လမ်းဘေးသူတောင်းစားမလေးဘဝမှ နာမည်ကြီး မော်ဒယ်ဘဝရောက်ရှိခဲ့သူ

လမ်းဘေးသူတောင်းစားမလေးဘဝမှ နာမည်ကြီး မော်ဒယ်ဘဝရောက်ရှိခဲ့သူ - Property Knowledge in Myanmar from iMyanmarHouse.com
4 Aug 2020 12:12 pm တွင် တင်ခဲ့သည်
59893 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

လွန်ခဲ့သော ၄ နှစ်ခန့်က ရီတာ ဂါဗီယိုလာသည် ဖိလစ်ပိုင်နိုင်ငံ၊ လပ်ခ်ဘန်မြို့၏ လမ်းမများပေါ်တွင် တောင်းရမ်းစားသောက်နေရသည့် အသက် ၁၃ နှစ်အရွယ် သူတောင်းစားမလေးတစ်ဦးသာ ဖြစ်သည်။

ယခုအချိန်တွင်ကား သူသည် ကမ္ဘာ့ထိပ်တန်းကုန်စည်အမှတ်တံဆိပ်များ၏ ဖက်ရှင်မော်ဒယ်၊ ရုပ်သံအစီအစဉ်များတွင် ပါဝင်တင်ဆက်သူဖြစ်နေပြီဖြစ်ကာ အင်စတာဂရမ်တွင်လည်း follower ၁၀၀၀၀၀ ကျော် ရရှိထားသူ ဖြစ်နေလေပြီ။

လမ်းဘေးသူတောင်းစားမလေးဘဝမှသည် နာမည်ကြီးမော်ဒယ်တစ်ဦးဘဝသို့ ပို့ဆောင်ပေးခဲ့သည်ကား ဓာတ်လေးတစ်ပုံက ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်၏။

ရီတာဂါဗီယိုလာ၏ ခြုံကြားမှဘုံဖျားသို့တက်ရောက်နိုင်ခဲ့သည့်ဇာတ်လမ်းမှာ ၂၀၁၆ ခုနှစ်မှ စတင်ခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်က သူသည် မိသားစုနေ့စဉ်ဝမ်းရေးအတွက် လပ်ခ်ဘန်မြို့ (Lucban) လမ်းများပေါ်တွင် လိုက်လံတောင်းရမ်းနေခဲ့ရသူ ဖြစ်၏။

ဖခင်မှာ အမှိုက်သိမ်းသမားတစ်ဦးအဖြစ် လုပ်ကိုင်ပြီး မိခင်မှာမူ ရီတာ ဂါဗီယိုလာနှင့် အခြားမွေးချင်း ၅ ဦးကို ကြည့်ရှုစောင့်ရှောက်ရန် အိမ်တွင်သာ နေရ၏။

ထိုစဉ်က ကလေးများအားလုံး ကျောင်းမနေကြရ။ နေ့စဉ် စားစရာရနိုင်ရန်ပင် မလွယ်ကူလှ။

ထို့ကြောင့် ရီတာက မကြာခဏလမ်းပေါ်ထွက်ကာ တောင်းရမ်းခြင်း (သို့မဟုတ်) အစားအစာလှူနေသောနေရာများသို့ သွားရောက်ခြင်းများ ပြုလုပ်ရ၏။]

ထိုသို့ နေထိုင်ရှင်သန်နေရချိန်တွင် ဖိလစ်ပိုင်ဓာတ်ပုံဆရာ တိုဖာ ကွင်တို ဘာဂေါ့စ် (Topher Quinto Burgos) က ရီတာ ဂါဗီယိုလာကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထိုနေ့က ဘာဂေါ့စ်သည် လပ်ခ်ဘန်မြို့တွင် ကျင်းပသော ပါဟီယက်စ်ပွဲတော် (Pahiyas Festival) ကို တက်ရောက်နေခဲ့ခြင်း ဖြစ်၏။

အချိန်ကား ၂၀၁၆ ခုနှစ်၊ မေလအတွင်း ဖြစ်သည်။

ဘာဂေါ့စ်က ရီတာကို အမှတ်မထင်တွေ့လိုက်ပြီး သူမ၏ သဘာဝအလှကို သတိပြုမိကာ ဓာတ်ပုံရိုက်ကူးထားခဲ့မိ၏။

ထိုနောက်တွင်ကား လမ်းများပေါ်တွင် တောင်းရမ်းစားသောက်နေရသူ မိန်းကလေးတစ်ဦး၏ ဘဝသည် အင်တာနက်တွင် လွှင့်တင်သည့် upload ခလုတ်ကလေးကို နှိပ်လိုက်ခြင်း၏နောက်မှစတင်ပြီး ပြောင်းလဲသွားခဲ့တော့သည်။

၁၃ နှစ်အရွယ်မိန်းကလေး၏ ဓာတ်ပုံသည် အင်တာနက်တွင် ချက်ချင်းပြန့်နှံ့သွားခဲပြီး လူတိုင်းမှာ သူမ၏ သဘာဝအလှကို ချီးမွမ်းမှုနှင့် အတူ ကရုဏာသက်မှုများ ဖြစ်ကြကုန်၏။]

ရီတာသည် ဖိလစ်ပိုင်မှ လူနည်းစုတိုင်းရင်းသားမျိုးနွှယ်စုတစ်ခုဖြစ်သော Badjao လူမျိုးဖြစ်၏။

အင်တာနက်တွင် ပျံ့နှံ့သွားသော ဓာတ်ပုံမှတဆင့် ဖိလစ်ပိုင်မယ်ဘွဲ့ရသူများစွာက သတိပြုမိကြပြီး ရီတာကို ဆင်းရဲတွင်းမှ ကယ်ထုတ်နိုင်ရန် စွမ်းနိုင်သမျှ အားလုံးဝိုင်းဝန်းကြကုန်၏။

၂၀၁၅ ခုနှစ် ဖိလစ်ပိုင် မယ်ကမ္ဘာဆုရှင် ဟီလာရီ ဒါနီယယ်လီ ပါရန်ဂေါင်၊ ၂၀၁၄ ခုနှစ် ဖိလစ်ပိုင် နိုင်ငံတကာမယ်ဆုရှင် ဘိုင်ယန်ကာ ဂွီဒေါ့တီနှင့် ၂၀၁၅ ခုနှစ် မယ်ကမ္ဘာမြေဆုရှင် အိန်ဂျလီယာ အွန်းတို့ကဲ့သို့ အကျော်အမော်များသည် ရီတာ၏ မော်ဒယ်ဟန်ပန်ရှိသော ကိုယ်ခန္ဓာအချိုးအဆက်နှင့် ဖမ်းစားနိုင်သည့် မျက်နှာသွင်ပြင်တို့ကို လူမှုကွန်ရက်တွင် ချီးမွမ်းခဲ့ကြရာ လမ်းပေါ်မှ သူတောင်းစားမလေး အပေါ် ပိုမိုအာရုံစိုက်လာကြသည်။

ယင်းနောက်တွင်ကား ၁၃ နှစ်သမီး ရီတာလေးသည် တွေ့ဆုံမေးမြန်းခန်းများစွာ လက်ခံဖြေကြားပေးလာရပြီး ကုန်စည်အမှတ်တံဆိပ် များစွာအတွက် မော်ဒယ်လုပ်ပေးရခြင်း၊ ရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင်လာရခြင်းများဖြစ်လာပြီး Big Brother ကဲ့သို့ နိုင်ငံတကာ ရုပ်သံအစီအစဉ်တွင် ပါဝင်ရသော အသက်အငယ်ဆုံးတစ်ဦး ဖြစ်လာသည်။

အနုပညာနယ်တွင် လူတစ်ဦးအောင်မြင်ရန် အရေးကြီးသည့် “စန်း” လည်း ရှိရာ အွန်လိုင်းတွင် ရီတာ့ပရိသတ်အလွန်များပြားလာသည့် အပြင် နိုင်ငံတကာမှ ပရိသတ်များပါ ရရှိလာကာ အချို့ဆိုလျှင် ရီတာ၏ မိသားစုအတွက် ငွေကြေးအထောက်အပံ့ပေးခြင်းများပင် ရှိသည်။

၂၀၁၈ ခုနှစ်တွင်ကား ရီတာသည် Youtube တွင် ဗွီဒီယိုဖိုင်တစ်ခုလွှင့်တင်ခဲ့သည်။

သူမတို့မိသားစုအတွက် ဆောက်လုပ်ထားသည့် နေအိမ်သစ်ကို ရိုက်ကူးပြသထားသည့် ဗွီဒီယိုဖြစ်သည်။

အဆိုပါနေအိမ်သစ်ကို အကုန်ကျခံဆောက်လုပ်ပေးသူမှာ အမေရိကန်မှ ပရိသတ်တစ်ဦးဖြစ်သူ Grace Kreutzer ဖြစ်သည်။

လွန်ခဲ့သော ၂ နှစ်ခန့်တွင် ရီတာ၏ စန်း ကျဆင်းသွားသည်ဟုဆိုသော်လည်း ဖိလစ်ပိုင် လူမှုကွန်ရက်တွင်မူ ရီတာသည် များစွာ ကျော်ကြားနေဆဲ ဖြစ်ပြီး အထူးသဖြင့် အင်စတာဂရမ်တွင် ဖြစ်ကာ follower တစ်သိန်းကျော် ရရှိထားသည်။

လက်ရှိအချိန်တွင်မူ ရီတာသည် ပညာရေးကို ဦးစားပေးနေသည်။

စင်ဒရဲလားကဲ့သို့ ပုံပြင်ဆန်ဆန်ဖြစ်ရပ်မျိုးသည် လက်တွေ့ဘဝတွင်လည်း ဖြစ်နိုင်ကြောင်းကို ရီတာ ဂါဗီယိုလာ၏ ဘဝက သက်သေပြနေသည်။

ရာသီဖွား- သိဟ်ရာသီ

နိုင်ငံသား- ဖိလစ်ပိုင်

အကြိုက်ဆုံးသရုပ်ဆောင်- Dwayne Johnson

အကြိုက်ဆုံးရုပ်ရှင်- Faster

ကြွယ်ဝမှု- ရီတာ ဂါဗီယိုလာ၏ ချမ်းသာကြွယ်ဝမှုနှင့် စပ်လျဉ်းပြီး အချက်အလက်များစွာ မရရှိန်ိုင်သော်လည်း ကန်ဒေါ်လာ ၄၂၆၀၀၀ ခန့် ဖြစ်ဖွယ်ရှိသည်ဟု ခန့်မှန်းကြသည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: How a viral photo turned a street beggar into an online celebrity (Pulse.ng)

 

 

[Zawgyi]

လမ္းေဘးသူေတာင္းစားမေလးဘဝမွ နာမည္ၾကီး ေမာ္ဒယ္ဘဝေရာက္ရွိခဲ့သူ

လြန္ခဲ့ေသာ ၄ ႏွစ္ခန္႔က ရီတာ ဂါဗီယိုလာသည္ ဖိလစ္ပိုင္ႏိုင္ငံ၊ လပ္ခ္ဘန္ျမိဳ ႔၏ လမ္းမမ်ားေပၚတြင္ ေတာင္းရမ္းစားေသာက္ေနရသည့္ အသက္ ၁၃ ႏွစ္အရြယ္ သူေတာင္းစားမေလးတစ္ဦးသာ ျဖစ္သည္။

ယခုအခ်ိန္တြင္ကား သူသည္ ကမၻာ့ထိပ္တန္းကုန္စည္အမွတ္တံဆိပ္မ်ား၏ ဖက္ရွင္ေမာ္ဒယ္၊ ရုပ္သံအစီအစဥ္မ်ားတြင္ ပါဝင္တင္ဆက္သူျဖစ္ေနျပီျဖစ္ကာ အင္စတာဂရမ္တြင္လည္း follower ၁၀၀၀၀၀ ေက်ာ္ ရရွိထားသူ ျဖစ္ေနေလျပီ။

လမ္းေဘးသူေတာင္းစားမေလးဘဝမွသည္ နာမည္ၾကီးေမာ္ဒယ္တစ္ဦးဘဝသို႔ ပို႔ေဆာင္ေပးခဲ့သည္ကား ဓာတ္ေလးတစ္ပံုက ပို႔ေဆာင္ေပးခဲ့ျခင္း ျဖစ္၏။

ရီတာဂါဗီယိုလာ၏ ျခံဳၾကားမွဘံုဖ်ားသို႔တက္ေရာက္ႏိုင္ခဲ့သည့္ဇာတ္လမ္းမွာ ၂၀၁၆ ခုႏွစ္မွ စတင္ခဲ့ျခင္း ျဖစ္သည္။

ထိုအခ်ိန္က သူသည္ မိသားစုေန႔စဥ္ဝမ္းေရးအတြက္ လပ္ခ္ဘန္ျမိဳ ႔ (Lucban) လမ္းမ်ားေပၚတြင္ လိုက္လံေတာင္းရမ္းေနခဲ့ရသူ ျဖစ္၏။

ဖခင္မွာ အမႈိက္သိမ္းသမားတစ္ဦးအျဖစ္ လုပ္ကိုင္ျပီး မိခင္မွာမူ ရီတာ ဂါဗီယိုလာႏွင့္ အျခားေမြးခ်င္း ၅ ဦးကို ၾကည့္ရႈေစာင့္ေရွာက္ရန္ အိမ္တြင္သာ ေနရ၏။

ထိုစဥ္က ကေလးမ်ားအားလံုး ေက်ာင္းမေနၾကရ။ ေန႔စဥ္ စားစရာရႏုိင္ရန္ပင္ မလြယ္ကူလွ။

ထို႔ေၾကာင့္ ရီတာက မၾကာခဏလမ္းေပၚထြက္ကာ ေတာင္းရမ္းျခင္း (သို႔မဟုတ္) အစားအစာလွဴေနေသာေနရာမ်ားသို႔ သြားေရာက္ျခင္းမ်ား ျပဳလုပ္ရ၏။

ထိုသို႔ ေနထိုင္ရွင္သန္ေနရခ်ိန္တြင္ ဖိလစ္ပိုင္ဓာတ္ပံုဆရာ တိုဖာ ကြင္တို ဘာေဂါ့စ္ (Topher Quinto Burgos) က ရီတာ ဂါဗီယိုလာကို ေတြ႔ရွိခဲ့ျခင္း ျဖစ္သည္။

ထိုေန႔က ဘာေဂါ့စ္သည္ လပ္ခ္ဘန္ျမိဳ ႔တြင္ က်င္းပေသာ ပါဟီယက္စ္ပြဲေတာ္ (Pahiyas Festival) ကို တက္ေရာက္ေနခဲ့ျခင္း ျဖစ္၏။

အခ်ိန္ကား ၂၀၁၆ ခုႏွစ္၊ ေမလအတြင္း ျဖစ္သည္။

ဘာေဂါ့စ္က ရီတာကို အမွတ္မထင္ေတြ႔လိုက္ျပီး သူမ၏ သဘာဝအလွကို သတိျပဳမိကာ ဓာတ္ပံုရိုက္ကူးထားခဲ့မိ၏။

ထိုေနာက္တြင္ကား လမ္းမ်ားေပၚတြင္ ေတာင္းရမ္းစားေသာက္ေနရသူ မိန္းကေလးတစ္ဦး၏ ဘဝသည္ အင္တာနက္တြင္ လႊင့္တင္သည့္ upload ခလုတ္ကေလးကို ႏွိပ္လိုက္ျခင္း၏ေနာက္မွစတင္ျပီး ေျပာင္းလဲသြားခဲ့ေတာ့သည္။

၁၃ ႏွစ္အရြယ္မိန္းကေလး၏ ဓာတ္ပံုသည္ အင္တာနက္တြင္ ခ်က္ခ်င္းျပန္႔ႏွံ႔သြားခဲျပီး လူတိုင္းမွာ သူမ၏ သဘာဝအလွကို ခ်ီးမြမ္းမႈႏွင့္ အတူ ကရုဏာသက္မႈမ်ား ျဖစ္ၾကကုန္၏။

ရီတာသည္ ဖိလစ္ပိုင္မွ လူနည္းစုတိုင္းရင္းသားမ်ဳိးႏႊယ္စုတစ္ခုျဖစ္ေသာ Badjao လူမ်ဳိးျဖစ္၏။

အင္တာနက္တြင္ ပ်ံ ႔ႏွံ႔သြားေသာ ဓာတ္ပံုမွတဆင့္ ဖိလစ္ပိုင္မယ္ဘြဲ႔ရသူမ်ားစြာက သတိျပဳမိၾကျပီး ရီတာကို ဆင္းရဲတြင္းမွ ကယ္ထုတ္ႏိုင္ရန္ စြမ္းႏိုင္သမွ် အားလံုးဝိုင္းဝန္းၾကကုန္၏။

၂၀၁၅ ခုႏွစ္ ဖိလစ္ပိုင္ မယ္ကမၻာဆုရွင္ ဟီလာရီ ဒါနီယယ္လီ ပါရန္ေဂါင္၊ ၂၀၁၄ ခုႏွစ္ ဖိလစ္ပိုင္ ႏိုင္ငံတကာမယ္ဆုရွင္ ဘိုင္ယန္ကာ ဂီြေဒါ့တီႏွင့္ ၂၀၁၅ ခုႏွစ္ မယ္ကမၻာေျမဆုရွင္ အိန္ဂ်လီယာ အြန္းတို႔ကဲ့သို႔ အေက်ာ္အေမာ္မ်ားသည္ ရီတာ၏ ေမာ္ဒယ္ဟန္ပန္ရွိေသာ ကိုယ္ခႏၶာအခ်ဳိးအဆက္ႏွင့္ ဖမ္းစားႏိုင္သည့္ မ်က္ႏွာသြင္ျပင္တို႔ကို လူမႈကြန္ရက္တြင္ ခ်ီးမြမ္းခဲ့ၾကရာ လမ္းေပၚမွ သူေတာင္းစားမေလး အေပၚ ပိုမိုအာရုံစိုက္လာၾကသည္။

ယင္းေနာက္တြင္ကား ၁၃ ႏွစ္သမီး ရီတာေလးသည္ ေတြ႔ဆံုေမးျမန္းခန္းမ်ားစြာ လက္ခံေျဖၾကားေပးလာရျပီး ကုန္စည္အမွတ္တံဆိပ္ မ်ားစြာအတြက္ ေမာ္ဒယ္လုပ္ေပးရျခင္း၊ ရုပ္သံဇာတ္လမ္းတြဲမ်ားတြင္ ပါဝင္လာရျခင္းမ်ားျဖစ္လာျပီး Big Brother ကဲ့သို႔ ႏိုင္ငံတကာ ရုပ္သံအစီအစဥ္တြင္ ပါဝင္ရေသာ အသက္အငယ္ဆံုးတစ္ဦး ျဖစ္လာသည္။

အႏုပညာနယ္တြင္ လူတစ္ဦးေအာင္ျမင္ရန္ အေရးၾကီးသည့္ “စန္း” လည္း ရွိရာ အြန္လိုင္းတြင္ ရီတာ့ပရိသတ္အလြန္မ်ားျပားလာသည့္ အျပင္ ႏိုင္ငံတကာမွ ပရိသတ္မ်ားပါ ရရွိလာကာ အခ်ဳိ ႔ဆုိလွ်င္ ရီတာ၏ မိသားစုအတြက္ ေငြေၾကးအေထာက္အပံ့ေပးျခင္းမ်ားပင္ ရွိသည္။

၂၀၁၈ ခုႏွစ္တြင္ကား ရီတာသည္ Youtube တြင္ ဗြီဒီယိုဖိုင္တစ္ခုလႊင့္တင္ခဲ့သည္။

သူမတို႔မိသားစုအတြက္ ေဆာက္လုပ္ထားသည့္ ေနအိမ္သစ္ကို ရိုက္ကူးျပသထားသည့္ ဗြီဒီယိုျဖစ္သည္။

အဆိုပါေနအိမ္သစ္ကို အကုန္က်ခံေဆာက္လုပ္ေပးသူမွာ အေမရိကန္မွ ပရိသတ္တစ္ဦးျဖစ္သူ Grace Kreutzer ျဖစ္သည္။

လြန္ခဲ့ေသာ ၂ ႏွစ္ခန္႔တြင္ ရီတာ၏ စန္း က်ဆင္းသြားသည္ဟုဆိုေသာ္လည္း ဖိလစ္ပိုင္ လူမႈကြန္ရက္တြင္မူ ရီတာသည္ မ်ားစြာ ေက်ာ္ၾကားေနဆဲ ျဖစ္ျပီး အထူးသျဖင့္ အင္စတာဂရမ္တြင္ ျဖစ္ကာ follower တစ္သိန္းေက်ာ္ ရရွိထားသည္။

လက္ရွိအခ်ိန္တြင္မူ ရီတာသည္ ပညာေရးကို ဦးစားေပးေနသည္။

စင္ဒရဲလားကဲ့သို႔ ပံုျပင္ဆန္ဆန္ျဖစ္ရပ္မ်ဳိးသည္ လက္ေတြ႔ဘဝတြင္လည္း ျဖစ္ႏိုင္ေၾကာင္းကို ရီတာ ဂါဗီယိုလာ၏ ဘဝက သက္ေသျပေနသည္။

ရာသီဖြား- သိဟ္ရာသီ

ႏိုင္ငံသား- ဖိလစ္ပိုင္

အၾကိဳက္ဆံုးသရုပ္ေဆာင္- Dwayne Johnson

အၾကိဳက္ဆံုးရုပ္ရွင္- Faster

ၾကြယ္ဝမႈ- ရီတာ ဂါဗီယိုလာ၏ ခ်မ္းသာၾကြယ္ဝမႈႏွင့္ စပ္လ်ဥ္းျပီး အခ်က္အလက္မ်ားစြာ မရရွိႏို္င္ေသာ္လည္း ကန္ေဒၚလာ ၄၂၆၀၀၀ ခန္႔ ျဖစ္ဖြယ္ရွိသည္ဟု ခန္႔မွန္းၾကသည္။

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႕) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးနိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ဝဘ္ဆိုက္နွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ျပီး ျမန္မာႏိုင္ငံတဝွမ္းလံုးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ နွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္ရွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသံုးျပဳေနျပီး ျမန္မာတစ္ႏိုင္ငံလံုးတြင္ နံပါတ္(၁) လူသံုးအမ်ားဆံုး အိမ္ျခံေျမေရာင္း၀ယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၱေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစရွိေသာ ျမန္မာတစ္နိုင္ငံလံုးတြင္ရွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားအျပင္ ထိုင္း၊ စင္ကာပူ၊ မေလးရွား အစရွိေသာ ျပည္ပႏိုင္ငံမ်ားမွ အိမ္ျခံေျမစီမံကိန္းမ်ားကိုလည္း ေရာင္းခ်ေပးေနပါသည္။သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) နွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစံုစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: How a viral photo turned a street beggar into an online celebrity (Pulse.ng)

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service