အိမ်တစ်အိမ်မှာစီးပွားတက်ချင်ရင် လင်နဲ့မယား ရန်မဖြစ်ကြဖို့လို

အိမ်တစ်အိမ်မှာစီးပွားတက်ချင်ရင် လင်နဲ့မယား ရန်မဖြစ်ကြဖို့လို - Property Knowledge in Myanmar from iMyanmarHouse.com
20 Aug 2020 3:31 pm တွင် တင်ခဲ့သည်
1750 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

စီးပွားတက်ချင်ရင် လင်နဲ့မယား ရန်မဖြစ်ကြဖို့ လိုတယ် ။ ဘာဖြစ်လို့ ရန်ဖြစ်ရင် စီးပွားမတက်တာလဲ ။ ရန်ဖြစ်ပြီဆိုတာနဲ့ ဝစီဒုစရိုက် မနာ ဒုစရိုက်မှုတွေ ကျူးလွန်မိတော့တာကိုး။ လင်နဲ့မယား ရန်မဖြစ်တဲ့ အချိန်က နက္ခတ်ကောင်းတဲ့ အချိန်ပါပဲ။ နက္ခတ်ကောင်းရင် စီးပွားတက်မှာပဲ ။ နက္ခတ်ကောင်းဖို့ ယတြာချေနေဖို့ မလိုဘူး ။ လင်နဲ့မယား ရန်မဖြစ်ဖို့ပဲ လိုတယ်။ လူဆိုတာ ကိုယ့်ကိုယ်ကိုယ် အကောင်းချည်းပဲ ထင်နေတတ်ကြတယ် ။ ပုထုဇဉ်တွေပဲဆိုတော့ အကောင်းချည်းပဲ ဆိုတာတော့ ဖြစ်မလာဘူး ။

လင်မယားဆိုတာ ကောင်းတိုင်ပင် ဆိုးတိုင်ပင် ရှိရမယ် ။ တစ်ယောက်ကို တစ်ယောက် အပြစ်မမြင် အပြစ် မတင်ရဘူး ။ တစ်ယောက်ကိုတစ်ယောက် မေတ္တာရှေ့ ထားပြီးတော့ အပြုသဘော ဆောင်ပြီး သတိပေးကြရမယ် ။ လင်နှင့်မယား ရန်ဖြစ်ငြား စီးပွားပျက်မည်သာ ။ ဒါကတော့ မိုးသု (မန္တလေး) က စီးပွားတက်ဖို့အတွက် ရန်မဖြစ်မိကြဖို့ အိမ်ထောင်သည်တွေကို သတိ ပေးထားတာလေးပေါ့ ။ အိမ်ထောင်တစ်ခု စီးပွားတက်ဖို့ဆိုရင် မှန်ပါတယ် မိုးသု ရှင်းပြထားသလို လင်မယားတွေ ရန်သတ်နေလို့ မဖြစ်ပါဘူး ။ ဒါဟာလည်း စီးပွားဖြစ်ခြင်း ၊ မဖြစ်ခြင်းထက် နံပါတ်(၁)အချက်ကတော့ အမြဲရန်သတ်နေတဲ့ အိမ်ကသာယာတဲ့ စိတ်ချမ်းသာမှု မရတာတော့အမှန်ပဲ ။

ပွင့်ပွင့်လင်းလင်း ပြောရရင် ကျက်သရေမရှိတဲ့ အိမ်ပေါ့ ။ ကျွန်တော် ဝန်ထမ်းအိမ်ထောင်သည် စုံတွဲကလေးတွေ တစ်ရက်ခြား ရန်ဖြစ်ကြတယ် ။ ရန်ဖြစ်တိုင်း ခေါ်ဆုံးမရတာက အလုပ်တစ်လုပ် ။ တချို့ကြတော့ ရန်ဖြစ်ပြီဆို အလုပ်ပျက် ၊အလုပ်ခဏ ၊ ခဏပျက်ရင် ကြာတော့ အလုပ်ထုတ်ရတော့တာပေါ့ (ဒါလည်း စီးပွားပျက်ခြင်းတမျိုးပဲ) ။ တချို့ ချစ်ချစ်ခင်ခင်နေတဲ့ အိမ်ထောင်သည် စုံတွဲတွေကြပြန်တော့ ၊ လင်အလုပ် မယားကကူ ၊ မယားအလုပ် လင်ကကူနဲ့ သူတို့လေးတွေကြပြန်တော့ ရွှေတွဲလွဲ ငွေတွဲလွဲနဲ့ပေါ့ ။ ဒါက ဝန်ထမ်း အိမ်ထောင်သည်တွေနဲ့ ဥပမာ- နှိုင်းပြတာ ။ ကျွန်တော် တို့လင်မယား နှစ်ယောက်အပေါ် ဝန်ထမ်းကလေးတွေ ပဟေဠိ ဖြစ်နေတဲ့ အချက်တစ်ခုရှိတယ် ၊ အဲဒါက ကျွန်တော်တို့နှစ်ယောက် ရန်ဖြစ်တာ မတွေ့ကြလို့တဲ့ဗျ ။

အိမ်ထောင်သည် ဝန်ထမ်းတွေကော ၊ အိမ်ထောင် မသည်သေးတဲ့ ဝန်ထမ်းလေးတွေကောပေါ့ သူတို့ ကျင်လည်လာတဲ့ ပတ်ဝန်းကျင် ၊ သူတို့မိဘတွေ ရန် ခဏခဏ ဖြစ်ကြတယ်တဲ့ ၊ တည့်တဲ့ အချိန်ကနည်းတယ် ၊ ကိုကိုကြီးနဲ့ မမ ကြတော့ ရန်ဖြစ်တာ တစ်ခါမှ မတွေ့ဘူးဆိုပြီး လာမေးကြတဲ့အထိပေါ့ ။ သူတို့ရှေ့မှာ ရန်ဖြစ်တာမတွေ့လို့ လာမေးကြတာ ။ ရှေ့မှာရန်မဖြစ်သလို ကွယ်ရာမှာလဲ ရန်မဖြစ်ဘူး ။ ဘာကြောင့် ရန်မဖြစ်ကြတာလဲ ? တစ်ယောက်ကိုတစ်ယောက် ချစ်လို့ ယူထားကြတာလေ ။ ရန်ဖြစ်ဖို့ ယူတာမှ မဟုတ်တာ ။ ရည်းစားဘဝမှာ ဘယ်လောက်ပဲ အလိုလိုက်လိုက် ၊ ဘယ်လောက်ပဲ ချစ်ချစ် ၊ တချို့တချို့တွေ အိမ်ထောင်ကြပြီးနောက်ပိုင်း လက်ပါလာကြတယ် ။ အလွန်အမင်း ရိုက်နက်ကြတဲ့သူတွေလည်း ရှိတယ် ။

သူတို့တွေကို တွေ့တော့ ရည်စားဘဝတုန်းက ဘယ်လိုများ ချစ်စကား ပြောလာကြလည်းဆိုတာ အရမ်း သိချင်မိတယ် ။ မိန်းခလေးဘက်ကလည်း ဘယ်လောက်ထိ အိုက်တင်ခံပြီးမှ အဖြေပေးသလဲဆိုတာ သိချင်မိတယ် ။ ကျွန်တော်တုန်းက ခက်ခက်ခဲခဲ ချစ်ခွင့်ပန်ခဲ့ရတယ် ၊ အခက်အခဲတွေ အများကြီး ကြုံတွေ့ခဲ့ရတယ် ၊ ဒီလို ခက်ခဲစွာရယူလာခဲ့ရတဲ့ အချစ်ကို တန်ဖိုးထားတယ် ၊ မြတ်နိုးတယ် ။ တကယ်တော့ လင်မယားဆိုတာ အရင်းနီးဆုံး မိတ်ဆွေတွေလေ ၊ ထိလျှလွယ်တယ် ။ ရန်မဖြစ်မိအောင် အတတ်နိုင်ဆုံး ဖြေလျော့တတ်ရမယ် ။ ကျွန်တော်တို့ နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် နားလည်းမှု အပြည့်ရှိကြတယ် ။ နားလည်မှုဆိုတာ ဆင်းရဲတာ ၊ ချမ်းသာတာနဲ့ မဆိုင်ဘူးနော် ။

နောက်တစ်ချက်က ငါဆိုတဲ့ အတ္တစွဲတွ လျော့ချပစ်ရမယ် ။ လူပဲ အခန့်မသင့်ရင် စိတ်တော့ တိုတတ်ကြတာပေါ့ ။ စိတ်တိုတိုင်းလည်း ပေါက်ကွဲပြစ်လို့မရဘူး ၊ ပေါက်ကွဲမှုပြင်းရင် ပြင်းသလို အပိုင်းအဆတွေက လွှင့်စင် ထွက်သွားတတ်ကြတယ် ၊ နဂိုအတိုင်း ပြန်ဖြစ်ဖို့ လွှင့်သွားတဲ့ စိတ်ဒဏ်ရာ အပိုင်းအဆတွေကို ပြန်ဆက်ရတာမလွယ်ဘူးလေ ။ ဒီတော့ ဒေါသရဲ့ ပေါက်ကွဲမှုအားကို နည်းနိုင်သလောက် နည်းအောင် ပထမအဆင့် လျော့ချနိုင်ရမယ် ။ မဖြစ်နိုင်တာ မရှိပါဘူး ၊ ခင်ဗျားတို့ရဲ့ ထစ်ကတည်းနေရင် ထွက်တတ်တဲ့ ဒေါသ အကျင့်ကလေးကို ဖြေးဖြေးချင်း လျော့ချကြည့်ပါ ။

လင်မယားတွေ ရန်ဖြစ်တာ နည်းလာလေ ၊ ပတ်ဝန်းကျင်က ကိုယ့်ကိုလေးစား အထင်ကြီးလာလေပါပဲ ၊ စိတ်ချမ်းသာမှု အမြဲရနေရင် အလုပ်လုပ်ရတာလည်း အဆင်ပြေလာမယ် ၊ စီးပွားလည်းသူ့အလိုလို ဖြစ်လာတာပေါ့ ။ ကျွန်တော်တို့နှစ်ယောက် ရန်မဖြစ်ကြဘူး ။ တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီတယ် ။ ဒါကြောင့် အိမ်ထောင်မှု သာယာတယ် ၊ စီးပွားလည်းတက်တယ်ဆိုတာ နိဂုံးချုပ် ပြောပြချင်ပါတယ် ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: Zaw Moe

 

 

[Zawgyi]

အိမ္တစ္အိမ္မွာစီးပြားတက္ခ်င္ရင္ လင္နဲ႔မယား ရန္မျဖစ္ၾကဖို႔လို

စီးပြားတက္ခ်င္ရင္ လင္နဲ႔မယား ရန္မျဖစ္ၾကဖို႔ လိုတယ္ ။ ဘာျဖစ္လို႔ ရန္ျဖစ္ရင္ စီးပြားမတက္တာလဲ ။ ရန္ျဖစ္ၿပီဆိုတာနဲ႔ ဝစီဒုစ႐ိုက္ မနာ ဒုစ႐ိုက္မႈေတြ က်ဴးလြန္မိေတာ့တာကိုး။ လင္နဲ႔မယား ရန္မျဖစ္တဲ့ အခ်ိန္က နကၡတ္ေကာင္းတဲ့ အခ်ိန္ပါပဲ။ နကၡတ္ေကာင္းရင္ စီးပြားတက္မွာပဲ ။ နကၡတ္ေကာင္းဖို႔ ယၾတာေခ်ေနဖို႔ မလိုဘူး ။ လင္နဲ႔မယား ရန္မျဖစ္ဖို႔ပဲ လိုတယ္။ လူဆိုတာ ကိုယ့္ကိုယ္ကိုယ္ အေကာင္းခ်ည္းပဲ ထင္ေနတတ္ၾကတယ္ ။ ပုထုဇဥ္ေတြပဲဆိုေတာ့ အေကာင္းခ်ည္းပဲ ဆိုတာေတာ့ ျဖစ္မလာဘူး ။

လင္မယားဆိုတာ ေကာင္းတိုင္ပင္ ဆိုးတိုင္ပင္ ရွိရမယ္ ။ တစ္ေယာက္ကို တစ္ေယာက္ အျပစ္မျမင္ အျပစ္ မတင္ရဘူး ။ တစ္ေယာက္ကိုတစ္ေယာက္ ေမတၱာေရွ႕ ထားၿပီးေတာ့ အျပဳသေဘာ ေဆာင္ၿပီး သတိေပးၾကရမယ္ ။ လင္ႏွင့္မယား ရန္ျဖစ္ျငား စီးပြားပ်က္မည္သာ ။ ဒါကေတာ့ မိုးသု (မႏၲေလး) က စီးပြားတက္ဖို႔အတြက္ ရန္မျဖစ္မိၾကဖို႔ အိမ္ေထာင္သည္ေတြကို သတိ ေပးထားတာေလးေပါ့ ။ အိမ္ေထာင္တစ္ခု စီးပြားတက္ဖို႔ဆိုရင္ မွန္ပါတယ္ မိုးသု ႐ွင္းျပထားသလို လင္မယားေတြ ရန္သတ္ေနလို႔ မျဖစ္ပါဘူး ။ ဒါဟာလည္း စီးပြားျဖစ္ျခင္း ၊ မျဖစ္ျခင္းထက္ နံပါတ္(၁)အခ်က္ကေတာ့ အျမဲရန္သတ္ေနတဲ့ အိမ္ကသာယာတဲ့ စိတ္ခ်မ္းသာမႈ မရတာေတာ့အမွန္ပဲ ။

ပြင့္ပြင့္လင္းလင္း ေျပာရရင္ က်က္သေရမရိွတဲ့ အိမ္ေပါ့ ။ ကြၽန္ေတာ္ ဝန္ထမ္းအိမ္ေထာင္သည္ စံုတြဲကေလးေတြ တစ္ရက္ျခား ရန္ျဖစ္ၾကတယ္ ။ ရန္ျဖစ္တိုင္း ေခၚဆံုးမရတာက အလုပ္တစ္လုပ္ ။ တခ်ဳိ့ၾကေတာ့ ရန္ျဖစ္ၿပီဆို အလုပ္ပ်က္ ၊အလုပ္ခဏ ၊ ခဏပ်က္ရင္ ၾကာေတာ့ အလုပ္ထုတ္ရေတာ့တာေပါ့ (ဒါလည္း စီးပြားပ်က္ျခင္းတမ်ဳိးပဲ) ။ တခ်ဳိ႕ ခ်စ္ခ်စ္ခင္ခင္ေနတဲ့ အိမ္ေထာင္သည္ စံုတြဲေတြၾကျပန္ေတာ့ ၊ လင္အလုပ္ မယားကကူ ၊ မယားအလုပ္ လင္ကကူနဲ႔ သူတို႔ေလးေတြၾကျပန္ေတာ့ ေရႊတြဲလြဲ ေငြတြဲလြဲနဲ႔ေပါ့ ။ ဒါက ဝန္ထမ္း အိမ္ေထာင္သည္ေတြနဲ႔ ဥပမာ- ႏိႈင္းျပတာ ။ ကြၽန္ေတာ္ တို႔လင္မယား ႏွစ္ေယာက္အေပၚ ဝန္ထမ္းကေလးေတြ ပေဟဠိ ျဖစ္ေနတဲ့ အခ်က္တစ္ခုရိွတယ္ ၊ အဲဒါက ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ရန္ျဖစ္တာ မေတြ႔ၾကလို႔တဲ့ဗ် ။

အိမ္ေထာင္သည္ ဝန္ထမ္းေတြေကာ ၊ အိမ္ေထာင္ မသည္ေသးတဲ့ ဝန္ထမ္းေလးေတြေကာေပါ့ သူတို႔ က်င္လည္လာတဲ့ ပတ္ဝန္းက်င္ ၊ သူတို႔မိဘေတြ ရန္ ခဏခဏ ျဖစ္ၾကတယ္တဲ့ ၊ တည့္တဲ့ အခ်ိန္ကနည္းတယ္ ၊ ကိုကိုႀကီးနဲ႔ မမ ၾကေတာ့ ရန္ျဖစ္တာ တစ္ခါမွ မေတြ႔ဘူးဆိုၿပီး လာေမးၾကတဲ့အထိေပါ့ ။ သူတို႔ေ႐ွ႕မွာ ရန္ျဖစ္တာမေတြ႔လို႔ လာေမးၾကတာ ။ ေ႐ွ႕မွာရန္မျဖစ္သလို ကြယ္ရာမွာလဲ ရန္မျဖစ္ဘူး ။ ဘာေၾကာင့္ ရန္မျဖစ္ၾကတာလဲ ? တစ္ေယာက္ကိုတစ္ေယာက္ ခ်စ္လို႔ ယူထားၾကတာေလ ။ ရန္ျဖစ္ဖို႔ ယူတာမွ မဟုတ္တာ ။ ရည္းစားဘဝမွာ ဘယ္ေလာက္ပဲ အလိုလိုက္လိုက္ ၊ ဘယ္ေလာက္ပဲ ခ်စ္ခ်စ္ ၊ တခ်ဳိ့တခ်ဳိ႕ေတြ အိမ္ေထာင္ၾကၿပီးေနာက္ပိုင္း လက္ပါလာၾကတယ္ ။ အလြန္အမင္း ႐ိုက္နက္ၾကတဲ့သူေတြလည္း ရိွတယ္ ။

သူတို႔ေတြကို ေတြ႔ေတာ့ ရည္စားဘဝတုန္းက ဘယ္လိုမ်ား ခ်စ္စကား ေျပာလာၾကလည္းဆိုတာ အရမ္း သိခ်င္မိတယ္ ။ မိန္းခေလးဘက္ကလည္း ဘယ္ေလာက္ထိ အိုက္တင္ခံၿပီးမွ အေျဖေပးသလဲဆိုတာ သိခ်င္မိတယ္ ။ ကြၽန္ေတာ္တုန္းက ခက္ခက္ခဲခဲ ခ်စ္ခြင့္ပန္ခဲ့ရတယ္ ၊ အခက္အခဲေတြ အမ်ားႀကီး ၾကံဳေတြ႔ခဲ့ရတယ္ ၊ ဒီလို ခက္ခဲစြ ာရယူလာခဲ့ရတဲ့ အခ်စ္ကို တန္ဖိုးထားတယ္ ၊ ျမတ္ႏိုးတယ္ ။ တကယ္ေတာ့ လင္မယားဆိုတာ အရင္းနီးဆံုး မိတ္ေဆြေတြေလ ၊ ထိလွ်လြယ္တယ္ ။ ရန္မျဖစ္မိေအာင္ အတတ္ႏိုင္ဆံုး ေျဖေလ်ာ့တတ္ရမယ္ ။ ကြၽန္ေတာ္တို႔ ႏွစ္ေယာက္က တစ္ေယာက္ကိုတစ္ေယာက္ နားလည္းမႈ အျပည့္ရိွၾကတယ္ ။ နားလည္မႈဆိုတာ ဆင္းရဲတာ ၊ ခ်မ္းသာတာနဲ႔ မဆိုင္ဘူးေနာ္ ။

ေနာက္တစ္ခ်က္က ငါဆိုတဲ့ အတၱစြဲတြ ေလ်ာ့ခ်ပစ္ရမယ္ ။ လူပဲ အခန္႔မသင့္ရင္ စိတ္ေတာ့ တိုတတ္ၾကတာေပါ့ ။ စိတ္တိုတိုင္းလည္း ေပါက္ကြဲျပစ္လို႔မရဘူး ၊ ေပါက္ကြဲမႈျပင္းရင္ ျပင္းသလို အပိုင္းအဆေတြက လႊင့္စင္ ထြက္သြားတတ္ၾကတယ္ ၊ နဂိုအတိုင္း ျပန္ျဖစ္ဖို႔ လႊင့္သြားတဲ့ စိတ္ဒဏ္ရာ အပိုင္းအဆေတြကို ျပန္ဆက္ရတာမလြယ္ဘူးေလ ။ ဒီေတာ့ ေဒါသရဲ႕ ေပါက္ကြဲမႈအားကို နည္းႏိုင္သေလာက္ နည္းေအာင္ ပထမအဆင့္ ေလ်ာ့ခ်ႏိုင္ရမယ္ ။ မျဖစ္ႏိုင္တာ မရိွပါဘူး ၊ ခင္ဗ်ားတို႔ရဲ႕ ထစ္ကတည္းေနရင္ ထြက္တတ္တဲ့ ေဒါသ အက်င့္ကေလးကို ေျဖးေျဖးခ်င္း ေလ်ာ့ခ်ၾကည့္ပါ ။

လင္မယားေတြ ရန္ျဖစ္တာ နည္းလာေလ ၊ ပတ္ဝန္းက်င္က ကိုယ့္ကိုေလးစား အထင္ႀကီးလာေလပါပဲ ၊ စိတ္ခ်မ္းသာမႈ အျမဲရေနရင္ အလုပ္လုပ္ရတာလည္း အဆင္ေျပလာမယ္ ၊ စီးပြားလည္းသူ႔အလိုလို ျဖစ္လာတာေပါ့ ။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ရန္မျဖစ္ၾကဘူး ။ တစ္ေယာက္ကိုတစ္ေယာက္ ေဖးမကူညီတယ္ ။ ဒါေၾကာင့္ အိမ္ေထာင္မႈ သာယာတယ္ ၊ စီးပြားလည္းတက္တယ္ဆိုတာ နိဂံုးခ်ဳပ္ ေျပာျပခ်င္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: Zaw Moe

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service