မိုးတွင်းကာလမှာ မှိုနံ့ကင်းတဲ့အဝတ်အစားတွေဖြစ်အောင် ဘာတွေလုပ်ရမလဲ…….

မိုးတွင်းကာလမှာ မှိုနံ့ကင်းတဲ့အဝတ်အစားတွေဖြစ်အောင် ဘာတွေလုပ်ရမလဲ……. - Property Knowledge in Myanmar from iMyanmarHouse.com
28 Aug 2020 3:41 pm တွင် တင်ခဲ့သည်
2251 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

မကြာခင်မှာ မိုးရာသီရောက်လာတော့မယ်ဆိုတော့ မိုးရာသီမှာ အဝတ်အစားတွေ မှိုနံ့စွဲတာဟာ စိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခုပါ။ လူကြားထဲ သွားတဲ့အခါ၊ အဲကွန်းခန်းထဲမှာ အလုပ်လုပ်တဲ့အခါ ကိုယ့်အဝတ်အစားက မှိုနံ့ရနေတာဟာ ရှက်စရာကောင်းသလို ဘေးမှာရှိနေတဲ့လူအတွက်လည်း မကောင်းပါဘူး။ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပြီး အရေပြားရောဂါဖြစ်စေတဲ့အထိကို ဆိုးကျိုးသက်ရောက်စေနိုင်ပါတယ်။ ဒါကြောင့် မိုးရာသီမှာ မိမိတို့အဝတ်အစားတွေ မှိုနံ့ကင်းပြီး မွှေးမွှေးလေးဖြစ်နေအောင် ဘယ်လိုထားမလဲဖော်ပြပေးမယ်နော်။

မိုးရေထိထားတဲ့ အဝတ်အစားတွေကို ချက်ချင်းလျှော်ပါ။ မလျှော်ခင် ၁၅ မိနစ်ခန့် ဆပ်ပြာမှုန့်ဖြင့် စိမ်ပါ။ ပြီးရင်တော့ သေချာစွာ Brush နဲ့ တိုက်လျှော်ပါ။ မိုးရေထိထားတဲ့ အဝတ်အစားတွေကို ချက်ချင်းမလျှော်ဘဲ ထားလိုက်မယ်ဆိုရင် မှိုစွဲပြီး လျှော်တဲ့အခါမှာလည်း မှိုနံ့က တော်ရုံနဲ့ မပျောက်စေနိုင်ပါဘူး။

လျှော်ပြီးတဲ့အဝတ်အစားတွေကို အမွှေးဆီဖြင့် မိနစ်ပိုင်းလောက်စိမ်ထားပါ။ သာမာန်အချိန်မှာ အမွှေးဆီမသုံးတာက မသိသာပေမယ့် မိုးရာသီမှာ အမွှေးဆီသုံးပေးခြင်းက အဝတ်အစားတွေအတွက် မကောင်းတဲ့အနံ့အသက်တွေကို သက်သာစေနိုင်ပြီး မွှေးပျံ့ပျံ့လေးဖြစ်နေစေမှာပါ။ အမွှေးဆီအနံ့ကိုရွေးချယ်တဲ့အခါမှာလည်း အနံ့ပြင်းပြင်းတွေမဟုတ်ဘဲ ပျော့ပျောင်းတဲ့ အနံ့သင်းသင်းလေးတွေ ဖြစ်ဖို့အရေးကြီးပါတယ်နော်။

လျှော်ပြီးအဝတ်တွေကို လှမ်းတဲ့အခါမှာလည်း နေပူပူမှာ အချိန်ပေးပြီးလှမ်းပါ။ မိုးရာသီဖြစ်တာကြောင့် နေပူတဲ့အချိန်ကို စောင့်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ ဒါမှမဟုတ် အခြောက်ခံစက်ကို အသုံးပြုနိုင်ပါတယ်။

အဝတ်အစားတွေ ခြောက်သွေ့နေတဲ့အချိန်မှသာ မီးပူတိုက်တာက အကောင်းဆုံးပါ။ မခြောက်တခြောက်အဝတ်အစားတွေကို မီးပူတိုက်ပြီး ခြောက်စေတာက အနံ့အသက်မကောင်းသလို ရေရှည်အတွက်လည်း မှိုစွဲစေတာကြောင့် မလုပ်သင့်ပါဘူး။ နေပူပူမှာ ခြောက်သွေ့အောင် ဒါမှမဟုတ် အခြောက်ခံစက်ထဲမှာ ခြောက်သွေ့အောင်ထားပြီးမှသာ မီးပူတိုက်သင့်ပါတယ်။

မီးပူတိုက်ပြီး အဝတ်အစားတွေကို သိမ်းဆည်းတဲ့အခါမှာလည်း ကလေးအနှီးမှအပ ကျန်အဝတ်အစားများကို ပရုတ်လုံးထည့်ပြီး သိမ်းပါ။

 

မိုးတွင်းကာလမှာတော့ အဝတ်ဗီရိုထဲမှာ ပရုပ်လုံးမပြတ်ပါစေနဲ့။ အခြား အဝတ်အစားဗီရိုထဲ ထည့်တဲ့ အမွှေးခဲတွေထက် ပရုတ်လုံးက မှိုနံ့ကို ပိုမိုစုပ်ယူနိုင်တာကြောင့်ပါ။ ပရုတ်လုံးနံ့ကလည်း မပြင်းတဲ့အတွက် သင့်ကို စိတ်အနှောင့်အယှက်မဖြစ်စေပါဘူး။ ဒါကြောင့် ပရုတ်လုံးနံ့မကြိုက်ဘူးဆိုရင်တောင် မိုးရာသီအချိန်လေးတော့ အဝတ်အစားလေးတွေအတွက် ထည့်ထားပေးပါနော်။

ပရိသတ်ကြီးရေ ဖော်ပြပေးခဲ့တဲ့နည်းလမ်းလေးတွေအတိုင်း မိုးရာသီမှာ အဝတ်အစားလေးတွေကို ဂရုစိုက်ပေးမယ်ဆိုရင်တော့ မှိုနံ့ကင်းပြီး မွှေးပျံ့တဲ့ အဝတ်အစားသန့်သန့်လေးတွေကြောင့် သင့်ကို ဂုဏ်တက်စေမှာ အသေအချာပါပဲနော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: Lin Lin

 

[Zawgyi]

မိုးတွင်းကာလမှာ မှိုနံ့ကင်းတဲ့အဝတ်အစားတွေဖြစ်အောင် ဘာတွေလုပ်ရမလဲ…….










Credit: Lin Lin

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service