုး နံပါတ္ ၁ ခ်ိတ္ဆြဲခဲ့သည္။

ျမန္မာႏိုင္ငံတြင္ Sex Pistols အဖြဲ႔ၾကီး၏ သီခ်င္းမ်ားကို ျပန္လည္သီဆိုမႈ နည္းပါးျပီး Sex Pistols ၏ Black Leather ကို ဟယ္ရီလင္းက တဝက္အနမ္းမ်ားဟု ျပန္လည္သီဆိုထားျခင္းသာ ရွိသည္။

ပန္႔ခ္ဂီတခ်စ္သူမ်ားအေနျဖင့္ ေပါင္ ၁ ဒသမ ၅၅ သန္း သံုးစြဲႏိုင္မည္ဆိုပါက တခါက ပန္႔ခ္ၾကယ္ပြင့္ Johnny Rotten ေနထိုင္ခဲ့ေသာ လန္ဒန္မွေနအိမ္ကို ဝယ္ယူပိုင္ဆိုင္ခြင့္ရမည္ ျဖစ္သည္။

ယခုအခါ အဆိုပါအိမ္ကို ျပဳျပင္မြမ္းမံမႈမ်ားစြာ ျပဳလုပ္ထားရာ ေရာ့ခ္ၾကယ္ပြင့္တစ္ဦး ေနထိုင္ခဲ့ေသာအိမ္ဟု မထင္ရ။

အိပ္ခန္း ၃ ခန္းပါ အဆိုပါအိမ္မွာ ၁၉၇၀ ျပည့္လြန္ေႏွာင္းပိုင္းကာလမ်ားက လန္ဒန္၏ အေကာင္းဆံုးေနအိမ္မ်ား တြင္ ပါဝင္ခဲ့ဖူးသည္။

Johnny Rotten သည္ Sex Pistols အဖြဲ႔ ဖ်က္သိမ္းျပီးေနာက္ပိုင္း ၁၉၇၈ ခုႏွစ္တြင္ ခ်ယ္လ္ဆီးအရပ္ရွိ ေနအိမ္ သို႔ ေျပာင္းေရႊ႕ခဲ့သည္။

Johnny Rotten သည္ Anarchy in the UK ႏွင့္ God Save the Queen တို႔ကဲ့သို႔ အလြန္ေအာင္ျမင္ေသာ သီခ်င္းမ်ားျဖင့္ ပန္႔ခ္ေရစီး၏ ျပယုဂ္တစ္ခု ျဖစ္ခဲ့သည္။

Johnny Rotten သည္ ေနာက္ပိုင္းတြင္ Public Image Ltd အမည္ရွိ ဂီတအဖြဲ႔သစ္ကို ဖြဲ႔စည္းခဲ့ျပီး ခ်ယ္လ္ဆီး အရပ္တြင္ ၃ ႏွစ္ခန္႔ အေျခစိုက္ခဲ့သည္။

(Johnny Rotten ေနထိုင္ခဲ့ေသာ အိပ္ခန္း ၃ ခန္းပါ စံအိမ္)

(Johnny Rotten သည္ ၁၉၇၈ ခုႏွစ္တြင္ ခ်ယ္လ္ဆီးအရပ္သို႔ ေျပာင္းေရႊ႕ခဲ့သည္။)

(စတုရန္းေပ ၄၀၀ ရွိေသာ အမိုးအေပၚထပ္မွတဆင့္ လန္ဒန္ျမိဳ႕၏ ေကာင္းကင္ျမင္ကြင္းကို အေျပာက်ယ္စြာ ရႈျမင္ႏိုင္သည္။)

(Johnny Rotten ေနထုိင္ခဲ့စဥ္ကာလက နံရံတြင္ သူ၏ ပန္းခ်ီကားအခ်ဳိ႕ ခ်ိတ္ဆြဲျခင္းမ်ဳိးကဲ့သို႔ မြမ္းမံအလွဆင္ မႈ အနည္းငယ္သာ ျပဳလုပ္ခဲ့သည္။)

ယခုအခါ အဆုိပါအိမ္ကို ေခတ္မီမြမ္းမံမႈမ်ား ျပဳလုပ္ထားျပီး ဖန္မီးဆိုင္း ပါဝင္ေသာ ဧည့္ခန္းႏွင့္ သားနားေသာ ေရခ်ဳိးခန္းမ်ား ေတြ႔ရမည္ ျဖစ္သည္။

တစ္ခ်ိန္က ေရာ့ခ္ၾကယ္ပြင့္တစ္ဦး ေနထိုင္ခဲ့ေၾကာင္း သဲလြန္စဟူ၍ အေဆာက္အအံုေရွ႕တြင္ တပ္ဆင္ထား ေသာ အျပာေရာင္ ဆိုင္းဘုတ္ငယ္တစ္ခုသာ က်န္ေတာ့သည္။

၃ ထပ္ အေဆာက္အအံုျဖစ္ျပီး အက်ယ္အဝန္း ၁၃၆၉ စတုရန္းေပ ရွိသည္။

ပထမထပ္တြင္ မီးဖိုေဆာင္ ၊ ညစာစားခန္းႏွင့္ ဧည့္ခန္းတုိ႔ ရွိျပီး ဒုတိယထပ္တြင္ ပင္မအိပ္ခန္း ၊ ဒုတိယေျမာက္ အိပ္ခန္းႏွင့္ မိသားစု ေရခ်ဳိးခန္းတို႔ ရွိသည္။

တတိယထပ္တြင္မူ တတိယေျမာက္ အိပ္ခန္းႏွင့္ အမိုးေပၚနားေနေဆာင္တို႔ ရွိသည္။

(အမိုးေပၚ လသာေဆာင္ေနရာ။)

(အိပ္ခန္း ၃ ခန္းအနက္မွ ၁ ခန္း။)

(ဖန္မီးဆိုင္းတစ္ခုျဖင့္ ေခတ္မီမြမ္းမံထားေသာ ဧည့္ခန္း။)

(သားနားေသာ ေရခ်ဳိးခန္း။)

(ဝယ္လက္အေနျဖင့္ ပရိေဘာဂအျပည့္အစံုျဖင့္ ဝယ္ယူႏိုင္မည္ ျဖစ္သည္။)

(စံအိမ္တြင္း တစ္ေနရာ။)

(တစ္ခ်ိန္က ေရာ့ခ္ၾကယ္ပြင့္တစ္ဦး ေနထိုင္ခဲ့ေၾကာင္း သဲလြန္စဟူ၍ အေဆာက္အအံုေရွ႕တြင္ တပ္ဆင္ထား ေသာ အျပာေရာင္ ဆိုင္းဘုတ္ငယ္တစ္ခုသာ က်န္ေတာ့သည္။)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Sex Pistols lead singer Johnny Rotten's London home where he lived at the height of his fame in late 70s goes on the market for £1.55m (dailymail)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service