ဘိုးဘွားပိုင် (မြေပိုင်) မြေကို ဝယ်မည်ဆိုလျှင်

ဘိုးဘွားပိုင် (မြေပိုင်) မြေကို ဝယ်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
6 Aug 2020 12:45 pm တွင် တင်ခဲ့သည်
2019 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

“ဘိုးဘွားပိုင်မြေဆိုတာ ဘယ်လို မြေအမျိုးအစားလဲဆရာ။ မြေကိုခွဲစိတ်ရောင်းချလို့ရပါသလား”ဟု မိတ်ဆွေဆရာဝန်ကြီး၏ သားဆရာဝန်က စာရေးသူထံ လာရောက်တိုင်ပင်ဆွေးနွေးပါသည်။

“ဘိုးဘွားပိုင်မြေဆိုတာ၊ လယ်ယာမြေစကားနဲ့ ပြောရင်တော့ ဓားမ ဦးချစတင်နေထိုင်တဲ့ နေရာဖြစ်တယ်။ ဘိုးစဉ်ဘောင်ဆက်အမွေ ဆက်ခံနေထိုင်လာကြတာဖြစ်ပါတယ်။ ဥပဒေအရ ပြောရရင်လည်း အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာ မြေများ အက်ဥပဒေပုဒ်မ (၄)၊ ပုဒ်မ ခွဲ (၁၀) အရ ဘိုးဘွားပိုင်မြေ (မြေပိုင် မြေ) ဆိုသည်မှာ ဘိုးဘွားမိဘလက်ထက်ကပင် ဓားမဦးချပိုင်ဆိုင်လာ၍ လွှဲပြောင်းဆက်ခံခွင့်ရှိသော မြေအမျိုး အစားဖြစ်သည်လို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ မြေဝယ်ဖို့ စိတ်ကူးလို့လား”

“ဟုတ်ကဲ့။ သူငယ်ချင်းတစ်ယောက်ရဲ့ မြေကွက်ကို ခွဲရောင်းမယ်လို့ပြောတာနဲ့ စိတ်ကူးကြည့်မိတာပါ။ သူတို့ကလည်း အင်္ဂလန်မှာပဲ အနေများတော့ အမွေခွဲတဲ့ သဘောလားတော့ မသိဘူး”

“ကောင်းပါတယ်ကွယ်။ ဆရာ့ရဲ့ အဖေလည်း အသက်ကြီးပြီ မဟုတ်လား”

“ဟုတ်ပါတယ်။ အမေနဲ့အဖေက တိုက်ခန်းမှာဆိုတော့ အတက်အဆင်း လမ်းလျှောက်ဖို့ကအစ အခက်အခဲရှိတယ် ဆရာ”

“ဒါနဲ့ ဆရာလည်း အင်္ဂလန်မှာပဲ မဟုတ်လား။ သမားတော်ဘွဲ့ရပြီး အင်္ဂလန်နိုင်ငံရှိ ဆေးရုံမှာပဲ အလုပ်လုပ်နေတယ်လို့ ဆရာကြီးနဲ့ တွေ့စဉ်က ပြောဖူးတယ်”

“ဟုတ်ပါတယ်။ ကျွန်တော်လည်း ဟိုမှာ ၁၀ နှစ်နီးပါးရှိနေပြီ”

“ငွေလည်း အတော်စုမိပြီပေါ့။ ဘာပဲဖြစ်ဖြစ် ခြံဝိုင်းလေးနဲ့ဆိုတော့ ပန်းပင်လေးတွေ စိုက်ရတာကအစ လူကြီးတွေအနေနဲ့ စိတ်ကြည်နူးမှုတော့ ရှိတာပေါ့”

“ဒါကြောင့်လည်း မြေဝယ်ဖို့ စိတ်ကူးမိတာပါ”

“အစောကပြောသလို ဘိုးဘွား ပိုင်မြေတွေကို ခွဲစိတ်ရောင်းချလွှဲ ပြောင်းပေးပိုင်ခွင့်ရှိတယ်။ ရောင်းမည့်သူနဲ့ မြေကွက်အမည်ပေါက်က တစ်ဦးတည်းလား၊ ဒါမှမဟုတ် မြေကွက်အမည်ပေါက်နဲ့ ဘယ်လိုဆက် စပ်မှုရှိသလဲဆိုတာ သေချာစုံစမ်းသိ ရှိဖို့လိုတယ်”

“မြေကွက်က အကျယ်ကြီး ဆရာ။ သူ့အဘိုးအမည်ပေါက်လို့ ပြောပါတယ်။ မိသားစုတွေက အဆင်ပြေသလို တိုက်ဆောက်ပြီးနေကြတာမျိုးတော့ ရှိတယ်”

“ဟုတ်ပါတယ်။ နှစ်ဧကလောက်ရှိတဲ့ မြေကွက်ထဲမှာ သားစဉ်မြေးဆက် အဆင်ပြေသလို မြေကွက်ပေါ်မှာ အိမ်ဆောက်နေလာခဲ့တာများတယ်။ သူစိမ်းတစ်ယောက်ကို လွှဲပြောင်းရောင်းပြီဆိုရင်တော့အတိုင်းအတာကအစ ခြံဝိုင်းထဲအဝင်အထွက် လမ်းကိစ္စ်တွေပါ စဉ်းစားလာရတော့တယ်”

“ဟုတ်ကဲ့၊ အခုရောင်းမယ်ဆိုတဲ့ အိမ်က မြေကွက်ရဲ့ အတွင်းပိုင်း၊ အစွန်ဘက်ကျနေတယ်။ ဆရာပြောသလို ဖြတ်သန်း သွားလာခွင့်ရှိဖို့တော့ လိုမယ်ထင်တယ်”

“မူလဝင်ပေါက်ကပဲ ခြံထဲကို ဝင်ခွင့်အသုံးပြုခွင့်ပေးဖို့၊ ဒါမှမဟုတ် သီးခြားကိုယ်ပိုင်လမ်းခွင့်ပြုဖို့ဆိုတာတွေ ရှိလာတယ်”

“ဒါဆိုရင် မြေတိုင်းပြီးမှ ဝယ်ရမယ့် သဘောပေါ့နော်”

“မှန်ပါတယ်။ မြေတိုင်းရမယ်၊ မခွဲစိတ်ရသေးဘူးဆိုရင်လည်း မူလမြေကွက်ကြီးထဲကနေ ခွဲစိတ်ရမယ်။ ဝယ်သူရဲ့ အမည်နဲ့ မြေပုံသီးခြား ထွက်အောင် အဆင့်ဆင့်ဆောင်ရွက်သွားဖို့ လိုတယ်”

“ကျွန်တော့်ကို မြေပုံမိတ္တူနဲ့ အပေးစာချုပ်လားမသိဘူး။ သိပ်တော့ မမှတ်မိတော့ဘူး။ စာချုပ်တစ်ခုကို ထုတ်ပြတယ်။ မြေပုံထဲမှာက မြေကွက်အကျယ်အဝန်းကို ဧကနဲ့ ဖော်ပြထားတယ်။ ပေနဲ့ ဖော်ပြမထားဘူး။ အခု မြေပြန်တိုင်းရင်းနဲ့ ပြန်တိုင်းရမှာပေါ့ ဆရာ”

“ခွဲစိတ်ဝယ်မယ်ဆိုရင်တော့ မြေတိုင်းဆင်းရမှာပဲလေ။ မြေတိုင်း မြေပုံနဲ့ အရောင်းမြေပုံဆိုတာ နှစ်မျိုး ကူးရမှာဖြစ်တယ်။ ဧကအကျယ်အဝန်းကို ပေနဲ့ဖွဲ့ပြီး တိုင်းတာလို့ ရပါတယ်”

“ကျွန်တော် ဖတ်ကြည့်လိုက်မိတာတော့ အကျယ်အဝန်းက ၁.၈ ဧက နည်းနည်းကျော်တယ်။ နံပါတ် ၈ ဂဏန်းနောက်မှာ ဂဏန်းနှစ်လုံးရှိသေးတယ်။ အတိအကျတော့ မမှတ်မိဘူး”

“တချို့ကြတော့လည်း ခြံဝိုင်းတွေက မြေအနိမ့်အမြင့်မတူကြဘူး။ မူလက ချိုင့်သဘောဖြစ်နေလို့ မြေဖို့ ဆောက်ခဲ့တာတွေရှိကြတယ်။ ဒါကြောင့် တစ်ခြံနဲ့ တစ်ခြံက မြေအတိမ်းအစောင်းကြောင့် မြေအကျယ် အဝန်းပြောင်းလဲသွားတာမျိုးရှိတတ်တယ်။ မြေတိုင်းလိုက်မှ မြေအတိုင်းအတာက မြေပုံအတိုင်းမရှိတော့ဘဲ လျော့နေတာတွေ ရှိတတ်တယ်”

“အဲဒါမျိုးဆိုရင် ဘယ်လိုဆောင်ရွက်ရမလဲ”

“ပြဿနာမရှိအောင် ၁ ပေ၊ ၂ ပေ လောက်ကွာနေရင်တော့ အရှိအတိုင်း မျက်မြင်အတိုင်း သဘောတူပါ သည်လို့ မြေပိုင်ရှင်က လက်မှတ်ရေးထိုးမယ်။ ဝယ်သူကလည်း အရှိအတိုင်း ဝယ်တာပါလို့ သဘောတူရင် လက်ရှိမြေပြင်မှာရှိတဲ့ အတိုင်းအတာအတိုင်း မြေတိုင်းမြေပုံအသစ်ကို ထုတ်ပေးပါတယ်””

“အခုဝယ်မယ်ဆိုတဲ့ မြေကွက်က အဘိုးဖြစ်သူမှ သူ့အဖေကိုအပေး စာချုပ်နဲ့ပေးထားတဲ့ မြေကွက်ထဲက ခွဲစိတ်ရောင်းမှာ ဆရာ”

“ဒါဆိုရင်တော့ လုပ်ဆောင်ချက်အဆင့်တွေ လျော့သွားနိုင်ပါတယ်။ သူ့အဖေမှာ မောင်နှမဘယ်နှယောက် ရှိသလဲ”

“သုံးယောက် ဆရာ။ အစ်မ အကြီးဆုံးက အပျိုကြီးလို့ ပြောတယ်။ ပြီးတော့ သူ့အဘိုးနေခဲ့တဲ့ မူလအိမ် ကြီး အခုတော့ အလယ်တိုက်ပေါ့။ အဲဒီမှာနေတယ်။ အလတ်အစ်မက ရှေ့ဘက်ခြမ်း မြေကွက်မှာတိုက် ဆောက်နေတယ်။ သူ့ကတော့ အိမ် ထောင်ရှိတယ်။ သမီးတစ်ယောက်ရှိတယ် ပြောပါတယ်”

“မောင်နှမသုံးဦးမြေတစ်ကွက်စီခွဲနေလိုက်တဲ့ သဘောဖြစ်မယ်။ မူလဧရိယာက ၁.၈ ဧကကျော်ဆို တော့ ပေ ၂၈၀ ပတ်လည်လောက် ရှိမယ်”

“တစ်ဧကမှာ ဘယ်နှပေရှိပါသလဲ ဆရာ”

“တစ်ဧက အကျယ်အဝန်းမှာ ၄၃၅၆၀ စတုရန်းပေ အကျယ်အဝန်း ရှိတယ်လို့ သတ်မှတ်ထားပါတယ်။ ဒါ ကြောင့် ၁.၈ ဧက ကျယ်ဝန်းတယ်ဆိုတော့ ပေ ၂၈၀ ပတ်လည် စတုရန်းပုံရှိနိုင်တယ်။ သုံးပုံခွဲရင်တော့ ပေ ၈၀ ပတ်လည် ခြံဝိုင်းသုံးဝိုင်းဖြစ်မယ်”

“အလယ်အိမ်က ပိုကျယ်တယ် ဆရာ”

“မူလအိမ်ဖြစ်တော့ ပိုကျယ်နိုင်တာပေါ့။ ဘာပဲဖြစ်ဖြစ် သူငယ်ချင်းရဲ့ ဖခင်ကို အပေးစာချုပ်နဲ့ မြေခွဲ ပေးထားတယ်ဆိုတော့ အမည်မပြောင်း မြေခွဲစိတ်မထားရင်လည်း တရားဝင်ပိုင်ဆိုင်ပြီးဖြစ်လို့ မြေခွဲစိတ် တိုင်းတာရာမှာပိုပြီး အဆင်ပြေပါတယ်။ တစ်ခါတည်းခွဲစိတ်ထားပြီး သူငယ်ချင်းဖခင်အမည်ပေါက်မြေပုံရှိရင်တော့ အကောင်းဆုံးပေါ့”

“ကျွန်တော်ဝယ်မယ်ဆိုရင် အစ်မကြီးနှစ်ယောက်ကို လက်မှတ်ရေးထိုးဖို့ လိုမလား”

“သူငယ်ချင်းရဲ့ ဖခင်ကို အပေးစာချုပ်နဲ့ မြေကွက်ခွဲစိတ်ပေးပြီးသားဆိုရင်တော့ အစ်မကြီးတွေမလိုအပ်တော့ပါဘူး။ သေချာပြန်စိစစ်ဖို့တော့လိုမယ်။ သူငယ်ချင်းရဲ့ ဖခင်အမည်ပေါက် မြေခွဲစိတ်ပြီးသားဆိုရင် အရောင်းမြေပုံနဲ့ မြေတိုင်းမြေပုံထုတ်ရပါမယ်။ မိမိလိုချင်တဲ့အတိုင်း အတာကို မြေပုံပေါ်မှာ ဖော်ပြပြီး စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်စာချုပ်ချုပ်ဆိုကာ မြေခွဲစိတ်လျှောက်ထား အမည်ပြောင်းရမှာ ဖြစ်တယ်”

“ဆရာပြောသလို ကားအဝင်အထွက်က ဘယ်လိုဖြစ်နိုင်သလဲ”

“ဒါကတော့ လက်ရှိအတိုင်း ကားအဝင်အထွက်လမ်းကို အသုံးပြုခွင့်ပေးဖို့ အရောင်းမှတ်ပုံတင်စာချုပ်မှာ အတိအလင်းဖော်ပြချုပ်ဆိုပြီး မြေတိုင်းမြေပုံမှာ ကိုယ်ပိုင်လမ်းထည့်ဆွဲရမှာဖြစ်ပါတယ်”ဟု အကြံပြုဆွေး နွေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက်  ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ထီယု (ဥပဒေအတိုင်ပင်ခံ) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ဘုိးဘြားပုိင္ (ေျမပုိင္) ေျမကုိ ၀ယ္မည္ဆုိလွ်င္

“ဘုိးဘြားပိုင္ေျမဆုိတာ ဘယ္လုိ ေျမအမ်ဳိးအစားလဲဆရာ။ ေျမကိုခြဲစိတ္ေရာင္းခ်လုိ႔ရပါသလား”ဟု မိတ္ေဆြဆရာ၀န္ႀကီး၏ သားဆရာ၀န္က စာေရးသူထံ လာေရာက္တုိင္ပင္ေဆြးေႏြးပါသည္။

“ဘုိးဘြားပုိင္ေျမဆုိတာ၊ လယ္ယာေျမစကားနဲ႔ ေျပာရင္ေတာ့ ဓားမ ဦးခ်စတင္ေနထုိင္တဲ့ ေနရာျဖစ္တယ္။ ဘုိးစဥ္ေဘာင္ဆက္အေမြ ဆက္ခံေနထုိင္လာၾကတာျဖစ္ပါတယ္။ ဥပေဒအရ ေျပာရရင္လည္း ေအာက္ျမန္မာႏုိင္ငံျမိဳ႕ႏွင့္ ေက်းရြာ ေျမမ်ား အက္ဥပေဒပုဒ္မ (၄)၊ ပုဒ္မ ခြဲ (၁၀) အရ ဘုိးဘြားပုိင္ေျမ (ေျမပုိင္ ေျမ) ဆုိသည္မွာ ဘုိးဘြားမိဘလက္ထက္ကပင္ ဓားမဦးခ်ပုိင္ဆုိင္လာ၍ လႊဲေျပာင္းဆက္ခံခြင့္ရွိေသာ ေျမအမ်ဳိး အစားျဖစ္သည္လုိ႔ အဓိပၸာယ္ဖြင့္ဆုိထားပါတယ္။ ေျမ၀ယ္ဖုိ႔ စိတ္ကူးလုိ႔လား”

“ဟုတ္ကဲ့။ သူငယ္ခ်င္းတစ္ေယာက္ရဲ႕ ေျမကြက္ကုိ ခြဲေရာင္းမယ္လုိ႔ေျပာတာနဲ႔ စိတ္ကူးၾကည့္မိတာပါ။ သူတုိ႔ကလည္း အဂၤလန္မွာပဲ အေနမ်ားေတာ့ အေမြခြဲတဲ့ သေဘာလားေတာ့ မသိဘူး”

“ေကာင္းပါတယ္ကြယ္။ ဆရာ့ရဲ႕ အေဖလည္း အသက္ႀကီးၿပီ မဟုတ္လား”

“ဟုတ္ပါတယ္။ အေမနဲ႔အေဖက တုိက္ခန္းမွာဆုိေတာ့ အတက္အဆင္း လမ္းေလွ်ာက္ဖုိ႔ကအစ အခက္အခဲရွိတယ္ ဆရာ”

“ဒါနဲ႔ ဆရာလည္း အဂၤလန္မွာပဲ မဟုတ္လား။ သမားေတာ္ဘြဲ႕ရၿပီး အဂၤလန္ႏုိင္ငံရွိ ေဆး႐ုံမွာပဲ အလုပ္လုပ္ေနတယ္လုိ႔ ဆရာႀကီးနဲ႔ ေတြ႕စဥ္က ေျပာဖူးတယ္”

“ဟုတ္ပါတယ္။ ကၽြန္ေတာ္လည္း ဟုိမွာ ၁၀ ႏွစ္နီးပါးရွိေနၿပီ”

“ေငြလည္း အေတာ္စုမိၿပီေပါ့။ ဘာပဲျဖစ္ျဖစ္ ၿခံ၀ုိင္းေလးနဲ႔ဆုိေတာ့ ပန္းပင္ေလးေတြ စုိက္ရတာကအစ လူႀကီးေတြအေနနဲ႔ စိတ္ၾကည္ႏူးမႈေတာ့ ရွိတာေပါ့”

“ဒါေၾကာင့္လည္း ေျမ၀ယ္ဖုိ႔ စိတ္ကူးမိတာပါ”

“အေစာကေျပာသလုိ ဘုိးဘြား ပုိင္ေျမေတြကို ခြဲစိတ္ေရာင္းခ်လႊဲ ေျပာင္းေပးပုိင္ခြင့္ရွိတယ္။ ေရာင္းမည့္သူနဲ႔ ေျမကြက္အမည္ေပါက္က တစ္ဦးတည္းလား၊ ဒါမွမဟုတ္ ေျမကြက္အမည္ေပါက္နဲ႔ ဘယ္လုိဆက္ စပ္မႈရွိသလဲဆုိတာ ေသခ်ာစုံစမ္းသိ ရွိဖုိ႔လုိတယ္”

“ေျမကြက္က အက်ယ္ႀကီး ဆရာ။ သူ႔အဘုိးအမည္ေပါက္လုိ႔ ေျပာပါတယ္။ မိသားစုေတြက အဆင္ေျပသလုိ တုိက္ေဆာက္ၿပီးေနၾကတာမ်ဳိးေတာ့ ရွိတယ္”

“ဟုတ္ပါတယ္။ ႏွစ္ဧကေလာက္ရွိတဲ့ ေျမကြက္ထဲမွာ သားစဥ္ေျမးဆက္ အဆင္ေျပသလုိ ေျမကြက္ေပၚမွာ အိမ္ေဆာက္ေနလာခဲ့တာမ်ားတယ္။ သူစိမ္းတစ္ေယာက္ကို လႊဲေျပာင္းေရာင္းၿပီဆုိရင္ေတာ့အတုိင္းအတာကအစ ၿခံ၀ုိင္းထဲအ၀င္အထြက္ လမ္းကိစ္ၥေတြပါ စဥ္းစားလာရေတာ့တယ္”

“ဟုတ္ကဲ့၊ အခုေရာင္းမယ္ဆုိတဲ့ အိမ္က ေျမကြက္ရဲ႕ အတြင္းပုိင္း၊ အစြန္ဘက္က်ေနတယ္။ ဆရာေျပာသလုိ ျဖတ္သန္း သြားလာခြင့္ရွိဖုိ႔ေတာ့ လုိမယ္ထင္တယ္”

“မူလ၀င္ေပါက္ကပဲ ၿခံထဲကုိ ၀င္ခြင့္အသုံးျပဳခြင့္ေပးဖုိ႔၊ ဒါမွမဟုတ္ သီးျခားကုိယ္ပုိင္လမ္းခြင့္ျပဳဖုိ႔ဆုိတာေတြ ရွိလာတယ္”

“ဒါဆုိရင္ ေျမတုိင္းၿပီးမွ ၀ယ္ရမယ့္ သေဘာေပါ့ေနာ္”

“မွန္ပါတယ္။ ေျမတုိင္းရမယ္၊ မခြဲစိတ္ရေသးဘူးဆုိရင္လည္း မူလေျမကြက္ႀကီးထဲကေန ခြဲစိတ္ရမယ္။ ၀ယ္သူရဲ႕ အမည္နဲ႔ ေျမပုံသီးျခား ထြက္ေအာင္ အဆင့္ဆင့္ေဆာင္ရြက္သြားဖုိ႔ လုိတယ္”

“ကၽြန္ေတာ့္ကုိ ေျမပုံမိတၱဴနဲ႔ အေပးစာခ်ဳပ္လားမသိဘူး။ သိပ္ေတာ့ မမွတ္မိေတာ့ဘူး။ စာခ်ဳပ္တစ္ခုကုိ ထုတ္ျပတယ္။ ေျမပုံထဲမွာက ေျမကြက္အက်ယ္အ၀န္းကို ဧကနဲ႔ ေဖာ္ျပထားတယ္။ ေပနဲ႔ ေဖာ္ျပမထားဘူး။ အခု ေျမျပန္တုိင္းရင္းနဲ႔ ျပန္တုိင္းရမွာေပါ့ ဆရာ”

“ခဲြစိတ္၀ယ္မယ္ဆုိရင္ေတာ့ ေျမတုိင္းဆင္းရမွာပဲေလ။ ေျမတုိင္း ေျမပုံနဲ႔ အေရာင္းေျမပုံဆုိတာ ႏွစ္မ်ဳိး ကူးရမွာျဖစ္တယ္။ ဧကအက်ယ္အ၀န္းကုိ ေပနဲ႔ဖဲြ႕ၿပီး တုိင္းတာလုိ႔ ရပါတယ္”

“ကၽြန္ေတာ္ ဖတ္ၾကည့္လုိက္မိတာေတာ့ အက်ယ္အ၀န္းက ၁.၈ ဧက နည္းနည္းေက်ာ္တယ္။ နံပါတ္ ၈ ဂဏန္းေနာက္မွာ ဂဏန္းႏွစ္လုံးရွိေသးတယ္။ အတိအက်ေတာ့ မမွတ္မိဘူး”

“တခ်ဳိ႕ၾကေတာ့လည္း ၿခံ၀ုိင္းေတြက ေျမအနိမ့္အျမင့္မတူၾကဘူး။ မူလက ခ်ဳိင့္သေဘာျဖစ္ေနလုိ႔ ေျမဖုိ႔ ေဆာက္ခဲ့တာေတြရွိၾကတယ္။ ဒါေၾကာင့္ တစ္ၿခံနဲ႔ တစ္ၿခံက ေျမအတိမ္းအေစာင္းေၾကာင့္ ေျမအက်ယ္ အ၀န္းေျပာင္းလဲသြားတာမ်ဳိးရွိတတ္တယ္။ ေျမတုိင္းလုိက္မွ ေျမအတုိင္းအတာက ေျမပုံအတုိင္းမရွိေတာ့ဘဲ ေလ်ာ့ေနတာေတြ ရွိတတ္တယ္”

“အဲဒါမ်ဳိးဆုိရင္ ဘယ္လိုေဆာင္ရြက္ရမလဲ”

“ျပႆနာမရွိေအာင္ ၁ ေပ၊ ၂ ေပ ေလာက္ကြာေနရင္ေတာ့ အရွိအတုိင္း မ်က္ျမင္အတုိင္း သေဘာတူပါ သည္လုိ႔ ေျမပုိင္ရွင္က လက္မွတ္ေရးထုိးမယ္။ ၀ယ္သူကလည္း အရွိအတုိင္း ၀ယ္တာပါလုိ႔ သေဘာတူရင္ လက္ရွိေျမျပင္မွာရွိတဲ့ အတုိင္းအတာအတုိင္း ေျမတုိင္းေျမပုံအသစ္ကို ထုတ္ေပးပါတယ္””

“အခု၀ယ္မယ္ဆုိတဲ့ ေျမကြက္က အဘုိးျဖစ္သူမွ သူ႔အေဖကုိအေပး စာခ်ဳပ္နဲ႔ေပးထားတဲ့ ေျမကြက္ထဲက ခြဲစိတ္ေရာင္းမွာ ဆရာ”

“ဒါဆုိရင္ေတာ့ လုပ္ေဆာင္ခ်က္အဆင့္ေတြ ေလ်ာ့သြားနုိင္ပါတယ္။ သူ႔အေဖမွာ ေမာင္ႏွမဘယ္ႏွေယာက္ ရွိသလဲ”

“သုံးေယာက္ ဆရာ။ အစ္မ အႀကီးဆုံးက အပ်ဳိႀကီးလုိ႔ ေျပာတယ္။ ၿပီးေတာ့ သူ႔အဘုိးေနခဲ့တဲ့ မူလအိမ္ ႀကီး အခုေတာ့ အလယ္တုိက္ေပါ့။ အဲဒီမွာေနတယ္။ အလတ္အစ္မက ေရွ႕ဘက္ျခမ္း ေျမကြက္မွာတုိက္ ေဆာက္ေနတယ္။ သူ႔ကေတာ့ အိမ္ ေထာင္ရွိတယ္။ သမီးတစ္ေယာက္ရွိတယ္ ေျပာပါတယ္”

“ေမာင္ႏွမသုံးဦးေျမတစ္ကြက္စီခြဲေနလုိက္တဲ့ သေဘာျဖစ္မယ္။ မူလဧရိယာက ၁.၈ ဧကေက်ာ္ဆုိ ေတာ့ ေပ ၂၈၀ ပတ္လည္ေလာက္ ရွိမယ္”

“တစ္ဧကမွာ ဘယ္ႏွေပရွိပါသလဲ ဆရာ”

“တစ္ဧက အက်ယ္အ၀န္းမွာ ၄၃၅၆၀ စတုရန္းေပ အက်ယ္အ၀န္း ရွိတယ္လုိ႔ သတ္မွတ္ထားပါတယ္။ ဒါ ေၾကာင့္ ၁.၈ ဧက က်ယ္၀န္းတယ္ဆုိေတာ့ ေပ ၂၈၀ ပတ္လည္ စတုရန္းပုံရွိႏုိင္တယ္။ သုံးပုံခြဲရင္ေတာ့ ေပ ၈၀ ပတ္လည္ ၿခံ၀ုိင္းသုံး၀ုိင္းျဖစ္မယ္”

“အလယ္အိမ္က ပိုက်ယ္တယ္ ဆရာ”

“မူလအိမ္ျဖစ္ေတာ့ ပုိက်ယ္ႏုိင္တာေပါ့။ ဘာပဲျဖစ္ျဖစ္ သူငယ္ခ်င္းရဲ႕ ဖခင္ကို အေပးစာခ်ဳပ္နဲ႔ ေျမခြဲ ေပးထားတယ္ဆုိေတာ့ အမည္မေျပာင္း ေျမခြဲစိတ္မထားရင္လည္း တရား၀င္ပုိင္ဆုိင္ၿပီးျဖစ္လုိ႔ ေျမခြဲစိတ္ တုိင္းတာရာမွာပိုၿပီး အဆင္ေျပပါတယ္။ တစ္ခါတည္းခြဲစိတ္ထားၿပီး သူငယ္ခ်င္းဖခင္အမည္ေပါက္ေျမပုံရွိရင္ေတာ့ အေကာင္းဆုံးေပါ့”

“ကၽြန္ေတာ္၀ယ္မယ္ဆုိရင္ အစ္မႀကီးႏွစ္ေယာက္ကို လက္မွတ္ေရးထုိးဖုိ႔ လုိမလား”

“သူငယ္ခ်င္းရဲ႕ ဖခင္ကုိ အေပးစာခ်ဳပ္နဲ႔ ေျမကြက္ခြဲစိတ္ေပးၿပီးသားဆုိရင္ေတာ့ အစ္မႀကီးေတြမလုိအပ္ေတာ့ပါဘူး။ ေသခ်ာျပန္စိစစ္ဖုိ႔ေတာ့လုိမယ္။ သူငယ္ခ်င္းရဲ႕ ဖခင္အမည္ေပါက္ ေျမခြဲစိတ္ၿပီးသားဆုိရင္ အေရာင္းေျမပုံနဲ႔ ေျမတုိင္းေျမပုံထုတ္ရပါမယ္။ မိမိလုိခ်င္တဲ့အတုိင္း အတာကုိ ေျမပုံေပၚမွာ ေဖာ္ျပၿပီး စာခ်ဳပ္စာတမ္း မွတ္ပုံတင္႐ုံးမွာ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆုိကာ ေျမခြဲစိတ္ေလွ်ာက္ထား အမည္ေျပာင္းရမွာ ျဖစ္တယ္”

“ဆရာေျပာသလုိ ကားအ၀င္အထြက္က ဘယ္လုိျဖစ္ႏုိင္သလဲ”

“ဒါကေတာ့ လက္ရွိအတုိင္း ကားအ၀င္အထြက္လမ္းကုိ အသုံးျပဳခြင့္ေပးဖုိ႔ အေရာင္းမွတ္ပုံတင္စာခ်ဳပ္မွာ အတိအလင္းေဖာ္ျပခ်ဳပ္ဆုိၿပီး ေျမတုိင္းေျမပုံမွာ ကုိယ္ပုိင္လမ္းထည့္ဆြဲရမွာျဖစ္ပါတယ္”ဟု အႀကံျပဳေဆြး ေႏြးလုိက္ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္  ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ထီယု (ဥပေဒအတုိင္ပင္ခံ) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
The Crest

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service