ပါမစ်မြေအား မြေငှားစာချုပ်(ဂရန်)လျှောက်ထားခြင်

ပါမစ်မြေအား မြေငှားစာချုပ်(ဂရန်)လျှောက်ထားခြင် - Property Knowledge in Myanmar from iMyanmarHouse.com
23 Aug 2020 11:07 am တွင် တင်ခဲ့သည်
1519 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

အချို့သောမြေကွက် ဝယ်ယူသူများသည် ပါမစ်မြေကို ဝယ်ယူပြီး မြေငှားစာချုပ်(ဂရန်)အဖြစ် လျှောက်ထားလေ့ ရှိပါသည်။ထိုသို့လျှောက်ထားရာတွင် လျှောက်ထားနိုင်ခွင့်ရှိသူများနှင့် လျှောက်ထားရန်လိုအပ်မည့် အချက်အလက် များကို ပြည့်စုံစွာသိရှိစေရန် ဖော်ပြပေးခြင်းဖြစ်ပါသည်။

ပါမစ်မြေအား မြေချပါမစ်ချထားခြင်းခံရသူ အမည်ပေါက်( သို့) ၎င်းထံမှ စာချုပ်အဆက်စပ်ဖြင့် လွှဲပြောင်း လက်ခံသူ (သို့) ပိုင်ဆိုင်မှုနှင့်စပ်လျဉ်းသည့် တရားရုံးဒီကရီရရှိသူတို့မှ မြေငှားစာချုပ် လျှောက်ထားနိုင်ပြီး မြေငှားစာချုပ်လျှောက်ထားခြင်းအား အောက်ပါအတိုင်း အဆင့်ဆင့်စိစစ်စေရမည်။

(က) ငှာနမှ သတ်မှတ်ထားသော လျှောက်လွှာပုံစံတွင် ပြည့်စုံစွာ ဖြည့်စွက်ထားခြင်း ရှိ/မရှိ။

(ခ) ပါမစ်လက်မှတ် မိတ္တူကို မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိ/မရှိ။

(ဂ) နိုင်ငံသား စိစစ်ရေးကတ်ပြား (သို့) အမျိုးသားမှတ်ပုံတင် ကတ်ပြားမိတ္တူကို မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိ/မရှိ။

(ဃ) အမည်ပေါက်သူမဟုတ်ပါက ဥပဒေနှင့်အညီအမွေဆက်ခံခွင့် ရှိကြောင်း ကျမ်းကျိန်လွှာ မူရင်း။ ထောက်ခံကျမ်းကျိန်လွှာ (၂)စောင်၊ သေစာရင်း၊ အိမ်ထောင်စုစာရင်း၊ တင်ပြခြင်းရှိမရှိ။

(င) ပိုင်ဆိုင်မှုလွှဲပြောင်းထားသည့် ကတိစာချုပ်များ၏ မိတ္တူကို မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိ/မရှိ။

(စ) ပိုင်ဆိုင်မှုနှင့် ပက်သက်၍ ချမှတ်သော တရားရုံးအမိန့် ဒီကရီမိတ္တူကို မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိ/မရှိ။

(ဆ) မြေငှားခကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက်၊ သို့မဟုတ် မြေငှားခနောက်ဆုံးပေးဆောင် ပြီးကြောင်း ပြေစာမိတ္တူတို့ကို မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းရှိ/မရှိ။

(ဇ) အထက်ပါအချက်များ ပြည့်စုံပါက အခွန်ခွဲဝေ စည်းကြပ်မှု မှတ်ပုံစာရင်းတွင် မူလချပေးသူအမည်နှင့် တိုက်ဆိုင်စစ်ဆေးခြင်းနှင့် မြို့မြေစာရင်းတွင် နှစ်(၆၀)မြေငှားဂရန် စာချုပ်ခွင့်ပြု ချပေးထားခြင်းရှိ/မရှိ။

(ဈ) ၁၉၈၇ခုနှစ်၊ မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေနှင့် ငြိစွန်းမှုရှိ/မရှိ။

(ည) ကန့်ကွက်ရန်ကြော်ငြာစာကို မြေပေါ်တွင်(၁)စောင်၊ လျှောက်ထားသူကာယကံရှင်သို့(၁)စောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့(၁)စောင်စီကို လျှောက်ထားသူမှ ပေးပို့နိုင်ရေး ထုတ်ပေးရန်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတို့မှ လက်ခံရရှိကြောင်း အထောက်အထား(၁)စောင်အား လျှောက်ထားသူက ပြန်လည်တင်ပြခြင်းကို စိစစ်ခြင်း။

(ဋ) မြေပေါ်ကွင်းဆင်းတိုင်းတာ စစ်ဆေးခြင်းနှင့် အစီရင်ခံတင်ပြခြင်း။

(ဌ) အထက်ပါ အချက်များ ပြည့်စုံမှန်ကန်မှုရှိက မြန်မာ့အလင်း (သို့မဟုတ်) ကြေးမုံသတင်းစာနှင့် မြို့တော်သတင်းစာတို့တွင် ကန့်ကွက်ရန်ရှိမရှိ ကြော်ငြာခြင်း။

(ဍ) သတင်းစာတို့တွင် ကြော်ငြာပြီး သတ်မှတ်ရက်အတွင်း ကန့်ကွက်ချက်မရှိပါက အဆင့်ဆင့်စိစစ်ပြီး ဌာနမှူး၏ ခွင့်ပြုချက်ရယူခြင်းနှင့် ကော်မတီဝင်များအစည်းအဝေးသို့ တင်ပြခွင့်ပြုချက် ရယူခြင်း။

(ဎ)ကော်မတီဝင်များ၊ အစည်းအဝေးခွင့်ပြုချက်ရရှိပါက သတ်မှတ်ထားသော မြို့နယ်အလိုက် ဝန်ဆောင်ခနှုန်းထား ပေးသွင်းစေခြင်းနှင့် ဝန်ဆောင်ခပေးသွင်းပြီးပါက မြေငှားစာချုပ်(ဂရန်)စာအုပ် တောင်းခံခြင်း။

(ဏ) သက်ဆိုင်ရာမြေတိုင်းမှ မြေငှားစာချုပ်များပေါ်တွင် အငှားချထားမည့် မြေ၏အတိုင်းအတာ ပါသော မြေပုံကို ရေးဆွဲခြင်း။

(တ) မြေငှားချထားသူ၊ မြေငှားစာချုပ်ချခြင်းခံရသူနှင့် သက်သေတို့ကို မြေငှားစာချုပ်များပေါ်တွင် လက်မှတ်ရေးထိုးစေခြင်း။

(ထ) မြေငှားစာချုပ်များကို အဆင့်ဆင့်ပြန်လည်တင်ပြ၍ ငှာနမှူးမှ အတည်ပြုလက်မှတ်ရေးထိုးပြီးနောက် ကာယကံရှင်အား မူရင်းကိုထုတ်ပေးခြင်း၊ မြန်မာနိုင်ငံတံဆိပ်ခေါင်းခွန် ဥပဒေအရ သတ်မှတ်ထားသော နှုန်းထားအတိုင်း အထူးကပ် တံဆိပ်ခေါင်းကပ်စေခြင်း၊ ကျန်မူရင်းခွဲ (ရုံးလက်ခံ)အား သက်ဆိုင်ရာအမှုတွဲတွင် ပူးတွဲထားရှိခြင်း။

(ဒ) မြေငှားစာချုပ်ထုတ်ပေးပြီးသည့် အမှုတွဲကို ယင်းသို့ထုတ်ပေးပြီးဖြစ်ကြောင်း၊ အခွန်ခွဲဝေစည်းကြပ်မှုမှတ်ပုံစာရင်းတွင် မှတ်သားခြင်း၊ မြို့မြေစာရင်းတွင် မှတ်သားထားခြင်း၊ ကွန်ပျုတာမှတ်တမ်းတွင် မှတ်သားခြင်းနှင့် မြေငှားခစည်းကြပ် ကောက်ခံနိုင်ရန်အတွက် ဆောင်ရွက်ပြီးပါက သက်ဆိုင်ရာအမှုတွဲထိန်းသို့ စနစ်တကျထိန်းသိမ်းထားရှိရန် အမှုတွဲအားပေးပို့ခြင်း၊

(ဓ) မြေအတိုင်းအတာ ပြောင်းလဲမှုများရှိပါက မြို့ကွက်မြေပုံတွင် မြေပြင်အရှိအတိုင်း မှတ်သားပြင်ဆင်ရန်။

အထက်ပါအချက်အလက်များဆောင်ရွက်မှုပြီးမှ ပါမစ်မြေမှ မြေငှားစာချုပ်(ဂရန်)မြေအဖြစ် ပြောင်းလဲရရှိပါမည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ပါမစ်မြေအား မြေငှားစာချုပ်(ဂရန်)လျှောက်ထားခြင်း




























နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Maha Mini Condo
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service