အိမ်ခြံမြေအရောင်းအဝယ်တွင်ကြုံတွေ့နိုင်တဲ့ စည်ပင် “ အရောင်းမြေပုံ”

အိမ်ခြံမြေအရောင်းအဝယ်တွင်ကြုံတွေ့နိုင်တဲ့ စည်ပင် “ အရောင်းမြေပုံ” - Property Knowledge in Myanmar from iMyanmarHouse.com
10 Aug 2020 11:54 am တွင် တင်ခဲ့သည်
722 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

အိမ်ခြံမြေဝယ်လိုသူများ /ရပ်ကွက် အတွင်းရှာနေပြီဆိုကတည်းက ပွဲစားများက ရောင်းမယ့် မြေကွက်နဲ့ အိမ်တွေကိုလိုက်ပြပေးကြတယ် ။ရောင်းမယ့် မြေကွက်တွေက မြေချပါမစ် ကိုလည်းတွေ့ရတယ် ။ အနှစ် (၆၀)ဂရန် မြေကွက်ကိုလည်းပြကြတယ် ။ဝယ်သူဆိုတာကတော့ ဂရန်မြေ /ပါမစ်မြေဆိုတာထက် ၊ ရပ်ကွက်အခြေအနေ ၊ လမ်းအခြေအနေ ၊ သွားလာဆက်သွယ်ရေးကောင်းမကောင်း အခြေအနေတွေအပေါ်မူတည်ပြီး နေရာကို ရွေးချယ်ဝယ်ယူချင်ကြတာများတယ် ။ဒီထက့် အကြိုက်ဆုံးက ဝယ်မယ့်မြေကွက်ဟာ ထောင့်ကွက်ဖြစ်ဖို့ပါဘဲ ။

ထောင့်ကွက် ကြိုက်သူများရေ ၊ လှတာမက်တော့ ညစာခက်သလေ

ထောင့်ကွက်တွေ့ပြီဆိုရင် ထောင့်ကွက်မြေဈေးကလည်း ရပ်ကွက်လိုက်ပြီး ဈေးနှုန်းတွေက မတူကြဘူး ။နေရာပေါ်မူတည်ပြီး အတွင်းလမ်းသွယ်ထဲက မြေကွက်ဈေးတောင် သိန်း (၅၀) သိန်း (၁၀၀) အထိတောင်ဈေးတင်ထားတက်ကြတယ် ။များသောအားဖြင့် ထောင့်ကွက်တွေ ဟာ “ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်” ဖြစ်လို့ ဈေးပိုခေါ်တာလည်းဖြစ်ပါတယ် ။ ဥပမာပြောရရင်။ ။ ချောမောလှတဲ့ မိန်းကလေးဆိုရင် ယောကျာင်္တိုင်းကစိတ်ဝင်စားလို့ပါဘဲ ။လှတာမက်တော့ ညစာခက်။စကားလို့ပါဘဲ ။တစ်ခါတစ်ရံကျရင် ထောင့်ကွက်တွေဝယ်ရတာ အတော်စိတ်ညစ်စရာတွေနဲ့ ကြုံရတယ် ။ စိတ်ညစ်စရာကြုံရပုံလေး ပြောပြရဦးမယ်။ စာရေးသူ မိတ်ဆွေတစ်ဦးက ဒဂုံမြောက်ပိုင်းမှာ (40 ‘x 60 ‘) ဝယ်လိုက်တယ် ။ဂရန်မြေဆိုတော့ ထုံးစံအတိုင်း ရောင်းသူဘက်က မြို့တော်စည်ပင်မြေယာဌါနမှာ “အရောင်းမြေပုံ ”ထွက်လာမှ ဝယ်သူကကျန်တဲ့ ငွေချေးရမှာလေ ။အဲ့ဒီတော့ ရောင်းသူဘက်ကလည်း ကျန်ငွေလိုချင်တာနဲ့ ။စည်ပင်ကအရောင်းမြေပုံ “ ထွက်လာအောင် ” အသည်းအသန်လိုက်ပြီး ဆောင်ရွက်တာပေါ့ ။ဒါပင်မဲ့လည်း “ အလျင်လိုအနှေးတွေ့” ဆိုရိုးစကားအတိုင်းပါဘဲ။ သက်ဆိုင်ရာ မြေတိုင်းအဖွဲ့က မြေကွက် မှာလာပြီးကွင်းဆင်စစ်ဆေးဆောင်ရွက်ဖို့ဆဲဆဲမှာ ဌါနအတွင်း ၊ ရုံးမိန့် အနေနဲ့ ဆောင်ရွက်ရမယ့် ကိစ္စတစ်ခုပေါ်လာတယ်ဗျာ။

“ အရင်းစစ်” တော့ “ အမြစ် ”မြေက ဆိုတဲ့အတိုင်း

လက်ရှိ မြေပိုင်ဆိုင်သူတွေကိုင်ထားတဲ့ ဂရန်စာအုပ်အများစုကလည်း အရင်တုန်းက မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ထုတ်ပေးထားတာတွေလေ ။အဲ့ဒီ (အိုးအိမ်) ကထုတ်ပေးထားတဲ့ ဂရန်တွေကို ကြည့်လိုက်ရင် အမျိုးသာမှတ်ပုံတင်နံပါတ်တွေနဲ့ ရေးမှတ်ထားတာတွေ့ရတယ်။တချို့က အဲဒီမှတ်ပုံတင်ကို (၃)ခေါက်ချိုးမှတ်ပုံတင်လို့လည်း ခေါ်ကြတယ် ။ အဲ့ဒီတုန်းက နိုင်ငံသားစီစစ်ရေးကဒ်ပြားဆိုတာ အခုလို လူတိုင်းကိုင်ကြသေးတာမဟုတ်ဘူး ။နိုင်ငံသားကဒ်ပြားထုတ်ပေးထားပြီးရင်လည်းရတဲ့ လူတွေကကိုယ့်နံပါတ်ကိုယ်မှတ်မိကြတာမဟုတ်ဘူးလေ။ ငယ်စဉ်ကတည်းက စွဲစွဲမြဲမြဲမှတ်ထားတဲ့ အမျိုးသားမှတ်ပုံတင်နံပါတ်ကိုဘဲ အလွတ်ရနေကြတာ။

အဲ့ဒီတော့ ဌါနဆိုင်ရာတွေက စီမံချက်အရ ရပ်ကွက်ထဲလာပြီး ဂရန်လျှောက်ခိုင်းတဲ့အခါကျတာ့ လွယ်လွယ်ကူကူအလွတ်ရနေတဲ့ မှတ်ပုံတင်နံပါတ်တွေဘဲ ပြောလိုက်တာပေါ့ ။ဥပမာ ။ ။ တောင်ဥက္ကလာပဆိုရင် (S/OKA……………….) ပေါ့ဗျာ ။ အဲဒီလိုလုပ်ပေးမိတဲ့ ကိစ္စတွေကို တာဝန်ယူပေးခဲ့တဲ့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (ယခင်အိုးအိမ်)က တဆင့် ယခု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌါနကိုလည်း လွှဲပေးလိုက်ရော ဂရန်မှာ (၃)ခေါက်ချိုးမှတ်ပုံတင်နံပါတ် ၁ နဲ့ ရေးမှတ်ထားတာတွေပယ်ဖျုက်ပြီး မြေအမည်ပေါက်သူရဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြားနံပါတ် ပြန်ထည့်ခိုင်းတဲ့အချိန်နဲ့ လာကြုံနေကြရတယ်။ အဲဒီလို ကြားဖြတ်နိုင်တဲ့အတွက်ကြောင့် အရင်က " အရောင်းမြေပုံ " ကူးရင်တစ်လလို့ ထင်ခဲ့ပေမယ့် ။အခုတော့ ။“ အရောင်းမြေပုံ ” ကူရင်(၂)လကျော်ကြာသွားတတ်တာကို တွေရပါတယ် ။ဒီလို အခက်အခဲကြုံလာရော ၊သတ်မှတ်ရက်မှာ အပြီးသတ်စာချုပ်ချုပ်ပေးနိုင်ဖို့ဆိုတာ ခက်ခဲသွားပြီးပိုပြီး အလှမ်းဝေးသွားတာပေါ့။

အဲဒါကြောင့် ရောင်းသူကလည်းကျန်ငွေအပြီးချေစေချင်တယ် ။ဝယ်သူကလည်း “ အရောင်းမြေပုံ ” မရရင်ငွေမချေနိုင်ဘူး ။ “ အရောင်းမြေပုံ ”ရတဲ့နေ့မှာ ကျန်တဲ့ငွေကိုအပြီးချေမယ် ၊ ဝယ်သူကိုရောင်းသူက SP=Special Power ပေးရမယ်။ဆိုပြီး အငြင်းအခုံဖြစ်ကုန်ကြပါလေရော ။ သူတို့မျက်နှာတွေမှာ စရန်ပေးစာချုပ်ချုပ်စဉ်က “အပြုံး ” တွေ ပျောက်ကွယ်ပြီး။” အမုန်း” တွေနဲ့ “ မာန ”တွေ ပြိုင်ကြတော့မယ် အခြေအနေရောက်ကုန်ပါလေရော။

ပြောင်းလဲတာက မြို့တော်စည်ပင်မြေယာဌာန ၊ သတိထားလို့စာချုပ်ကြ

နှစ်ဦးနှစ်ဘက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးသွားစေချင်တာက တော့ ဝယ်သူရဲ့ ရှေ့နေပါဘဲ ။အရင်လို “ စတိုင်” တွေမလုပ်နိုင်တော့ဘဲ သက်ဆိုင်ရာမြေစီမံဌါနက ဝန်ထမ်းတွေဆီအပြေးသွားပြီး အကူအညီတောင်းကား မျက်နှာချိုသွေးရတော့တာပေါ့ ။သူတို့ ပြောသမျှဆိုသမျှလည်းခံရတော့တာပေါ့ ။ဘယ်တတ်နိုင်မှာလဲ။ ။အရင်လိုဘဲထင်ပြီး “အရောင်းမြေပုံ ”ထုတ်ရင် တစ်လနဲ့ ရတယ် ။တစ်လခွဲနဲ့ ရတယ်လို့ ကတိပေးမိတာကို ။အခုတော့ ကိုယ်ဖော်တဲ့ဆေးကိုယ်မစားနိုင်တဲ့ အဖြစ်မျိုးကြုံကာ “အရောင်းမြေပုံ ” ထွက်လာတဲ့အထိကြိုးစားယူရတော့တာပေါ့ “အရောင်းမြေပုံ ” ရသွားပြီးရင်တော့ အခွန်ရုံးတင်ပြတာတို့၊ အရောင်းအဝယ်စာချုပ်ချုပ်တာတို့ကတော့ မြို့တော်စည်ပင်မြေစီမံဌါနဖြစ်တဲ့ အတွက် အိမ်၊ ခြံ ၊ မြေ ရောင်းကြဝယ်ကြတော့မယ်ဆိုရင် စည်ပင် “အရောင်းမြေပုံ ” ရတဲ့နေ့မှာ ကျန်ငွေပေးချေနိုင်မယ်ဆိုတဲ့အချက်စာချုပ်ထဲမှာ ထည့်ရေးသင့်ပါကြောင်း အကြံပေးတင်ပြလိုက်ရပါတယ်။

သုခီ အတ္တာနံ ပရိဟရန္တု

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက်  ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အိမ္ျခံေျမအေရာင္းအဝယ္တြင္ၾကံဳေတြ႕ႏိုင္တဲ့ စည္ပင္ “ အေရာင္းေျမပံု”

အိမ္ျခံေျမဝယ္လိုသူမ်ား /ရပ္ကြက္ အတြင္းရွာေနျပီဆိုကတည္းက ပြဲစားမ်ားက ေရာင္းမယ့္ ေျမကြက္နဲ႕ အိမ္ေတြကိုလိုက္ျပေပးၾကတယ္ ။ေရာင္းမယ့္ ေျမကြက္ေတြက ေျမခ်ပါမစ္ ကိုလည္းေတြ႕ရတယ္ ။ အနွစ္ (၆၀)ဂရန္ ေျမကြက္ကိုလည္းျပၾကတယ္ ။ဝယ္သူဆိုတာကေတာ့ ဂရန္ေျမ /ပါမစ္ေျမဆိုတာထက္ ၊ ရပ္ကြက္အေျခအေန ၊ လမ္းအေျခအေန ၊ သြားလာဆက္သြယ္ေရးေကာင္းမေကာင္း အေျခအေနေတြအေပၚမူတည္ျပီး ေနရာကို ေရြးခ်ယ္ဝယ္ယူခ်င္ၾကတာမ်ားတယ္ ။ဒီထက့္ အၾကိဳက္ဆံုးက ဝယ္မယ့္ေျမကြက္ဟာ ေထာင့္ကြက္ျဖစ္ဖို႕ပါဘဲ ။

ေထာင့္ကြက္ ၾကိဳက္သူမ်ားေရ ၊ လွတာမက္ေတာ့ ညစာခက္သေလ

ေထာင့္ကြက္ေတြ႕ျပီဆိုရင္ ေထာင့္ကြက္ေျမေဈးကလည္း ရပ္ကြက္လိုက္ျပီး ေဈးႏႈန္းေတြက မတူၾကဘူး ။ေနရာေပၚမူတည္ျပီး အတြင္းလမ္းသြယ္ထဲက ေျမကြက္ေဈးေတာင္ သိန္း (၅၀) သိန္း (၁၀၀) အထိေတာင္ေဈးတင္ထားတက္ၾကတယ္ ။မ်ားေသာအားျဖင့္ ေထာင့္ကြက္ေတြ ဟာ “ ပ်ိဳတိုင္းၾကိဳက္တဲ့ နွင္းဆီခိုင္” ျဖစ္လို႕ ေဈးပိုေခၚတာလည္းျဖစ္ပါတယ္။ ဥပမာေျပာရရင္။ ။ ေခ်ာေမာလွတဲ့ မိန္းကေလးဆိုရင္ ေယာက်ာၤတိုင္းကစိတ္ဝင္စားလို႕ပါဘဲ ။လွတာမက္ေတာ့ ညစာခက္။စကားလို႕ပါဘဲ။တစ္ခါတစ္ရံက်ရင္ ေထာင့္ကြက္ေတြဝယ္ရတာ အေတာ္စိတ္ညစ္စရာေတြနဲ႕ ၾကံဳရတယ္။ စိတ္ညစ္စရာၾကံဳရပံုေလး ေျပာျပရဦးမယ္။ စာေရးသူ မိတ္ေဆြတစ္ဦးက ဒဂံုေျမာက္ပိုင္းမွာ (40 ‘x 60 ‘) ဝယ္လိုက္တယ္။ဂရန္ေျမဆိုေတာ့ ထံုးစံအတိုင္း ေရာင္းသူဘက္က ျမိဳ႕ေတာ္စည္ပင္ေျမယာဌါနမွာ “အေရာင္းေျမပံု ”ထြက္လာမွ ဝယ္သူကက်န္တဲ့ ေငြေခ်းရမွာေလ။အဲ့ဒီေတာ့ ေရာင္းသူဘက္ကလည္း က်န္ေငြလိုခ်င္တာနဲ႕စည္ပင္ကအေရာင္းေျမပံု “ ထြက္လာေအာင္ ” အသည္းအသန္လိုက္ျပီး ေဆာင္ရြက္တာေပါ့။ဒါပင္မဲ့လည္း “ အလ်င္လိုအေနွးေတြ႕” ဆုိရုိးစကားအတိုင္းပါဘဲ။ သက္ဆိုင္ရာ ေျမတိုင္းအဖြဲ႕က ေျမကြက္ မွာလာျပီးကြင္းဆင္စစ္ေဆးေဆာင္ရြက္ဖို႕ဆဲဆဲမွာ ဌါနအတြင္း ၊ ရုံးမိန္႕ အေနနဲ႕ ေဆာင္ရြက္ရမယ့္ ကိစၥတစ္ခုေပၚလာတယ္ဗ်ာ။

“ အရင္းစစ္” ေတာ့ “ အျမစ္ ”ေျမက ဆိုတဲ့အတိုင္း

လက္ရွိ ေျမပိုင္ဆိုင္သူေတြကိုင္ထားတဲ့ ဂရန္စာအုပ္အမ်ားစုကလည္း အရင္တုန္းက ျမိဳ႕ျပနွင့္အိမ္ရာဖြံ႕ျဖိဳးေရးဦးစီးဌာနက ထုတ္ေပးထားတာေတြေလ။အဲ့ဒီ (အိုးအိမ္) ကထုတ္ေပးထားတဲ့ ဂရန္ေတြကုိ ၾကည့္လိုက္ရင္ အမ်ိဳးသာမွတ္ပံုတင္နံပါတ္ေတြနဲ႕ ေရးမွတ္ထားတာေတြ႕ရတယ္။တခိ်ဳ႕က အဲဒီမွတ္ပံုတင္ကို (၃)ေခါက္ခ်ိဳးမွတ္ပံုတင္လို႕လည္း ေခၚၾကတယ္။ အဲ့ဒီတုန္းက ႏိုင္ငံသားစီစစ္ေရးကဒ္ျပားဆိုတာ အခုလို လူတိုင္းကိုင္ၾကေသးတာမဟုတ္ဘူး ။ႏိုင္ငံသားကဒ္ျပားထုတ္ေပးထားျပီးရင္လည္းရတဲ့ လူေတြကကိုယ့္နံပါတ္ကိုယ္မွတ္မိၾကတာမဟုတ္ဘူးေလ။ ငယ္စဥ္ကတည္းက စြဲစြဲျမဲျမဲမွတ္ထားတဲ့ အမ်ိဳးသားမွတ္ပံုတင္နံပါတ္ကိုဘဲ အလြတ္ရေနၾကတာ။

အဲ့ဒီေတာ့ ဌါနဆိုင္ရာေတြက စီမံခ်က္အရ ရပ္ကြက္ထဲလာျပီး ဂရန္ေလွ်ာက္ခိုင္းတဲ့အခါက်တာ့ လြယ္လြယ္ကူကူအလြတ္ရေနတဲ့ မွတ္ပံုတင္နံပါတ္ေတြဘဲ ေျပာလိုက္တာေပါ့ ။ဥပမာ ။ ။ ေတာင္ဥကၠလာပဆိုရင္ (S/OKA……………….) ေပါ့ဗ်ာ ။ အဲဒီလိုလုပ္ေပးမိတဲ့ ကိစၥေတြကို တာဝန္ယူေပးခဲ့တဲ့ ျမိိဳ႕ျပနွင့္အိမ္ရာဖြံ႕ျဖိဳးေရးဦးစီးဌာန (ယခင္အိုးအိမ္)က တဆင့္ ယခု ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ ျမိဳ႕ျပစီမံကိန္းနွင့္ေျမစီမံခန္႕ခြဲမႈဌါနကိုလည္း လႊဲေပးလိုက္ေရာ ဂရန္မွာ (၃)ေခါက္ခ်ိဳးမွတ္ပံုတင္နံပါတ္ ၁ နဲ႕ ေရးမွတ္ထားတာေတြပယ္ဖ်ုက္ျပီး ေျမအမည္ေပါက္သူရဲ႕ ႏိုင္ငံသားစိစစ္ေရးကဒ္ျပားနံပါတ္ ျပန္ထည့္ခိုင္းတဲ့အခ်ိန္နဲ႕ လာၾကံဳေနၾကရတယ္။

အဲဒီလို ၾကားျဖတ္ႏိုင္တဲ့အတြက္ေၾကာင့္ အရင္က " အေရာင္းေျမပံု " ကူးရင္တစ္လလို႕ ထင္ခဲ့ေပမယ့္။အခုေတာ့ ။“ အေရာင္းေျမပံု ” ကူရင္(၂)လေက်ာ္ၾကာသြားတတ္တာကို ေတြရပါတယ္။ဒီလို အခက္အခဲၾကံဳလာေရာ ၊သတ္မွတ္ရက္မွာ အျပီးသတ္စာခ်ဳပ္ခ်ဳပ္ေပးႏိုင္ဖို႕ဆိုတာ ခက္ခဲသြားျပီးပိုျပီး အလွမ္းေဝးသြားတာေပါ့။

အဲဒါေၾကာင့္ ေရာင္းသူကလည္းက်န္ေငြအျပီးေခ်ေစခ်င္တယ္ ။ဝယ္သူကလည္း “ အေရာင္းေျမပံံု ” မရရင္ေငြမေခ်ႏိုင္ဘူး။ “ အေရာင္းေျမပံု ”ရတဲ့ေန႕မွာ က်န္တဲ့ေငြကိုအျပီးေခ်မယ္ ၊ ဝယ္သူကိုေရာင္းသူက SP=Special Power ေပးရမယ္ ။ဆိုျပီး အျငင္းအခံုျဖစ္ကုန္ၾကပါေလေရာ။ သူတို႕မ်က္နွာေတြမွာ စရန္ေပးစာခ်ဳပ္ခ်ဳပ္စဥ္က “အျပံဳး ” ေတြ ေပ်ာက္ကြယ္ျပီး ။” အမုန္း” ေတြနဲ႔ “ မာန ”ေတြ ျပိဳင္ၾကေတာ့မယ္ အေျခအေနေရာက္ကုန္ပါေလေရာ။

ေျပာင္းလဲတာက ျမိဳ႕ေတာ္စည္ပင္ေျမယာဌာန ၊ သတိထားလို႕စာခ်ဳပ္ၾက

နွစ္ဦးနွစ္ဘက္ ျငိမ္းျငိမ္းခ်မ္းခ်မ္းနဲ႕ ျပီးသြားေစခ်င္တာက ေတာ့ ဝယ္သူရဲ႕ ေရွ႕ေနပါဘဲ။အရင္လို “ စတိုင္” ေတြမလုပ္ႏိုင္ေတာ့ဘဲ သက္ဆိုင္ရာေျမစီမံဌါနက ဝန္ထမ္းေတြဆီအေျပးသြားျပီး အကူအညီေတာင္းကား မ်က္နွာခ်ိဳေသြးရေတာ့တာေပါ့။သူတို႕ ေျပာသမွ်ဆိုသမွ်လည္းခံရေတာ့တာေပါ့။ဘယ္တတ္ႏိုင္မွာလဲ။ ။အရင္လိုဘဲထင္ျပီး “အေရာင္းေျမပံု ”ထုတ္ရင္ တစ္လနဲ႕ ရတယ္ ။တစ္လခြဲနဲ႕ ရတယ္လို႕ ကတိေပးမိတာကို အခုေတာ့ ကိုယ္ေဖာ္တဲ့ေဆးကိုယ္မစားႏိုင္တဲ့ အျဖစ္မ်ိဳးၾကံဳကာ “အေရာင္းေျမပံု ” ထြက္လာတဲ့အထိၾကိဳးစားယူရေတာ့တာေပါ့ “အေရာင္းေျမပံု ” ရသြားျပီးရင္ေတာ့ အခြန္ရုံးတင္ျပတာတို႕၊ အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္တာတို႕ကေတာ့ ျမိဳ႕ေတာ္စည္ပင္ေျမစီမံဌါနျဖစ္တဲ့ အတြက္ အိမ္၊ ျခံ ၊ ေျမ ေရာင္းၾကဝယ္ၾကေတာ့မယ္ဆိုရင္ စည္ပင္ “အေရာင္းေျမပံု ” ရတဲ့ေန႕မွာ က်န္ေငြေပးေခ်ႏိုင္မယ္ဆိုတဲ့အခ်က္စာခ်ဳပ္ထဲမွာ ထည့္ေရးသင့္ပါေၾကာင္း အၾကံေပးတင္ျပလိုက္ရပါတယ္။

သုခီ အတၱာနံ ပရိဟရႏၱဳ

 

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္  ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service